Author: Editor

#Unicode By Benezer – ချင်းပြည်နယ် ပလက်ဝမြို့ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် WFP မှ ထောက်ပံ့ထားသည့် ဆန်အိတ် ၂၀၀၀ သည် ယခုရက်ပိုင်းက ပလက်ဝမြို့ပေါ်သို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအား ပေးဝေလျက်ရှိကြောင်း ချင်းပြည်နယ်အ စိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဉီးစိုးထက်မှပြောသည်။ “WFP ကထောက်ပံ့ထားတဲ့ ဆန်အိတ် ၂၀၀၀ ကျော် ဟိုတစ်နေ့ကဘဲ ရောက်ပြီ၊ အခုလည်း ဆက်ပို့နေတယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလှူထားတာလည်း ပခုက္ကူကနေ စထွက်နေပြီ၊ ပြီးတော့ ပလက်ဝမြို့နယ်မှာ ဘယ်လိုမျိုးထောက်ပံ့မှုတွေ အဓိကလုပ်ဆောင်မလဲဆိုတဲ့ ကွင်းဆင်းလေ့လာမှုကို WFP, ICRC, ကြက်ခြေနီအသင်းတွေကနေပြီးတော့ ဆမီးမှာ အရင်လုပ်မယ်၊ နောက်လကျရင် ပလက်ဝကိုဆက်လုပ်သွားမယ်”ဟု စည်ပင်ဝန်ကြီး ဉီးစိုးထက်မှပြောသည်။ စစ်ဘေးရှောင်ပြည်သူများအတွက် လက်ရှိ ပလက်ဝမြို့သို့ ရောက်ရှိနေသည့် WFP မှ ဆန်အိတ် ၂၀၀၀ အပြင် ဆမီးမြို့တွင်လည်း ဆန်အိတ် ၄၀၀၀ ကျန်ရှိနေပြီး ပလက်ဝမြို့သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဉီးစိုးထက်မှပြောသည်။ ထို့ပြင် စစ်ဘေးရှောင်မဟုတ်သည့် ပလက်ဝမြို့ ဒေသခံများလည်း ဆန်ပြတ်လတ်မှုများ ကြုံနေရသဖြင့် ချင်းပြည်နယ်အ စိုးရမှ သယ်ယူစာရိတ်အရှုံးခံကာ လျှော့ဈေးဖြင့် ပလက်ဝဒေသခံများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။ “စစ်ဘေးရှောင်တွေအတွက်ကိုတော့ လူကယ်ပြန်က အလကားပေးတယ်၊ စစ်ရှောင်မဟုတ်တဲ့သူတွေအတွက်ကတော့ အရင်ကအလကားပေးခဲ့ပေမယ့် တောက်လျှောက် အလကားပေးဖို့ကျတော့ မဖြစ်နိုင်ဘူး၊ အဲဒါကြောင့် ပခုက္ကူကနေ ၂၅၀၀၀ နဲ့ဝယ်ပြီးတော့ ကားခက ၁၂၅၀၀ လောက်ကျတယ်၊ အဲဒါကို ကျနော်တို့က ၇၅၀၀ လောက် အရှုံးခံပြီးတော့ ဆန်မပြတ်အောင်…

Read More

#Unicode ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ တုန်းကလိုပဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့မဲစာရင်းရလဒ်ထုတ်ပြန်ကြေညာချက်အရ NLD ပါတီဟာ အမျိူးသားနဲ့ပြည်သူ့လွှတ်တော်နှစ်ရပ် (ပြည်ထောင်စုလွှတ်တော်) မှာ အစိုးရဖွဲ့စည်းနိုင်တဲ့ မဲအရေအတွက်ထက်ကျော်လွန်ပြီး မဲဆန္ဒနယ် ၃၉၆ နေရာမှာအနိုင်ရှိခဲ့ ပါတယ်။ ဒါကြောင့် NLD ပါတီဟာ နောက် ၅ နှစ်တာသက်တမ်းအတွက် လွတ်လွတ်ကျွတ်ကျွတ်နဲ့ အစိုးရဖွဲ့ခွင့်ရရှိ သွားပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး သဘောထားအမြင်ဘယ်လိုရှိပါသလဲ။ ရှေ့တိုးလို့မရဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး အသစ်တက်လာမယ့် အစိုးရအပေါ်မှာ ဘာတွေမျှော်လင့်လို့ရပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး (CNF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး ။ ။ ၂၀၂၀ ‌ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး CNF ရဲ့သဘောထားအမြင်သိချင်ပါတယ်။ အထူးသဖြင့် ချင်းပြည်န ယ်ရဲ့ မဲရလဒ်အပေါ် ဘယ်လိုသုံးသပ်ချင်ပါလဲ။ ဖြေ။ ။ ချင်းပြည်နယ် ရွေးကောက်ပွဲ ရလဒ်အပေါ် CNF အနေနဲ့ သဘောထားအမြင် တရားဝင် သုံးသပ်တာမျိုးတော့ မရှိ ပါဘူး၊ ဒါပေမဲ့ ပြောလို့ရတာက ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ (၁၁) ခု ဝင်ပြိုင်ကြပြီး ဒီ ထဲမှာမှ ပြည်မပါတီ NLD နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD က ရှေ့အပြေးဆုံး ပါတီတွေပေါ့၊ အဲဒီမှာ NLD က အပြတ်အသတ်နိုင်သွားတယ်၊ အနိုင်ရသွားတဲ့အကြောင်းရင်း တချို့ကို ပြောမယ်ဆိုယင် – NLD…

Read More

#Unicode By Benezer – ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဆောင်းရာသီကာလအတွင်း စောင်နှင့်အနွေး အထည်များလုံလောက်မှုမရှိသည့်အတွက် ကူညီပံ့ပိုးပေးကြရန် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က တောင်းဆိုလိုက်သည်။ “ကျနော်တို့ ပလက်ဝနဲ့ ဆမီးက ချင်းပြည်နယ်မှာဆိုရင် ခက်ခဲတဲ့နေရာလို့ပြောလို့ရတယ်၊ ပူတဲ့အချိန်မှာဆို အရမ်းပူပြီးတော့၊ အေးတဲ့အချိန်မှာဆိုအရမ်းအေးတယ်၊ အခုနိုဝင်ဘာလဆိုရင် ဆောင်းရာသီအဝင်ဆိုတော့ နည်းနည်းအေးလာပြီ၊ အထူးသဖြင့် တိုက်ပွဲရှောင်တွေကတော့ ဒီတိုင်းထွက်ပြေးလာကြတဲ့သူတွေဖြစ်တယ်၊ နွေရာသီတို့ မိုးရာသီတို့ကတော့ ပြသနာမရှိဘူး၊ ခုဆောင်းရာသီမှာဆိုရင် အဓိကတော့ စောင်ပေါ့၊ တစ်ချို့အလှူရှင်တွေကတော့ လှူမယ်ဆိုပြီးကတိပေးထားတာတော့ရှိတယ်၊ ဒါပေမယ့်လူဦးရေကများတော့ လိုအပ်နေသေးတယ်ဆိုတာသေချာတယ်”ဟု ဆလိုင်းမျိုးထိုက်ပြောသည်။ ပလက်ဝမြို့နှင့်ဆမီးမြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် လူဉီးရေ ၁ သောင်းကျော်ရှိပြီး အိမ်ထောင်စုအနေဖြင့် ၂၀၀၀ ကျော်ရှိသဖြင့် တစ်အိမ်ထောင်စုတွင် စောင် ၁ ထည်နှုန်းဖြင့် တွက်မည်ဆိုပါက စောင်အရေအတွက် ၂၀၀၀ ကျော်လိုအပ်ချက်ရှိနေပြီး မိသားစုဝင်တိုင်း စောင်လုံလုံလောက်လောက် ရရှိနိုင်ရန် အခက်အခဲရှိနေကြောင်း ဆလိုင်းမျိုးထိုက်ကပြောသည်။ လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် စောင်နှင့်အနွေးအထည်များ လှူဒါန်းထားသူအချို့ရှိပြီး စစ်ဘေးရှောင်များထံရောက်ရှိနိုင်ရန် ပို့ဆောင်ပေးနေပြီး နိုဝင်ဘာလမကုန်ခင် စစ်ဘေးရှောင်များအားလုံး လွှမ်းခြုံကာ ကူညီပံ့ပိုးနိုင်ရန် လိုအပ်နေကြောင်း သိရသည်။ “ခုလက်တလောက တစ်ခြား စားဝတ်နေရေးထက် အရေးကြီးတဲ့အပိုင်းကတော့ အဝတ်အစားတွေဖြစ်နေတယ်၊ အဲဒါကြောင့် ဖိနပ်လေးတွေကအစ ဆောင်းမှာဝတ်လို့ရတဲ့ဖိနပ်တွေ၊ ဆောင်းမှာဝတ်လို့ရတဲ့ အဝတ်အထည်တွေ၊ ပြီးတော့ အဓိကတော့ ညအိပ်လို့ အေးရင် ခြုံဖို့စောင်လိုအပ်နေတယ်၊ အဲဒါတွေကို နိုဝင်ဘာအတွင်းမှာ တိုက်ပွဲရှောင်အားလုံး လွှမ်းခြုံနိုင်ဖို့လိုတယ်၊ အဲဒါကြောင့် နိုဝင်ဘာမကုန်ခင်မှာ စောင်နဲ့အဝတ်အထည်တွေ လုံလုံလောက်လောက်ရနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်၊ အလှူရှင်တွေအနေနဲ့လည်း ဆက်လက်ပြီးတော့…

Read More

#Unicode By လားနွန် – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆုံးနိမ့်ရခြင်းသည် ငွေကြေးပိုင်း အားနည်းမှုရှိခြင်းကြောင့်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီအတွင်းရေးမှူး ဦးဂင်ကမ်းလျန်ကပြောသည်။ “အဓိကတော့ ကျနော်တို့က ငွေကြေးကိစ္စပါပဲ ကျနော်တို့ ငွေကြေးအားနည်းနေတယ်လေ သူတို့က (NLD ပါတီ) မဲရုံကိုယ်စားလှယ်တွေရော ကော်မရှင်ရောပြီးတော့ အမျိုးမျိုးပေ့ါ မဲပေးမယ့်လူကိုတောင်ပိုက်ဆံပေးနိ်ုင်တယ်လေ ကျနော်တို့ကမပေးနိုင်ဘူးလေ ဒါပေမဲ့ တိုင်မယ်ပြောမယ်ဆိုရင်လည်း ငွေလက်ခံတဲ့သူက လက်ခံတယ်လို့မပြောဘူးလေ အထောက်အထားမရှိဘူးလေ ပြီးတော့ ပါတီအရှိန်အဝါကလည်းကြီးတာကိုး ဒေါ်အောင်ဆန်းစုကြည်က အရှှိန်အဝါကြီး တယ်လေ” ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံမြို့နယ်တွင် မဲဆန္ဒနယ် (၉) နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် (၁) နေရာ စုစုပေါင်း (၁၀) နေရာ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး တွန်းဇံမြို့နယ်တွင် ၂ နေရာသာအနိုင်ရခဲ့သည်။ တီးတိန်နှင့် တွန်းဇံမြို့နယ်သည် ZCD ပါတီ၏ အမာခံနယ်မြေဟုဆိုနိုင်သော်လည်း တီးတိန်မြို့နယ်၏ မဲဆန္ဒနယ်မြေအား လုံးနှင့် တွန်းဇံမြို့နယ်မှ မဲဆန္ဒနယ်မြေ ၂ နေရာတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။ ဦးဂင်ကမ်းလျန်က “လွှတ်တော်အနေအထားမှာ တိုင်းရင်းသားပါတီရပ်တည်ချက်နဲ့ ပြည်မပါတီရပ်တည်ချက်က နည်းနည်းတော့ကွာတယ် သူတို့(NLD)က ပါတီရဲ့ ဦးဆောင်မှုအတိုင်း သွားနေရတာကိုး တိုင်းရင်းသားကိစ္စမှာ သူတို့ပြောခွင့်သိပ်မရှိဘူးလေ အဲဒီအပိုင်းမှာတော့ နစ်နာမှုရှိသွားနိုင်တယ်’’ ဟုပြောသည်။ ZCD ပါတီအနေဖြင့် တွန်းဇံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စား…

Read More

#Unicode By Benezer – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်ရှိ မဲဆ္ဒရှင်များမှ မဲပေးရာတွင် ပယ်မဲ ၂ သောင်းကျော်ရှိခဲ့ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဉီးလင်းကျော်ကပြောသည်။ “ပယ်မဲက ၂၀၁၅ နဲ့ယှဉ်ရင်တော့နည်းတာတွေ့ရတယ်၊ ဒါပေမယ့် အခုလိုပမာဏကိုလဲမကြိုက်ဘူး၊ ပယ်မဲဆိုတာက နည်းနိုင်သမျှနည်းရမယ်၊ များသောအားဖြင့်တော့ အသက် ၆ဝကျော်တွေကို ကြိုတင်မဲ ပေးခိုင်းတာဖြစ်တဲ့အတွက် အဲဒီမှာ များတယ်လို့ထင်တယ်၊ တစ်ချို့ကျတော့ နှစ်နေရာမှာ တံဆိပ်ထုတာတို့၊ ဖျက်သိမ်းသွားတဲ့ UDP ပါတီနေရာမှာ တံဆိပ်ထုတာတို့ရှိတယ်၊ ပြီးတော့ ဒီနှစ်က ကိုဗစ်ဖြစ်နေတော့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးတာတွေ ထင်သလောက်မလုပ်နိုင်ခဲ့တာလဲပါတယ်”ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဉီးလင်းကျော်မှပြောသည်။ ချင်းပြည်နယ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပယ်မဲအဖြစ် ပြည်သူ့လွှတ်တော်တွင် ၇၈၄၁ မဲ ပြည်နယ်လွှတ်တော်တွင် ၆၂၀၀ မဲ နှင့် အမျိုးသားလွှတ်တော်တွင် ၆၅၇၈ မဲ စုစုပေါင်း ၂၀၆၁၉ မဲရှိကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရသိရသည်။ ယခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင် ၂၈၆၃၀၈ ဦးရှိခဲ့ပြီး မဲလာပေးသည့် မဲအရေအတွက်မှာ ပြည်သူ့လွှတ်တော်တွင် ၂၂၂၉၀၅ မဲ၊ ပြည်နယ်လွှတ်တော်တွင် ၂၁၇၁၅၂မဲ၊ အမျိုးသားလွှတ်တော်တွင် ၂၁၆၉၆၄မဲ အသီးသီးရှိကြောင်းသိရသည်။ ၂၀၂ဝအထွေထွေရွေးကောက်ပွဲ ကျင်းပသည့်ကာလမှာ ကိုဗစ်ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် ရွေးကောက်ပွဲဆိုင်အရာအသိပညာပေးမှု၊ မဲရုံမှူးသင်တန်း၊ မဲရုံဝန်ထမ်းသင်တန်း နှင့် အခြားပညာပေးအစီအစဉ် များလုပ်ဆောင်ရာတွင် အဘက်ဘက်မှ အားနည်းမှုရှိခဲ့ကြောင်း ဉီးလင်းကျော်ကပြောသည်။ “ဒီနှစ်ကတော့ ၂၀၁၅နဲ့စာရင် ကိုဗစ်ဖြစ်နေတော့ ပညာပေးတာတွေ၊ သင်တန်းပေးတာတွေ အရမ်းအားနည်းသွားတယ်၊…

Read More

#Unicode နှင်းနှင်း – ကလေးမြို့တွင် ကွာရန်တင်းဝင်နေသူ (၈) ဦးနှင့် အနံ့မရသူ (၁) ဦး စုစုပေါင်း ၉ ဦးထံ နိုဝင်ဘာလ ၁၀ ရက်နေ့က ကိုဗစ်ပိုးထပ်မံတွေ့ရှိပြီး ကိုဗစ်ပိုးတွေ့ရှိသူ မိသားစုဝင်ထဲမှတစ်ဦးသေဆုံးသွားသည်ဟု ကလေးခရိုင်ပြန်ဆက်ဦးစီးမှုး ဦးညီညီဇော်ကပြောသည်။ “မနေ့ကတွေ့တဲ့(၈)ဦးက ကွာရန်တင်းဝင်တဲ့ထဲကပေါ့၊တစ်ဦးကချမ်းမြေ့အောင်စည်ရပ်ကွက် ၁၀/၂၃၀ က အနံမရဘူးဆိုပြီးသွားခေါ်တဲ့အခါမှာ သူ့ကို Test Kit နဲ့စစ်တဲ့အခါမှာ ပိုးတွေ့တာပါ။ ဒီသေဆုံးတဲ့သူက ကွာရန်တင်းဝင်တဲ့ထဲကမဟုတ်ဘူး ကိုဗစ်ပိုးတွေ့တဲ့အိမ်ကတယောက်ပါ။ သူကိုတော့ကျန်းမာရေးဌာန ကသတ်မှတ်တဲ့စံနှုန်းနဲ့အညီလူမှုရေးကားတွေခေါ်ပြီးတော့ တခါတည်းသဂြိုလ်ပေးပါတယ်၊ Swab နမှုနာကိုတော့ဒီနေ့စစ်ဆေးမယ်။” ဟု ဦးညီညီဇော်ကပြောသည်။ အဆိုပါသေဆုံးသူမှာ အသက် (၈၂) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်း၏မိသားစုဝင်နှစ်ဦး ကိုဗစ်ရောဂါကူးစက်ခံခဲ့ရသဖြင့် နေအိမ်တွင် ကွာရန်တင်းဝင်နေသူဖြစ်ကာ ယမန်နေ့ညပိုင်းက သေဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ သေဆုံးသည်ရသည့်အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးဆေဲဟုသိရသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသောသူများမှာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်အမှတ် ၈/၂၅မှ အသက် (၃၉) နှစ်အရွယ်၊အသက်(၈၅)နှစ်အရွယ်၊အသက် (၆)နှစ်အရွယ်အမျိုးသမီး၊အသက် (၆) လအရွယ်အမျိုးသား၊အောင်သစ္စာရပ်ကွက် ၇/၃မှ အသက် (၄၉) နှစ်အရွယ်အမျိုးသမီး၊ သဇင်ရ ပ်ကွက်မှ အသက် (၂၉) နှစ်အရွယ်အမျိုးသားတစ်ဦး၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှ အသက် (၆၃) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ချမ်းမြေ့အောင်စည်ရပ်ကွက် ၈/၂မှ အသက် (၄၉) နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် ချမ်းမြေ့အောင်စည်ရပ်ကွက် ၁၀/၂၃ဝ မှ အသက် (၄၉) နှစ်အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း (၉) ဦးတို့ဖြစ်ကြသည်။ ယနေ့တွင် ကလေးမြို့၊တိုင်းရင်းဆေးရုံမှ ကုသမှုခံယူနေကြသောကိုဗစ်အတည်ပြုလူနာ(၆)ဦး သည်ကျန်းမာရေးကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ပြီး ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နယ်မြေ(၃)မှ…

Read More

#Unicode By Benezer – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲဟာ ၂၀၁၅ ခုနှစ်တုန်းကလို အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက ချင်းပြည်နယ်မှာ သောင်ပြိုကမ်းပြို အနိုင်ရရှိနိုင်ဖွယ်မရှိတော့ဘဲ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီိနဲ့ ဘတပြန်ကျားတပြန် သူနိုင်ကိုယ်နိုင် အကြိတ်အနယ်ယှဉ်ပြိုင်မယ့်ပွဲလို့ ကြိုတင်ခန့်မှန်းခဲ့ကြပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ ၂၀၁၅ ခုနှစ်တုန်းကလို NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြန်ပါတယ်။ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းကတော့ ချင်းပါတီဟာ ခုလို (CNLD) ပါတီအနေနဲ့ တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်ခြင်းမရှိသေးဘဲ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) နဲ့ ချင်းတိုးတက်ရေးပါတီ (CPP) အနေနဲ့ သီးခြားစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရလို့ ချင်းပြည်သူတွေရဲ့ မဲတွေကွဲသွားပြီး ဆုံးနိမ့်ခဲ့ရတယ်လို့ ဖြေသိမ့်နိုင်ခဲ့ကြတယ်လို့ ဆိုရမှာပါ။ ချင်းနိုင်ငံရေးပါတီတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို သင်ခန်းစာရယူပြီး ချင်းပြည်သူတွေ လိုလားတောင်းတနေတဲ့ ပါတီပေါင်းစည်းရေးကို ၂၀၁၈ ခုနှစ်က အကောင်အထည်ဖော်ဆောင်ပြီး ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကို ဖွဲ့စည်းလိုက်ကြပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း တစ်ပါတီအဖြစ် စုပေါင်းဖွဲ့စည်းလိုက်ကြတဲ့ (CNLD) ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ (NLD) ပါတီရဲ့ အဓိက ပြိုင်ဖက်ပါတီဖြစ်လာပြီး ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေထက်ဝက်ကျော်လောက် အနိုင်ရရှိမယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းရလဒ်တွေအရ (CNLD) ပါတီဟာ ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ တစ်နေရာသာအနိုင်ရရှိခဲ့တာကြောင့် လူအတော်များများကို အံ့အားသင့်စေခဲ့သလို CNLD ပါတီခေါင်းဆောင်တွေကိုယ်တိုင် အံ့သြခဲ့ရပါတယ်။ CNLD ပါတီ၏ အတွင်းရေးမှူးတစ်ဉီးဖြစ်တဲ့ ဆလိုင်းပီပီက “ပထမမျော်လင့်တာကတော့ လွှတ်တော်မှာ အနည်းဆုံး…

Read More

#Unicode နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တိုင်းရင်းဆေးရုံတွင် ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူ နာ (၅) ဦးမှာ ကျန်းမာရေးကောင်းမွန်သည့်အပြင် ဆေးရုံဆင်းခွင့်သတ်မှတ်ချက်အရ ယနေ့နံနက် (၁၀) နာရီအချိန်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ ကိုဗစ်အတည်ပြုလူနာများကို ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဆိုသော်လည်း Home Quarantine ဆက်ထားမည်ဟု ကလေးခရိုင်ပြန်ဆက်ဦးစီးမှုး ဦးညီညီဇော်ကပြောသည်။ “ ဒီမနက် (၁၀) နာရီမှာဆေးရုံကနေ ၅ ယောက်ဆင်းသွားပြီ သူတို့ကို Home Quarantine (၇) ရက်ဆ က်ထားမယ် အောင်သစ္စာနယ်မြေ (၃) ကတွေပဲ။ ခုလက်ရှိမှာ (၄၃) ဦးကျန်သေးတယ်။” ဟု ဦးညီညီဇော်ကပြောသည်။ ဆေးရုံကနေဆင်းခွင့်ရသူများမှာ ကလေးမြို့၊အောင်သစ္စာရပ်ကွက်နယ်မြေ (၃) မှနေထိုင်ကြသော အသက် (၇၆) နှစ်အရွယ် ၊အသက် (၁၀) နှစ်အရွယ်၊ အသက် (၈) နှစ်အရွယ်၊အသက် (၂နှစ် ၆လ) အရွယ်အမျိုးသားနှင့် အမျိုးသမီး (၁) တို့ဖြစ်ကြသည်။ ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုမြင့်တက်လာနေပြီး ပြီးခဲ့သည့်နိုဝင်ဘာ ၇ ရက်နေ့တွင် ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နှင့် သဇင်ရပ်ကွက်တို့မှ ကွာရန်တင်းထားရှိသူ (၁၂) ဦးထံတွင် ကိုဗစ်အတည်ပြုလူနာထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါကိုဗစ်ပိုးတွေ့ခဲ့သည့် ၁၂ ဦးမှာ တပ်ဦးသီတာရပ်ကွက် အမှတ် (၃/၄၆) မှ အသက် ၆၃ နှစ်အရွယ်၊ အသက် ၂၄ နှစ်အရွယ်၊ အသက် (၁) နှစ်အရွယ် အမျိုးသမီး၊ တပ်ဦးသီတာရပ်ကွက်အမှတ် (၂/၆၁) မှအသက် ၈၅ နှစ်အရွယ်၊ အသက်…

Read More

#Unicode By လားနွန် – ပါတီမဲဆွယ်စည်းရုံးရေးကာလတွင် ပြိုင်ဖက်ပါတီများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် တပ်မတော်ပိုင်သည့်ပါတီဟု မဲဆွယ်ဟောပြောမှုများကြောင့် ရွေးကောက်ပွဲတွင် ရုံးနိမ့်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ် (USDP) ပါတီဥက္ကဌ ဒေါက်တာမှုထန်ကပြောသည်။ “အမှန်က တစ်ဖက်ပါတီက စည်းရုံးရေးစကားပြောရင် ကြံ့ခိုင်ရေးပါတီက တပ်မတော်ပါတီပဲ ခင်ဗျားတို့ မဲပေးတယ်ဆိုရင်လည်း ပေါ်တာပြန်ထမ်းရမယ် စစ်အုပ်ချုပ်ရေးပုံစံဖြင့်အုပ်ချူပ်မယ်ဆိုတဲ့ပုံစံမျိူး သူတို့ပြောတဲ့အခါကျတော့ လူတွေက အဲလိုထင်တာပေါ့နော် အရင်တုန်းက တပ်မတော် အစိုးရခေတ်တုန်းက သူတို့ပေါ်တာထမ်းခဲ့တာတွေဘာတွေ အနှိပ်စက်ခံတာတွေကို ကျနော်တို့ပါတီအပေါ် ပုံချတယ်လေ ပုံချတယ်ဆိုတာလည်းပဲ သူတို့မဲရဖို့အတွက် ကြံဖန်တာပဲ ကျနော်တို့ပါတီတက်တဲ့အခါမှာပဲ ပေါ်တာဆိုတာမရှိတော့ဘူးလေဆိုတော့ ဒါကြီးကိုအခု သူတို့မဲဆွယ်ဖို့သုံးတယ်ဒါပါပဲ အမှန်ကတော့ တပ်မတော်ကို မုန်းလို့ ကျနော်တို့ကိုမုန်းတာပါပဲ” ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာမှုထန်ကပြောသည်။ ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေစုုစုပေါင်း (၃၉) နေရာရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ မတူပီပြည်နယ်လွှတ်တော်၊ ဖလမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော်နှင့် ဟားခါးမြို့နယ်ရှိ အမျိုးသားလွှတ်တော်စသည့် (၃) နေရာကျန်ထားပြီး (၃၆) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ တစ်နေရာမှအနိုင်ရရှိခြင်းမရှိခဲ့ပေ။ နိုဝင်ဘာ (၈) ရက်နေ့ ကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲမဲစာရင်းရလဒ်အရ ချင်းပြည်နယ်တွင် NLD ပါတီက၊ (၃၆) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD က (၂) နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) က (၁) နေရာ ရရှိခဲ့ သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) သည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ…

Read More

#Unicode By Benezer – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့် ချင်းပြည်နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက မဲဆန္ဒနယ်မြေ ၃၆ နေရာတွင် အနိုင်ရရှိသည်ဟု သိရသည်။ ချင်းပြည်နယ် NLD ဉက္ကဌ ဉီးဇိုဘွေ့က “တော်လှန်ရေးကာလမှာဘဲဖြစ်ဖြစ် အစိုးရတက်လာပြီးနောက်ပိုင်းဘဲဖြစ်ဖြစ် တိုင်းနဲ့ပြည်နယ်မှာ ချင်းပြည်နယ်က စီးပွားရေးပိုင်း ကျန်ရစ်ခဲ့တာကို အခုအတိုင်ပင်ခံ အနေနဲ့ ချင်းပြည်နယ်မှာ ထားတဲ့စေတနာကို ပြည်သူတွေကတုံ့ပြန်တဲ့အတွက် ဒီလောက်ရာခိုင်နှုန်း ရရှိခြင်းဖြစ်ပါတယ်၊ ကျနော်တို့ ပြည်သူတွေရဲ့ ထောက်ခံမှုကိုအလေးထားပြီးတော့ ကိုယ့်ပြည်နယ်ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု အကောင်အထည်ဖော်နိုင်ဖို့ကတော့ တာဝန်တွေအများကြီး ပြည်သူတွေက ကျနော်တို့ကို ပေးထားတဲ့အတွက် အလေးထားပြီးလုပ်ဆောင်သွားမှာပါ” ဟုပြောသည်။ NLD ပါတီအနေဖြင့် ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ထန်လတန်၊ တီးတိန် စသည့် မြို့နယ် ၇ မြို့နယ်ရှိ မဲဆန္ဒနယ်မြေအားလုံးတွင် အနိုင်ရရှိခဲ့သည့်အပြင် ဟားခါးမြို့နယ်တွင် ၄ နေရာနှင့် တွန်းဇံမြို့နယ်တွင် ၂ နေရာစုစုပေါင်း ၃၆ နေရာအနိုင်ရရှိကာ မဲဆန္ဒနယ်မြေ ၃ နေရာသာ ရှုံးနိမ့်သည်ဟု လက်ရှိရရှိထား သည့် အချက်အလက်အရသိရသည်။ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ်မြေ ၃ ခုမှာ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်-၁ တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) မှ Pu Siang Mang၊ တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်…

Read More