Author: Editor

ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ယမန်နေ့ည ၉ နာရီဝန်းကျင့်ခန့်က စစ်ကောင်စီက ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာထိမှန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက် ၁၉ နှစ်အရွယ် ချင်းအမျိူးသမီးငယ်သည် သေဆုံးသွားခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဇောလ်နူးရွာမှ မ Nuam Za Thiang သည် မိခင်ရှိရာကလေးမြို့သို့ သူငယ်ချင်းဖြစ်သူ Ngun Nei Piang နှင့်အတူ ဆိုင်ကယ်ဖြင့်လာရောက်သည့်အချိန် ဇွန်လ ၂၃ ရက် ည ၉ နာရီခန့်တွင် တောင်ဖီလာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် နှစ်ယောက်စလုံး ကျည်ဆံထိမှန်ကာ Salai Ngun Nei Piang မှာ ထိုနေရာတွင်သေဆုံးကာ မ Nuam Za Thiang သည် ပေါင်တွင်ကျည်ဆံထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ နောက်နေ့မနက် ဇွန်လ ၂၄ ရက်နေ့တွင် Salai Ngun Nei Piang ၏ ရုပ်အလောင်းကို တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ဒေသခံပြည်သူများက တွေ့ရှိခဲ့ကြသည်။ ပေါင်တွင်ကျည်ဆံထိမှန်သည့် မ Nuam Za Thiang သည်လည်း ဇွန်လ ၂၄ ရက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် သေဆုံးသွားပြီဟု မိသားစုဝင်များထံ ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) တပ်ဆေးရုံကနေ အကြောင်းကြားခဲ့သည်ဟု သိရသည်။ စစ်ကောင်စီက မ Naum Za Thiang…

Read More

ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးနှင့် ကိုဗစ်သံသယလူနာ ၁၃ ဦး စုစုပေါင်း ၁၇ ဦး သေဆုံးမှုရှိခဲ့သည်ဟု Covid 19 volunteer အဖွဲ့ထံမှ သိရသည်။ “ဒီနေ့ကတော့ ကျနော်တို့မြို့ပေါ်နဲ့ ကလေးမြို့နယ်အတွင်းမှာ (၁၇) ဦးရှိတယ် Positive လူနာကတော့ (၄) ဦး သံသယလူနာ (၁၃) ဦးရှိပြီ ကျနော် ဒီရောဂါကူးစက်သေဆုံးသူတွေမှာ ရောဂါအခံရှိတာများတယ် ကျနော်တို့ volunteers တွေမှာလည်း သဂြိုလ်ပေးဖို့ လူအင်အားမှာ မလောက်တော့သလိုဖြစ်နေတယ် သေဆုံးမှုမြင့်တက်လာတော့” ဟု Covid 19 volunteer တစ်ဦးက ပြောသည်။ ယနေ့သေဆုံးသူများမှာ တာဟန်းရပ်ကွက်မှ (၃) ဦးရှိခဲ့ပြီး၊ ကျန် (၁၄) ဦးမှာ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် စခန်းကြီးရွာတို့ကဖြစ်ကြသည်။ ကလေးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိသည့် အိတ်စွတ်ကျေးရွာ အစိုးရဝန်ထမ်းအိမ်ရာတွင်လည်း ပိုးတွေ့လူနာ (၂၅၁) ဦး ကုသမှုခံယူလျှက်ရှိပြီး အဆိုပါလူနာများကို သူနာပြုဆရာမ (၂) ဦးနှင့် Volunteer (၇) ဖြင့်သာ ပြုစုပေးနေရသည့်အပြင် အောက်ဆီီဂျင်မလုံလောက်မှုလည်း မြင့်တက်နေသည့်အတွက် အခက်ကြုံနေရသည်ဟု ယင်းကိုဗစ်ကုသရေးစင်တာမှ တာဝန်ခံ Volunteer ဦးပွီးယာကပြောသည်။ “ကျနော်တို့ မနေ့ကတော့ အောက်ဆီဂျင်ပျက်သွားတာ ကလေးမြို့က အောက်ဆီဂျင်စက်ကလည်း မလည်ပတ်နိုင်ဘူး မလုံလောက်တာကတော့များတယ် ကျနော်တို့ဆီမှာ နည်းနည်းအခြေအနေမကောင်းတဲ့သူတွေကို ကလေးမြို့ ပြည်သူ့ဆေးရုံပို့တယ် ဒီနေ့လည်း ၁၀ ဦးထပ်ပို့တယ် ကလေးမြို့ပြည်သူ့ဆေးရုံမှာ…

Read More

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၄၇ဦးထိရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ စာရင်းပြုစုချက်အရ သိရသည်။ ချင်းပြည်နယ်တွင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၄၅၆ ဦးရှိပြီး ပြန်လည်လွတ်မြောက်သူ ၂၅၃ ရှိကာ ဟားခါးမြို့တွင် ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး ၂၈၈ ဦးထိရှိပြီး ၁၇၂ ဦးပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း သိရသည်။ “လူတစ်ယောက်ကိုဖမ်းချင်ရင် ဖမ်းရတဲ့အကြောင်းရင်းကို သက်သေအထောက်အထားနဲ့ သေချာပြပြီးတော့ ခေါ်သွားရင်တော့အကြောင်းမဟုတ်ဘူး၊ အဲလိုဖမ်းခံရရင်တော့ ရှေ့နေခေါ်ပြီး တရားရုံးမှာ တရားရင်ဆိုင်ခွင့်ရှိရမယ်၊ ခုကအဲလိုလုံးဝမရှိဘူး၊ အခုက နေအိမ်ကိုလည်း ဖျက်ဆီးတယ်၊ အိမ်ထဲလည်းဝင်စီးနင်းတယ်၊ ဘာအကြောင်းပြချက်မှလည်းမပြောဘဲနဲ့ မေးစရာရှိလို့ဆိုပြီး တစ်ခါတည်းဖမ်းလိုက်တာက လုံးဝမဖြစ်သင့်ဘူး၊ လမ်းမှာလည်း ရပ်ခိုင်းပြီး ကြိုက်သလိုစစ်မေးတယ်၊ ဖုန်းတွေစစ်ဆေးတယ်၊ သူတို့မကြိုက်တာတွေ့ရင်ဖမ်းသွားတယ်၊ သူတို့ဖမ်းတဲ့ပုံစံက ကြိုက်တဲ့ချိန်ဖမ်းပြီးတော့ တိရိစ္ဆာလိုဘဲဆက်ဆံခံနေရတယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ Program Director ဆလိုင်းဗန်ဗျက်ထန်မှပြောသည်။ အဆိုပါ အဖမ်းခံရသူများအား ဖမ်းဆီးရသည့်အကြောင်းရင်းများမှာ ဆန္ဒထုတ်ဖော်မှု၊ သံပုံးတီးမှု၊ CDF နှင့် ဆက်နွယ်မှု၊ CDM လှုပ်ရှားမှုတွင်ပါဝင်မှု၊ ဖုန်းများအား စစ်ဆေးရာမှ ဖမ်းဆီးခံရမှု နှင့် အကြောင်းရင်းမသိရဘဲ ဖမ်းဆီးခံရမှုများရှိကြောင်းသိရသည်။ ဖမ်းဆီးခံရသူများအား အဖမ်းခံရစဉ်တွင် ညှင်းပမ်းနှိပ်ခြင်း၊ ရိုက်နှက်ခြင်းများ ကျူးလွန်ခံရမှုများရှိပြီး သက်သေအထောက်အထားအချို့လည်းရရှိထားကာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အဖမ်းခံရစဉ် သေဆုံးမှု ၂ ခုလည်းရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့က ပြောသည်/ ထို့ပြင် လူနေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခြင်း၊ တိရစ္ဆာန်များအား ဖမ်းယူသတ်ဖျက်ခြင်းများလည်း စစ်ကောင်စီများမှ…

Read More

ကလေးမြို့ ဆိပ်ကမ်းသာတံတားနီးတွင် အသက် (၁၈) နှစ်အောက် လူငယ် (၃) ဦးနှင့် ဦးလေးဖြစ်သူကို ယနေ့မနက် (၈) နာရီဝန်းကျင်က စစ်ကောင်စီက နေအိမ်တွင် ၀င်ရောက်ဖမ်းဆီးခဲ့သည်ဟု ကလေးမြို့ဒေသခံတစ်ဦးမှ သိရသည်။ “လေးယောက်လာဖမ်းတုန်းက ကလေးတွေက အိပ်နေသေးတယ် (၃) ဦးက အသက်မပြည့်သေးဘူး ကလေးတွေက တစ်ယောက်ကပဲ (၂၀) ကျော်ရှိတယ် ကျန်တဲ့ကလေးတွေက အသက်မပြည့်သေးဘူး ဟိုတလောက (၂၀) ရက်နေ့ ဖမ်းထားတဲ့ လူငယ် (၃) ဦးလေ ကလေးဝလမ်းမပေါ်ထားတဲ့သူတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ကြားတယ် ဘာကြောင့်ဖမ်းထားတာလဲတော့ အတိအကျမသိသေးဘူး” ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။ ယနေ့မနက် ဖမ်းဆီးခံရသည့်သူများမှာ Thang Biak lien အသက် (၁၇) နှစ်၊ Mang kim khuol အသက် (၁၆) နှစ်၊ Thang Gin Hang အသက် (၁၄) နှစ်နှင့် ဦးလေးဖြစ်သူ Suan Lam khai အသက် (၂၇) နှစ်တို့ဖြစ်ကြသည်။ ဇွန်လ (၂၀) ရက် နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က အဖမ်းခံရသည့် မောင်ကျော်မင်းခန့်မောင်သည်လည်း ယနေ့ချိန်ထိ မိဘများမှ သူနှင့်ပတ်သက်သည့် သတင်းတစ်စုံတရာမျှ မကြားသိရဘဲ အလွန်စိုးရိမ်နေပြီဖြစ်ကြောင်း မိဘဖြစ်သူများက ပြောသည်။ “အခုချိန်ထိ သူနဲ့ပတ်သက်လို့ ကျနော်တို့ ဘာမှမကြားရဘူး သူ့ကို ဘယ်မှာရှိမှန်းလည်းမသိဘူး ကျန်းမာရေးကအစ ဘာတစ်ခုမှမသိရဘူး ရဲတွေဘက်ကလည်း ဘာမှအကြောင်းမကြားထားသေးဘူး ကျနော်တို့ ထမင်းတွေဘာတွေပို့ဖို့ တောင်းဆိုပေမဲ့လည်း သူတို့က ခွင့်မပြုဘူး”…

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိသော်လည်း ဒေသခံပြည်သူများအများစုသည် နေရပ်သို့မပြန်ရဲကြသေးဘဲ စစ်ဘေးတိမ်းရှောင်သူ ၂၀၀၀ ကျော်ရှိနေသေးကြောင်းသိရသည်။ “ ကျွန်တော်တို့ ကန်ပက်လက်မှာ ကြက်ခြေနီက စစ်ရှောင်စခန်း တရားဝင်အနေနဲ့ စစ်ရှောင်စခန်းတစ်ခု ဖွင့်ထားတယ်၊ ဆောလာင်းကျေးရွာမှာ၊ အညာကတင်း စစ်ရှောင်စခန်းမှာလည်း လူဦးရေ ၄၀၀ ဝန်းကျင်ခန့်ရှိမယ်၊ တီးကုန်ရွာတို့ လောင်းရှည်တို့မှာလည်းရှိ တယ်လို့ကြားတယ်၊အကုန်လုံးခြုံငုံလို့ပြောရင် ၁၄၀၀ လောက်ကိုရှိမယ်၊ ဒါက မြို့ပေါ်ကတွေမပါသေးပဲနဲ့၊ နောက်ပြီး တောထဲပုန်းရှောင်တာတို့၊ အဆင်မပြေတဲ့စစ်ရှောင်တို့၊ ရွာတွေမှာသွားနေတာတွေ သိပ်မပါသေးပဲနဲ့ စစ်ရှောင်စုစုပေါင်းပေါ့နော်” ဟု ကန်ပလက်မြို့ စစ်​ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။ မိုးတွင်းကာလရောက်လာရောက်ရှိလာသောကြောင့် တောထဲသို့ပုန်းရှောင်နေကြရသည့် ကန်ပက်လက်စစ်ဘေး ရှောင်ပြည်သူများသည် အမိုးကာများမရှိသည့်အတွက် ဌက်ပျောရွက်၊ သစ်ရွက်များကို အသုံး ပြုကြရကာ အစား အသောက်၊ ဆေးဝါး များအကူအညီလိုအပ်မှုတွေကြုံတွေ့နေရသည်ဟု သိရသည်။ ကန်ပလက်မြို့၊ ကြက်ခြေနီက စစ်ဘေးရှောင်စခန်း (၁) ခုကို ဖွင့်လှစ်ပေးထားကာ မြို့ပေါ်နေပြည်သူ တချို့မှာ မိမိတို့ ဇာတိရွာအပြင် ဆောမြို့တို့တွင် အိမ်ဌားကာ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။ ကန်ပလက်မြို့၊ ကြက်ခြေနီအဖွဲ့ ဇွန်လ ၃ ရက်ကစတင်ပြီး ကန်ပလက်မြို့ပေါ်နှင့် တောထဲရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် လိုအပ်သော ဆေးဝါး၊ အစားအသောက်၊ အဝတ်အထည် နှင့် မိုးကာများကိုလည်း ပံ့ပိုးကူညီပေးနေကြောင်းလည်း သိရသည်။ H2

Read More

ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ (၉) တွင် ယမန်နေ့ည ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ချင်းလူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ တောင်ဖီလာရပ်ကွက် နယ်မြေ – ၉ ဝန်ထမ်းအိမ်ယာအနီးတွင် ယမန်နေ့ည ၉ နာရီဝန်းကျင်ခန့်တွင် သေနတ်သံများ ထွက်ပေါ်ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် ချင်းလူငယ်၏ အလောင်းကို ဒေသခံများက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ သေဆုံးသူမှာ တောင်ဖီလာရပ်ကွက် နယ်မြေ (၆) တွင် နေထိုင်သူ Salai Nung Nei Piang ဟုသိရပြီး ရုပ်အလောင်းတွင် သေနတ်ထိမှန်သည့်ဒဏ်ရာ ၄ ချက်တွေ့ရသည်ဟု သိရသည်။ တောင်ဖီလာနယ်မြေ (၉) ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ယာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညစဉ်ကင်း စောင့်လေ့ရှိသည်ဟု သိရသည်။

Read More

မြန်မာနိုင်ငံမှာ တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ရသူ ၄သောင်းကျော်ရှိလားပြီး စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာပိုင်းတွင် အဓိက အခက်အခဲကြုံနေရ ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “မင်းတပ်ဘက်ဘဲဖြစ်ဖြစ် တစ်ခြားနေရာဘဲဖြစ်ဖြစ် အများစုပြောကြတာက စားစရာလိုချင်တယ် ခက်ခဲတယ်လို့ပြောကြတယ်၊ ရေရှည်အတွက်က စားစရာကို မသယ်ယူနိုင်ကြတော့၊ သူတို့သယ်နိုင်တာက တစ်ပတ်စာလောက်ဘဲရှိတယ်၊ ဆေးဝါးတွေလည်းမရှိဘူး၊ ပြီးတော့ ကျန်းမာရေးပိုင်းကျွမ်းကျင်သူလည်းမရှိဘူး၊ နောက်ပြီး မိုးကအမြဲရွာနေတော့ နေရေးထိုင်ရေးမှာလည်းအဆင်မပြေဘူး၊ မိုးကာရှိရင်တောင် မြေကြီးက စိုနေတော့အဆင်မပြေဘူး၊ အဲဒါတွေမှာ အခက်အခဲကြုံနေရတယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ Program Director Salai Van Biak Thang က ပြောသည်။ ချင်းပြည်နယ်ရှိ မြို့နယ်အလိုက် စစ်ဘေးရှောင်နေရသူ စာရင်းမှာ ဟားခါးမြို့နယ်တွင် ၇၀၀၀ ဝန်းကျင်၊ မင်းတပ်-ကန်ပက်လက်-မတူပီ သုံးမြို့နယ်ပေါင်း ၁၅၀၀၀ ကျော်၊ ထန်တလန်မြို့နယ်တွင် ၅၀၀၀ ဝန်းကျင်၊ မီဇိုရမ်ပြည်နယ်သို့ရောက်ရှိနေသူ ၁၅၀၀၀ ကျော်ရှိကာ စုစုပေါင်း ၄၂၀၀၀ကျော်ရှိလာပြီဖြစ်သည်။ အထက်ပါဖော်ပြထားသည့်စာရင်းမှာ ချင်းလူ့အခွင့်ရေးအဖွဲ့မှ အနီးစပ်ဆုံး လိုက်လံကောက်ယူထားသည့်စာရင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စာရင်းသာဖြစ်ကာ အာဏာမသိမ်းခင်ကတည်းက စစ်ဘေးရှောင်နေရသည့် ပလက်ဝမြို့နယ်မှ စစ်ရှောင် ၁၀၀၀၀ကျော်အား ထည့်တွက်ထားခြင်းမရှိသေးပေ။ ဒုက္ခသည်ကူညီကယ်ဆယ်ရေးနှင့်ပတ်သတ်ပြီး “ချင်းမြောက်ပိုင်းမှာတော့ နိုင်ငံတကာအကူအညီနှင့် တစ်ခြားအကူအညီတွေလည်း ဘာမှမရှိဘူး၊ တောင်ပိုင်းဘက်မှာလည်းအဲလိုဘဲ ကြက်ခြေနီအဖွဲ့ဘဲ နည်းနည်းပါးပါးဝင်နိုင်တယ်၊ ဒါတောင် အဖွဲ့လိုက် တရားဝင် ဝင်နိုင်တာမျိုးမဟုတ်ဘူး၊ နိုင်ငံတကာအဖွဲ့တွေဖြစ်တဲ့ UN လိုမျိုးတွေလည်း တရားဝင် ဝင်ဖို့လုပ်ပေမယ့်ခုထိမဝင်နိုင်သေးဘူး၊ UNHCR နဲ့လည်း ကျနော်တို့ အမြဲတမ်းအဆက်အသွယ်ရှိတယ် သူတို့လည်း ဝင်ဖို့အဆင်သင့်လုပ်ထားပေမယ့် မဝင်နိုင်ဘူးလို့ပြောတယ်”ဟု Salai…

Read More

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဘက် အထူးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အဆမတန်မြင့်တက်လာမှုကြောင့် နယ်စပ်ဒေသတလျှောက်ရှိ ဝင်ပေါက်များကို မီဇိုရမ်ဘက်မှ လုံခြုံရေးတင်းကြပ်သွားမည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ အရှိန်မြင့်တက်လာသည့်အတွက် ဇွန်လ ၂၂ ရက်နေ့က Champhai District Bawrhsap (ခရိုင်အုပ်ချုပ်ရေးမှူး) Maria C.T Zuali နှင့် တာဝန်ရှိသူများ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ရာ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် လုံခြုံရေးတင်းကြမည့်ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ အဆိုပါဆွေးနွေးပွဲတွင် ကာလကြာရှည်စွာ နယ်စပ်ဂိတ်ပိတ်ပင်ထားသော်လည်း တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးများသယ်ဆောင်လာခြင်းအပြင် နယ်စပ်ဂိတ်မဟုတ်သည့် အခြား သောဝင်ပေါက်လမ်းကြောင်းမှတဆင့် လူဝင်လူထွက်များရှိနေကြောင်းသိရပြီး ယင်းကိစ္စများကို တင်းကြပ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဟု Maria C.T Zuali က ပြောသည်။ ထို့အပြင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းသည်လည်း နယ်စပ်ဒေသတွင်တည်ရှိသောမြို့ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်တက်လာ နိုင်သောနေရာဖြစ်ကာ အားလုံးသတိရှိကြရန်လည်း သူမက ပြောကြားခဲ့သည်။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်သည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်ဘေး ရှောင်အများစုဝင်ရောက်တိမ်းရှောင်နေသော ဒေသတစ်ခုဖြစ်သည်။ ချင်းပြည်နယ်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပြီးနောက် ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင် ၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသတွင် သောင်တင်နေသူ…

Read More

ချင်းပြည်နယ်နှင့်နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသည့် ရူပီး သိန်း (၂၀၀) ကျော်တန်ဖိုးရှိ Methamphetamine ခေါ် မူးယစ်ဆေးဝါးကို ဇွန်လ ၂၂ ရက်နေ့ညက ဒေသတွင်းမူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အလုံးရေ ၇ သောင်းကျော်ခန့်ရှိသော အဆိုပါ Methamphetamine မူးယစ်ဆေးဝါးကို မီဇိုရမ်ပြည်နယ်သား Vanlalruata ဆိုသူမှ မြန်မာနိုင်ငံမှ အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ကျန်ဖိုင်းခရိုင် စစ်ဆေးရေးဂိတ်တွင် ရဲများက စစ်ဆေးခဲ့ရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ဆက်နွယ်သည့် လူ ၃ ဦးကိုလည်း ထပ်မှန်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးတွင်အသုံးပြုသည့် ပစ္စည်းကိရိယာအမြောက်အများ အိတ် ၆၃ အိတ်၊ ကျောက်ခွဲမိုင်း ၃၇ ဖာ၊ ပြင်းအားကောင်းသည့်မိုင်း (Special Detonator) ၆ ဖာ နှင့် ဝါယာကြိုးခွေ ၄ ထုတ်အား ဖမ်းဆီးခဲ့သည်။ Rc

Read More

ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အာဏာသိမ်းစစ်ကောင်စီက ပို့ဆောင်ခဲ့သည့် ချင်းပြည်နယ် ပလက်ဝမြို့မှ ချင်းလူငယ် ၅ ဦးသည် ယနေ့ချိန်ထိ ရဲလက်ထဲသို့မရောက်သေးဘဲ စစ်တပ်လက်ထဲတွင်ရှိနေဆဲဟု ယူဆရသည့်အတွက် မိသားစုဝင်များက စိုးရမ်နေကြသည်။ “သူတို့ကို ပလက်ဝမြို့ရဲစခန်းမှူးကနေ အမှုဖွင့်တာလေ ၅၀၅ (က) နဲ့ စစ်တွေမြို့ကိုလွှဲလိုက်တယ်ဆိုတော့ စစ်တွေက ရဲလက်ထဲကို အပ်ရတော့မှာလေးသဘောက ဒါပေမယ့်အခုဟာက စစ်တပ်ထဲမှာပဲထိန်းသိမ်းထားတဲ့သဘောဖြစ်နေတယ် မိသားစုဝင်တွေနဲ့လည်း တွေ့လို့မရကြတော့ စိတ်ပူနေကြတယ်’’ ဟု ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။ ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင်အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရပြီး ဇွန်လ ၁၈ ရက်နေ့က ပလက်ဝမြ်ို့ ၂၈၉ တပ်ရင်းကနေ စစ်တွေမြို့သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း(အဆိုတော်)၊ အိုက်ထွန်းမင်း(ကုမ္ပဏီ)၊ အိုက်ထွန်းမင်း(သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူး နှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြသည်။ ၎င်းတို့ ၅ ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံပြီး ပလက်ဝမြို့မြန်မာ့စီးပွားရေးဘဏ်မှတဆင့် မင်းတပ်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေလွှဲအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ ရှိသည့်အတွက်ကြောင့်ဟုဆိုကာ ပုဒ်မ…

Read More