Author: Editor

ကလေးမြို့အနောက်တောင်ဘက်ရှိ PDF (Kalay) တပ်ရင်း ၃ လက်အောက်မှ တပ်ခွဲစခန်းတစ်ခု နိုဝင်ဘာလ ၁၆ ရက်နေ့ က စစ်ကောင်းစီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းစဉ်တွင် PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ PDF (Kalay) တပ်ရင်း ၃ လက်အောက်မှ တပ်ခွဲစခန်းတစ်ခုကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် PDF (Kalay) ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦးနှင့် ရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးကာ ရဲဘော် ၂ ဦးနှင့် ချင်းအမျိုးသမီး မိုင်ချင်ချင်တို့ ၃ ဦးမှာ သေနတ်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြသည်ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “စခန်းသိမ်းတဲ့အချိန်မှာ ပစ်သတ်ခံရတာ၊ နဖူးတည့်တည့်မှာ ပစ်သတ်ခံရတာ’’ ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ကျဆုံးသွားသည့် PDF ရဲဘော်များ၏ ရုပ်အလောင်းကို တော်တွင်းတစ်နေရာတွင် မြေမြုပ်သဂြိုလ်လိုက်ကြသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် PDF (Kalay) တပ်ရင်း-၃ မှ ဖမ်းဆီးခံလိုက်ရသည့် ဆေးတပ်ဖွဲ့ဝင်အမျိုးသမီး ၉ ဦးကို နဂါးပွက်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြပြီး နဂါးပွက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ နံနက်ပိုင်း ၁၀ နာရီက PDF (Kalay) တပ်ဖွဲ့မှ…

Read More

ကလေးမြို့နယ် နဂါးပွက်ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို နိုဝင်ဘာလ ၁၈ ရက် ယနေ့ မနက် ၁၀ နာရီခွဲအချိန်တွင် PDF- ကလေး တပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ကာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ပွဲတွင် ကလေးနည်းပညာတက္ကသိုလ်အတွင်းမှ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ဝင််များကလည်း နဂါးပွက်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်အပြင် ကလေး မြို့ဘက်မှ စစ်ကူတက်လာသော စစ်ယာဉ်တန်းမှာ ချင်းဆိုင်ရွာအနီးတွင် ရပ်တန့်စစ်ကြောင်း လျှောက်တက်လာရာတွင် PDF- ကလေး တပ်ဖွဲ့ဝင်များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးသွားသညဟု PDF- ကလေး ထုတ်ပြန်သည်။ ယမန်နေ့က ကလေးမြို့နယ် အနောက်တောင်ကြော တနေရာ PDF- Kalay တပ်ရင်း (၃) တပ်ခွဲ စခန်းကို သိမ်းပိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယနေ့မနက်အချိန်မှစတင်ပြီး လမ်းကြောင်းတလျှောက် လက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်ကာ နဂါးပွက်ကျေးရွာကို ပြောင်း ရွေ့လာခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအတည်ပြုချက်အရ အဖမ်းဆီးခံ PDF တပ်ဖွဲ့ဝင်များမှာ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၂ ဦးဖြစ်ပြီး ယမန်နေ့က ဆိုရှယ်မီဒီယာတွင်ထွက်ပေါ်လာသော ဓာတ်ပုံများတွင် ပါဝင်မလာသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး၏ အခြေအနေကို မသိရ​သေး​ကြောင်း PDF ကထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင်လည်း ချင်းဆိုင်ကျေးရွာအတွင်း ဝင်ရောက်ပြီး လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသည့်အပြင် ချင်းဆိုင်ရွာတောင်ဘက်…

Read More

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာ (Aklui Khua) တွင်နေထိုင်သော အသက် ၂၇ နှစ်အရွယ် မီးပွားခါစ အမျိူးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်မှု နိုဝင်ဘာလ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) ၏ ထုတ်ပြန်ချက်အရ သိရသည်။ အပ်လွယ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တချိူ့သည် နိုဝင်ဘာလ ၁၁ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် အဆိုပါအမျိုးသမီး၏နေအိမ်သို့ဝင်ရောက်ကာ အမျိူသားဖြစ်သူကို ဖမ်းဆီးချုပ်နှောင်ကာ အမျိူးသမီးဖြစ်သူကို လင်ယော ကျာ်းရှေ့တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ည်ဟု Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) ကော်မတီဝင်တစ်ဦးကပြောသည်။ “ ည ၁၁ နာရီဝန်းကျင်မှာ အဓမ္မပြုကျင့်ခံရတဲ့အိမ်ကို စစ်သားသုံးယောက်ဝင်လာပြီး တခါထဲ သူ့ယောင်္ကျားကိုသေနတ်နဲ့ ချိန်ပြီးမှ လေးဖက်ကုန်းသွားခိုင်းပြီးမှ ရေချိုးခန်းမှာ ဝပ်ခိုင်းပြီးမှ လုံးဝခေါင်းကိုမထောင်ခိုင်းဘူး ၊ ခေါင်းထောင်တာနဲ့ ဘေးမှာရှိတဲ့ ကြွေပန်းကန်နဲ့ထု၊ ရှိတဲ့ဟာနဲ့ ထု၊ သေနတ်နဲ့ တယောက်က ချိန်ထား ပြီးမှ ကျန်တဲ့နှစ်ယောက်က အဓမ္မပြု ကျင့်တယ်၊ နောက်သုံးယောက်စလုံးက တစ်ယောက်တလှည့်စီပြုကျင့်တယ်၊ ကာယကံရှင်ကိုယ်တိုင်က ကျွန်တော်တို့စီကို လာတိုင်တာပါ။” ဟု CDM-Siyin ကော်မတီဝင်ကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါအမျိုးသမီးအား ပထမအကြိမ်အဓမ္မပြုကျင့်ပြီးနောက် စစ်ကောင်စီတပ်သား ၂ ဦးမှာ ည ၁၂ နာရီခန့်တွင်ထပ်မံရောက်ရှိလာပြီး ဒုတိယအကြိမ်အဓမ္မပြုကျင့်ကာ အမျိုးသမီး၏ လက်ဝတ်လက်စားများကိုပါ ချွတ် ယူသွားသည်ဟု သိရသည်။ အဓမ္မပြုကျင့်ခံရသည့်အမျိူးသမီးမှာ မီးနေသည်တစ်ဦးဖြစ်ကာ ကလေးမွေးဖွားသည်မှာ ၁ လခွဲခန့်သာရှိသေးပြီး ယင်းဖြ…

Read More

နိုဝင်ဘာလ ၁ ရက်နေ့ကစ၍ စစ်ကောင်စီမှ စာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်တွင်လည်း မြို့နယ် ၄ မြို့နယ် တွင် အ​ခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်​သောင်းကျော် ကျောင်းတက်ရောက်ကြောင်း သိရသည်။ “အခုက တစ်သောင်းကျော်ပဲရှိတယ်၊ ခါတိုင်းက ပုံမှန်တက်တယ်ဆိုရင်တော့ တစ်သိန်းသုံးသောင် ကျော်လောက်ရှိတယ်။ မနှစ်ကလည်း ကျောင်းမတက်တော့ ကျောင်းသားမရှိ၊ ဒီနှစ်လည်း ဒီအတိုင်းပဲဒီလိုပဲဖြစ်နေတယ်” ဟု ချင်းပြည်နယ် ပညာရေးရုံးမှ အမည်မဖော်လိုသူ ဝန်ထမ်း တစ်ဦးက ပြောသည်။ ချင်းပြည်နယ်တွင် မြို့နယ်အလိုက်ကျောင်းတက်ရောက်မှုမှာ တီးတိန် မြို့နယ်တွင် ကျောင်းသား ၁၇၈၂ ဦး၊ တွန်းဇံမြို့နယ်တွင် ၄၂၈၉ ဦး၊ မတူပီမြို့နယ်တွင် ၁၇ ဦးနှင့် ပလက်ဝမြို့ နယ်တွင် ၄၉၆၃ ဦးရှိပြီး မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့နယ်တို့တွင်မူ ကျောင်းတက်ရောက်သူ မရှိကြောင်းသိရသည်။ ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ်စာရင်းများအရ ကျောင်းသူ/ကျောင်းသားစုစုပေါင်း တစ်သိန်းဝန်းကျင်ခန့်ရှိရာတွင် စစ်ကောင်စီက နိုဝင်ဘာလ ၁ရက်နေ့ပြန်ဖွင့်လှစ်ချိန်ပေးချိန်တွင်မူ ကျောင်းသူ/ကျောင်းသား ၁၁၀၅၁ ဦးသာ တက်ရောက်နိုင်သည်ဟု ချင်းပြည်နယ်၊ မြို့နယ်ပညာရေးဌာနမှ သိရသည်။

Read More

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ပြီး အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် နိုင်ငံတဝန်းက အစိုးရဝန်ထမ်းတွေဟာ Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံးပြည်နယ်ဟာ ချင်းပြည်နယ်ဖြစ်ပြီးတော့ အစိုးရဝန်ဝန်ထမ်းပေါင်း နှစ်သောင်းကျော်ရှိတဲ့အထဲကနေ ဝန်ထမ်းပေါင်း တစ်သောင်း လေးထောင်ကျော်ဟာ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ စစ်ကောင်စီရဲ့လက်အောက်မှာအလုပ်မလုပ်ချင်တော့တဲ့ အတွက်ကြောင့် CDM ပြုလုပ်ခဲ့ကြပါတယ်။ ချင်းပြည်နယ်က CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေဟာ အိန္ဒိယ-မြန်မာ နယ်စပ်မီဇိုရမ်ပြည်နယ်သို့ လုံခြုံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုလက်ရှိ ရင်ဆိုင်ကြုံတွေနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်နယ် မတူပီမြို့နယ်က CDM ပြုလုပ်တဲ့ ကျောင်းဆရာမတစ်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ လွတ်မြောက်နယ်မြေကို သွားဖို့ဘာကြောင့်စိတ်ကူးခဲ့တာလဲ။ ဖြေ။ ။ ကျမလွတ်မြောက်နယ်မြေကို မလာချင်ပါဘူး ဒါပေမယ့် ကျမတို့ CDM လုပ်တဲ့ပတ်ဝန်းကျင်လည်းရှိနိုင်တယ်။ အရင်တခါလည်း အဲ့သလိုကြုံခဲ့ပြီး နောက်ထပ်များပြန်ဖြစ်မလားဆိုတဲ့ စိတ်နဲ့ ဒီဘက်ကိုရောက်ခဲ့တာပါ။ မေး။ ။ လွတ်မြောက်နယ်မြေကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီးရောက်ရှိခဲ့သလဲ။ ဖြေ။ ။ ကျမတို့နယ်စပ်မှာ တစ်လကျော်ကျော်နေတဲ့အချိန် နယ်စပ်မှာရှိတဲ့ရွာကလူတွေကလက်ခံတယ် အိန္ဒိယက စစ်သားတွေကလက်မခံဘူး တစ်လနေပြီးတာနဲ့ပြန်ခိုင်းတယ်။ သေနတ်တွေလည်းကိုင်ပြီးလာတယ် ကြောက်အောင်လို့နေမှာပေါ့နော် ပြီးတော့ပြန်ခိုင်းတယ် လုံးဝမနေရဘူး အခန်းထဲထိဝင်စစ်တယ်။ တံခါးတွေကို ထုပြီးဖွင့်ခိုင်းတယ် လူဘယ်နှစ်ရှိလဲအကုန်စစ်ပြီး အကုန်ရပ်ခိုင်းတယ်။ ပြီးတော့ဓာတ်တွေရိုက်တယ်။ အကုန်းလုံးကိုပြန်ခိုင်းတာ အဲ့ဒီနေ့ကကားရောက်လာတာနဲ့ ဒီဘက်ကိုလာတာ။ ဂိတ်ရောက်တဲ့အချိန်မှာလည်း ဂိတ်ကပြန်ခိုင်းတာ။ မီးဇိုးစကားတွေနဲ့မေးတယ် ကျမတို့က ကားထဲမှာတစ်ယောက်မှ ဘာသာစကားတတ်တဲ့သူမရှိဘူး။ ရင်တထိတ်ထိတ်နဲ့ပဲ ဟိုဘက်ပြန်ခိုင်ရင်လည်းနေစရာမရှိဘူးအဲသလိုအမျိုးမျိုးတွေးတာပေါ့နော်။ တစ်နာရီလောက်စစ်တယ်မေးတယ်။ ဟိုထိုး…

Read More

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ၏ ရှို့မီးကြောင့် လူနေအိမ်၂၀ ထပ်မံမီးလောင်ပြာကျသွားပြီး နိုဝင်ဘာလအထိ ပျက်ဆီးသွားသောလူနေအိမ် နှစ်ရာကျော်ရှိပြီဟု CDF-ထန်တလန် မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ “ဒီလ နိုဝင်ဘာလထဲမှာ ညပိုင်းမှာပဲ ထပ်မံမီးရှို့တယ်။ မနေ့ညကလည်း ၃ အိမ်ထပ်ရှို့တယ် အားလုံး အလုံး ၂၀ ပေါ့၊ မနေ့ညက လုံးတီာလ် ရပ်ကွက် တပ်ကုန်းနဲ့နီးတဲ့နေရာတွေပေါ့။ တခြားဟာက စိုက်ပျိုး ရေးရပ်ကွက်၊ အခုတော့ မီးက ငြိမ်းတော့ငြိမ်းပြီ။ အခု အားလုံး မီးရှို့တာ အိမ် ၂၁၀ ဝန်းကျင်ရှိပြီ” ဟု CDF-ထန်တလန်မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညပိုင်းအချိန်တွင် မြို့တွင်းလူနေအိမ်များတွင် ထပ်မံ မီးရှို့လာခြင်းဖြစ်ပြီး နိုဝင်ဘာ ၆ ၊ ၉ ၊ ၁၀၊ ၁၁ ရက်နေ့များတွင် မီးရှို့ခံရခြင်းဖြစ်သည်။ ထန်တလန်မြို့တွင် အိမ်ထောင်စု ၁၅၀၀ လူဦးရေ တစ်သောင်းဝန်ကျင်ခန့်ရှိသော်လည်း မြို့ခံပြည်သူအားလုံးသည် စက်တင်ဘာလကစတင်ပြီး မြို့ကိုစွန့်ခွာပြီး ကျေးလက်ဒေသနှင့် အိန္ဒိယနိုင်ငံတို့တွင် စစ်ဘေးတိမ်းရှောင်နေကြစဉ် စစ်ကောင်စီတပ်သားများက လူနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။

Read More

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ချီးမြှင့်သော ၂၀၂၁ ခုနှစ် Women of Change Award ဆုကို ချင်းအမျိူးသမီး အခွင့်အရေးလှုပ်ရှားနေသည့် NiNu အဖွဲ့မှ ဒါရိုက်တာ Mai Len Nei Cer က နိုဝင်ဘာလ ၉ ရက်နေ့က လက်ခံရရှိခဲ့သည်။ ယခုကဲ့သို့ Women of Change Award ဆုကို လက်ခံရရှိခြင်းနှင့်ပတ်သက်၍ Mai Len Nei Cer က “ ကျမတို့ ဒီလုပ်လုပ်တာ ၈ နှစ်လောက်ရှိနေပြီ ဒီဆုကိုပေးခြင်းအားဖြင့် ကျမတို့အလုပ်ကို အသိအမှတ်ပြုရာရောက်တယ်လို့ ခံစားရတယ်၊ ဝမ်းသာတယ်၊ လောလောဆယ်မှာ ဘယ်လိုဆက်လုပ်ရမလဲ အခြေအနေတခုထဲရောက်နေတယ်၊ အရှုံးမပေးပဲ တတ်နိုင်တဲ့အပိုင်းကနေ ဆက်ပြီးမှ လုပ်ဖို့ ခွန်အားတစ်ခုဖြစ်စေတယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ Women of Change Award ဆုကို လူ့အခွင့်အရေး၊ လူထုကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တာရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိ်ုင်ရာ ကဏ္ဍများတိုးတက်လာစေရန် စွမ်းစွမ်းတမံဆောင်ရွက်နေသော အမျိူးသမီးများကို ၂၀၁၇ ခုနှစ်မှစပြီး နှစ်စဉ်ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ Mai Len Nei Cer က “ ကျမတို့ ချင်းအသိုင်းအဝိုင်းထဲမှာ ကျား/မ တန်းတူညီမျှမှုရှိဖို့အတွက်က အများကြီးလုပ်ဖို့လိုသေး တယ်။ အမျိုးသမီးထုအနေနဲ့ အားလုံး လုပ်ဖို့လိုတယ်အားပေးတဲ့ အမျိုးသားတွေရဲ့ အကူအညီလည်း ကျမတို့လိုအပ်တယ်။” ဟု ပြောသည်။ NiNu အဖွဲ့သည် ချင်းအမျိူးသမီးအခွင့်အရေး၊…

Read More

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများကို ရဲနှင့် စစ်သားများက ငွေကြေးအဆမတန် ကောက်ခံနေသည့်အတွက် ကားသမားများ အခက်ကြုံနေရသည်ဟု သိရသည်။ ကလေးမြို့မှ ချင်းတောင်တက်သည့် ကလေး-ခိုင်ကမ်း-တီးတိန်-ရိ ကားလမ်းတစ်လျှောက်ရှိ လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်များတွင် ရဲနှင့် စစ်သားများကို ကားတစ်စီးလျှင် အနည်းဆုံး ကျပ်ငွေ ၅၀၀၀ ပေးဆောင်ရပြီး ရိခေါဒါရ်မြို့အထိ စုစုပေါင်း ကျပ်ငွေ ၃၀၀၀၀ ကျော်ခန့် ပေးဆောင်နေရသည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။ “ကျနော်တို့အရင်တစ်ခါလိုပေးတာထက် နည်းနည်းများသွားပြီ အခုလည်း ၅၀၀၀ ပဲကောက်တော့တာ ရိ ထိသွားမယ်ဆိုရင် ၅၀၀၀ ပေးပေးနေရင်း ၃၀၀၀၀ ကျော်လောက်ကျသွားတယ် ခိုင်ကမ်းဂိတ်ဆိုရင် လက်မှတ်ထိုးပြီး ပိုက်ဆံထည့်တာ တောင်သူတို့ရဲတွေက ဘယ်လောက်ထည့်လဲမေးတယ် ၁ ထောင်ထည့်တယ်ပြောရင် ၄ ထောင်ထပ်ထည့် မရဘူးဆိုပြီး အတင်းကိုထည့်ခိုင်းနေတာ သူတို့ပြောတာတော့ ငါတို့ကိုနောက်တစ်ခါပြန်လာပစ်ရင် နောက်ထပ် ၅၀၀၀ ထပ်တိုး ကောက်မယ်လို့ ကျနော်တို့ ကားသမားတွေဆီပြောတာ အဆင်မပြေဘူး ပေးရတာများလို့ကားသမားတွေအတွက်” ဟု ကလေး-ရိယာဉ်လိုင်းပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ပြောသည်။ ယခင် စက်တင်ဘာလက ခိုင်ကမ်း (၉) မိုင် ယာဉ်အသွားအလာစစ်ဆေးရေးဂိတ်နှင့် ရဲစခန်းကို PDF-Zoland၊ CDF-KKG၊ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရဲဝန်ထမ်း (၅) ဦးသေဆုံးမှုရှိခဲ့ပြီးနောက် လုံခြုံရေးတင်းကြပ်မှုရှိလာသည့်အပြင် ကလေး-တီးတိန်-ရိ လမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်သားများ စခန်းချတပ်စွဲမှုများရှိလာခဲ့သည်။ ယခုကဲ့သို့ လမ်းခရီးတစ်လျှောက်တွင် ရဲနှင့်စစ်သားများအား ငွေကြေးပေးဆောင်နေရသည့်အတွက် ကလေး-ရိအကြား ကားခမှာလည်း ယခင်က လူတစ်ဦးလျှင်ကျပ်ငွေ ၁၅၀၀၀ ခွဲခန့်ရှိရာမှ…

Read More

ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီက အသက် ၂၄ နှစ်အရွယ် Pu Rual Cung ကို တစ်လနီးပါး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သေဆုံးသွားပြီဟု မိသားစုဝင်များထံ အကြောင်းကြားကာ အလောင်းလည်းပြန်မပေးတော့ကြောင်း သိရသည်။ ဟားခါးမြို့မှ ၃ မိုင်ခန့်အကွာ နှီယာန်လောန်ထာရ်ရွာတွင်နေထိုင်သော Pu Rual Cung သည် ပြီးခဲ့သည့် အောက်တို ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့်နောက်ပိုင်း မိသားစုနှင့်လည်းအဆက်အသွယ်မရတော့ပဲ တစ်လနီးပါး အကြာ နိုဝင်ဘာလ ၉ ရက်နေ့တွင် သေဆုံးသွားပြီဟု စစ်ကောင်စီက မိသားစုထံအကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ဟားခါးမြို့မှ ၎င်းတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။ “သူတို့ရွာဘက်မှာ ပြီးခဲ့တဲ့လက CDF နဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တာရှိတယ် အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ရွာသားတွေအဖမ်းခံရတော့ သူလည်းပါသွားတယ်၊ သူ့အဖေဆီမှာ စစ်ကောင်စီတွေက ဖုန်းလှမ်းဆက်တော့ နင့်သား သေပြီ အလောင်းလည်းပြန်မရနိုင်ဘူးဆိုပြီးအကြောင်းကြာလာတာ” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ကလေး ၃ ယောက်ဖခင်ဖြစ်သည့် Pu Rual Cung သည် တောင်ယာခြံစိုက်ခင်းကိုသွားရာမှ စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်ဟုသိရပြီး ဖမ်းဆီးချုပ်နှောင်ချိန်ကာလတွင်လည်း မိသားစုဝင်များနှင့် တွေ့ဆုံဆက်သွယ်ခွင့်မရရှိခဲ့ပေ။ Pu Rual Cung ၏ အသုဘအစီစဉ်ကို ယမန်နေ့ညက အလောင်းမပါပဲ ဆုတောင်းခြင်းနှင့်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ပြီးခဲ့သည့် မေလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟားခါးမြို့မှ ဦးတလဲရ်လိန်းနှင့် ဦးခမ်းဘွေတို့နှစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးကာ မီးသဂြိုလ်လိုက်သည်ဟု မိသားစုများထံ အကြောင်းကြားခဲ့သည်။

Read More

အဆိုပါသတင်းအမှားကို ဝေဖြိုးနိုင် ဆိုတဲ့ Account ကနေစတင်ဖြန့်‌‌‌ဝေခဲ့တာဖြစ်ပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တပ်ဖွဲ့မှူးက ရဲပြေး ဒုကြပ် ဒုန်နှဲမ်လာလ်သည် နိုဝင်ဘာ (၃) ရက်နေ့မှာ CDM ပြုလုပ်သွားရာမှ (၃) ရက်အတွင်းပျောက်ဆုံးနေကြောင်း သိရသည်” လို့ရေးသားဖော်ပြထားတာဖြစ်ပါသည်။ ဒါအပြင် CDF အဖွဲ့အတွင်း လူမျိုးကြီးချင်းမျိုးနွယ်များနှင့် မင်းတပ်အရှိုချင်း ဂန့်ဂေါအဖွဲ့တို့က ပြဿနာလွဲချနေကြပြီး CDM ရဲမေ ဒုန်နှဲမ်လာလ်ကို လက်ခံထားသူအဖွဲ့ကို မေးမရမြန်းမရဖြစ်နေပြီး မည်သည့် CDF အဖွဲ့မှတာဝန်မယူသေးကြောင်းသိရသည်လို့ Facebook စာမျက်နှာမှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။ နောက် Thami Lay Account တစ်ခုကလည်း “ဒီသတင်း အရင်ရက်ကလည်းတွေတယ်၊ အပုပ်ချသတင်းလားမသိဆိုပြီး နေလိုက်တာ၊ ဒီနေ့သတင်းထပ်တွ့သလို ချင်းဂျင်းမီးဒီယာ Zalan ကမဟုတ်ဘူးလို့ ထငြင်းတော့ ဟုတ်ဖို့များတယ်လို့သေချာသွားတယ် သူရှင်းထားတာက အဲ့ဒီရဲမေက မိသားစုဆီသွားနေနေတာတဲ့ CDF ထဲရောက်သွားသူတွေ အိမ်ပြန်တယ်လို့ မရှိပါ၊ တကယ်ပြန်အုံးတော့ သက်သေပုံလောက်တော့ ပြနိုင်ရမှာပေါ့၊ အခုတော့စာနဲပဲ ရှင်းထားတော့ သတင်းကမှန်ဖို့များတယ်။ နိုဝင်ဘာ (၃) ရက်မှ CDM ဆိုတော့ တကယ် သူ့စိတ်ရင်းနဲ့ လုပ်တာမဟုတ်လောက်၊ ဖမ်းဆီးအနိုင်ကျင့်ပြီးမှ CDM လုပ်ပါတယ်ဆိုပြီး သတင်းလွင့်တာြဖစ်မယ်“ မူရင်းသတင်းအမှားကို ကိုးကားပြီး ပြန်လည်ဖြည့်စွက်ရေးသားဖော်ပြထားတာတွေ့ရသည်။ CDM ရဲမေ ချင်းမလေး ဒုန်နှဲမ်လာလ်နဲ့ ပတ်သက်သည့် ထွက်ပေါ်နေတဲ့သတင်းအပေါ် သူ့မိတ်ဆွေတစ်ဦးကိုဆက်သွယ်မေးမြန်းခဲ့ရာ “အဲ့သတင်းကအမှားပါ။ ရဲမေးလေနဲ့ ကျမ အဆက်သွယ်ရပါတယ်။ အေးအေးဆေးဆေးပဲရှိပါတယ်။ မိသားစုများနဲ့အဆက်သွယ်မလုပ်နိုင်ဘူးဆိုရင်တောင် အေးအေးဆေးဆေး အဆင်ပြေတဲ့နေရာမှာရှိပါတယ်။” ဟု ပြောပါသည်။ ဒါကြောင့် CDM ရဲမေ ချင်းမလေး…

Read More