ကလေးမြို့ မင်္ဂလာဥယျဉ်ရပ်ကွက်တွင်နေထိုင်သည့် မီးဖွားခါစ အသက် (၄၁) အရွယ် ဒေါ်ဇာခြည်ဦးသည် ယမန်နေ့ညက သေနတ်သံ ပေါက်ကွဲသံများကြောင့် သွေးလန့်ပြီး သေဆုံးသွားသည်ဟုသိရသည်။ မေလ ၁၀ ရက်နေ့ညပိုင်းက ကလေးမြို့တွင် သေနတ်သံနှင့် ပေါက်ကွဲသံများကြားခဲ့ကြရပြီး ယင်းပေါက်ကွဲသံများကြောင့် ဒေါ်ဇာခြည်ဦးမှာ သွေးလန့်သေဆုံးခဲ့ခြင်းဖြစ်သည်။ ဒေါ်ဇာခြည်ဦးတွင် ၁ လနှင့် ၈ ရက်သားအရွယ် ကလေးတစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။ ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ညပိုင်းတွင် သေနတ်သံ၊ ပေါက်ကွဲသံများ မကြာခဏထွက်ပေါ်လျှက်ရှိပြီး သက်ကြီးရွယ်အိုနှင့် နှလုံးရောဂါအခံရှိသူများအတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိကြကာ ကျေးရွာဘက်သို့လည်း ပို့ဆောင်ထားကြသည်ဟုလည်း သိရသည်။
Author: Editor
မာဂရက် – ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်သို့ အနီးနားပတ်ဝန်းကျင်ကျေးရွာနှင့် ရပ်ဝေးမှလာရောက်သည့် ခရီးသွားပြည်သူများအား အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မှတ်ပုံတင်၊ ရပ်ကျေးထောက်ခံစာပါ/မပါ တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ် နေသည်ဟု မတူပီဒေသခံများထံမှသိရသည်။ “အခု မြို့ပေါ်တက်မယ်ဆိုရင် မှတ်ပုံတင်ပါရမယ်၊ ကျေးရွာရဲ့ထောက်ခံစာပါရမယ် ဒီ ၂ ခုပါမှပဲ သွားလို့ရတယ်ဆိုပြီးတော့ အဲ့လိုမျိုးလုပ်ထားတယ်၊ ပြီးတော့ ဂိတ်မှာဆိုလို့ရှိရင် ဖုန်းလည်း အစစ်ခံရမယ် အဲ့တာ အဓိကပေါ့နော်၊ ပလက်ဝ ဂိတ်ဖက်ကြတော့လေ တော်တော်တောင် အခြေအနေဆိုးနေတယ်လို့ပြောတယ် ၊ တချို့ဝန်ထမ်းတွေဆိုရင် ဝင်ထန်းကတ်ပါရင် ဝင်/ထွက်လို့ရ တယ်တဲ့၊ ဥပမာ အပြင်လူဆိုရင်တော့ ပိုက်ဆံနည်းနည်းပေးရင်တော့ သွားခိုင်းတယ်တဲ့ မပေးလို့ရှိရင် မသွားခိုင်းဘူးတဲ့အဲ့လိုမျိုးဖြစ်နေတာ” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတူပီမြို့မှ ပလက်ဝ၊ မင်းတပ် နှင့် ဟားခါးဘက်သို့ဆက်သွယ်သည့် လမ်းကြောင်း သုံးကြောင်းစလုံးတွင် လုံခြုံရေးဂိတ်များထားရှိကာ မတူပီမြို့သို့တက်လာသည့် ရွာသားများကိုပါ ထောက်ခံစာပါမှ ဖြတ်သန်းသွားလာခွင့်ပြုသည်ဟု သိရသည်။ ထို့အပြင် အနီးနားပတ်ဝန်းကျင်ကျေးရွာများမှ မတူပီမြို့ပေါ်သို့ စျေးရောင်းလာသော ရွာသားများထံတွင်လည်း ၎င်းတို့ရောင်းဝယ်သည့် ဟင်းသီးဟင်းရွက်၊ အိမ်မွေးတိရစ္ဆာန်များလည်း သိမ်းယူလေ့ရှိသည်ဟု မတူပီမြို့ခံက ပြောသည်။ မတူပီမြို့ပေါ်ကို မည်သည့်ကိစ္စများကြောင့်ဖြစ်စေ ကျေးရွာများမှ လာရောက်မည့်သူများကို ထောက်ခံချက်များပါရှိရမည်ဟု စစ်ကောင်စီဖက်မှ တရားဝင်ထုတ်ပြန်ချက်မရှိသော်လည်း မတူပီမြို့ တွင်ရှိသော စစ်ဆေးရေးဂိတ် (၃) ခုတွင် ရပ်ကျေးထောက်ခံစာပါ/မပါ တင်းတင်းကြပ်ကြပ် စစ်ဆေးနေခြင်းဖြစ်သည်။ မတူူပီမြို့အနီးရှိ ငလိုင်၊ ဖနိုင်၊ ထီစောင်းနှင့် ဝေတူးကျေးရွာများသားများသည် နေ့စဉ် စားဝတ်နေရေးအတွက် မတူပီမြို့ပေါ်သို့ စျေးရောင်းခြင်း၊ အလုပ်လုပ်ကိုင်ခြင်းမျာ းပြုလုပ်လျှက်ရှိကြသည်။
ရစ်ချက် – ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်ဘေးရှောင်ထောင်နဲ့ချီ ထွက်ပြေးဝင်ရောက်ခိုလှုံနေသည့် မီဇိုရမ် ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း အရှိုန်အဟုန်မြင့်တက်လာမှုကြောင့် မေလ ၁၇ ရက်နေ့အထိ တပြည်နယ်လုံးကို Total Lockdown အဖြစ် ချမှတ်လိုက်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း မြင့်တက်လာမှုကြောင့် အဆိုပါ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ် မြို့နယ်အချို့တွင် သုံးပတ်ခန့် Lockdown ချထားသော်လည်း ရောဂါကူးစက်မှုအရှိုန် မလျော့သည့် အပြင် ပို၍တိုးလာသောကြောင့် ယခုလို တပြည်နယ်လုံး Total Lockdown ချမှတ်လိုက်ရခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် မေလ ၈ ရက်နေ့မနက်က မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ လူနာသစ် တစ်ရက်အတွင်း ၂၃၅ ဦးရှိပြီး ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် တစ်ရက်ကို ပျမ်းမျှအားဖြင့် လူနာသစ် ၁၀၀ မှ ၂၀၀ အကြား နေ့စဉ်ပုံမှန် ရှိနေကြောင်း သိရသည်။ မေလ ၈ ရက်နေ့မနက် ထုတ်ပြန်ချက်အရ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုသဆဲလူနာ ၁၉၀၆ ဦး ရှိနေကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၇ ဦး ရှိနေပြီဖြစ်သည်။
By လားနွန် – အာဏာသိမ်းစစ်ကောင်စီမှ အခြေခံပညာစာသင်ကျောင်းများပြန်လည် ဖွင့်လှစ်ရန်ကြိုးပမ်းမှုအပေါ် မင်းတပ်ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ခြင်းမရှိရန်နှင့် ကျောင်းအပ်နှံခြင်းများမပြုလုပ်ကြရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “အကြမ်းဖက်စစ်အာဏာရှင်ဖြစ်လို့ လက်မခံတာပါ၊ အကြမ်း ဖက်စစ်အာဏာရှင်ကိုအစိုးရနေရာမပေးချင်လို့လည်း ဖြစ်တယ်” ဟု ပြောသည်။ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မပါဘဲ ကျောင်းအပ်နှံခြင်းမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက သက်ဆိုင်သည့် ကျောင်း/ပုဂ္ဂိုလ်၏ လုံခြုံရေးအတွက် တာဝန်ယူမည်မဟုတ်ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အာဏာသိမ်းစစ်ကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်တို့မှ ပါရဂူဘွဲ့ကြိုတန်း၊ မဟာတန်းနှင့် နောက်ဆုံးနှစ်အတန်း၊ နည်းပညာ၊ အသက်မွေးပညာ၊ စက်မှုလက်မှုသိပ္ပံကျောင်းတို့မှ နောက်ဆုံးနှစ်အတန်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းနောက်ဆုံးနှစ်အတန်းများကို မေလ ၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ အလားတူ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကိုလည်း လာမည့် ဇွန်လတွင် ပြန်လည် ဖွင့်လှစ်တော့မည်ဟု ကြေညာထားသည်။ ယခုလက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးရှိ ကျောင်းဆရာ/ဆရာမ အများစုသည် CDM လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ထားကြ သည်။
Chinland Defense Force (CDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဘောရစ်နှင့် တွေ့ဆုံခြင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က တပ်မတော်ကနေ အရပ်သားအစိုးရထံ မတရားအာဏာသိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းစွာဆန္ဒဖေဖော်ထုတ်သူတွေ၊ CDM မှာ ပူးပေါင်းပါဝင်တဲ့ ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို နည်းမျိူးစုံနဲ့ စစ်ဆေးမေးမြန်းဖမ်းဆီး သတ်ဖြတ်မှုတွေလုပ်ဆာင်နေတဲ့ စစ်အာဏာရှင်ရန်မှ ကာကွယ်နိ်ုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ချင်းပြည်နယ် မြို့နယ်(၉) မြို့နယ် နဲ့ ပြည်နယ်ပြင်ပက ချင်းအမျိူးသားတွေက Chinland Defense Force (CDF) ကို ဧပြီလ (၄) ရက်နေ့က ဖွဲ့စည်းလိုက်ကြပါတယ်။ Chinland Defense Force (CDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဘောရစ်ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး- အရင်ဆုံးအနေနဲ့ အစ်ကိုတို့ CDF ဖွဲ့စည်းခဲ့ပုံလေးရယ်၊ ဘယ်အချိန်ကနေစပြီး ဒီဟာကို ပြင်ဆင်လာခဲ့တာလဲဆိုတာလဲ ဆိုတဲ့ဟာလေးကို အရင်ဆုံး ပြောပေးပါအုံး။ ဖြေ- CDF ကျွန်တော်တို့ ဖွဲ့စည်းလိုက်တဲ့ အကြောင်းအရင်းက အစတုန်းက ကျွန်တော်တို့ ပြည်သူေ တွကနေ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်၊ သပိတ်မှောက်ခဲ့ကြတယ်၊ ဒါပေမယ့် အာဏာ ရှင် စစ်ကောင်စီကနေ အကြမ်းဖက်နည်းနဲ့ ပြည်သူတွေကို ဖမ်းဆီးတယ်၊ သတ်ဖြတ်တာတွေ လုပ်နေ လာတဲ့အခါကျတော့ ဒီဟာကို ကျွန်တော်တို့ အကြမ်းမဖက်နည်းနဲ့ ပုံစံမျိုးစုံ ဆန္ဒဖော်ထုတ်တာတွေက မရတော့ဘူး ဆိုပြီးတော့ ကျွန်တော်တို့ ကိုယ့်လုံခြုံရေးကို ကိုယ့်ကိုကိုယ် ခုခံနိုင်ဖို့အတွက်ကို ကျွန် တော်တို့ ယူရတော့ မယ်ဆိုပြီးတော့…
မာဂရက် – အာဏာသိမ်းစစ်ကောင်စီက မေလ ၅ ရက်နေ့ကစ၍ တက္ကသိုလ်ကျောင်းများပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း ချင်းပြည်နယ် ဟားခါးတက္ကသိုလ်တွင် ယနေ့ချိန်ထိ တက်ရောက်သည့် ကျောင်းသူ/ သားများမရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ဟားခါးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ လျန်ဇာခုပ် “ ကျောင်းသားတွေ ရောက်မရောက်က သင်တန်းရေးရာကိုပဲ တာဝန်ပေးထားတာ၊ မနေ့ကအထိတော့ ရောက်လာတဲ့သူမရှိသေးဘူး၊ တချို့က ကျောင်းထဲလာပြီးမှ ကျောင်းမတက်တာ အဲ့လိုမျိုးတော့ ရှိတယ်။ ကျောင်းဆရာ/မ တွေတော့ ရောက်နေပြီ စာသင်မယ်ဆိုရင် ရတယ်၊ စာသင်ဖို့တော့ မေဂျာ လိုက်တော့ ရှိတယ်၊” ဟု ပြောသည်။ ဟားခါးတက္ကသိုလ်တွင် မဟာတန်း၊ နောက်ဆုံးနှစ်အတန်းများ နှင့် ဂုဏ်ထူးတန်း ဒုတိယနှစ်များ အတွက် ဖွင့်ပေးခဲ့ပြီး မေဂျာအလိုက်တက်ရောက်ကြမည့် ကျောင်းသူ/သား ၁၁၂ ဦးရှိသည်ဟု သိရသော်လည်း ယနေ့ချိန်ထိ တစ်ယောက်မှတက်ရောက်ခြင်းမရှိကြခြင်းဖြစ်သည်။ ဟားခါးမြို့မှ တက္ကသိုလ် ကျောင်းသူ တစ်ဦးက “ ဆရာ/မတွေ အကုန်လုံးကလည်း CDM အကုန်လု ပ်ကြတယ်၊ မှန်မှန်ကန်ကန် နဲ့ရွေးချယ်ထားတဲ့ အစိုးရမဟုတ်ပဲနဲ့ ဒီတိုင်းအာဏာသိမ်းပြီးတော့ တက်လာတဲ့ အစိုးရလက်အောက်မှာ ကျောင်းသား တွေ တော်တော်များများကလည်း အသက် ပေးရတယ်၊ အသက်ဆုံးရှုံးရတဲ့ကြားထဲမှာ ကျွန်မတို့ အနေနဲ့ ကျွန်မတို့ ရွေးချယ်ထားတဲ့ အစိုးရလည်း မဟုတ်ဘူး၊အတင်းအဓမ္မယူထားတဲ့ အစိုးရရဲ့ လက် အောက်၊ သွေးစွန်းထားတဲ့သူတို့ရဲ့လက် အောက်မှာ ပညာမသင်ချင်လို့ မတက်တာပါ” ဟု ပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊…
ရစ်ချက် – ချင်းပြည်နယ်နဲ့ထိစပ်နေသည့် မီဇိုရမ်ပြည်နယ် Zokhawthar (ဇိုးခေါထား) ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မြင့်တက်လာသောကြောင့် မေလ ၅ ရက်နေ့ကစပြီး Containment Area (ထိန်းချုပ်ကန့်သတ်နယ်မြေ)အဖြစ် သတ်မှတ်ထားလိုက် ကြောင်း သိရသည်။ ဇိုးခေါထားကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုအခြေအနေကို သေသေချာချာ လိုက်လံစစ်ဆေးဖို့ လိုအပ်သောကြောင့် ယခုလို သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “မေလ ၅ ရက်နေ့က ဇိုးခေါထားရွာမှာ ပိုးတွေ့လူနာသစ် ၅ ဦး တွေ့တယ်။ လက်ရှိအခြေနေမှာ အိမ်ထောင်စု ၁၇ စု လောက် Home Quarantine လုပ်ထားရတယ်။ Containment Area အဖြစ် သတ်မှတ်ထားတော့ ဘယ်မှ သွားမရ တော့ဘူး။” လို့ ပြောသည်။ ဇိုးခေါထားကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ မီဇိုရမ်ပြည်နယ်တွင် တည်ရှိသောကျေးရွာဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ အဓိကအချက်ကျသော စီပွားရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေတွင် ဇိုခေါထား ကျေးရွာကို ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်များ အဓိက ဝင်ရောက်နေသော ကျေးရွာ လည်း ဖြစ်သည်။ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစပြီး မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုးခေါထားကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၂၄ ဦးရှိပြီဖြစ်ကြောင်းနှင့် အဆိုပါ ၂၄ ဦးအနက် ၂ ဦးမှာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်ထဲက ဖြစ်ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်တွင် လက်ရှိ မေလ…
ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဟားခါးထာရ်ရပ်ကွက်ရှိ နေအိမ်များအား ယနေ့ညနေပိုင်းတွင် ဝင်ရောက်စီးနင်းရှာဖွေပြီး ပါစတာတစ်ဦးအပါအဝင် အမျိုးသား ၇ ဦး ဖမ်းဆီးသွားကြောင်း သိရသည်။ “ပါစတာ ၁ ယောက်နဲ့ လူငယ် ၆ ယောက်လို့ဘဲ ကြားတယ် အဲ့တာတောင် အတိအကျသိပ်မသိကြဘူး ဒီနေ့မနက်က စစ်ကား ၂ စီး ရဲကားအကြီး ၂ စီး ကားအသေးမီးတန်းကား ၂ စီးနဲ့ ပတ်တယ်လို့တော့ကြားတယ် လူအင်အားများတယ်လို့ပြောတယ်” ဟု ဟားခါးမြို့ခံတစ်ဦးမှ ပြောသည်။ လက်ရှိတွင် စစ်ကောင်စီဘက်မှ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးဘဲ အဖမ်းခံရသူ ပါစတာမှာ ဆရာတော် Sang Awi ဖြစ်ကြောင်းသိရသည်။ ဟားခါးမြို့တွင် မေလ ၄ ရက်နေ့ညပိုင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ အင်းဝဘဏ်အနီးရှိ နေအိမ်တစ်အိမ်မှ လူသုံးဦးအား မေလ ၅ ရက်နေ့မနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆော်ငသွားခဲ့ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
Benezer – ချင်းပြည်နယ် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌမှ အဖွဲ့ဝင် (၁၉)ဦးပါဝင်သည့် ဟားခါးခရိုင်အမျိုးသမီးကော်မတီ ဖွဲ့စည်းပြီး ပါဝင်သည့်အဖွဲ့ဝင်အများစုမှာ ၎င်းတို့မသိရှိဘဲ ခန့်အပ်ခြင်းဖြစ်ကြောင်း ခန့်အပ်ခံရသည့် အဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဌမှ ဧပြီလ ၂၃ ရက်နေ့ရက်စွဲဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ဟားခါးခရိုင်အမျိုးသမီးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း အဖွဲ့ဝင်များထံ မေလ ၄ ရက်နေ့တွင် စာရောက်ရှိလာကြောင်းသိရသည်။ “အဲဒီအဖွဲ့ထဲမှာ ပါတာက ကျမကို Youth Corner အဖွဲ့ကိုယ်စားပြုအနေနဲ့တွေ့ရတယ်၊ ဒါကလည်း သူတို့စာပေးလာမှသိရတယ်၊ လက်ခံဖို့လည်းမရှိဘူး၊ အဲဒီကြားထဲ နာမည်ရေးတာလည်း မမှန်ပြန်ဘူး၊ ကျမအထင်တော့ Youth Corner အနေနဲ့ အသင်းမှတ်ပုံတင်ထားတာရှိတယ်၊ အဲဒီကနေ သူတို့ဟာသူတို့ ထည့်လိုက်တာလို့ထင်တယ်၊ သူတို့ထည့်တာလည်းမသိဘူး၊ လက်ခံဖို့လည်းမရှိဘူး”ဟု ခန့်အပ်ခံရသည့်အဖွဲ့အစည်းတွင် နာမည်ပါလာသည့် Velpi မှပြောသည်။ စစ်ကောင်စီမှ ဖွဲ့စည်းလိုက်သည့် ဟာခါးခရိုင်အမျိုးသမီးကော်မတီတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးမှ ဥက္ကဌ တာဝန်ယူထားပြီး ဌာနဆိုင်ရာအသီးသီးမှ ခရိုင်အရာရှိများအပြင် ဟားခါးခရိုင်အတွင်းမှ အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား အဖွဲ့ဝင်စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။ အဆိုပါအမျိုးသမီးအဖွဲ့တွင် ပါဝင်သူ အခြားတစ်ဦးမှ“ကျနော်လည်း မနေ့ညက စာရတော့ အရမ်းအံဩတယ်၊ အကြောင်းလည်းမကြားထားဘူး၊ သူတို့အစည်းအဝေးကို ဧပြီ ၂၄ရက်က လုပ်တယ်ထင်တယ်၊ အဲဒါလည်းမသိဘူး၊ စာကလည်းမနေ့ကမှ ရတယ်၊ ဖုန်လည်းမဆက်ဘူး၊ ဒီလိုထည့်မယ်ဆိုတာလည်းဘာမှပြောဘူး၊ ကျနော်အနေနဲ့ပါဝင်နိုင်မှာလည်းမဟုတ်ဘူး”ဟု ပြောသည်။ ထို့ပြင် ဟားခါးခရိုင်အမျိုးသမီးတွင် အမည်စာရင်းပါလာသည့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့မှလည်း ၎င်းတို့အနေဖြင့် မအားသဖြင့် အဆိုပါအဖွဲ့တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း လှောင်ပြောင်ရေးသားထားကြသည်။