Author: Editor

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီက တပ်အင်အားတိုးချဲ့လာနေပြီး တိုက်ပွဲများဖြစ်ပွားလာမှာကို စိုးရိမ် မှုကြောင့် ဟားခါးမြို့ပေါ်နှင့်အနီးနားကျေးရွာများမှ ပြည်သူ သုံးထောင်ကျော်တို့သည် အိုးအိမ်စွန့်ခွါထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှသိရသည်။ “လွန်ခဲ့တဲ့နှစ်ပတ် ၃ ပတ်လောက်မှာ မြို့တွင်းမှာလက်နက်ကြီးကျတယ်၊ သေနတ်ဖောက်သံတွေ အပစ်အခတ် တွေရှိတယ်လေ တချိူ့အိမ်တွေဆိုရင် ကျည်ထိတယ်၊ ရပ်ကွက်တွေထဲမှာအပစ်အခတ်တွေရှိတဲ့ အခါမှာ နေလို့ ထိုင်လို့အဆင်မပြေတော့ဘူး အဲဒါစိုးရိမ်းလို့ သူတို့အိမ်တွေကို စွန့်ခွါပြီးတော့ လုံခြုံတဲ့နေရာကို သွားတယ်၊ အမျိူးတွေဆီမှာသွားတယ်အဲလိုမျိူးပေါ့” ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ ဟားခါးမြိုပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလလယ်ပိုင်းကစ၍ ညတို်င်းနီးပါး လက်နက် ကြီးများရမ်း သမ်းပစ်ခတ်မှုရှိနေပြီး ဒေသခံပြည်သူများကျည်ဆံထိမှန်မှု၊ နေအိမ်များမီးလောင်မှုများရှိလာသည့်အတွက် ရပ်ကွက်နေပြည်သူများမှာ စိုးရိမ်ကြောက်လန့်မှုကြောင့် ယခုကဲ့သို့အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရခြင်းဖြစ်သည်။ ထို့အပြင် အောက်တိုဘာလ ၂၀ ရက်နေ့က ဟားခါးမြို့တွင်းသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၅၀ ကျော်နဲ့ စစ်သားအင်အား ၄၀၀ ကျော်ခန့် ဝင်ရောက်လာသည့်အတွက် ပြည်သူများစိုးရိမ်မှုတိုးလာနေသည်ဟု သိရ သည်။ ဟားခါးမြို့ပေါ်နေပြည်သူများ အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်မှုတဖြည်းဖြည်းများလာနေသည့်အတွက် ဟားခါးမြို့နယ်အတွင်းရှိ ဇိုခွါနယ်၊ ဆဲန်ထန်းနယ် နှင့် မိအယ်နယ်ဒေသတို့တွင် ဇုံ ၃ ဇုံဖြင့် စစ်ဘေးရှောင်များ အတွက် စီစဉ်ထားကာ ဟားခါးမြို့ပေါ်တွင်လည်း ခရစ်ယာန်တက္ကသိုလ်ကျောင်းတွင် စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ထားကြသည်ဟု သိရသည်။ “နယ်စစ်ဘေးရှောင်ပြည်သူတွေအတွက် ဖွင့်ထားတဲ့နေရာ ၃ နေရာစီစဉ်ထားတယ်။ မြို့တွင်းကတော့ အခြေ အနေနည်းနည်းငြိမ်နေသေးတော့ ကိုယ့် အမျိုးတွေ၊ နီးစပ်ရာမိသားစု မှာ ခနခိုလှုံနေကြရတယ်” ဟု ဟားခါး မြို့နယ်စစ်ဘေးရှောင်ကူညီးရေး…

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တားလ်ကျေးရွာတွင် ယနေ့မနက်ပို်င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူနေအိမ် ၈ လုံး ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာသားများ၏ အသုံးအဆောင်ပစ္စည်းအများ အပြားကိုလည်း ခိုးယူသွားကြသည်ဟု တားလ်ဒေသခံတစ်ဦးကပြောသည်။ “ စစ်သားတွေက မနေ့ညက ရွာမှာအိပ်ကြတယ်။ ဒီမနက်သူတို့ (စစ်သားတွွေ) ထွက်တာနဲ့ အိမ်ကိုမီီးရှို့တာ ၈ လုံး၊ သူတို့လည်းထွက်တော့ ကျွန်တော်တို့ ဝင်တာနဲ့ မီးခိုးတွေ့လို့ မီးငြိမ်းကြတာ အကုန်လုံး ပျက်စီးသွားပြီ။ ပြာဖြစ်ပြီ။ ဟိုအရင်မှာက ၃ လုံးမီးရှို့တာ။”ဟု တားလ်ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တားလ်ကျေးရွာတွင် အောက်တိုဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့ ၃ ရက်အကြာ စခန်းချတပ်စွဲထားခဲ့ကြသည့်အပြင် အောက်တိုဘာလ ၂၃ ရက်နေ့မနက်ပိုင်းက ဟား ခါးမြို့မှ ဖလမ်းမြို့ကို စစ်ကား ၅၀ စီးခန့်တို့ဖြင့် ပြန်လှည့်လာကြရာ တားလ်ကျေးရွာရှိ ဘုရားကျောင်း တွင် ညကြပြီးနောက် ယနေ့မနက်တွင် ၎င်းတို့ရွာမှ လူနေအိမ်များကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ လူနေအိမ်များကို ဖောက်ထွင်းခဲ့ကြသည့်အပြင် ရိက္ခာများအပါအဝင် စောင်၊ ထိုင်ခုံ၊ ပေါင်းအိုး၊ ပရိ​ဘောဂ ပစ္စည်းများကိုလည်း ခိုးယူသယ်ဆောင်သွား ကြသည်ဟုု သိရသည်။ တားလ်ကျေးရွာသည် ဖလမ်းမြို့မှ ၁၄ မိုင်ခန့်ကွာဝေးကာ အိမ်ခြေ ၃၇ အိမ်ရှိပြီးစစ်ကောင်စီမှ မီးရှို့ဖျက်စီးခံရသောလူနေအိမ် ၁၁ လုံးရှိသည်ဟု သိရသည်။ တားလ်ကျေးရွာ ပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖလမ်းမြို့နယ်ကို ရောက်ရှိလာပြီဟု သတင်းရသည့်အချိန်မှ စတင်ပြီး ရွာလုံးကျွတ် ချောင်းစပ်၊ တောထဲတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည်မှာ…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး ခွန်ကျုံးကျေးရွာ အပြင်ဖက်တစ်နေရာတွင် ယမန့်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ်ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ “ဖလမ်းကနေ တက်လာတဲ့ကား အလုံးအရင်းနဲ့တက်လာကြတယ်၊ ကျွန်တော်တို့က ဒီနောက်ဆုံးယာဉ်တန်းကို လုံခြုံရေးယူတဲ့အဖွဲ့ကို ကျွန်တော်တို့ အတက်နိုင်ဆုံး ပစ်ကွင်းကောင်းတဲ့နေရာကနေ စောင့်ပြီးတော့ ချွန်ကျုံးရွာအလွန်််် အဲ့ဒီတောထဲကနေ ဖြတ််တိုက်တာပေါ့။ ကျွန်တော်တို့ဘက်က အကာအကွယ်ကောင်းကောင်းယူပြီးတော့ ပြောက်ကျားအနေအထားဖြစ်တော့ အ​သေအပျောက်တော့မရှိဘူးပေါ့၊ သူတို့ဖက် ကတော့ ၄ ယောက်ကျတယ်၊ ၁ဝ ယောက်လောက်ကတော့ ဒဏ်ရာအကြီးကြီးရထားတာပေါ့။” ဟု CNF ပြောခွင့်ရသူ ဆလိုင်းထက်နီကပြောသည်။ အဆိုပါစစ်ယာဉ်တန်းသည် ဖလမ်းမြို့မှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် စတင်ထွက်လာခဲ့သည်ဟုသိရပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ဟားခါးမြို့ကို ရောက်ရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်ကိုသွားသော ကားလမ်းပေါ်ရှိ ကားပြင်ဆိုင်မှ အလုပ်သမားများနှင့် Rual-U သုသာန်တွင် အုတ်ဂူပြင်ဆင်နေသော လူ ၁၀ ဦးခန့််တို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က လက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းရှေ့တွင် လူသားဒိုင်းသဖွယ် ခေါ်ဆောင်မှုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့်ပြည်သူများကို သေနတ်ဒင်ဖြင့် ထုခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီီခွဲအချိန်တွင် ပြန်လည်လွတ်ပေးသည်ဟု သိရသည်။ စစ်ကောင်စီမှ…

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးလမ်းပေါ်တွင်ရှိသော ထလန်ရွန်ရွာသစ်နှင့်ရီရဲလ်သီး ကျေးရွာ ၂ ရွာမှ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲများက အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ “ကျွန်တော်တို့ရွာကို အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်တပ်တွေရောက်ပြီး ချက်ချင်းမီးရှို့တယ် အဲ့ချိန်အတောတွင်းမှာ ဘယ်နှစ်အိမ်ဖျက်ဆီးလဲဆိုတာ မသိရဘူး။ စစ်တပ်တွေက ကျွန်တော်တို့ရွာကိုု ကျော်တဲ့အချိန် ၁၉ ရက်မှ TERC အရေးပေါ်ကော်မတီက တာဝန်ရှိသူတွေက သွားစစ်ဆေးတော့ အိမ်က ၁၃ အိမ်မီးရှို့တယ် အကုန်လုံးဖျက်ဆီးတယ်၊ ရီရဲလ်သီးရွာလည်း အကုန်လုံးနီးပါး ဘုရားကျောင်းအပါဝင်လည်း မီးရှို့ထားတယ်၊ အိမ်က ၁ဝ လုံးလောက်လို့သိရတယ် သူတို့ကတော့ အကုန်လုံးနီးပါးပဲ ၁ အိမ်လောက်ပဲကျန်တယ်” ဟု ထလန်ရွန်ရွာသစ်မှ ဒေသခံတစ်ဦးက ပြောသည်။ အောက်တိုဘာလ ၁၁ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာသော စစ်ကောင်စီ တပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF)၊ CDF၊ CNDF ပူးပေါင်းတပ်တို့သည် ဖလမ်း-ဟားခါး လမ်းအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဖလမ်းမြို့နယ် ကျေးရွာ ၇ ရွာမှ ပြည်သူများ တောထဲတွင် စစ်ဘေးတိမ်းရှောင်ကြချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့များက လူနေအိမ်များ မီးရှို့ခြင်းနှင့် နေအိမ် ဖောက်ထွင်းခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထလန်ရွန်ရွာသစ်မှ ဖျက်ဆီးသွားသော ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၃ အိမ်၏တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၁,၂၀၀ ကျော်ခန့်ဆုံးရှုံးသွားခြင်းဖြစ်ပြီး နေအိမ်ပျက်ဆီးသွားသော လူဦးရေ ၇၁ ဦးကိုလည်း နေရပ်ပြန်လာသောအချိန်တွင်လည်း နေရာပြန်ချထားပေးရမည်ဖြစ်ကြောင်းThlanrawn…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင်ရှိသော စစ်ဘေးရှောင်ပြည်သူများ ရိက္ခာပြတ်လပ်နေသည့်အပြင် လာမည့် ဒီဇင်ဘာလအတွင်း ၉၀ ရာခိုင်နှုန်းမှာ ရိက္ခာ လုံးဝ ပြတ်လပ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့တွေက ဝဥခင်းတွေပဲ အားကိုးပြီး တောရွာဖက်မှာ လုပ်ကြတယ်ဆိုတော့ ဝဥတွေရောင်းပြီး ဆန်တွေဝယ်ပြီး စားနေရတဲ့သူတွေ၊ အဲ့တာတွေလုပ်ပြီးတော့ တောင်ယာမခုတ်ကြဘူး။ သူတို့ တနှစ်စာအတွက် ချန်ထားတဲ့ဟာက အခု တချို့ဆို ဆန်တွေက ပြတ်ပြီ။ လုံးလုံးပြတ်သွားပြီ၊ တခြားသူဆီမှာ ချေးငှားပြီးမှ ပြန်စားနေရတဲ့သူတွေရှိတယ်၊ အဲ့ဒါကြောင့်မို့ အခုဒီဇင်ဘာဆိုရင် ၉၀ ရာခိုင်နှုန်းက အစာရေစာငတ်ပြတ်လာမယ့်သဘောရှိတယ်။ နောက်ဆိုရင် ပိုခက်ခဲမယ်။” ဟု ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင် ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် ခါးနန်းအုပ်စု၊ ခါးနန်းကျေးရွာတွင် နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ ကန်ပက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနိုင်ရန် ခါးရိုင်းကျေးရွာတွင် စင်တာတစ်ခုနှင့် ရှင်ဘောင်ကျေးရွာတို့တွင် တစ်ခု ဖွင့်လှစ်ပေးထားပြီး ကန်ပက်လက်မြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူနှင့် ခါးနန်း၊ ရန်စဲ၊ မှုစိမ်းသိမ်း၊ မြောင်ကျေးရွာတို့အပါအဝင် စစ်ဘေးရှောင်လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိသည်ဟု စစ်ဘေးရှောင်ကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။ လက်ရှိ ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်ပြည်သူများသည် ခါးရိုင်းကျေးရွာဖောင်ဒေရှင်းမှ ရိက္ခာအနည်းငယ် ထောက်ပံ့ကူညီမှုများဖြင့် ဆက်လက်စားသုံးနေကြရသည်ဟု သိရပြီး ကန်ပက်လက်မြို့နယ်တွင် ယခုတစ်လော တိုက်ပွဲများ ထိတွေ့ဖြစ်ပွားမှုမရှိသော်လည်း ရိက္ခာများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အခက်အခဲများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ ဆန်အပြင် ဆီ၊ ဆား၊…

Read More

အာဏာသိမ်းစစ်​ကောင်စီအား ဆန့်ကျင်ကန့်ကွက်မှုများ​ကြောင့် ချင်းပြည်နယ်တွင်စစ်ကောင်စီမှ မတရားဖမ်းဆီးထား​သော ၂၂ ဦး ယနေ့ အောက်တိုဘာလ ၁၉ရက်နေ့ မွန်းလွဲပိုင်းက ပြန်လည်လွွတ်မြောက်လာ ကြကြောင်းသိရသည်။ အဆိုပါ လွတ်မြောက်လာသူများမှာ ဟားခါးမြို့တွင် ၁၁ ဦး၊ တီးတိန်မြို့တွင် ၂ ၊ ဖလမ်းမြို့တွင် ၁ ဦး၊ မတူပီမြို့ ၇ ဦးနှင့် ကန်ပက်လက်မြို့တွင် ၁ ဦး စုစုပေါင်း ၂၂ ဦးတို့ဖြစ်ကြသည်။ မတူပီမြို့မှ ယနေ့ ပြန်လွတ်မြောက်လာသူ ၇ ဦးထဲတွင်၅ ဦးမှာ ဧပြီလ ၇ ရက် ၈ ရက်နေ့များတွင် ဖမ်းဆီးခံခဲ့ရကာ ၇ လအကြာမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ၎င်းတို့ကို ခံဝန်ကတိထိုး ရသည်ဟု သိရသည်။ “မတူပီက ၇ ယောက်လွတ်တယ်၊ ဦးထွန်းလင်းတို့အဖွဲ့နဲ့ တခြား ၂ယောက်လည်းလွတ်တယ်။ သူတို့ အကုန်အိမ်ပြန်ရောက်လာကြပြီ၊ ခံဝန်ကတိထိုးရတယ်လို့ပြောတယ်၊ လူငယ်တွေနဲ့ မပူးပေါင်းဘူး၊ ဘယ်မှမသွားဘူး အဲ့လိုမျိုးထိုးရတယ်လို့ပြောတယ်။ အခု အချုပ်ထဲမှာ ၆ယောက်ကျန်သေးတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ ချင်းပြည်နယ်၊ဖလမ်းမြို့က ပြန်လွတ်မြောက်လာသူ ကိုကျုံးလျံမာန်သည် ဧပြီလ ၁၆ ရက်နေ့ကဖမ်း ဆီးခံရပြီး ယခုတွင် ကျန်းမာစွာဖြင့် နေအိမ်ကို ပြန်လည်ရောက်ရှိလာသည့်အပြင် စက်တင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော ကန်ပက်လက်မြို့က အမျိုးသမီးတစ်ဦးလည်း လွတ်မြောက်လာဟု သိရသည်။ အလားတူ တီးတိန်မြို့မှ ၇ လနီးပါး ဖမ်းဆီးခံရသော အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးလည်း ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာ​ကြောင်းတီးတိန်​ဒေသခံက​ပြောသည်။ “အစက သူတို့ဖမ်းထားတာ…

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါး လမ်းမကြီးပေါ်တွင်တည်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲကာ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ လူနေအိမ်အဆောက်အဦးများ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေသည့်အတွက် ကျေးရွာ ၇ ရွာမှ လူဦးရေ နှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ “စစ်ဘေးရှောင်ရွာက ၇ ရွာရှိတယ်၊ သူတို့က နီးစပ်ရာတောထဲမှာ များတယ် ခိုလှုံကြတာ။ တလန်ရွန်တို့၊ တာလ်တို့က ရွာလုံးကျွတ်ရှောင်ကြတယ်၊ ရီရဲလ်သီးရွာဆိုရင် အိမ်တောင်မှ မရှိတော့တာ၊ လုံးဝအိမ်တစ်လုံးမှ မကျန်တော့ဘူး။ အခုနီးစပ်ရာတောထဲမှာ ရှောင်ပုန်းကြတယ် အခုလူဦးရေက ၂ ထောင်ကျော်ခန့်မှန်းလို့ရမယ်။” ဖလမ်းမြို့က ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ဖလမ်း-ဟားခါးလမ်းမကြီးပေါ်ရှိ Lungpi/Lungrang၊ Zalai၊ Rialti, Thlanrawn ရွာသစ်၊ ရွာဟောင်း၊ Taal ရွာ၊ Tlangzar စသည့်ကျေးရွာတို့တွင်နေထိုင်သူပြည်သူများသည် နေအိမ်စွန့်ခွာထွက်ပြေးနေကြရပြီးနောက်ထပ်ထွက်ပြေးတိမ်းရှောင် မည့်ရွာလည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။ ယခုလက်ရှိ စစ်ဘေးရှောင်များသည် နီးစပ်ရာတောထဲတောင်ထဲတွင် စစ်ဘေးခိုလုံနေကြရပြီး ၎င်းတို့အတွက် အစားအသောက်ပိုင်းနှင့် မိုးကာ၊စောင်များ လိုအပ်နေသည်ဟု လည်း သိရသည်။ “စားဖို့သောက်ဖို့ကျတော့ သူတို့နည်းနည်းပါးသွားတာတွေရှိတယ်၊ ဒါပေမယ့် ရေရှည်အတွက်တော့အဆင်မပြေေ လာက်ဘူး” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ စစ်ကောင်စီသည် အနောက်မြောက်ပိုင်းစစ်တိုင်းမှုးအပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် ချင်းပြည်နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် စစ်အင်အားများအလုံးအရင်းဖြင့် တိုးချဲလာနေပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီ၏ သံချက်ကာနှင့် စစ်ကားအစီး ၅၀ ကျော်ဖလမ်းမြို့သို့ရောက်ရှိခဲ့သည်။ ဖလမ်းမြို့မှ ဟားခါးမြို့သို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီစစ်ကားများ ဆက်လက်ချီတက်ရာတွင် ဖလမ်းမြို့နယ် ရီရဲလ်သီး (Rialti) ကျေးရွာရှိလူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြပြီးနောက် ချင်းအမျိူးသားတပ်ဦး (CNF)…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က စစ် ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အသက် ၆ နှစ်အရွယ်ကလေး ငယ်တစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး လူကြီးတစ်ဦးသေဆုံးခဲ့ သည်ဟု CDF-Matupi ထုတ်ပြန်ထားသည်။ အဆိုပါ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် မတူပီ-မင်းတပ်လမ်း၊ ခြန်းပြန်း(ခ) လမ်းကြောင်းတွင်လည်း ပြည်သူ ၁ ဦး ထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့မှ မတူပီ-မင်းတပ် လမ်းကြောင်းတလျှောက် နယ်မြေရှင်းလင်းရေးများကို ယခု အပတ်မှစတင်ပြီး တောက်လျှောက်လုပ်ဆောင်လာကြသည့်အပြင် လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပွားနေကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အောက်တိုဘာ (၁၅) ရက်နေ့ ညေန ၆ နာရီတွင် CDF-Matupi နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ အကြား ထိပ်တိုက်တွေ့ဆုံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂ ဦးသေဆုံးခဲ့သည်ဟု သိရျပီး CDF-Matupi ဘက်မှ ကျဆုံးခြင်း ထိခိုက်ဒဏ်ရာရခြင်းများ မရှိိခဲ့ကြောင်းကိုလည်း CDF-Matupi ထုတ်ပြန်ထားသည်။

Read More

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီမှ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်တိုင်းမှူး အပြောင်းအလဲပြုလုပ်ပြီးနောက် ချင်းပြည်နယ်အတွင်း စစ်အင်အားများ တောက်လျှောက်ဖြည့်တင်းလာသလို ချင်းပြည်နယ်အတွင်းရှိ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ဒေသတွင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ချေမှုန်းမည့်အသွင်ဆောင်လာသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNA/CNF) ပြောခွင့်ရပုဂ္ဂိုလ် ပူးထက်နီအား ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်ရပါသည်။ မေး – အခုလက်ရှိ စစ်ကောင်စီဖက်က အင်အားတွေတောက်လျှောက် ချင်းပြည်နယ်ဖက်ကို ဖြည့်တင်းလာတယ်၊ သံချပ်ကာကား ၂ စီးလည်းပါတယ်။ အဲ့လိုမျိုး စစ်အင်အားတွေဖြည့်ပြီးတော့မှ စစ်ရေးပြင်းထန်မဲ့ပုံစံ သူတို့ဖက်ကစပြီး ပြင်ဆင်လာတယ်၊ CHRO ဖက်ကလည်း CNF ကို တိုက်ခိုက်နိုင်တယ်ဆိုပြီးတော့ သူတို့ရဲ့ Twitter မှာ ပြောထားတာရှိတယ်ပေါ့နော်။ အခုလည်းစပြီးတော့ စပစ်နေပြီလို့ပြောတယ်။ အဲ့အခြေအနေလေးကို ပြောပေးလို့ရမလား။ ဖြေ – ကျွန်တော်တို့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုအနေအထားကတော့ CNF အနေနဲ့လည်း အနီးကပ် စောင့်ကြည့်ပါတယ်၊ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီတခါ အင်အားဖြည့်လာတာကတော့ ခါတိုင်းနဲ့မတူဘူး။ သူတို့က သံချပ်ကာကားတွေနဲ့ ဘာနဲ့ ချင်းပြည်နယ်မြောက်ပိုင်းကို သူတို့ဗျူဟာတိုးလာတာ တွေ့ရတယ်။ ပြီးတော့ အင်အားတွေ ထပ်ဖြည့်လာတယ်။ ရိက္ခာတွေ ထပ်ဖြည့်လာတာတွေ့ရတယ်။ ဆိုတော့ အဓိကတော့ ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦးရဲ့ ဌာနချုပ်စခန်းတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်လာတယ်၊ လုပ်နေတယ်လို့တော့ ကျွန်တော်တို့ သုံးသပ်တယ်။ နောက်တခါ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းရင်းမှုး အပြောင်းအလဲလုပ်တဲ့ထားတော့ ဒီနှစ်အတွင်းကို ခါတိုင်းနဲ့မတူပဲ အင်အားတိုးချဲ့ပြီးတော့ ကျွန်တော်တို့ ချင်းပြည်နယ်ကို စစ်ကိုင်းတိုင်းပေါ်လစီဆိုပြီးတော့ တမျိုးမျိုး လုပ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။ မေး – နောက်ပိုင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယမန်နေ့ည အောက်တိုဘာလ ၁၄ ရက် ၁၀ နာရီခွဲအချိန်က မြို့ထဲတွင်သေနတ်ပစ်သံများ ကြားရပြီးနောက် ဟားခါးမြို့ယဉ်ကျေးမှုပြတိုက် နောက်ဖက်တွင်ရှိသော ပြည်နယ် လ.ဝ.က ရုံးမီးလောင်ပြာကျသွားသည်ဟု သိရသည်။ “ဘာကြောင့် မီးလောင်တယ်ဆိုတာတော့မသိရဘူး။ မနေည မီးလောင်တော့ ဘယ်သူမှမသွားရဲကြဘူး၊ ရုံးကသစ်ပင်တွေဝိုင်းထားတယ်၊ သံဆူးကြိုးတွေနဲ့ ဝိုင်းထားတယ် ဘယ်မှမဝင်ရဲကြဘူး။ မီးသတ်ကား လာတဲ့အချိန် အကုန်လုံးပြာကျသွားပြီ သူတို့လည်း ဘာမှမတတ်နိုင်ဘူး” ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ ပြည်နယ် လ.ဝ.က ရုံး နှင့် မြို့နယ် လ.ဝ.က ရုံးတို့တွင် ညစောင့်မိသားစုတစ်စုလည်း ရှိသည်ဟုသိရပြီး ၎င်းမီးလောင်မှုကြောင့် ယနေ့မနက်တွင် ညစောင့်အမျိုးသားကိုမူ ရဲမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။ မီးစတင်လောင်ကျွမ်းသည့် အ​ကြောင်းရင်းကို မသိရဘဲ ပတ်ဝန်းကျင်အနီးအနားတွင်ရှိသော ပြည်သူများလည်း အိမ်ပြင်မထွက်ရဲခြင်းကြောင့် မီးငြိမ်းသတ်ပေးနိုင်ခြင်းမရှိခဲ့ကြ​ပေ။ စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်များက ဟားခါးမြို့တွင် ညတိုင်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့်လူနေအိမ် ၂ လုံးမီးလောင်ကျွမ်းခဲ့ပြီးနောက် ပြည်သူအချို့မှာလည်း နေအိမ်စွန့်ခွာကာ တောရွာများသို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိခဲ့သည်။

Read More