စစ်တပ်၊ ရဲနှင့် အစိုးရအရာရှိ တချို့  ပါဝင်ပတ် သက်သည် ဟု ယူဆရသည့် Pseudoephedrine ဆေးပြား အခွံကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Moreh မြို့  ရှိ မြစ်တခုကို တမိုင် နီးပါးခန့်  ဖုံးလွှမ်း လျက်ရှိ သည်ကို တွေ့ ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ အတွင်းရှိ pharmaceutical ကုမ္ပဏီများမှ ထုတ်လုပ်သော ယင်းဆေးပြား များကို အိန္ဒိယ နိုင်ငံ အနှံ့ မှ သယ်ယူကြပြီး အမှတ် (၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေး လမ်းမှ တဆင့် မြန်မာနိုင်ငံ ဘက်သို့  တင်ပို့ လျက်ရှိကြောင်း ၂၀၁၃ခုနှစ် မေလ (၁၇) ရက်နေ့ ထုတ် The E-Pao အင်တာ နက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
Author: Editor
မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသား အများစုနေ ထိုင်သည့် ရပ်ကွက်ဖြစ်ကြသော Rangvamual နှင့် Phunchawng ရပ်ကွက်ရှိ မိသားစုအိမ်ခြေ ၁၂၀ ကျော်ကို Central Young Mizo Association (CYMA) မှ မောင်းထုတ်ခဲ့သည်။ ဧပြီလကုန်ပိုင်းကတည်းက မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး NGO ဖြစ်သော CYMA တာဝန်ရှိ သူ များနှင့် အိမ်ရှင်များဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေး ချက်အရ တရားမဝင်နေထိုင် သူ နိုင်ငံခြား သား များအပါအဝင် အရက်ချက်လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိသားစုများကို မေလ ၁၅ ရက်နေ့ မတိုင်ခင် ရပ်ကွက်မှ ထွက်သွားရန် အသိပေးထားပြီဖြစ်ကြောင်း ယနေ့ ထုတ် The Aizawl post သတင်းစာတွင် ဖေါ်ပြထားသည်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ တွင် မနေ့ ညက မော်တော်ဆိုင်ကယ်နှစ်စီး ရုတ်တရက် တိုက်မိရာ လူငယ် (၃) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံးတင်နေရကြောင်း သိရသည်။ မတူပီမြို့  စဘောင်ရပ်ကွတ်ရှိ ဟားခါးနှင့် မင်းတပ်လမ်းစုံတွင် Salai Jessi မောင်း ဆိုင်ကယ်နှင့် ဆလိုင်း လျန်ဒိန်းနှင့် မီဆိုင်းတို့ မောင်းသည့် ဆိုကယ်တို့  ည ၁၁း၀၀ နာရီခန့် တွင် မတော်တဆ တိုက်မိခြင်းဖြစ်ကြောင်း CNF လိုင်စင်ရုံး တာဝန်ကျသူထံမှ သိရသည်။ “ဆလိုင်းရဲဆီးက အရက်မူးနေတယ်လို့  ဆေးရုံးဝန်ထမ်းတွေက ပြောကြတယ်။ သူတို့ မောင်းတဲ့ ဆိုင်ကယ်တွေတော့ ရဲက ထိန်းထားတယ်၊ ဒဏ်ရာပြင်းထန်တယ်ဆိုတော့ သူတို့  မြေပြန့် ဘက် ကိုဆေးကုသဖို့  ပို့ ကြတယ်”ဟု ဆလိုင်း ရိုကုန်းက အင်တာနက်ကတဆင့် ပြောသည်။ ယခုအခါ ဒဏ်ရာရသူများကို မည်သည့် ဆေးရုံတွင် ကုသမည်ကို မသိရသေးကြောင်း၊ ဆေးကုသ မည့်နေရာကို သူတို့ ဖာသာ စီစဉ်သွားမှာဖြစ်ကြောင်းလည်း ဆလိုင်းရိုကုန်း ခိုနူမ်းထုန်သထင်းဌာန ကိုပြောကြားခဲ့သည်။ မတူပီမြို့ ပေါ်တွင် တရုတ်လုပ် မော်တော်ဆိုင်ကယ် ၁၀၀၀ ခန့် ရှိမည်ဖြစ်ပြီး အများအားဖြင့် ဆိုင် ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် မရှိသူ အများအပြား ရှိနေကြောင်း သိရသည်။ တရုတ်လုပ် မော်တော်ဆိုင်ကယ်တစီးလျင် ၁၂၅ စီစီကို ၅၇၀၀၀၀ ကျပ်ငွေဖြင့်၎င်း၊ ၁၁၀ စီစီကို…
၂၀၁၃ခုနှစ် မေလ (၃)ရက်နေ့ ၌ ချင်းပြည် နယ် တောင်ပိုင်း မတူပီမြို့  နယ် ဆဘောင်း သဲ ကျေး ရွာ တွင် အိန္ဒိယ နိုင်ငံ ထုတ် Pseudoephedrine ဆေးပြား ကျပ်ငွေ သန်း ၅၁၁ ဖိုးခန့် ဒေသခံ အာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။ ဆဘောင်းသဲကျေးရွာ တပ်စခန်းရှိ တပ်မတော် သားများကအိန္ဒိယနိုင်ငံမှသယ်ယူ သည့်ဆေးပြား အလုံး ၃၆၅၀၀၀၀ ကိုဖမ်းဆီးခဲ့ကြောင်း၊ ယင်းဆေးပြားများကို မတူပီမြို့  ရဲစခန်းသို့  လွှဲပေး ခဲ့ကြောင်း ယနေ့  ထုတ် The Matupi Times သတင်းစာတွင် ဖေါ်ပြထား သည်။
မီဇိုရမ်ပြည်နယ်၏ NGO များဖြစ်ကြသော Mizo Zirlai Pawl (MZP) နှင့် Mizo Students’ Union (MSU) တို့ ပူးပေါင်းပြီး Saikhumphai ဒုက္ခသည်များ အတွက် ရန်ပုံငွေ ရှာပေး သည့် အနေဖြင့် မီဇိုရမ် ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အလှူခံပုံးများထားကာ ရန်ပုံငွေရှာပေး မည်ဖြစ်ကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်ကို ၂၀၁၃ခုနှစ်၊ မေလ (၆) ရက်နေ့  MSU ၏ဗဟိုဌာနချုပ် တွင် ပြုလုပ် သည့် အစည်းအဝေးက ချမှတ်ခြင်းဖြစ်ကြောင်း ယနေ့ ထုတ် The Aizawl Post သတင်းစာတွင် ဖေါ်ပြ ထားသည်။ “ယင်းကိစ္စကြောင့် မကျေနပ်တဲ့သူ၊ စိတ် ကသိကအောင့်ဖြစ်တဲ့သူ ရှိခဲ့ရင် တောင်းပန်လိုပါတယ်။ ဒီရွာမှာ လူဆိုး၊ လူမိုက်တွေလည်းရှိနိုင်ပေမဲ့ မီဇိုလူမျိုး အချင်းချင်းဖြစ်ကြတဲ့အတွက် ဒုက္ခရောက် နေ တဲ့ သူတွေကို ကူညီသင့်တယ်” ဟု MZP ဥက္ကဌ James Thanghmingmawia က ပြောခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က မီဇိုရမ်ပြည် နယ် Champhai ခရိုင်ရှိ Saikhumphai ကျေး ရွာ၏ စာသင်ကျောင်းနှင့် ဘုရားကျောင်း ကလွဲပြီး လူနေ အိမ် ၄၀ ကို Vaphai ကျေး ရွာလူထုမှ မီးရှုခဲ့ သည့်အပေါ် မီဇိုရမ် NGOs များက ပြစ်တင် ရှုတ်ချခဲ့ကြသည်။ ယခုကဲ့သို့  မီးရှုခံလိုက်ရသည့်အတွက် လူဦးရေ ၂၀၀ ကျော်မှာ စားဝတ်နေရေး အလွန် အခက်အခဲ ကြုံတွေ့ကြရပြီး မီးရှို့ လိုက်သည့် အပေါ် မီဇိုရမ်ပြည်နယ်ရှိ NGO အသီးသီးက မီဇိုရမ် အစိုးရနှင့် Vaphai လူထုအား ပြစ် တင်ရှုတ်ချ လိုက်ကြ သည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ က မြန်မာနိုင်ငံ သို့  တင်ပို့မည့် ဆေးပြား ရူပီးငွေသိန်း ၃၆၀ ကျော်ဖိုး မီဇိုရမ်ပြည်နယ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ အာဏာပိုင်များက မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်မှ Champhai သို့ သွားမည့် Tata Mobile (207) ကားကို တားပြီး စစ်ဆေးခဲ့ရာ Pseudoephedrine ဆေးပြား အလုံး သိန်း ၆၀ ကျော်၊ ရှုပီး ၃,၆၉,၃၂,၄၇၁ တန်းဖိုးရှိသည့် ဆေးပြားကို ဖမ်းဆီးမိ ခဲ့ကြောင်း ဒေသထုတ် သတင်းစာ တွင် ဖော်ပြ သည်။ ကားသမားပြောကြားချက်အရ “ဆေးပြားပိုင် ရှင်ဖြစ်သူ Pathanga က ကားပစ္စည်း ဖြစ်တယ် ဆိုပြီး ၂၆ အိတ်ရှိတဲ့ ဆာလာအိတ်ကို တင်ပေးဖို့ပြောပါတယ်၊ သူကတော့ Champhai ကနေဘဲ စောင့်နေ မယ်ဆိုပြီး အခြားကားနဲ့ ထွက်သွားခဲ့တယ်။ ဆေးပြားမှန်းမသိလို့ တင်မိတာပါ” ဟု ဆိုသည်။
ချင်းလူမျိုးအများစုနေထိုင်သည့် အိန္ဒိယ အရှေ့ မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်ရှိ Saikhumphai ကျေးရွာရှိ လူနေအိမ် ၄၀ လုံးကို ဒေသခံလူထုက မီးရှို့  လိုက်တယ်လို့သိရသည်။ ဧပြီလ ၂၉ ရက် မနက်ပိုင်းက Saikhumphai ကျေး ရွာရှိ ချင်းလူမျိုး များနေထိုင်နေကြ သည့် နေအိမ် ကို Vaphai လူထု ၁၀၀ ကျော်က မီးရှို့  ဖျက်ဆီးလိုက်ကြောင်း လို့ Saikhumphai ကျေး ရွာနေ ချင်းအမျိုး သားတဦးက ပြောပါတယ်။
CNF က ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၅-၂၆) ရက်နေ့ များ၌ ချင်းပြည် နယ်၊ တောင် ပိုင်း ကန်ပက်လက် မြို့ ပြည်သူ များနှင့် ဇလပ်ဝါ ခန်းမတွင် လူထု တွေ့  ဆုံဆွေးနွေး ပွဲပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါလူထုတွေ့ ဆုံပွဲတွင် ဒေသခံပြည်သူ စုစုပေါင်း (၃၀၀) ခန့်တက်ရောက်ကြောင်း၊ သဘာပတိ အဖြစ် ကန်ပက်လက်မြို့ ဒေသခံ ရပ်မိရပ်ဖမှ ဦးထန်းမနားနှင့် အခမ်းအနားမှူး အဖြစ် ဒေါ်နန်းချယ်ရီတို့ကဆောင်ရွက်ပေးကြောင်း တွေ့ ဆုံပွဲတွင် ပါဝင်သူ တစ်ဦးကဆို သည်။
၂၀၁၃ခုနှစ် ဧပြီလ (၂၃)ရက်နေ့ မှ စပြီး မြန်မာနိုင်ငံ၊ ချင်းပြည် နယ် မြို့ တော် ဟားခါးတွင် ၁၅၀၀ ကျပ် တန်ဖိုးရှိ ဖုန်းကတ် များ ရောင်း ချပေးနေပြီဖြစ်ကြောင်း သိရသည်။ ဟားခါးမြို့  ပြည်နယ် ဆက်သွယ်ရေးရုံး တွင် လျှောက်ထားလို သူများသည် အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံ တင် မိတ္တူ (၂) ခုစီ၊ လျှောက်လွှာများဖြင့် လျှောက် ထားနေပြီဖြစ်ကြောင်း ဧပြီလ ၂၆ ရက်စွဲဖြင့် ထုတ်ဝေ သည့် The Hakha Post သတင်းစာ တွင်ဖေါ်ပြထားသည်။ ဟားခါးမြို့ တွင် ဖုန်းကတ် ၇၅၀ သာချပေးသောကြောင့် အိမ်ထောင်စု တစ်စုမှ လူတစ်ဦး စီသာ လျှောက် ထားနိုင်ပြီး အစိုးရ၀န်ထမ်းများကို လျှောက်ထားခွင့်မရှိကြောင်း သိရသည်။
