Author: Editor

မင်းတပ်မြို့ စစ်ဘေးရှောင်အမှတ် (၃) ဇုံမှ ရလ သားအရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးနှင့် အသက် (၅၇) နှစ်အရွယ် အမျိုးသား စစ်ဘေးရှောင်တစ်ဦး ဖျားနာမှုကြောင့် သေဆုံးခဲ့ကြောင်း အမှတ် (၃) ဇုံမှ တာဝန်ခံတစ်ဦးကပြောသည်။ “ကလေးက အအေးမိတာ စစ်ဘေးရှောင်ပြေးရင်းနဲ့ပေါ့နော် တောထဲမှာပဲနေကြတာကိုးကလေးက ရွာတွေအထိ စကစတွေကလည်းလိုက်လာတယ် ဒါကြောင့် တောထဲထိပြေးကြတာ မိုးလည်းရွာတယ်အေးလည်းအေးနေတယ် အဲဒါကြောင့်ဖျားကြတယ် နောက်တစ်ဦးကျနော် လူကြီးပိုင်း ငွေတီကျေးရွာ စစ်ဘေးရှောင်စခန်းက သူကကျတော့ ရောဂါအခံလည်းရှိတယ် ကျန်းမာရေးပိုင်းမှာ အခံရှိတယ် သူလည်တောထဲမှာပြေးရင်းနဲ့အအေးမိတယ်ဖျားတယ် ပြီးတော့ သူ့ကိုပြုစုမယ့်သူကလည်းမရှိကြတော့ ဆေးဝါးလည်းမရောက်နိုင် သူလည်းဆုံးသွားတာပါ” ဟု တာဝန်ခံကပြောသည်။ မင်းတပ်မြို့နယ် မဲင်းကျေးရွာက ရလ သားအရွယ်ရှိသော စစ်ဘေးရှောင်ကလေးငယ်တစ်ဦးမှာ အအေးမိဖျားနာပြီး ယနေ့ ဇွန်လ ၁၈ ရက်တွင် သေဆုံးခဲ့ပြီး ငွေတီကျေးရွာမှ အသက် (၅၇) နှစ်အရွယ်မှာ ဇွန်လ (၁၅) ရက်နေ့ကသေဆုံးကြောင်းသိရသည်။ မင်းတပ်မြို့တွင် စစ်ဘေးရှောင် အမှတ် ၁၂ အထိရှိ ယခုလက်ရှိ အမှတ် ၃ ဇုံတွင် စစ်ဘေးရှောင် (၂) ဦးသေဆုံးမှုရှိပြီဖြစ်ကာ မကွေးတိုင်းဖက် စစ်ဘေးရှောင်ပြေးကြသူများတွင်လည်း ရာသီဥတုကြောင့် ဖျားနာသေဆုံးသူရှိပြီဟု ဆက်ပြောသည်။ မင်းတပ်မြို့စစ်ဘေးရှောင်ပြည်သူများသည် လမ်းကြောပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်မှုမြင့်မားနေပြီး မိုးတွင်းကာ ရာသီဖျားနာသူအများအပြားရှိ​ကြောင်းသိရသည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ People Defense Force(PDF) စခန်းသည် ဇွန်လ ၁၆ ရက်နေ့က ဖျက်ဆီးခံခဲ့ရပြီး အနည်းဆုံး ကျပ်ငွေ သိန်း ၂၀၀ ဝန်းကျင်ခန့် ရှုံးဆုံးမှုရှိခဲ့ကြောင်း သိရသည်။ တီးတိန် PDF စခန်းအတွင်းရှိ မိုးကာတဲအိမ် ၃ အိမ်၊ မီးစက်၊ ဓာတ်ဆီ၊ ဆန်၊ဆီ၊ ဆား၊ အာလူး လူအယောက်တစ်ရာ အတွက် (၄၅ ရက်စာ)၊ အားဆေး၊ ဆေးဝါးများ၊ တူမီးသေနတ်၊ တစ်လုံးပြူ ၅ လက်အပါအဝင် ပစ္စည်းတန်ဖိုးအားလုံးပေါင်း သိန်း ၂၀၀ ဝန်းကျင်ခန့် ရှုံးဆုံးမှုရှိခဲ့ကြောင်း Tedim Civil Society Support Facebook စာမျက်နှာတွင်ဖော်ပြထားသည်။ အဆိုပါ PDF စခန်းကို မည်သည့်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သည်ကိုမူ တိတိကျကျပြောဆိုထားခြင်းမရှိသော်လည်း တီးတိန်၊ တွန်းဇံမြို့နယ်တို့တွင်အခြေစိုက်လှုပ်ရှားနေသည့် Zomi Re-Unification Organization (ZRO) ဇိုမီးတော်လှန်ရေးတပ်မတော်၏ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။ Zomi Re-Unification Organization (ZRO) ၏ ကာကွယ်ရေးဌာန ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း) မှ ဇွန်လ ၁၇ ရက်နေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း) သည် စစ်ရေးကဏ္ဍတွင် အမျိုးသားတပ်မတော်တစ်ရပ်တည်းရှိရမည့် မူ အရ မိမိတို့လှုပ်ရှားနယ်မြေအတွင်း သီးခြားလက်နက် ကိုင်တပ်ဖွဲ့ထူထောင်ခြင်းကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူများမှ အကြိမ်ကြိမ်သတိပေးပြောကြားခဲ့ပြီးဖြစ် သည်ဟု ဖော်ပြထားသည်။ ထို့အပြင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက် ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိူးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်ရာတွင်သော် လည်းကောင်း…

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံရပြီး ရဲစခန်းတွင် ထိန်းသိမ်းခံရသည့် လူငယ် ၅ ဦးကို ယနေ့တွင် ၂၈၉ တပ်ရင်းသို့ စစ်ကောင်စီများကခေါ်ဆောင်သွားသည်ဟုသိရသည်။ “သူတို့ကို မြို့နယ်တရားရုံးက ၅၀၅ နဲ့ ဆွဲလိုက်တာ ၂ နာရီဝန်းကျင်လောက်မှာ သူတို့ ၂၈၉ တပ်ရင်းကိုခေါ်သွားတယ် ဘာကြောင့်ခေါ်သွားတယ်ဆိုတာမသိရဘူး “ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။ ၎င်းတို့သည် ဇွန်လ (၃၀) ရက်နေ့တွင် ရုံးပြန်ချိန်ကာ မိသားစုဝင်များနှင့် အဆက်အသွယ်မရတော့ကြောင်းသိရသည်။ ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့ နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင်အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ချိန်ထိ (၅) ဦးဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်းသိရသည်။

Read More

ကလေးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ယနေ့တစ်ရက်တည်းလူ (၁၀) ဦးသေဆုံးခဲ့ကြောင်း ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး အဖွဲ ့ထံမှသိရသည်။ “အချို့တွေကတော့ သံသယလူနာတွေဖြစ်တယ် ပြည်သူ့ဆေးရုံကနေ ၄ ဦး Home quarantain က ၆ ဦးသေဆုံးခဲ့တယ် အများသောအားဖြင့် သေဆုံးသူတေတွေကအသက်ကြီးပိုင်းတွေဖြစ်တယ် ရောဂါအခံရှိပြီးသူတွေ ဆီးချိုရောဂါသည်တွေဆိုရင် အောက်ဆီဂျင်ဘယ်လောက်ပေးပေး မခံနိုင်တဲ့အခြေအနေတွေရှိတယ် အဲလိုဖြစ်နေတယ်” ဟု ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး အဖွဲ ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကိုဗစ် ၁၉ ရောဂါကြောင့် ယနေ့သေဆုံးသူများမှာ တာဟန်းရပ်ကွက်တွင် (၄) ဦး၊မြို့လှရပ်ကွက် (၁) ဦး Positive လူနာ၊ ကလေးမြို့ ၂ ဦး၊ ပျဉ်းခုံလေးရွာမှ ၁ ဦး၊ လက်ပံချောင်း ၁ ဦး ကျန်တစ်ဥိီး မသိရသေးကြောင်း သေဆုံးသူများအားလုံးမှာ အသက်ကြီးပိုင်းများဖြစ်ကြသည်။ ယနေ့ သေဆုံးသူ (၁၀) ဦးအနက် သဂြိုလ်ပြီး (၇) ဦးရှိပြီး ၃ ဦးမှာ အချိန်နောက်ကျသွားပြီးဖြစ်သည့်အတွက်ကြောင့် မသဂြိုလ်ရကြောင်းသိရသည်။ ကလေးမြို့တွင်ကိုဗစ် ၁၉ ရောဂါကူးစက်ခံရခြင်းကြောင့် သေဆုံးသူ စုစုပေါင်း (၄၆) ဦးရှိပြီဖြစ်ကြောင်းသိရသည်။ L

Read More

မင်းတပ်မြို့နယ် Lukse Camp မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် ဆက်သွယ်မေးမြန်းချက် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။ မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အာဏာသိမ်း စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်းအထန်ပစ်ခတ်ခဲ့ခြင်းကြောင့် မင်းတပ်မြို့ဒေသခံ ပြည်သူ ၈ ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။ ယခုလက်ရှိမင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁၈ ခုဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်ပြည်သူ ၈ ထောင်ကျော်အထိ ရှိကာ ၎င်းတို့ရင်ဆိုင်နေရသည့်အခက်ခဲစိန်ခေါ်မှုနှင့်ပတ်သက်၍ လောက်စဲစစ်ရှောင်စခန်း(Lukse Camp) မှ တာဝန်ရှိသူ ကက်သလစ်ဘုန်းတော်ကြီး Nicholas Ghung Thang Se ကို ဆက်သွယ်မေးမြန်းထားသည်။ မေး – အခုလက်ရှိ ဆရာတို့စစ်ဘေးရှောင်စခန်းကိုရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ ဖြေ – လောလောဆယ်တော့ မနေ့တနေကထိ အိမ်ပြန်ကြတယ် အထူးသဖြင့်တော့ ဒီမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း အယောက် ၁၀၀ နဲ့ ၂၀၀ ကြားလောက်ရှိသေးတယ် လောလောဆယ်တော့ အခြေအနေကတော့ ပြန်ငြိမ်လာတဲ့သဘောမှာရှိတယ် ဒါပေမဲ့ တခုရှိတာက မိသားစုတွေထဲမှာ ပြေးလွှားပြီးတော့ ပုန်းခိုပြီးတော့ မိသားစုနဲ့ အတူရှိနေတဲ့ ဆန်စပါးတွေ စားသောက်ကုန်တွေ ဝိုင်းစားကြတဲ့အခါကတော့ မနေ့တနေ့ကရော ဒီနေ့ရော သူတို့ရောက်လာကြတယ် ကျနော်တို့ဆန်တွေလည်းမရှိတော့ဘူး ကျနော်တို့ တစ်ရက်တစ်ရက်ဆိုရင်…

Read More

အာဏာသိမ်းစစ်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) အကြားတိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ တောထဲသို့ ပုန်းရှောင်နေကြရသည့် ဟားခါးမြို့နယ် Senthang နယ်က ပြည်သူအများစုမှာ နေရပ်သို့ပြန်လာကြပြီဖြစ်သော်လည်း သက်ကြီးရွယ်အိုပိုင်းမှာ ကိုယ်ခံအားပြတ်လပ်မှုဒဏ်ရင်ဆိုင်နေကြရသည်ဟု သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ Senthang(ဆဲန်ထန်း)နယ်ဟုခေါ်သော ဟားခါး-မတူပီကားလမ်းမကြီးအကြားရှိ ဆူရ်ခွါမြို့အပါအဝင် ကျေးရွာပေါင်း ၈ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်သည် ၎င်းတို့ဒေသတွင် ဖြစ်ပွားခဲ့သော စကစနှင့် CDF အကြားတိုက်ပွဲကြောင့် ဇွန်လဆန်းပိုင်းကစ၍ တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရခြင်းဖြစ်သည်။ “ စစ်ရှောင်ရလို့ နောက်ဆက်တွဲပြသနာတွေရင်ဆိုင်ရတယ်၊ ဘာလဲဆိုတော့ သက်ကြီးပိုင်းတော်တော်များများက အားကုန်ပြီး ကိုယ်ခံအားပြတ်လပ်ကြတယ် ပြန်နလန်မထူနိုင်ကြတော့ဘူး တစ်ချို့ဆိုရင် အောက်ဆီဂျင်နဲ့ဖြေရှင်း ရတဲ့သူတွေလည်းရှိတယ်၊ မနေ့ကတော့ အသက် ၇၀ အရွယ်အဘွားအိုတစ်ယောက်တော့ ဆုံးသွားတယ် ” ဟု ဆူရ်ခွါမြို့ခံတစ်ဦးကပြောသည်။ ဆူရ်ခွါမြို့တွင် တိုက်နယ်ဆေးခန်းရှိသော်လည်း ဆေးဝါးပြတ်လပ်ကာ ကျွမ်းကျင်လုပ်သားလည်းမရှိသည့်အတွက်ကြောင့် အခက်ကြုံနေရပြီး ဟားခါးမြို့ဘက်သို့သွားရောက်ကုသရန်မှာလည်း အခြေအနေတည်ငြိမ်မှုမရှိသေးသည့်အတွက် မသွားရဲ မလာရဖြစ်နေကြသည်ဟု အဆိုပါဒေသခံကပြောသည်။ ဆဲန်ထန်းနယ်မှ Surkhua မြို့ , Phaizawng, Khuapi , Lungrang, Hausen, Dinlopa, Sakta, စသည့်ကျေးရွာ အသီး သီးတို့မှဒေသခံပြည်သူအားလုံးနည်းပါးသည် တောထဲသို့ပုန်းရှောင်ရာမှ နေရပ်သို့ပြန်လည်ကြပြီဖြစ်သော်လည်း Loklung ကျေးရွာသားများမှာမူ နေရပ်သို့မပြန်ရဲကြသေးကြောင်းသိရသည်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Loklung ရွာအနီးတွင် စစ်ဆေးဂိတ်ထားရှိကာ ဟားခါး-မတူပီလမ်းကြောင်း အတိုင်းသွားလာသူများအား စစ်ဆေးကာ လုံခြုံရေးတင်းကြပ်ထားသည်ဟု သိရသည်။

Read More

ချင်းပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသည့်အတွက် ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေး တိမ်းရှောင်လာသူ စစ်ဘေးဒုက္ခသည် တိုးလာသည့်အတွက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga နှင့် Young Mizo Association (YMA) ခေါင်းဆောင်များ ဇွန်လ ၁၅ ရက်နေ့က တွေ့ဆုံးပြီး မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga က “စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက် ရာတွင် NGO များ၏ လုပ်ဆောင်မှုများကို အထူးလေးစားကြောင်း၊ အစိုးရအနေဖြင့်လည်း စစ်ဘေးရှောင်များအတွက် ယာထားပြီးသားဖြစ်သောဘဏ္ဍာငွေလည်း ကျလာ ခါနီးစပ်ပြီး အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမယ်” ဟု ပြောသည်။ စစ်ဘေးရှောင်များ၏ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာများကိုလည်း အိန္ဒိယ ဗဟိုအစိုးရထံတောင်ဆိုထားပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောပါသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်တွင်တိမ်းရှောင်ဖို့ ထွက်ပြေးလာကြရင်း နယ်စပ်ဒေသ တွင် သောင်တင်နေသော စစ်ဘေးဒုက္ခသည် ၇၁ ဦးကို Vaphai ကျေးရွာလူထုများက ဇွန်လ ၁၄ ရက်နေ့ညတွင် သွားပြီး ကယ်တင်ခေါ်ထုတ်ခဲ့ကြကြောင်း ဒေသသတင်း Zonet တွင် ဖော်ပြသည်။ အဆိုပါ စစ်ဘေးရှောင် ၇၁ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါဘေးမှကာကွယ်သည့်အနေဖြင့် Vaphai ကျေးရွာလူထုများနဲ့ အတူမထားဘဲ Thlangthlak mual နေရာတွင်ရှိသော Zokhua အိမ်အသီးသီးတို့တွင် ထားရှိကြပြီး၊ တိုက်ပွဲကြားမှထွက်ပြေးလာကြသူများဖြစ်သည့်အတွက် ဘာပစ္စည်းတစ်ခုမှ သယ်ဆောင်လာနိုင်ခြင်း မရှိသောကြောင့် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက်…

Read More

ချင်းပြည်နယ် ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ (၁၈) ဦးထဲမှ ၅ ဦးကိုပြန်မလွှတ်သေးပဲ ဆက်လက်ဖမ်းဆီးထားဆဲဟု သိရသည်။ “ဟိုတနေ့က ၆ ယောက်ကျန်သေးတာ အဲဒီထဲမှာ ဆေးရုံကဝန်ထမ်း ဦးဝှေ့ရန်းက ပြန်ပြီးတော့ခေါ်တယ် ဒါပေမယ့်ပြန်လွတ်လိုက်ပြီလို့ကြားတယ် ၆ ဦးထဲက တစ်ယောက်ပြန်လွတ်တယ် ၅ ယောက်ကျန်သေးတာပေါ့ ဘာကြောင့်မလွတ်သေးတာလဲတော့မသိဘူး သူတို့အထက်ကိုတင်ပြတဲ့ဟာ ပြန်မရောက်သေးတာလား အဲလိုတော့ကြားလိုက်တယ်” ဟု ပလက်ဝမြို့ခံတစ်ဦးကပြောသည်။ ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့ နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင်အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ (၆) ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်ဦးမှာ မကြာသေးမှီကပြန်လွတ်ကာ ယခုချိန်ထိ (၅) ဦးထိန်းသိမ်းထားဆဲဖြစ်သည်။L

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၀ ရက်နေ့က ရွာထဲသို့ဝင်ရောက်လာပြီး မသန်စွမ်းအမျိူးသားတစ်ဦးနှင့် အမျိူးသမီးတစ်ဦးတို့ကို သေနတ်ဖြင့်ပစ်ခတ်ကာ ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု သိရသည်။ ဘုရားစခန်းကျေးရွာမှ အသက် ၄၇ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ ဦးမာန်မောင်းဟာကို စကစတပ်ဖွဲ့ဝင်များက ဇွန်လ ၁၀ ရက်နေ့က ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ် ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၃ နှစ်အရွယ် စိတ်ကျန်းမာရေးချိူ့တဲ့သူ ဒေါ်ဂေစိမ်းငှိမ်းကိုလည်း သေနတ်ဖြင့်ပစ်ခတ်ကာ ပေါင်နှင့် ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်သည်။ စကစတပ်ဖွဲ့ဝင်များသည် ဘုရားစခန်းကျေးရွာသို့ ဝင်လာပြီး ဒေါ်ဂေစိမ်းငှိမ်း၏ အိမ်ခေါင်မိုးပေါ်က ဆိုလာပြားကို တက်ဖြုတ်နေသည့် စစ်သားကို မဖြုတ်ရန် အိမ်ထဲမှအော်ပြောသည့်အတွက် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်သည်။ အဆိုပါကိစ္စကို ဇွန်လ ၁၃ ရက်နေ့မှသာ ရွာသားများထံမှ သတင်းရရှိကာ ၎င်းတို့သည် ယင်းဒဏ်ရာများကို ၄ ရက်လုံးလုံးခံစားခဲ့ကြရပြီး ဇွန်လ ၁၄ ရက်နေ့က ဆေးဝါးကုသပေးမှုများပြုလုပ်ခဲ့ပြီးနောက် ယခုအခါ လူနာ ၂ ယောက်စလုံး စိုးရိမ်စရာမရှိတော့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Read More

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့်အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်ထလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် ပိုင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးဒုက္ခသည် ရာကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်လာမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေး ဒုက္ခသည် ရာနဲ့ချီရှိနေပြီဖြစ်ကြောင်းနှင့် မီဇိုရမ်ပြည်နယ်ကို ဝင်ခွင့်မရဘဲ နယ်စပ်ဒေသတလျောက်တွင် သောင်တင် နေသော စစ်ဘေးဒုက္ခသည်များစွာရှိနေကြောင်း မီဇိုရမ်ဒေသ သတင်း Zonet က ဖော်ပြသည်။ မီဇီုရမ်ပြည်နယ် Tuipuiral Group YMA president Pu MC Lalramenga က “မီဇိုရမ်ပြည်နယ် Vaphai နယ်အတွင်း စစ်ဘေးဒုက္ခသည် ၆၀ ခန့် ရောက်ရှိနေပြီ၊ Chawngtui နယ်တွင်လည်း ၃၀၀ ကျော်ရှိနေပြီဖြစ်တယ်” ဟု ဖော်ပြသည်။ Pu K.Lalmuankima Farkawn Joint YMA president ကလည်း ကိုဗစ်-၁၉ ရောဂါကြောင့် အစိုးရအနေဖြင့် စစ်ဘေးဒုက္ခသည်များကို ဝင်ခွင့်မပြုသော်လည်း လုံခြုံရာကို ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည် သက်ကြီး ရွယ်အိုနှင့် မိခင် အယောက် ၁၀၀ ကျော်ကို ဝင်ခွင့်ပြုထားကြောင်း ပြောသည်။ “ကိုဗစ်ရောဂါကြောင့် အရင်လို ဧည့်သည်ပုံစံမျိုး လက်ခံထားလို့မရဘူး။ စစ်ဘေးဒုက္ခသည်ထားတဲ့နေရာတွေမှာ လည်း မဆံ့တော့သည့်အတွက် အခက်အခဲတွေ့နေရတယ်။ ချင်းပြည်နယ်မှာ ယခုလို တိုက်ပွဲဆက်လက်ဖြစ်ပွားမယ် ဆိုရင် စစ်ဘေးဒုက္ခသည်များစွာ ဒီဘက်ကို ထွက်ပြေးလာနိုင်တယ်။ ဒါကြောင့် စစ်ဘေးဒုက္ခသည်များ အတွက် relief camp များကို Farkawn, Chawngtui နှင့်…

Read More