Author: Editor

#Unicode ရစ်ချက် – မြန်မာနိုင်ငံတွင် တပ်မတော်က စစ်အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ထွက်ပြေးတိမ်းရှောင်သူများရှိပါက မီဇိုရမ် အစိုးရအနေဖြင့် အတတ်နိုင်ဆုံး လက်ခံကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။ အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ကျင်းပသည့် (၈) ကြိမ်မြောက် Assembly Budget Session လွတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် မြန်မာပြည်သားများဟာ အနယ်နယ်အရပ်ရပ်ကို ထွက်ပြေး တိမ်းရှောင်နေမှာကို ကျနော်တို့ အထူးစိုးရိမ်တယ်။ အကယ်၍ မြန်မာပြည်သားများအနေနဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသူများရှိရင်တော့ မီဇိုရမ်အစိုးရအနေနဲကက နွေးထွေးစွာလက်ခံမယ် အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်သွားမယ်” လို့ ပြောသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပြည်သူ့အစိုးရကို တပ်မတော်က အဓမ္မအာဏာသိမ်းယူခဲ့သည့်အပေါ် ကျွန်ုပ်တို့အထူးဝမ်းနည်းကြောင်း၊ မီဇိုရမ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီ ပြန်လည်ရရှိနိုင်ရေးအတွက် အထူးလိုလားကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ယခုလို ဆက်ပြောပါသည်။ “မြန်မာနိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် မီဇိုရမ်ကို ထွက်ပြေးတိမ်းရှောင်လာသူများရှိပါက မီဇိုရမ်အစိုးရ အနေနဲ့က တတ်နိုင်တဲ့ဖက်ကနေ ကူညီဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေပြီဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယ ဗဟိုအစိုးရကိုလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားဖို့ မီဇိုရမ်အစိုးရအနေဖြင့် တိုက်တွန်း တောင်းဆိုသွားမယ်” လို့ ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံကို စစ်တပ်မှအာဏာသိမ်းလိုက်သည့်နေ့ကစပြီး မီဇိုရမ်ပြည်နယ်အတွင်း မြန်မာပြည်သားများ လာရောက်ခိုလုံမှုများရှိလာနိုင်သည်ဟုဆိုကာ မီဇိုရမ်အစိုးရအနေဖြင့် လက်ခံပြီး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားဖို့…

Read More

#Unicode By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် လက်ရှိမြ န်မာ့နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ ဦးဆောင်လှုပ်ရှားမည့် NGO United for Democratic Myanmar အဖွဲ့ကို မီဇိုရမ်ရောက်မြန်မာနိုင်ငံသားများနှင့် ဒေသတွင်းအစိုးရမဟုတ်သော NGO များက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပူးပေါင်း ဖွဲ့စည်းလိုက်ကြသည်ဟု သိရသည်။ အဆိုပါအဖွဲ့မှ ပြောဆိုခွင့်ရှိသူတစ်ဦးက “အဓိကတော့ မီဇိုရမ်ရောက်မြန်မာပြည်သားများအနေဖြင့် ကိုယ့်နိုင်ငံအခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့လည်း တစ်ခုခု လုပ်မှဖြစ်တယ်ဆိုပြီး ဖွဲ့စည်းတာဖြစ်တယ်။ ဒီအဖွဲ့ဟာ အရင်ကတော့ ယာယီသဘောမျိုးနဲ့ဖွဲ့စည်းပြီးတော့ ဆန္ဒပြတာတွေလုပ်တယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံရေးအခြေအနေကို သုံးသပ်တဲ့ အခါမှာ ဆက်လက်လုပ်ဆောင်ရမဲ့ ကိစ္စတွေ အများကြီးရှိနေသေးတာကြောင့် ခုလို အတည်တကျ ပြန်လည်ဖွဲ့စည်း ထားတာဖြစ်တယ်”ဟု ပြောသည်။ ဆက်လက်၍ “ဤအဖွဲ့အစည်းက အဓိကအနေဖြင့် မီဇိုးဒေသခံ NGO များနှင့်ပူးပေါင်းပြီး လုပ်ငန်းတွေ အများကြီး လုပ်ဆောင်သွားဖို့ရှိတယ်။ ဥပမာ- စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ ယခုလက်ရှိနိုင်ငံရေးကြောင့်ဖြစ်ဖြစ် မီဇိုရမ်ဘက်ကို ထွက်ပြေးလာတဲ့သူရှိရင် မီဇိုရမ်အစိုးရအနေဖြင့် လက်ခံပေးဖို့အတွက် မီဇိုရမ်အစိုးရ၊ ဗဟိုအစိုးရအထိ တောင်ဆိုသွားဖို့ရှိတယ်။” ဟု သူကဆက်ပြောသည်။ အဆိုပါအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသည့်အနေဖြင့် မီဇိုးဒေသခံ NGO အဖွဲ့များ အဆိုတော်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး CDM ရန်ပုံငွေကိုလည်း ရှာဖွေသွားရန်ရည်ရွယ်ထားကြောင်း သိရသည်။ “ကျနော်တို့ ရည်ရွယ်ထားတာက CDM အတွက်ဆိုပြီး မီဇိုရမ်ရောက်မြန်မာပြည်သားများတွင် အလှူငွေကောက်ခံ သွားဖို့ ရှိတယ်။ နောက်ပြီး မီဇိုရမ်အစိုးရက ခွင့်ပြုရင်…

Read More

#Unicode By Benezer – အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ တက် မတက်ကို ချင်းနိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) တို့ ယတိပြတ်မပြောနိုင်သေးကြောင်းသိရသည်။ CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ကျနော်တို့ဆီကို ဖိတ်စာတော့ ရောက်ပြီးပြီ၊ တက်ဖို့ မတက်ဖို့ မဆွေးနွေးရသေးဘူး”ဟု ပြောသည်။ ယခုရွေးကောက်ပွဲကောက်မရှင်မှ ကျင်းပမည့်ပွဲမှာ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ဦးသိန်းစိုး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံရန် ကမ်းလှမ်းမှုလည်းပြီး ဖေဖော်ဝါရီ လ ၂၆ရက်နေ့မှာ နေပြည်တော်မှာ လာရောက်နိုင်ခြင်းရှိမရှိ တည်းခိုရေးစီစဉ်နိုင်ရန် ကြိုတင်စာရင်းပေးကြရန် ကော်မရှင်မှ ထုတ်ပြန်ထားကြောင်းသိရသည်။ ZCD ပါတီအတွင်းရေးမှူး ဦးဂင်ကမ်းလျန်က “ကျနော်တို့ပါတီကိုတော့ ဖိတ်စာတော့မရောက်သေးဘူး၊ ဒါပေမယ့် ဥက္ကဌ ကတော့ တက်ဖို့ မှာထားတာတော့ရှိတယ်၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတစ်ခုအနေနဲ့ ရွေးကော်က ဖိတ်တာဖြစ်တဲ့အတွက် ဒီပွဲက တက်သင့်တယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။ CNLD ပါတီ နှင့် ZCD ပါတီကို အာဏာသိမ်း စစ်ကောင်စီမှဖွဲ့စည်းထားသည့် ပြည်ထောင်စုနှင့် ပြည်နယ် မံအုပ်ချုပ်ရေး ကောင်စီတွင်ပါ၀င်ရန် ကမ်းလှမ်းမှုများရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ကြသည်။ #Zawgyi By Benezer – အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ တက် မတက်ကို ချင်းနိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) နှင့်…

Read More

#Unicode By လားနွန် – တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Civil Disobedience Movement (CDM) လှုပ်ရှားမှု တွင် ပူးပေါင်းပါဝင်ကြသော ချင်းပြည်နယ် မြို့နယ်တစ်ချိူ့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်း တစ်ရာကျော် ကို တာဝန်မှ ယာယီရပ်ဆိုင်းခံရကြောင်းသိရသည်။ လက်ရှိအချိန်ထိ ချင်းပြည်နယ်တွင် Civil Disobedience Movement – CDM ပူးပေါင်းပါဝင်ခြင်းကြောင့် အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းထားသူ ဟားခါးမြို့နယ်တွင် ပြည်နယ်ရုံးမှ (၆၂)ဦး၊ ခရိုင်ရုံးမှ (၁၈) ဦးနှင့် မြို့နယ်ရုံးမှ (၃၆) ဦး၊ ထန်တ လန်မြို့နယ်တွင် (၁၈) ဦး၊ တီးတိန်မြို့နယ်တွင် (၄) ဦး ၊ တွန်းဇံမြို့နယ်တွင် (၁၂) ဦး ၊ မင်းတပ်မြို့နယ်တွင် (၂၂) ဦး စုစုပေါင်း (၁၇၂) ဦးရှိပြီဟု သိရပြီး ကျန်မြို့နယ်များအခြေအနေကိုမူ မသိရသေးပေ။ ချင်းပြည်နယ် မြို့နယ်အသီးသီးတွင်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် CDM ပါဝင်ကာ ရုံးတက်ရောက်ခြင်းမရှှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၃၈) ဖြင့် နည်းဥပဒေ ၁၆၁ (ဃ)၊ ၁၆၃ (ပ)၊ ၁၆၃ (ဖ)တို့အားဖောက်ဖျက်ကျူးလွန်သဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၇၁ အရ တာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင််း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မိုင်သင်းယုမွန်က “စစ်တပ်ကတော့ သူ့ရဲ့ လှုပ်ရှားမှု သူ့ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေအသက်ဝင်လာအောင်တဖြည်းဖြည်းတော့ ဖိအားပေးလာမှာပဲ ဆိုတော့ ဒါက ပထမခြေလမ်းယူတာလို့မြင်တယ် ဒါကလည်း ဘာကိုပြလဲဆိုတော့ အခုလုပ်နေကြတဲ့ CDM…

Read More

#Unicode အာဏာသိမ်း တပ်မတော်မှ ဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အနေဖြင့်ပါဝင်သော ဦးမောင်းဟာအနေဖြင့် ဖခင်ဖြစ်သူ ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ ဂုဏ်သိက္ခာကို ထောက်ရှုပြီး စစ်ကောင်စီအဖွဲ့တွင် မပါဝင်ရန် မင်းတပ်မြို့နယ် သပိတ်အဖွဲ့မှ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်းသိရသည်။ ဦးမောင်းဟာသည် ဖခင်၏ ဂုဏ်သိက္ခာအား ထောက်ညှာမှုမရှိဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ၃ ရပ်အား လက်နက်ပြသိမ်းပိုက်ခဲ့သော မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်း စစ်ကောင်စီတွင် တာဝန်ထမ်း ဆောင်နေသဖြင့် ဦးမောင်းဟာ၏ လုပ်ရပ်အပေါ် မင်းတပ်မြို့သပိတ်အဖွဲ့အနေဖြင့် ပြင်းထန်စွာရှုံ့ချကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြခြင်းဖြစ်သည်။ မင်းတပ်မြို့နယ် သပိတ်အဖွဲ့ဝင် ကိုမာန်အွမ်က “ ကျွန်တော်တို့ ချင်းပြည်ရဲ့သမိုင်းမှာ ဦးမောင်းဟာရဲ့ ဖခင်ဖြစ်တဲ့ ဦးဝမ္မသူးမောင်းကိုယ်တိုင်က တိုက်သူကြီးအဖြစ် ခန့်အပ်တဲ့စာကို ပြန်ပေးပြီး ကန်ပလက်တာဘာပွဲမှာ အရင်ဦးဆုံး CDM စလုပ်ခဲ့တဲ့သူဖြစ်တယ်၊ ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ ဦးမောင်းဟာကိုယ်တိုင်က အာဏာသိမ်း ကောင်စီမှာ ပူးပေါင်းဝင် ရောက်ပြီးမှ ဆောင်ရွက်နေတဲ့ကိစ္စတွေမှာ ကျွန်တော်တို့က မကြိုက်လို့၊ သူ့အနေနဲ့ အခုလုပ်ရပ်တွေကို ဆက်မလုပ်တော့ ဘဲ သူ့ကို ပေးထားတဲ့ရာထူးတွေကိုထားခဲ့ပြီးမှ ကျွန်တော်တို့နဲ့ တသားတည်းပြန်ပြီးတော့မှ ရပ်တည်ပေးဖို့ လိုချင်လို့ ကျွန်တော်တို့ အိတ်ဖွင့်ပေးစာရေး တာပါ” ဟု ပြောသည်။ ဦးမောင်းဟာသည် မိမိလူမျိုး၏ ဂုဏ်သိက္ခာ၊ ဖခင်၏ သမိုင်းဂုဏ်ရောင်တို့အား ထောက်ညှာမှုမရှိ သော လုပ်ရပ်ဖြစ်သည့် မြန်မာ့ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်း စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေခြင်းကို အချိန်မှီ ရပ်တန့်ရန်၊ အာဏာသိမ်း စစ်ကောင်စီတွင် ဆက်လက်တာ…

Read More

#Unicode By Benezer – ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဒေါက်တာဆာဆာအား ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကြေညာခဲ့ပြီးနောက် အဆိုပါရာထူးအား လက်ခံပြီး နိုင်ငံတကာအသိုင်းဝိုင်းအနေဖြင့် မြန်မာပြည်သူ ၅၄ သန်းနှင့် အတူ ရပ်တည်ပေးကြရန် ဒေါက်တာဆာဆာက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှ တစ်ဆင့် တောင်းဆိုလိုက်သည်။ “ရဲရင့်တဲ့ မြန်မာပြည်သူတွေကိုယ်စား အခုလို တာဝန်ပေးမှုကို ကျနော်လက်ခံပါတယ်၊ နိုင်ငံတကာ အသိုင်းဝိုင်းအားလုံးကို မြန်မာနိုင်ငံသား ၅၄ သန်းနဲ့အတူ ရပ်တည်ဖို့နဲ့ အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင် ၆ ဦး နဲ့ လုံးဝလက်မတွဲဖို့ တောင်းဆို ချင်ပါတယ်၊ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လေးစားပြီး သူတို့နဲ့အတူ ရပ်တည်ပေးကြပါ၊ “သင့်အနေနဲ့ မြန်မာပြည်သူ ၅၄ သန်းနဲ့အတူ ဒါမှမဟုတ် အာဏာရှင် ၆ ဦးနဲ့ ရပ်တည်မလား၊ ရဲရင့်တဲ့ မြန်မာပြည်သူလူထုရဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးဟာ အောင်မြင်တဲ့လမ်းကြောင်းကို သွားနေပြီဖြစ်တယ်” ဟု ဒေါက်တာဆာဆာမှ ၎င်း၏ လူမှုကွန်ယက်စာ မျက်နှာတွင် ရေးသားထားသည်။ ထို့ပြင် စစ်အာဏာသိမ်းမှု ဖန်တီးသူများနှင့် ၎င်းတို့ကို ထောက်ခံသူများအပေါ် သမိုင်းမှ စီရင်ဆုံးဖြတ် မည်ဖြစ်ပြီး လုံးဝအရှုံးပေးမည်မဟုတ်ဘဲ ဒီမိုကရေစီ၊ လွတ်လပ်ခြင်း၊ ဖက်ဒရယ်နှင့် တရားမျှတမှုများ တည်တံ့လိမ့်မည်ဟု ဒေါက်တာဆာဆာက ရေးသားထားသည်။ ဒေါက်တာဆာဆာသည် အာမေးနီးယားနိုင်ငံတွင် ဆေးပညာဒေါက်တာဘွဲ့ရရှိထားသူဖြစ်ပြီး Health and Hope အဖွဲ့ကိုတည်ထောင်ကာ…

Read More

#Unicode အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ ပြည်သူများရွေးချယ်တင်မြောက်ထားသည့် ရက်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အား တာဝန်မှရပ်စဲကာ ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားအား နာခံဦးညွှတ်မည့်သူများဖြင့် အစားထိုးခန့်အပ်မှုများကို ပြည်သူ များအနေဖြင့် လုံးဝအသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRCH) က ဖေဖော်ဝရီလ ၂၁ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာတောင်းဆိုလိုက်သည်။ ထိုကဲ့သို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစားထိုးခန့်အပ်လာခြင်းသည် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ သြဇာ အာဏာကို ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများအထိရောက်ရှိခြေကုပ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာသိမ်းလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသည့် အစိုးရဝန်ထမ်းနှင့် အရပ်သားများ အား ဖမ်းဆီးနှိပ်ကွက်ရေးအတွက်သာဖြစ်သည်ဟု CRCH က သုံးသပ်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဆလိုင်မျိုးထိုက်က “ စစ်အာဏာရှင်ဆိုတာကတော့ တကယ်တမ်း ပြောရမယ်ဆိုရင် ပြည်သူတွေရွေးချယ်ခန့်ထားတဲ့အဖွဲ့မဟုတ်ဘူးလေ၊ သူတို့က အာဏာကို သိမ်းပြီးမှ လုပ်ထားတဲ့ကိစ္စတွေ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကျတော့ ဒီနေ့ပြည်သူတွေရွေး ချယ်ထားတဲ့ ကိုယ်စားလှယ်သာလျှင် ပြည်သူတွေရွေး ချယ်ထားတဲ့ အစိုးရသာလျှင် ကျွန်တော်တို့ရဲ့ အစိုးရဖြစ်တယ်၊ အခုလက်ရှိရွေးချယ်ထားတဲ့ကိုယ်စားလှယ်နဲ့ ဖွဲ့ထားတဲ့ ဟာက ပြည်သူတွေရဲ့ ကိုယ်စားဖြစ်တယ်ဆိုတဲ့ အနေနဲ့ ကျွန်တော်တို့ ထုတ်ပြန်တာ ဖြစ်တယ်။” ဟု ပြောသည်။ ယခုလက်ရှိ ချင်းပြည်နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး မည်မျှတာဝန်မှရပ်စဲပြီး မည်မျှ အစားထိုးခန့်အပ်ထားမှု အခြေအနေကိုမူ မသိရသေးပေ။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာမူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအနည်းဆုံး ၁၅ ဦးခန့်က စစ်ကောင်စီမှတိုက်ရိုက်ခန့်အပ်မှုရှိနေပြီဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူလူထုအနေဖြင့် မိမိတို့၏ လွတ်လပ်မှုနှင့်…

Read More

#Unicode By Benezer – ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းပြည်သူလူထု၏ ဘိုးဘေးခေတ်ကတည်းက ဒီမိုကေရစီအား လိုလားခဲ့သည့် စိတ်ဓာတ်ကို ပြသသည့်အနေဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်ဟားခါးမြို့ပြည်သူလူထုက သီးခြားကျင်းပမည်ဟု သိရသည်။ ”အဓိကအကြောင်းရင်းကတော့ ချင်းအမျိုးသားနေ့ရဲ့ အနှစ်သာရကိုက ချင်းပြည်သူလူထုကနေပြီးတော့ ဒီမိုကေရစီကို လက်ခံတယ်ဆိုတာကို ပထမဆုံး လူထုအစည်းအဝေးတုန်းကနေ ဆုံးဖြတ်တဲ့ အထိမ်းအမှတ်အနေနဲ့ လုပ်တာဖြစ်တယ်၊ အခုလည်း ဒီမိုကရေစီအတွက် တိုက်ယူနေတဲ့ ကာလဖြစ်တဲ့အတွက် အရေးကြီးတဲ့အချိန်ဖြစ်တယ်၊ ချင်းလူမျိုးတွေအနေနဲ့ ဒီမိုကေရစီကို ဘိုးဘွားခေတ်ကတည်းကနေ ဘယ်လောက်ထိလိုချင်ခဲ့လဲဆိုတာကို ပြန်သတိပေးတဲ့အနေနဲ့ လည်းဖြစ်တယ်၊ ဒီမိုကရေစီအတွက် တိုက်ယူနေတဲ့အချိန်မှာ အားတက်စေဖို့အတွက်လည်း ဒီပြဲကိုလုပ္တာပါ” ဟု ဟားခါး CDM လှုပ်ရှားမှု ကူညီရေးအဖွဲ့တွင် ပါဝင်သူ မိုင်သင်းယုမွန်ကပြောသည်။ ဟားခါးမြို့တွင် ကျင်းပမည့် ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့အား စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် လှည့်လည်ဆန္ဒထုတ်ဖော်ပွဲအပြီးတွင် Carson Hall ဘေးရှိ ကွင်းပြင်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ မနက်ဖြန်တွင် ကျင်းပမည့် ချင်းအမျိုးသားနေ့တွင် ဟောပြောပွဲများ၊ ရိုးရာအကများ၊ ရိုးရာအစားအစာ ေကျွးမွေးခြင်း နှင့် အခြားဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကာ Chin Association for Christian Communication (CACC) အဖွဲ့မှ လည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ချင်းအမျိုးသားနေ့ အခမ်းအနားအား အာဏာတပ်မတေယ်မှ ဖွဲ့စည်းထားသည့် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လည်း ဟားခါးမြို့ရှိ မြို့တော်ခန်းမတွင် အကျဉ်းရုံးသဘောဖြင့် ကျင်းပသွားမည် ဖြစ်ပြီး မည်သည့်အစီအစဉ်များ…

Read More

#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်ကြသည့် ယာယီဝါးအိမ် ၁၆၀ ခန့်သည် ပိုး ထိုးကာ ပြိုကျပျက်စီးမှုများရှိနေသည့်အတွက် နေထိုင်ရန်အခက်အခဲကြုံတွေ့နေရသည် ဟု ဆမီီးမြို့ စစ်ဘေးရှောင်အေ ရး ကူညီဆောင်ရွက််ပေးနေသူ ဦးပြည်ဆုကပြောသည်။ အခုလောလောဆယ်ကဘာမှ လုပ်လို့ရတဲ့အခြေအနေမရှိဘူး၊ ပြည်တွင်းပြည်ပ ကအလှူရှင်တွေနဲ့ လည်းအဆက်အသွ ယ္မရဘူး။ အရမ်းခက်ခဲနေပါတယ်၊ ရန်ပုံငွေလည်း ကုန်နေပါပြီ၊ အခုတန်းလျာ အရှည်ကြီး ဆောက်ထားတဲ့ဟာက အကုန်လုံးပျက်တော့ ကြမ်းပြင်နဲ့မြေက တညီတည်းဖြစ်သွားလို့ ပြုပြင်စရာတွေအများကြီးရှိတယ်၊ အိမ်ခြေ ၁၆၀ လောက်ရှိတယ်၊ သူတို့ကနေလု့ိကို အဆင်မပြေတော့တဲ့ အနေအခြေဆိုးနေတယ်၊ မိုးရာသီမဟုတ်လို့ တော်သေးတယ်၊ တကယ့်ကိုမှ ခက်ခက်ခဲခဲနေကြရတယ်၊ ဟု ဦးပြည်စုက ပြောသည်။ ဆမီးမြို့စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် ယာယီဝါးအိမ်များသည် ချင်းပြည်နယ်အစိုးရ နှင့် စေတနာရှင် ပြည်သူများ၏ လှူဒါန်းမှုဖြင့်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအချိန််တွင် အဆိုပါဝါးအိမ်းများသည် ပိုးထိုး၍ ပျက်စီးနေပြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် အလှူရှင်များ မရှိသောကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူတစ်ဦးကလည်းပြောသည်။ ”ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းမှာ အဆောင်အပျက်အစီးရှိတော့ ပြန်လည်ပြီးတော့ အသစ်ဆော က်ချင်တာတွေရှိ တယ်၊ ကျွန်တော်တို့က ကိုယ့်ရွာတွေကို ပြန်လို့ရ မရဆိုတာလည်းရှိတော့ ဒီမှာဆက် နေရမယ်ဆိုရင် အဆောင်၊ တနိးလျား တွေလည်း နေလို့မရဘူး။ အကုန်လုံး ကြမ်းတွေပြို၊ ခေါင်မိုးတွေ လည်းပြိုပြီးတော့ မိုးရွာမယ်ဆိုရင် နေစရာလည်း မရှိတော့ ဘူး။ အကုန်လုံး ဒုက္ခရောက်ကုန်တယ်။ အခုဒီတလောမှာကူညီထောက်ပံ့ဆိုတာလည်းမရှိဘူး၊ ဘာအဖွဲ့အစည်းမှမရှိဘူး၊ စစ်ဘေးရှောင်စခန်းမှာ ဆိုတော့ အလုပ်လက်မဲ့ဖြစ်တော့…

Read More

#Unicode BY လားနွန် – တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆင်နွှဲနေသည့် Civil Disobedience Movement (CDM) အပါအဝင် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးပြီး ပြည်သူလူထုနှင့်အတူ ခိုင်မာစွာရပ်တည်သွားမည်ဟု ချင်းအမျိူးသားတပ်ဦး(CNF) က မနက်ဖြန်ကျရောက်မည့် ၇၃ နှစ်မြောက်ချင်းအမျိူးသားနေ့ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ချင်းအမျိူးသားပါတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ အခုစစ်တပ်ကနေ အာဏာယူလိုက်တာဟာ တင်းပြည့်ကျပ်ပြည့်မဟုတ်သေးတဲ့ ၇၅ ရာခိုင်နှုန်းသော အရပ်ဘက်အုပ်ချုပ်တဲ့ ဒီမိုကရေစီ နောက်ပြန်လှည့်သွား တယ်လို့ ဆိုရမှာပဲ၊ အဲဒါကို ဝန်ထမ်းတွေအပါအဝင်ပြည်သူလူထုအလွှာပေါင်းစုံကနေ မလိုးလားဘူး နည်းမျိူးစုံနဲ့ဆန္ဒဖော်ထုတ်ကြ တယ်၊ CNF ကလည်း ပြည်သူ့ဆန္ဒနဲ့တထပ်တည်းရှိပါတယ်’’ ဟု ပြောသည်။ ယခုလက်ရှိတွင် ချင်းပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ သမိုင်းဝင်မည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလူထုလှုပ် ရှားမှုကြီးဖြစ်ပေါ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွင် ပြည်တွင်းပြည်ပရှိ ချင်းအမျိူးသားများ၏ စုပေါင်းဆောင်ရွက်မှုမှာ အားရ ကျေနပ်ဖွယ်ကောင်းလှကြောင်း ချင်းပြည်နှင့် ပြည်ထောင်စုလွပ်လပ်မှုအတွက် တက်ညီလက်ညီစုပေါင်းဆောင်ရွက်ခြင်းကို ချီးကျူးဂုဏ်ပြုသည်ဟု CNF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ယခုကာလသည် ချင်းလူမျိုးတို့၏ နိုင်ငံရေးလိုလားချက်များဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့အတွက် နိုင်ငံရေးအဆုံးအဖြတ် ပြုလုပ်မည့် အချိန်ကာလဖြစ်ပြီး ချင်းတို့၏ ကံကြမ္မာကို ချင်းတို့ကိ်ုယ်တိုင် ဆုံးဖြတ်စီမံနိုင်ရေးအတွက် ချင်းအမျိုးသားရေးအသိနှင့် ချင်းမျိုးချစ်စိတ်ဓာတ်ကို အမြင့်ဆုုံးသို့ မြှင့်တင့်ပြီး မိမိတို့၏ စုပေါင်းအင်အားကို ညီညွတ်မှုဖြင့် တည်ဆောက်ကြရမည်ဟု CNF က တိုက်တွန်းထားသည်။ ထို့အပြင် စစ်အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြသည့်ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်နှိမ်နှင်းခြင်းမပြုရန် မြန်မာ့တပ်မတော်နှင့် မြန်မာ့ရဲတပ်ဖွဲ့အားအလေးအနက် တောင်းဆိုကြောင်း…

Read More