ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် Mindat-CDF အကြားတိုက်ပွဲဖြစ်ပွားခဲ့သည့် ၄၅ ရက်တာကာလအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကစပြီး “We Support NUG” ဟူသည့် စာတမ်းကပ်သပိတ်ပြုလုပ်သူများကို ဖမ်းဆီးရာ၊ အပြစ်မဲ့ပြည်သူများအား ပစ်ခတ်ရာမှစ၍ စကစတပ်များနှင့် Mindat-CDF တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ ထိုနေ့မှစ၍ ဇွန်လ ၈ နေ့အထိ (၄၅ ရက်တာ) ကာလအတွင်း Mindat-CDF နှင့် စကစတပ်အကြား အကြိမ် (၂၀) ကျော် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲများအတွင်း CDF-Mindat အနေဖြင့် စစ်ကား ၆ စီးကို မီးရှိုဖျက်ဆီးနိုင်ခဲ့ပြီး စကစတပ်သား ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့သည်ဟု Mindat-CDF က ယမန်နေ့က ထုတ်ပြန်ထားသည်။ Mindat-CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “စစ်ကောင်စီဘက်က စသေဆုံးတာက ဧပြီ ၂၆ မှာ ရဲသားတစ်ဦး စစ်သားတစ်ဦးသေတယ်၊ ၂၇ မှာတော့ စစ်ကောင်စီဘက်က ၂၀၊ ၃၀ လောက်သေတယ်၊ အဲဒီနောက်ပိုင်း မေလမှာ တောက်လျှောက်တိုက်ပွဲဖြစ်တော့ ဂေါက်ကွင်းတိုက်ပွဲ၊ အနောက်တိုက်ပွဲတွေမှာလည်း ၆၀ ကျော်ကျော်သေဆုံးတယ်၊ အကုန်လုံးခြုံလိုက်ရင် ချောင်းဆုံတိုက်ပွဲ၊ ယှက်တိုက်ပွဲတို့ ပြန်ခြုံလိုက်တော့ ၂၀၀ ဝန်းကျင်ဖြစ်သွားတာပေါ့၊ အတိကျတော့မသိနိုင်ဘူး” ဟု ပြောသည်။ မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း Mindat-CDF ဘက်မှလည်း အကျအရှုံးများရှိခဲ့ပြီး မေလ ၁၃ ရက်မှ ဇွန်လ…
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၂ ဦးထိရှိခဲ့ပြီး ၂၂ ယောက် ပြန်ကောင်းသွားပြီဖြစ်ကာ ယခုလက်ရှိတွင် အယောက် ၉၀ ကုသမှုခံယူလျှက်ရှိသည်ဟု ပလက်ဝမြို့၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုးသက်ဝင်းက ပြောသည်။ “တစ်မြို့နယ်လုံးမှာ ၁၁၂ ဦးရှိတယ်၊ အဲဒီထဲမှာမှ ၂၂ ယောက်ပြန်ကောင်းသွားတယ်၊ လတ်တလော အယောက် ၉၀ က ကုသမှုခံယူနေတယ်၊ အခြေအနေဆိုးတဲ့လူနာမရှိဘူး၊ သေဆုံးလူနာမရှိသေးဘူး” ဟု ဒေါက်တာစိုးသက်ဝင်းက ပြောသည်။ အဆိုပါပိုးတွေ့လူနာများမှာ ပလက်ဝမြို့ပေါ်တွင် ပိုးတွေ့လူနာ ၇၃ ဦး၊ မြိတ်ဝကျေးရွာတွင် ၁၅ ဦးနှင့် ဆမီးမြို့တွင် ၂ ဦးတို့ဖြစ်ကြပြီး ကုသရေးပိုင်းတွင် လတ်တလော အခက်ခဲမရှိသေးကြောင်း ဒေါက်တာက ဆက်ပြောသည်။ “လတ်တလောတော့ အဆင်ပြေတယ်၊ အဆင်ပြေတယ်ဆိုတာက နည်းနည်းတော့ ကြိုစီစဉ်ရတာမျိူးတော့ရှိတယ်၊ ကျနော်တို့ဆီကိုရောက်ဖို့က လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတော့ သူများတွေမှာ တစ်လစာလောက်ပေးတောင်းလို့ရှိရင် ကျနော်တို့မှာ ၆ လစာလောက် ပိုတောင်းရတာမျိူးတွေ ပြင်ဆင်ရတာပေါ့၊ နောက်တစ်ခုကတော့ ဒီဘက်ကနေ ကျောက်တော်ကို ရေလမ်းပဲသုံးလို့ရတယ်လေ၊ လူနာလွှဲမယ်ဆိုလို့ရှိရင် အခက်အခဲရှိတာပေါ့၊ စက်လှေဆိုတဲ့ဟာက အကုန်လုံးရောပြီးလိုက်သွားရမှာကိုး၊ ပိုတွေ့လူနာတွေတွဲရမယ်ဆိုတော့ နည်းနည်းအခက်ခဲရှိနိုင်တယ်” ဟု ဒေါက်တာစိုးသက်ဝင်းက ပြောသည်။ ပလက်ဝမြို့ပေါ်ရှိ ကိုဗစ်ပိုးတွေ့လူနာများနှင့် ထိစပ်ပြီး Quarantine ဝင်နေသူ ၁၈၀ ဦးခန့်ရှိပြီး ပလက်ဝမြို့ အ.ထ.က (၁) စာသင်ကျောင်းဆောင်တွင် သီးသန့်ထားရှိသည်ဟုလည်း သိရသည်။ ပလက််ဝမြို့တွင် ပြီးခဲ့သော ဇွန်လဆန်းပိုင်းက ကိုဗစ်ပိုးပြန်လည်တွေ့ရှိလာခဲ့ပြီး ယခုလထဲတွင် ကိုဗစ်ပိုးကူးစက်ခံရမှု မြင့်တက်လာခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများလည်း Quarantine နေရသောကြောင့်…
ချင်း (ဇိုး) မျိုးနွယ်စုများ ပေါင်းစည်းရေးအတွက် တတ်အားသရွေ့ကြိုးပမ်းသူ မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte က မြန်မာနိုင်ငံရှိ ချင်း (ဇိုး) မျိုးနွယ်စုများအတွက် အရေးတကြီးလိုအပ်နေသော Oxygen Concentrators (၄) လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia က အဆိုပါ Oxygen Concentrators (၄) လုံးကို Zofa Global Network (ZGN) အဖွဲ့မှတဆင့် မြန်မာနိုင်ငံရှိ ချင်း (ဇိုး) မျိုးနွယ်စုများထံ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte တို့ မိသားစုတို့မှ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ် ၃၀၊ အာလူး အိတ် ၃၀၊ သကြား အိတ် ၁၀၊ ဒိုင်းလွပဲ အိတ် ၂၀ နှင့် ကြက်သွန်နီ ၅ အိတ် ကိုလည်း လှူဒါန်းခဲ့သည်။ အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအနည်းငယ်ကဘဲ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga နှင့် ပြည်နယ်လွတ်တော်အမတ် Pu Ramthanmawia တို့နှစ်ဦးတို့က စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွက် အောက်စီဂျင်ဗူး ၁၁၉ လုံး လှူဒါန်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာရွာက ဖမ်းဆီးခံခဲ့ရသည့် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီက တမူးမြို့ရဲစခန်းကို လွဲပြောင်းပေးလိုက်ပြီဟု သိရသည်။ “ဖမ်းဆီးခံရတဲ့သူ ၄ ယောက်က တပ်စခန်းကနေ တမူးရဲစခန်းကို လွဲပြောင်းပေးလိုက်ပြီ၊ သူတို့ကိုယ်တိုင်က အဝတ်အစားတွေ ပို့ပေးဖို့အတွက် မိသားစုတွေကို ဖုန်းဆက်အကြောင်းကြားလာကြတော့ မိသားစုဝင်တွေက တနေ့က ပစ္စည်းတွေသွားပို့ပေးကြတယ်။ အချုပ်ထဲကနေ ဖုန်းနဲ့တော့ စကားပြောလို့ရတယ်၊ တွေ့လို့တော့မရဘူး။ ကိုဗစ်ကြောင့်လို့ပြောတယ်၊ ကျန်းမာရေးတော့ ကောင်းကြပါတယ်။ ၄ ယောက်စလုံးလို့တော့ပြောတယ်၊ သူတို့အဝတ်အစားတွေကို တဆင့်ပေးရတာဆိုတော့ လူကိုယ်တိုင်တွေ့မှ အသေးစိတ်သိရမယ်၊ ဘာကြောင့်ဖမ်းတယ်၊ ဘာပုဒ်မတပ်တယ်ဆိုတာလည်း မသိရသေးဘူး၊ ကလေးတွေက ဘာအပြစ်မှမရှိကြဘူး၊ လယ်တောသွားရင််း အဖမ်းခံရတာ” ဟု ဒေသခံတစ်ဦးကပြောသည်။ ၎င်းတို့ ၄ ဦးကို ဇူလိိုင်လ ၉ ရက်နေ့ ည ၁ဝ နာရီအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တမူးမြို့ရဲစခန်းတွင် ထားရှိသည်ဟုသိရသည်။ ကျွန်းပင်သာရွာက အဖမ်းခံရသူ (၄) ဦးမှာ ကိုဟင်လင်းမာန်၊ ဦးရမ်လင်မုံ၊ ကိုဆွန်မင်ထန်၊ ကို Lal Lin San တို့ဖြစ်ကြပြီး တမူးရဲစခန်းက လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘဲ ရုံးချိန်းရှိတဲ့အခါ မိသားစုဝင်များကို ထပ်မံအကြောင်းကြားလာမည်ဟု ပြောဆိုကြောင်း သိရှိရသည်။ ဇူလိုင် ၁၀ ရက်နေ့ညတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တမူးခရိုင်၊ နောင်ကတ်ရွာသစ်က ချင်းလူငယ် ၄ ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းဖျောက်ပစ်ခဲ့ကြသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့က နေရပ်ပြန်လာသော မိသားစု (၆) ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်ကြသည်ဟု သိရသည်။ “ဒီနေ့ထိတော့ ကိုဗစ်လူနာ ၆ ယောက်ပဲ၊ ထပ်တိုးတာတော့မရှိဘူး၊ သူတို့က အရင်တုန်းက ကန်ပက်လက်မှာ တိုက်ပွဲတွေအရမ်းပြင်းထန်တော့လေ ရန်ကုန်ကိုသွားရှောင်တာ၊ အခုတိုက်ပွဲတွေ ငြိမ်တယ်ဆိုတော့ တနေ့က ပြန်လာတာ၊ မိသားစုဝင်တယောက်က နည်းနည်းနေမကောင်းတာဖြစ်တယ်ထင်တယ်၊ ဆေးရုံမှာ ဆေးစစ်တော့ ပိုးတွေ့တာနဲ့ ဆေးရုံဝင်းထဲက အဆောင်တခုမှာ သီးသန့်ထားကြတယ်၊ အခုနေတော့ ကောင်းတယ်၊ ကျန်းကျန်းမာပါပဲ။ သူတို့က ကန်ပက်လက်ဇာတိပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ပိုးတွေ့လူနာများသည် ကန်ပက်လက်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့နှင့် ထိစပ်သူများကိုလည်း မိမိတို့နေအိမ်တွင် ၁၄ အကြာ Home Quarantine ဖြင့် အသွား/အလာ ကန့်သတ်ထားရှိသည်ဟု သိရသည်။ ကန်ပက်လက်မြို့ ကိုဗစ်ပိုးတွေ့လူနာများ ဆေးကုသမှုခံယူနေစဉ် လိုအပ်သော ကူညီမှုများကိုလည်း မြို့နယ်ကြက်ခြေနီအဖွဲ့က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ကန်ပက်လက်မြို့၊ ပြည်သူ့ဆေးရုံတွင် တာဝန်ယူကြပ်မတ်ပေးသော ဆရာဝန်တစ်ဦးနှင့် အခြားသူနာပြုဆရာများရှိပြီး လက်ရှိတွင် ကိုဗစ်လူနာ ၆ ဦးရှိသေးသောကြောင့် ဆေးဝါးနှင့် ကုသရေးအပိုင်းတွင် အဆင်ပြေနေသေးကြောင်းလည်း သိရသည်။
ကလေးမြို့နယ် တောင်ပိုင်းဘက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် PDF Kalay တပ်ဖွဲ့များ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁၇) ဦးသေဆုံးပြီး PDF kalay မှာ (၂) ဦးကျဆုံးခဲ့ကြောင်း People’s Defence Force (Kalay) မှ ထုတ်ပြန်ထားကြောင်း သိရသည်။ ကလေးမြို့နယ် တောင်ပိုင်းဒေသရှိ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နှင့် အရှေ့စည်းရွာများသို့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်အကြမ်းဖက်စီးနင်းရန် ဆက်တိုက်ကြိုးပမ်းခဲ့ရာ အဆိုပါရွာများ အနီးဝန်းကျင်နယ်မြေတဝိုက်တွင် PDF (Kalay) တပ်ဖွဲ့များနှင့် ထိတွေ့မှု တောက်လျှောက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ PDF (Kalay) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ပွဲဆင်နွဲခြင်းများဖြင့် တုံ့ပြန်ခဲ့ရာ ညနေ ၇ နာရီခွဲအချိန်ခန့်ထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း PDF (Kalay) တပ်ဖွဲ့များမှ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၇ ဦးကို အပြီးအပြတ် ချေမှုန်းနိုင်ခဲ့သော်လည်း PDF (Kalay) မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးလည်း ထပ်မံကျဆုံးခဲ့သည်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့များက ကျောက်ဖူးနှင့် အရှေ့စည်းရွာများတွင် တပ်စွဲထားဆဲဖြစ်သောကြောင့် အနီးဝန်းကျင်နယ်မြေမှ ပြည်သူများအနေဖြင့် လုံခြုံရေးအသိ၊ သတိရှိစွာဖြင့် သွားလာနေထိုင်ကြပါရန် မေတ္တာရပ်ခံသတိပေးထားကြောင်း People’s Defence Force (Kalay) မှ ထုတ်ပြန်ထားကြောင်း သိရသည်။
မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီ တာဝန်ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ မင်းတပ်မြို့မိ/မြို့ဖတွေရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အာဏာသိမ်းစစ်ကောင်စီ နဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) အကြား ဇွန်လ ၂၀ ရက်နေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ ၁၄ ရက်တာ အပစ်အခတ်ရပ်စဲခဲ့ကြပါတယ်။ နောက်ထပ် အပစ်အခတ်ရပ်စဲဖို့ကိုလည်း ဆက်လက်ညှိနှိုင်းကြမယ်လို့ သိရပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ကာလနှင့် ယနေ့ချိန်ထိ နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ မင်းတပ်မြို့နယ်အတွင်း တည်ငြိမ်းအေးချမ်းမှု အတော်အသင့်ရှိလာပြီဟုဆိုကာ စစ်ဘေးရှောင်ပြည်သူတစ်ချိူ့လည်း နေရပ်ပြန်ကြသူတွေရှိလာကြပြီလို့ သိရပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်အများစုကတော့ တောထဲက စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်ခိုလုံနေရကြရပြီး စားဝတ်နေရေးပိုင်းမှာ ကူညီထောက်ပံ့မှု ဆက်လက်လိုအပ်နေအပ်နေဆဲဘဲလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီ တာဝန်ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ အခုလက်ရှိ မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်စခန်း ဘယ်နှစ်ခုရှိသေးလဲ၊ စစ်ဘေးရှောင်တွေ ဘယ်လောက်လောက်ရှိသေးလဲ။ ဖြေ။ ။ မင်းတပ်မြို့နယ်အတွင်းမှာတော့ ကျွန််တော်တို့ လောလောဆယ်ပြန်ကောက်တာတော့ ၂၀၀၀ နီးပါးရှိမယ်၊ ကျွန်တော်တို့လည်း သိတဲ့အတိုင်းပဲ လိုင်းကလည်းမကောင်းဘူးဆိုတော့ အကုန်လုံးကို ချိတ်ဆက်လို့ရနိုင်သမျှပဲ ချိတ်ဆက်ပြီးမှ ကျွန်တော်တို့လုပ်နေကြတာဆိုတော့ ကျွန်တော်တို့ခန့်မှန်းတာတော့ ဒီလကုန်လောက်ဆိုတော့ အကုန်လုံးရအောင်တော့ ကောက်မယ်ဆိုပြီး လုပ်ထားတယ်။ ပထမအရင်က ၁ သောင်းကျော်တယ်၊ အခုက စစ်ဘေးရှောင် သီးသန့်စာရင်းဆိုရင် ၂ ထောင်ဝန်းကျင်ပဲ ကောက်နိုင်သေးတယ်၊ စစ်ဘေးရှောင် Camp ကတော့ လောလောဆယ် (၇) ခုလောက်တော့ရှိသေးတယ်၊ ဒါပေမယ့် အရင်ကထက် လူဦးရေက နည်းနည်းနည်းတာပေါ့။ မေး။ ။…
ချင်းပြည်နယ် မြောက်ပိုင်းဒေသ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေပြီး သေဆုံးမှုများလည်း မြင့်တက်လျက်ရှိသည်။ ဖလမ်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ဇူလိုင်လ (၁၃) ရက်နေ့အထိ ကိုဗစ်ကြောင့်သေဆုံးသူ (၂၉) ဦးရှိပြီး သေဆုံးသူအများစုမှာလည်း ရောဂါအခံရှိသူများဖြစ်ကြသည်ဟု ဖလမ်းမြို့မှ ကိုဗစ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “မြို့ပေါ်မှ သေဆုံးတာ (၂၅) ဦး မြို့နယ်ကျေးရွာဘက်မှ (၄) ဦးသေဆုံးတယ်၊ အများသောအားဖြင့် ဆေးချိုသွေးချိုတွေများတယ်၊ ဒါလည်းရောဂါအခံရှိလို့ ဖြစ်သွားတယ်လေ၊ ရောဂါအခံမရှိဘဲ သေဆုံးတဲ့သူတွေကတော့ (၄) ယောက်လောက်ဖြစ်မယ်ထင်တယ်၊ ဒီနေ့တော့ သေဆုံးတာမရှိဘူး၊ သာမန်သေဆုံးတာတစ်ဦးရှိတယ်” ဟု ဖလမ်းမြို့မှ ကိုဗစ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဖလမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ကုသရေးပိုင်းတွင် ဆေးရုံမှ အောက်ဆီဂျင်ပြန်ဖြည့်သည့်စက်တွင် တစ်ရက်လျှင် အလုံး (၃၀) သာဖြည့်လို့ရခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှု အခက်အခဲရှိကြောင်း ၎င်းကဆက်ပြောသည်။ ထို့ပြင် တီးတိန်မြို့တွင် ယနေ့ဇူလိုင် (၁၃) ရက်နေ့အထိ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ (၂၀) ကျော်ရှိပြီဟု တီးတိန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး volunteer တစ်ဦးမှ သိရသည်။ “၂၀ ဝန်းကျင်ရှိမယ် (၁၆) ဝန်းကျင်က ဆေးရုံပေါ့၊ ပြီးတော့ အပြင်မှာ သူတို့ဟာသူတို့ test ပြီးတော့ ကိုဗစ်-၁၉ Positive အယောက်ပေါင်းနဲ့ဆိုရင် ၂၀ ကျော်ပေါ့၊ အဓိက ရောဂါအခံရှိတဲ့သူတွေ အများဆုံးသေဆုံးတာ” ဟု တီးတိန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး volunteer တစ်ဦးမှ သိရသည်။…
ချင်းပြည်နယ်၊ မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သော လူငယ်(၅) ဦးကို ယနေ့ ၁ နာရီိတွင် ရုံးထုတ်ခဲ့ပြီး လာမည့် ဇူလိုင် ၂၆ ရက်နေ့တွင် ရုံးပြန်ချိန်းကာ မိသားစုဝင်များက ပြည်နယ် စစ်ကောင်စီထံအသနားခံစာ တင်ရန်စီစဉ်နေကြောင်း သိရသည်။ “ဒီနေ့တော့ ၁ နာရီ ရုံးထုတ်ဖြစ်တယ်၊ မိဘတွေနဲ့ ပေးတွေ့ရပေမယ့် နီးနီးကပ်ကပ် မနေရဘူး.. ခပ်ခပ်ခွာခွာ စကားပြောဆိုရတယ်၊ သူတို့တော့ ကျန်းမာရေးတော့ ကောင်းကြပါတယ်၊ တရားရုံးမှာ အရင်ကဆိုရင် အထဲ မှာ မိသားစုဝင်တွေက ဝင်နားထောင်လို့ရတယ်၊ အခုတော့ မဝင်ခိုင်းတော့ဘူးဆိုတော့ ဘာပြောလဲဆို တာလည်း မသိရတော့ဘူး၊ ကိုဗစ်ကြောင့် ပေးမဝင်တော့ဘူးဆိုတော့၊ အခု သူတို့က ကလေး (၅) ဦးကို အသနားခံစာတင်ခိုင်းတယ်၊ ပြည်နယ်မှာ ဟားခါးကို တင်ခိုင်းတယ်၊ သူတို့ပြန်လွတ်ပေးဖို့ပေါ့လေ” ဟု အမည်မဖော်လိုသည့် ဆွေးမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ ၎င်းတို့ (၅) ဦးကို ဧပြီလ ၇ ရက် ၈ ရက်နေ့တွင် ရဲနှင့်စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မတူပီမြို့တွင် အဖမ်းခံရသူ (၅) ဦးမှာ တက္ကသိုလ်ကျောင်းသား Salai Timothy, Salai Titus, Salai Jahn, Salai Naung Naung နှင့် (Joshep Oxygen) ပရဟိတအသင်းဥက္ကဌ ဦးထွန်းလင်းဦးတို့ဖြစ်ကြပြီး ၎င်းတို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်ရှိ နိုဘလ်ဘော်ဒါကျောင်းဆောင်တွင် ကိုဗစ်ပိုးရှိမရှိယနေ့စစ်ဆေးရာ ကျောင်း သား ကျောင်းသူ ၁၉ ယောက်ထံ ကိုဗစ်ပိုးတွေ့ရှိသည်ဟုသိရသည်။ နိုဘလ်ဘော်ဒါဆောင်တွင် ညအိပ်နှင့်အပြင်မှလာရောက်တက်ရောက်သည့် ၁၀ တန်းကျောင်းသူကျောင်းသား အယောက် ၃၀ ခန့်ရှိသည့်နက် ၁၉ ယောက်ထံကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ပုသိမ်ဘက်မှကျောင်းလာအပ် သည့်တစ်ယောက်ထံမှ စတင်ကူးစက်လာခြင်းဖြစ်နိုင်သည်ဟု နိုဘလ်ဘော်ဒါဆောင်ပိုင်ရှင် ဆရာကျော်ထိုက်ကေ ပြာသည်။ “ပုသိမ်ဘက်ကနေ ကျောင်းလာအပ်တဲ့တစ်ယောက် ပုသိမ်-စစ်တွေ-ကျောက်တော်ရယ်ဖြတ်ပြီးတော့ ပီချောင်းဘက်ကေ နလာတာပေါ့ ကျန်းမာရေးဌာနက သူနာပြုဆရာမတစ်ဦးရဲ့အမျိူးပဲ ကျနော်တို့လည်း ကျောင်းဖွင့်တာမကြာသေးဘူးလေ ကျောင်းလာအပ်တော့ တစ်ညလောက်တော့အိပ်တယ် နေမကောင်းဘူးဆိုပြီး သူ့အမျိူးအိ်မ်ပြန်သွားတယ်၊ ကျနော်တို့ လည်းသတိမထားမိဘူး ဒီမနက်ကျမှဘဲ အဲဒီသူနာပြုဆရာမတို့မိသားစုတစ်စုလုံးက ကိုဗစ်ပိုးတွေ့နေတယ်ဆေးရုံမှာ ဝင်နေရတယ်ဆိုပြီးမှ ကျနော်တို့လည်းစိတ်မချတော့ စစ်ဆေးတာ ကိုဗစ်ပိုးတွေ့တာပေါ့’’ ဟု ဆရာကျော်ထိုက်ကေ ပြာသည်။ နိုဘလ်ဘောဒါဆောင်မှ ပိုးတွေ့လူနာများကို ပလက်ဝမြို့ အ.ထ.က ကျောင်းဆောင်တွင် သီးသန့်ထားရှိရန်စီစဉ်ထားကြ သည်ဟု သိရပြီး ကိုဗစ်ပိုးမတွေ့သည့် ကျန်ကျောင်းသူကျောင်းသားများကိုလည်း ကွာရန်တင်းထားရှိသွားမည်ဟု ၎င်းက ဆက်ပြောသည်။ ယခုလက်ရှိ ပလက်ဝမြို့တွင် နိုဘလ်ဘော်ဒါဆောင်မှ ကျောင်းသူကျောင်းသား ၁၉ ဦးနှင့် အဆိုပါ ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမ မိသားစု ၆ ဦး စုစုပေါင်း ၂၅ ဦးကိုဗစ်ပိုးကူးစက်ခံနေရခြင်းဖြစ်သည်။ နိုဘလ်ဘော်ဒါဆောင်သည် ၁၀ တန်းကျောင်းသူကျောင်းသားများအား သင်ကြားပေးနေသည့် ဘော်ဒါကျောင်း ဆောင်ဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ပလက်ဝမြို့တွင် ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၇ ဦးတွေ့ရှိပြီး ကျန်းမာရေးပြန်လည်ကော င်းမွန်သည့်အတွက် ဆေးရုံမှအသီးသီးဆင်းသွားကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်…
