မီဇိုရမ်ပြည်နယ် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Zoram People’s Movement (ZPM) ပါတီမှ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး ၁၅၃၉၇၀ အပြင် လိုအပ်သည့် အသုံးဆောင်ပစ္စည်းများစွာကို မီဇိုရမ်အခြေစိုက် မြန်မာစစ်ဘေးရှောင်ကူညီရေးအဖွဲ့ NGO United for Democratic Myanmar အဖွဲ့ထံ အောက်တိုဘာ ၈ ရက်နေ့က လှူဒါန်းခဲ့ကြသည်။ အခမ်းအနားကို အောက်တိုဘာ ၈ ရက်နေ့ နေ့လည် (၂းဝ၀) နာရီတွင် Zoram People’s Movement (ZPM) ဗဟိုရုံတွင် ကျင်းပခဲ့ကြပြီး NGO United for Democratic Myanmar အဖွဲ့ ဥက္ကဌနှင့် ဒု-အတွင်းရေးမှူးတို့က လက်ခံခဲ့ကြသည်။ Zoram People’s Movement (ZPM) ပါတီမှ မြန်မာစစ်ဘေးရှောင်များအတွက် လှူဒါန်းခဲ့သောအရာများမှာ ရူပီး ၁၅၃၉၇၀ အပြင်၊ စောင်၊ အဝတ်အစား၊ အိမ်မှုအသုံးစောင်ပစ္စည်း အိုးခွက်ပန်ကန် အိတ်ကြီးအိတ်သေး စုစုပေါင်း ၄၆၀ ကျော် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ NGO United for Democratic Myanmar ဥက္ကဌ ပူးလာလ်ရမ်းလောမ်မာက ယခုလို မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် ပေးလှူဒါန်းခဲ့သော Zoram People’s Movement (ZPM) ပါတီနှင့် ထည့်ဝင်လှူဒါန်းခဲ့သောသူ အားလုံးအပေါ် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး၊ လိုအပ်သည့် မြန်မာစစ်ဘေးရှောင်များနေရာတွင် ပြန်လည်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း ပြောသည်။ အလားတူ အောက်တိုဘာ ၇ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ Benjamin Sum ပရိတ်သတ်…
Author: Editor
အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ၂ ပတ်အတွင်း ချင်းပြည်နယ်အားလုံးကို စစ်ရေးအပြတ်ချေမူန်းမည်ဟု အမိန့်ပေးထားခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ကန်ပက်လက်ဒေသခံ ထောင်ချီဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေသူ များပြားလာသည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးထံမှ သိရသည်။ “ကြောက်လို့ လာမယ်၊ ပစ်ခတ်မယ် မသေချာဘူး အချိန်အရွေးဖြစ်နိုင်လို့ဆိုပြီး ထွက်ပြေးကြတယ်။ အခုကပိုများတာ ထွက်ပြေးတဲ့သူက တဖြည်းဖြည်းပိုများလာတယ်၊ မြို့ထဲက လူတွေရှိပေမယ့် တော်တော်နည်းတယ် ၁ထောင်ကျော်လောက်ပဲ ကျန်မယ်၊ တပတ်လောက်ရှိပြီး ထပ်ပြေးတဲ့သူကလည်း များလာတာ နေတဲ့သူထက်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ပြောသည်။ ကန်ပက်လက်မြို့နယ်တွင် CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြား ပြီးခဲ့သော စက်တင်ဘာလထဲ ၂ ကြိမ် ပစ်ခတ်မှုတွေရှိပြီး နေအိမ်ပျက်စီးမှုများရှိလာသောကြောင့် ဒေသခံပြည်သူများ ကန်ပက်လက်မြို့နှင့် ၁၂ မိုင်ဝေးသော မကွေးတိုင်း၊ ဆောမြို့တွင် အိမ်းငှားနေထိုင်သူနှင့် ကျေးရွာ၊ တောင်ယာတို့တွင် စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ ကန်ပက်လက်မြို့တွင် လူဦးရေ ၁ သောင်းခွဲ ၂ သောင်းဝန်းကျင်ရှိသည်ဟု သိရပြီး လက်ရှိ မြို့တွင်းနေထိုင်သူမှာ လူဦးရေ ၁ ထောင်ကျော်သာ ကျန်ရှိနေပြီး ပြည်သူများအနေဖြင့် စိတ်လုံခြုံမှုနှင့် ပတ်ဝန်းကျင်လုံခြုံမှုမရှိသည့် အခြေအနေဖြင့် နေထိုင်နေကြရကြောင်းကိုလည်း လက်ရှိ ကန်ပက်လက်မြို့တွင်း နေထိုင်သူတစ်ဦးကလည်း ယခုလိုပြောဆိုသည်။ “လူတွေက သူသူကိုကို မနေရဲတာတော့အမှန်ပါ့ ဘယ်တော့လဲဆိုပြီး စိတ်ကမလုံခြုံတော့ဘူး၊ အခုရက်ပိုင်း တိုက်ပွဲတွေတော့မရှိဘူး၊ အခုက အဆင်ပြေတယ်ဆိုတာထက် အောင့်အီးပြီးတော့နေကြရတယ် လုံခြုံမှုမရှိတာတော့အမှန်ပဲ ညနေ ၆ နာရီနောက်ပိုင်းဆို ဘယ်သူမှ ရဲရဲတင်းတင်းနဲ့ လှမ်းမလျှောက်ရဲကြဘူး၊ အခုရက်ပိုင်းလည်း အရင်က ဖောက်ပြီးသားအိမ်တွေကိုလည်း…
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ Benjamin Sum ပရိတ်သတ် Summer များက မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် လိုအပ်တဲ့ပစ္စည်းများအပြင် ရူပီးငွေ ၁၂၀၀၀ ကို မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Myanmar Refugee Relief Committee (MRRC) ထံ လှူဒါန်းခဲ့သည်။ Benjamin Sum အပါအဝင် သူ့ချစ်ပရိတ်သတ် Summer များနဲ့အတူ ပေးလှူခဲ့သော အဝတ်အထည် ၁၂၂ အိတ်၊ mask နှစ်ထောင်၊ မိန်းကလေးအသုံးဆောင်ပစ္စည်း ၂ ဖာနှင့် ရူပီး ၁၂၀၀၀ ကို Myanmar Refugee Relief Committee (MRRC) ထံ အောက်တိုဘာ ၇ ရက်နေ့က ပေးလှူခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ယခုလို Summer များရဲ့ ပေးလှူခဲ့သောပစ္စည်းများကို မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများထံ လိုအပ်သလို ပြန်လည်ဖြန့်ဝေသွားမယ်လို့ Myanmar Refugee Relief Committee (MRRC) ဥက္ကဌ Vanlalchhana (Vantea) က ခုလိုပြောပါတယ်။ “အခု Summer တွေ ပေးလှူခဲ့တဲ့ပစ္စည်းအပြင်၊ အခြားသူများကလည်း ပေးလှူထားတဲ့ပစ္စည်းတွေရှိတယ်။ အဲဒါတွေကို မီဇိုရမ်ပြည်နယ် အသီးသီးမှာရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်များထံ လိုအပ်သလို ပြန်လည်ဖြန့်ဝေမှာဖြစ်တယ်။” လို့ ပြောသည်။ Myanmar Idol ကြယ်ပွင့် နာမည်ကျော်အဆိုတော့ Benjamin Sum သည် လက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင်ရှိနေပြီး အဖက်ဖက်မှ ရန်ပုံငွေများရှာဖွေကာ ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော အနုပညာရှင်တစ်ဦးဖြစ်သည်။
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှတဆင့် မဏီပူပြည်နယ်တွင် အလုပ်လုပ်ဖို့သွားကြတဲ့ အိန္ဒိယနိုင်ငံသားကဒ် (Aadhar Card) အတုကိုင်ဆောင်လာသော မြန်မာနိုင်ငံသား ၂၄ ယောက်ကို မိုးလေး (Moreh) စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီး ခံထားရကြောင်း သိရသည်။ အဆိုပါ အဖမ်းဆီးခံထားရသူများမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ကဖြစ်ပြီး မြန်မာနိုင်ငံတွင် အလုပ်အကိုင်အဆင်မပြေမှုများကြောင့် မဏီပူပြည်နယ်တွင် ယက္ကန်းလုပ်ငန်းလုပ်ဖို့ လာရောက်ကြသူများဖြစ်ကာ မဏီပူပြည်နယ် မိုးလေးတွင် နိုင်ငံသားကဒ်အတုကိုင်ဆောင်မှုကြောင့် ဖမ်းဆီးထားခြင်းဖြစ်တယ်လို့ ယက္ကန်းအလုပ်သမားတစ်ဦးက ပြောပါသည်။ “ကြားရတဲ့သတင်းအရဆိုရင် ၂၄ ယောက် အဖမ်းခံရတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း တော်တော်များများပါတယ်လို့ သိရတယ်။ ပြီးတော့ နိုင်ငံသားကဒ်အတုတွေ ကိုင်ဆောင်လာတာဆိုတော့ အမှုကကြီးတယ်။” လို့ ပြောသည်။ ယခုလို မြန်မာနိုင်ငံမှ မဏီပူပြည်နယ်တွင် အလုပ်လုပ်ကိုင်ဖို့ လာရောက်ကြသူများတွင် နိုင်ငံသားကဒ်အတု ကိုင်ဆောင်လာခြင်းကြောင့် Churachandpur မြို့ရှိ ယက္ကန်းအလုပ်ရုံများတွင် ရဲတွေ လာရောက်စစ်ဆေးသွားတယ်လို့ ယက္ကန်းအလုပ်သမားတစ်ဦးက ယခုလို ဆက်ပြောပါတယ်။ “မနေ့ညက အလုပ်ရုံတွေမှာ ရဲတွေလာပြီး စစ်ဆေးသွားတယ်။ ယနေ့မနက်ကလည်း ရဲတွေ ထပ်လာတယ်။ ကျနော်တို့လည်း ကြောက်လို့ ပုန်းနေရတယ်။ အဓိကတော့ အဲဒီ နိုင်ငံသားအတုကို လုပ်ပေးတဲ့သူကို လာရှာတာဖြစ်နိုင်တယ်။” လို့ ပြောသည်။ အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း မြန်မာပြည်သား အိန္ဒိယနိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုဖြင့် မကြာမကြာ ဖမ်းဆီးခံထားရကြောင်းနှင့် မဏီပူပြည်နယ်တွင် ယက္ကန်းအလုပ်သမား မြန်မာလူမျိုး အယောက် ၅၀၀ ခန့်ရှိမည်ဟု သိရသည်။ အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၃၀…
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာသယ်ယူသောလမ်းကြောင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးမှုများရှိနေသောကြောင့် စစ်ဘေးရှောင်ပြည်သူများ ပြောင်းဖူးနှင့် အသီးအရွက်များ စားသုံးနေကြရသည်ဟု စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီိဝင်တစ်ဦးထံမှ သိရသည်။ “ရွာဖက်ခြမ်းမှာရှိတဲ့ တောင်သူတွေ စိုက်ပျိုးတဲ့ပြောင်းဖူးရယ် ဖရုံးသီးတွေကို အဓိကစားကြတော့တာ တချို့ရွာတွေမှာ၊ ဆန်က လုံးဝမရှိတော့၊ အရင်ဖြန့်ထားတဲ့ဆန်တွေလည်း ကုန်သွားပြီ စက်တင်ဘာလလယ်လောက်ကစပြီးမှ တော်တော်များ ရိက္ခာပြတ်လာတယ်၊ တချို့ရွာတွေနည်းနည်း ပါးပါးကျန်သေးတယ် ဒါပေမယ့် တောက်လျှောက် ဒီပုံစံအတိုင်းသွားရင်တော့ စားနပ်ရိက္ခာ လုံးဝပြတ်တော့မှာ” ဟု မင်းတပ် စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီိဝင်တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းတပ်မြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာပို့ဆောင်ကူညီပေးသူများကို ခြိမ်းခြောက်ဖမ်းဆီးများ ပြုလုပ်သည့်အပြင် မင်းတပ်မြို့နှင့် ယောနယ်လမ်းကြောင်းပေါ် နေရာယူရှိနေခြင်းများကြောင့် ရိက္ခာများသယ်ယူရာတွင် ပိုမိုခက်ခဲလာခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေများကြောင့် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ဆေးဝါး၊ ဆန်နှင့် စားကုန်များ ပြတ်တောက်မှု ကြုံတွေ့နေခြင်းဖြစ်သည်။ မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီ၏ လက်ရှိ စစ်ဘေးရှောင်လူဦးရေစာရင်းအရ ခြောက်ထောင်ကျော်အထိရှိလာသည်ဟု သိရပြီး ငါးလအတွင်း ၎င်းစစ်ဘေးရှောင်များတွင် ဆေးဝါး၊ ရိက္ခာပြတ်လပ်မှုများကြောင့် အာဟာရပြတ်လပ်ပြီး သေဆုံးသည့်ကလေးငယ်နှင့် စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးသူ အယောက် ၃၀ ခန့်ရှိပြီဖြစ်ကြောင်းလည်း စစ်ဘေးရှောင်ကူညီရေးထံတွင် သိရှိရသည်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် CDF-မင်းတပ်တို့အကြား အပစ်ခတ်ရပ်သဘောတူညီမှု ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့များကလည်း စစ်ဘေးရှောင်များရှိသော Camp၊ ကျေးရွာများအထိ စစ်ကြောင်းများ ထိုးစစ်ဆင်မှုတွေရှိလာသော ကြောင့် စစ်ဘေးရှောင်ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-မင်းတပ်တို့ မြို့တွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများက စိုးရိမ်ကြောက်ရွံ့သောကြောင့်…
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ရှိ ခလရ ၁၄၀ တပ်ရင်းမှ ဓာတ်ဆီနှင့်ဆန်များကို ထိန်းချုပ်ပြီး အကန့်အသတ်ဖြင့် ရောင်းချပေးနေသောကြောင့် မြို့ပေါ်ရှိပြည်သူများ စက်သုံးဆီပြတ်လပ်မှုတွေ ကြုံတွေ့နေရကြောင်း မတူပီဒေသခံများထံမှ သိရသည်။ “ခလရ ၁၄၀ တပ်ရင်းက ဓာတ်ဆီရော ဆန်ရော အကုန်လုံးထိန်းထားတယ်ဆိုတော့ မြို့ပေါ်မှာ အကုန်လုံး ပြတ်လပ်ကုန်တယ်၊ မှတ်ပုံတင်နဲ့ ၁ အိမ်ကို ၅ ဂါလံ တစ်ပုံးပဲရတယ်၊ ဒါတောင်မှ သူတို့ချိန်းထားတဲ့နေ့မှပဲ တပတ်တခါပဲရောင်းပေးတယ်၊ ဓာတ်ဆီက တမြို့နယ်လုံး ပြတ်နေတာ” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။ ယခုကဲ့သို့ စစ်ကောင်စီမှ ဓာတ်ဆီနှင့် ဆန်များ ထိန်းချုပ်လိုက်ခြင်းမှာ CDF-Matupi တပ်ဖွဲ့ထံ လောင်စာဆီနှင့် ရိက္ခာများ ရောက်ရှိမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဟု သိရပြီး မတူပီမြို့ပေါ်တွင် ဓာတ်ဆီပြတ်လပ်မှုကြောင့် ဓာတ်ဆီဆိုင်များ အကုန်ပိတ်ထားကြပြီး ဓာတ်ဆီဝယ်ယူလိုပါက ခလရ ၁၄၀ တပ်ရင်းတွင် မှတ်ပုံတင်ဖြင့် လူတစ်ဦးလျှင် ၅ ဂါလံနှုန်းနှင့် တစ်ပတ်တစ်ခါ သွားရောက်ဝယ်ယူကြရသည်ဟု သိရသည်။ မတူပီမြို့တွင် လက်ရှိဆန်များကို ဝယ်ယူမည်ဆိုပါက ဆန်ရောင်းသည့်ပိုင်ရှင်ထံ တိုက်ရိုက်ဝယ်ယူခွင့်မရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ တဆင့်ဝယ်ယူကြရပြီး အိမ်ထောင်လျှင် ဆန် ၂ အိတ်သာ ရောင်းချပေးနေသောကြောင့် နေ့စားအလုပ်သမားများအတွက် ဆန်ဝယ်ယူရန် အခက်အခဲနှင့်ကြုံတွေ့နေရပြီး ဆန်ပြတ်လပ်လာမှုကြောင့် ပိုခက်ခဲလာကြောင်းကိုလည်း မတူပီဒေသခံတစ်ဦးက ပြောသည်။ “ဆန်ဝယ်မယ်ဆိုရင် ဂိတ်မှာ စစ်သား ၂ ယောက်က ဂိုဒေါင်သော့ပေးပြီး ကိုယ်တိုင်ဖွင့်ပြီးမှ မှတ်ပုံတင်နဲ့ဝယ်ရတယ်၊ တစ်အိမ်ထောင် ၂ အိတ်ပဲဝယ်ရတယ် အကန့်သတ်နဲ့ပဲ၊ ပိုက်ဆံတော့ မြို့ထဲက ပိုင်ရှင်ကိုပေးရတယ်၊ ကြက်ဥတွေလည်း…
ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ထွက်ပြေးတိမ်းရှောင်သော စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ကြိုးဆွဲချသေးဆုံးခဲ့ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ စစ်ဘေးရှောင်များထားရှိရာ Holy Cross အဆောင်တွင် နေထိုင်သည့် အသက် (၃၅) နှစ်အရွယ် Khenzamkim သည် အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက စိတ်ဓာတ်ကျ/ စိတ်ဖိစီးမှုခေါ် (Depression) ကြောင့် မိမိကိုယ်မိမိ ကြိုးဆွဲချသေးဆုံးခဲ့ကြောင်း ကျန်းဖိုင်းမြို့ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးကပြောသည်။ “ဟုတ်ပါတယ်။ သိပ်ဝမ်းနည်းစရာကောင်းတယ်။ သူက တွန်းဇံမြို့နယ် Ronzang ကနေ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်တယ်။ မီဇိုရမ်ကို ရောက်လာတာ တစ်လလောက်ဘဲရှိသေးတယ်။ သူ့မိန်းမနဲ့ကွဲပြီး ထွက်လာတာလို့ သိရတယ်။ သားသမီး သုံးယောက်ရှိတယ်လို့လည်း သိရတယ်။ သူ့မိန်းမနဲ့ကွဲလို့ အဲဒီစိတ်ဖိစီးမှုဒဏ် (Depression) ကြောင့် ခုလို ဖြစ်သွားတယ်လို့ဘဲ မြင်ပါတယ်။” ဟု သူကပြောသည်။ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး လက်ရှိ ကျန်ဖိုင်းခရိုင်တွင် မြန်မာစစ်ဘေးရှောင် အများဆုံးထွက်ပြေးတိမ်းရှောင်လာသော မြို့တစ်မြို့ဖြစ်သည်။
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အနီးတွင်ရှိသော ခလရ ၁၄၀ တပ်ရင်းမှ အဓိကအသုံးပြုသည့် ဘုံတလာ ရေအားလျှပ်စစ်စက်ရုံ အဆောက်အအုံကို အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ဗုံးဖောက်ခွဲခံရသည်ဟု သိရသည်။ “ကျွန်တော် သတင်းကြားတာကတော့ မနေ့ပါ၊ ဗုံးခွဲတာ သူတို့ ရေအားလျှပ်စစ်ကို လူငယ်တွေက မိုင်းခွဲပြီးလို့ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တာပေါ့၊ အဲ့ရေးအားလျှပ်စစ်က စစ်တပ်တွေက အဓိကသုံးတာ၊” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ဘုံတလာ ရေအားလျှပ်စစ် စက်ရုံသည် မတူပီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသည်ဟု သိရပြီး လည်မျိုချောင်းရေကို အမှီပြုတည်ဆောက်ထားသည့် ရေအားလျှပ်စစ် စက်ရုံဖြစ်ပြီး ယခင်တွင် စန်ဘောင်ရပ်ကွက်၊ ဗျူဟာကုန်းနှင့် ဖနိုင်ကျေးရွာတို့တွင် လျှပ်စစ်မီးများကို အသုံးပြုခဲ့သော်လည်း မဟာဓာတ်အားလိုင်းရရှိပြီးသည့် နောက်ပို်င်းတွင် စစ်ကောင်စီတပ်ဖွဲ့များက အသုံးပြုကြသည်ဟု သိရသည်။ မတူပီမြို့၊ဘုံတလာ ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးလုပ်ငန်ကို ၂၀၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ၍ ၁ နှစ်ကျော်အကြာ ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား ကီလိုဝပ် (၅၀၀) ထုတ်လုပ်ပေးနိုင်သော ရေအားလျှပ်စစ် စက်ရုံအမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။ မတူပီမြို့၊ မြို့ပြမီးလင်းရေး မှတ်တမ်းများအရ မတူပီမြို့ လျှပ်စစ်စွမ်းအင်ကို နန်းမလောင်ရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသောဓာတ်အားကို အဓိကသုုံးစွဲကြရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ၂၀၂၀ ခုနှစ်မှ မဟာလျှပ်စစ် ဓာတ်အားလိုင်းသွယ်တန်းနိုင်ခဲ့ခြင်းကြောင့် ယခုမတူပီတွင် လျှပ်စစ်ဓာတ်အားလိုင်း အလုံအလောက်သုံးစွဲခွင့် ရရှိလာကြောင်းလည်း သိရသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပညာဆက်လက်သင်ကြားနိုင်ရေးကိစ္စကို မီဇိုရမ်ပြည်နယ် ပညာရေးဌာနဝန်ကြီး Pu Lalchhandama Ralte ဦးဆောင်ပြီး စက်တင်ဘာ ၃၀ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးကိစ္စကို မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte ဦးဆောင်ပြီး ခရိုင်အသီးသီးရှိ တာဝန်ရှိ District Education Officer (DEO) များနှင့် အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသတွင်း Zonet သတင်းတွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က စစ်ဘေးရှောင်များသည် မိမိတို့ညီအကိုတွေဖြစ်သည့်အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးခြင်းဟာ ကျနော်တို့ လုပ်ဆောင်ရမဲ့တာဝန်ဖြစ်တယ်ဟု ပြောသည်။ အဆိုပါဆွေးနွေးပွဲတွင် မီဇိုရမ်ပြည်နယ်အသီးသီးမှ District Education Officer (DEO) မ်ားက မိမိခရိုင်အတွင်း မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များဦးရေနှင့် လိုအပ်သည့်အရာများကို မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးထံ တင်ပြခဲ့ကြသလို Mizoram Board of School Education (MBSE) အောက်တွင် ၁၀ တန်းနှင့် ၁၂ တန်း ဖြေဆိုနိုင်ရေးကိစ္စကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြသည်။ ထို့အပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိနေသည့် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များလိုအပ်သည့်အရာများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် DATA များစုဆောင်းပြီး ပြည်မအစိုးရထံ တင်ပြတောင်းဆိုသွားရန်လည်း ဆွေးနွေးခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှာင်ဦးရေ ၁၀၀၀၀ ကျော်ရှိပြီး ယင်းအနက် ကျောင်းနေအရွယ်ကလေးငယ် ၃၀၀ ကျော်ရှိသည်ဟု သိရသည်။
ဟားခါးမြို့နယ် အချုပ်စခန်းတွင် ထိန်းသိမ်းခံရသောသူ တစ်ချို့ကို ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် ရဟပ်ယာဉ်ဖြင့် ကလေးမြို့ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြကြောင်း သိရသည်။ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရသည့် ဦးရေအတိကျ မသိရှိရသေးသော်လည်း ခန့်မှန်းခြေ ၃ဦးမှ ၅ဦးခန့် ဖြစ်နိုင်ကြောင်းသိရပြီး ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) နှင့်တရားစွဲဆိုကာပြစ်ဒဏ်စီရင်ခကေ်ချခံရသူအချို ့လည်း ပါဝင်ကြောင်းသိရသည်။ ကလေးမြို့ဘက်မှ ရဟတ်ယာဉ်ဖြင့် ဟားခါးမြို့ ၂၆၆ဗျူဟာကုန်းသို့ ရဟတ်ယာဉ်ဖြင့်လာခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ လက်ရှိ ဟားခါးမြို့ အချုပ်စခန်းတွင် အချုပ်သား ၂၆ ဦးခန့် ကကျန်ရှိနေသေးကြောင်းလည်းသိရသည်။
