Author: Editor

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် မဖြစ်နိုင်ကြောင်း  အများပြည်သူ လိုလားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး လုပ်ရမည်ဟု ချင်းအမျိုးသားတပ်ဦး ကိုယ် စား လက်ထောက်အထွေထွေ အတွင်းရေးမှူး (၂) U Khua Uk Lian က ပြောဆိုခဲ့သည်။ ၂၁ ရာစု ပင်လုံညီလာခံက နိုင်ငံရေးအရ သဘောတူညီချက်တစ်ခုထွက်လာရန် ၎င်းသဘောတူညီချက်အပေါ်မှာ ဖွဲ့စည်းပုံ အသစ် ရေးဆွဲမှသာ အများပြည်သူလိုလားသည့် အစိုးရ၊ အများပြည်သူလိုလားသည့် ပါလီမန် ဖြစ်လာနိုင်မှာ ဖြစ်သည်ဟု သူကဆိုသည်။ “၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ လူစုတစ်စုအတွက် အဓိကဦးတည်ရည်ရွယ်ပြီးတော့ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တယ်။ အလွှာပေါင်းစုံသော ပြည်သူလူထုကို ဦးတည်ပြီး ဗဟိုပြုပြုပြီး ရေးဆွဲတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး။”၎င်း ကဆိုသည်။ လက်ရှိလွှတ်တော်များသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာသာ ရှိနေသေး၍ လွှတ်တော်အတွင်း မှ ပြင်ဆင်ရန် ဖြစ်နိုင်မည်မထင်ကြောင်း ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုအတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ၊ လူတစ်စု၊ လူတစ်ဖွဲ့အတွက် ရည်ရွယ်ပြီး ရေးဆွဲသော ဥပဒေဖြစ်သည့်အတွက် ယခုလက်ရှိဖွဲ့စည်းပုံဥပဒေ မှာ ပြည်သူလူထု အတွက် မျော်လင့်စရာမရှိကြောင်း  ဆက်လက်ပြောဆိုပါသည်။ “၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်စကားလုံးသုံးရင်သုံး၊ အသစ်ရေးဆွဲမယ်ဆိုတဲ့စကားလုံး သုံးရင်သုံး ဘာဘဲသုံးသုံး အများပြည်သူလိုတားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ရမယ်။” ၎င်း ကဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီ အထွေထွေအတွင်းရေးမှူး U Gin Kam Lian က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ ဖက်ဒရယ် ရှိလာနိုင်မှာဖြစ်ကြောင်း နှင့်…

Read More

တိုင်းပြည်ငြိမ်းချမ်းရန်အတွက် ပြည်သူလူထုအနေနှင့် သက်ဆိုရာအဖွဲ့အစည်းများမှာ ပံ့ပိုးပါဝင်ပေးခြင်းသည်လည်း အဓိကကျ သည့်အကြောင်းအရာဖြစ်ကြောင်း  ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေ အတွေးရေးမှူး (၂) Pu Khua Uk Lian က ပြောကြားသည်။ “တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ဟာက အဖွဲ့အစည်းတွေ၊ အစိုးရတွေထဲနဲ့မပြီးဘူး၊ ပြည်သူလူထုကြီးပါ မှဖြစ်တယ်။ ခုဆိုရင် အဖွဲ့အစည်းတွေရဲ့ အခြေခံရပ်တည်ချက်၊ အသံတွေက တူနေတယ်၊ အဲဒီတူညီနေတဲ့ အပေါ်မှာ ပြည်သူ လူထုက လည်း ပံ့ပိုးပြီးတော့မှ ငြိမ်းချမ်းရေး အမြန်ဆုံးရနိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်း၊ သက်ဆိုင်ရာလူမျိုးတွေမှာ ပါဝင်ပေးကြပါ” ဟု ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။ သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံကြီးသည် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ အဖွဲ့အစည်းအသီးသီးကို သက်ဆိုင်ရာ ပြည်သူလူထုအနေနှင့်  ပံ့ပိုးကူညီအားပေးကြရန် အဖွဲ့အစည်းနှင့်ပြည်သူ တထပ်တည်းအသံထွက်မှ ငြိမ်းချမ်းရေးကို အလျှင်မြန်ဆုံးရနိင်မည်ဟု ၎င်းကဆက်ပြောကြားသည်။ ၂၁ ရာစု ပင်လုံညီလာခံကြီး၌ ဖတ်ကြားတင်သွင်းသမျှသောစာတမ်းများအရ ၉၅ ရာခိုင်နှုန်းသောစာတမ်းမှာ တူညီနေ သဖြင့် နောက် လုပ်ရမည့် လုပ်ငန်းများအပေါ် လွယ်ကူစေမှာဖြစ်ပြီး ပြည်သူလူထု၏ ပံ့ပိုးအားပေးမှုကလည်း အရေးကြီးလာမည်ဟု သုံးသပ် မိကြောင်း Pu Khua Uk Lian က  ခိုနုမ်းသုန်သတင်းဌာနသို့ ပြောပါတယ်။ “စာတမ်းတွေ သိပ်ကွဲမယ်ဆိုလို့ရှိရင်တော့ စုစည်းဖို့မလွယ်ဘူး၊ အခုတော့ ၁၀၀ မှာ ၉၅ ရာခိုင်နှုန်းက စုစည်းပြီးသားဖြစ်နေတယ်။ အဲဒါက ကျနော်တို့ ညီလာခံရဲ့အမြတ်ဖြစ်တယ်” ဟု မှတ်ချက်ပြုပြောဆိုသည်။

Read More

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို က်မှတ်မရေးထိုးသေးတဲ့အဖွဲ့များအနေဖြင့် လက်မှတ်ရေးထိုးရန် အတွက် ဆိုလျှင် တပ်မတော်၏ သဘောထား ပျော့ပျော့ပြောင်းပြောင်းရှိရန် လိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က အကြံပြုတိုက်တွန်လိုက်သည်။ အဆိုပါကိစ္စကို နေပြည်တော် MICC II တွင် ကျင်းပသော ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့တွင် ဦးထွန်းဇော်က  ခိုနုမ်းသုန်သတင်းဌာနကို ပြောကြားခြင်းဖြစ်သည်။ “NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့ဆိုရင် တပ်မတော်ရဲ့ သဘောထား ပျော့ပျော့ပြောင်းပြောင်းနဲ့ရှိမယ်ဆို ရင်တော့ ကျနော်တို့က ဖြစ်နိုင်တယ်။ တပ်မတော်ရဲ့ သဘောထားက တရားသေပုံစံမျိုး စုပ်ကိုင်ထားတယ်၊ NCA ကို ထိလို့မရဘူးဆိုတဲ့ ပုံစံမျိုးရှိတယ်။ ကျနော်တို့ ပြောနေတာက NCA ကို ထိလို့မရဘူးဆိုရင် NCA ကို ကျော်မယ့်နည်းလမ်း ဘယ်လိုရှာမလဲ၊ နည်းလမ်းရှာဖို့အတွက် ကျနော်တို့ဘက်က အချက် ၈ ချက်ပါတဲ့ အဆိုပြုချက်မူ ပေးထားပြီဖြစ်တယ်။ အဲဒါကို ဆက်ညှိဖို့လည်းရှိတယ်။ အဲဒီနည်းလမ်းနဲ့တော့ ကျနော်တို့ ဆက်လက်ပြီးတော့ နည်းလမ်းရှာမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်မထိုးသေးသောအဖွဲ့များကို NCA လက်မှတ်ရေး ထိုးလာအောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကြိုးမမ်းဆောင်ရွက် ပေးနိုင်မယ် လို့ ယုံကြည်ကြောင်း ကလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အေးအေးမူ (ခ) ရှားမီး…

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဆောက်ထားကြသော လူနေအိမ်များ ကို ပြည်နယ် အစိုးရက မြေထိုးစက်ကြီးများဖြင့် ယနေ့ ဖြိုချဖျက်ဆီးခဲ့သည်။ ချင်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်၏ ဦးဆောင်မှုဖြင့် အင်အား ၁၀၀ ခန့်ရှိသော ချင်းပြည်နယ်နှင့် ကလေးခရိုင်ရဲတပ်ဖွဲ့တို့မှ မြေထိုးစက် (JCB) စက်ကြီး ၄ လုံးဖြင့် ယနေ့နံနက်ပိုင်း ၆ နာရီကစတင်ပြီး လူနေအိမ် ၃၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ ပြည်နယ်အစိုးရအနေဖြင့် အဆိုပါ ဆီးယင်းသစ်တောကြိုးဝိုင်း အမှတ် (၁၄၄) တွင် နေထိုင်သူများအား ၂ ကြိမ်သတိပေးပြီး ဖြစ်သော် လည်း ပြောင်းရွှေ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ်သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ် ကပြောသည်။ “ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ warning (သတိပေးချက်) ၂ ခါပေးပြီးပြီ၊ ၇ ရက်နေ့ ၈ လပိုင်း ကပေး ပြီးပြီ၊ နောက်ပြီးတော့ ၂၂ နေ့နောက်ဆုံး ထပ်ပေးတာလေ၊ ကိုယ့်ဟာကိုဖျက်သွား ရင်ပြသနာမဖြစ်ဘူးလေ၊ မဖျက်တော့ ဒီစီမံခန့်ခွဲမှုနည်းနဲ့ ဆုံးဖြတ်တာပဲ’’ ဟု ၀န်ကြီးကပြောသည်။ နေအိမ်များဖျက်ဆီးခံရသည့် ဒေသခံပြည်သူများသည် အနီးရှိ စီးစံကျေးရွာနှစ်ခြင်းဘုရားကျောင်းဝန်းအတွင်း ၀င်ရောက် ခိုလှုံကြရသည်။ တစ်ချို့မှာလည်း ဆွေးမျိုးအသိုင်းအ၀န်းထံသို့ သွားရောက်ခိုလှုံသူများလည်းရှိ သည်ဟု သိရသည်။ “ကျနော်တို့ကို အစိုးရက ဒီမှာမနေဖို့ အမြန်ဆုံးပြောင်းရွှေ့ကြဖို့ သတိပေးပါတယ်၊ ဒါပေမယ့် ကျနော်တို့မှာ တခြားနေစရာ မှမရှိတာ ဘယ်မှာ သွားနေရမှာလည်း၊ အစိုးရကို မလေးစားလို့ ၊ အာခံတာလည်းမဟုတ်ပါဘူး၊ ဒီမှာနေကြတဲ့သူတွေဟာ တခြားမှာနေစရာ…

Read More

လေးစားအပ်ပါသော သဘာပတိကြီး နှင့် တကွ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ ပထမ  အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်အပေါင်းတို့ ခင်ဗျား – ကျတော်ကတော့ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုတိယ ဥက္ကဌ (၂) ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းဖြစ်ပါတယ်၊ ကျတော်တို့ ချင်းလူမျိုးများဟာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုကြီးကို စတင် ထူထာင်တဲ့ ပြည် ထောင်စု ပိုင်ရှင် တိုင်းရင်းသားလူမျိုးဖြစ်ပါတယ်၊ နယ်ချဲ့ ဗြိသိသျှ အစိုးရက ချင်းပြည်ကို ၁၈၉၆ ခုနှစ်မှာ သိမ်းပိုက်အုပ်ချုပ်တဲ့ အချိန်အထိ ကျနော်တို့ ချင်းလူမျိုးများ ဟာ သီးခြား လွတ်လပ်တဲ့ လူမျိုးတမျိုးဖြစ်ခဲ့ပါတယ်၊ မည်သည့် လူမျိုးရဲ့ တိုက်ခိုက် သိမ်းပိုက် ကျွန်ပြုခြင်းကို တခါမှ မခံခဲ့ရသော လွတ်လပ်တဲ့ လူမျိုးများအဖြစ် သမိုင်းတလျှောက် ရပ်တည် ရှင်သန်ခဲ့တဲ့ လူမျိုးဖြစ်ပါတယ်၊ ဗြိတိသျှကိုလိုနီခေတ်တလျှောက်လုံးမှာလည်း  ချင်းပြည်ကို ချင်းလူမျိုးများအတွက် သီးခြားရေးဆွဲပြဌာန်း ခဲ့တဲ့ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ၁၈၉၆ Chin Hills Regulation Act အရသာ သီးခြားအုပ်ချုပ်ခဲ့ပါတယ်၊ ချင်းလူမျိုးများ ကို ဗြိတိသျှ နယ်ချဲ့အစိုးရက သီးခြားအချိန်မှာ သီခြား တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ အတွက် ကိုလိုနီခေတ် အကုန် မှာလည်း သီးခြား လွတ်လပ်ရေးရယူပြီး သီးခြား ချင်းအမျိုးသားနိုင်ငံတော်ကို ပြန်လည်ထူထောင်ခွင့်ရှိ ခဲ့ပါတယ်၊ ဒါပေမဲ့ ကျတော်တို့ချင်းလူမျိုးများဟာ သမိုင်းပေးတဲ့ အခွင့်အရေးကို…

Read More

ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်ပြီး ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း ပထမခြေလှမ်း အဖြစ် ချင်းပြည်နယ်မြို့နယ် ၃ ခု ရွာ ၃ ရွာကို ရွေးချယ်ကာ စတင်အကောင်ထည်ဖော် နေပြီဖြစ်ကြောင်းသိရသည်။ Community Based Tourism (CBT) ခေါ် ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းစတင်ဆောင် ရွက်ရန် ချင်းပြည်နယ်အစိုးရမှ ပထမခြေလှမ်းအဖြစ်ရွေးချယ်ထားသည့်ရွာများမှာ ကန်ပက်လက်မြို့နယ်မှ ဆော်လောင်း၊ ဖလမ်းမြို့နယ်မှာ တာရွှန်းနှင့် တီးတိန်မြို့နယ်မှ လိုင်လိုကျေးရွာတို့ဖြစ်သည်ဟု သြဂုတ်လ ၂၂ ရက်နေ့က ကလေးမြို့မင်းကြီးဟိုတယ်တွင်ပြုလုပ်သော ချင်းပြည်နယ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်ထည်ဖော် ဆောင်မှု သတင်းစာရှင်းလင်းပွဲတွင် ချင်းပြည်နယ် လျှပ်စစ်၊ စည်ပင်နှင့် စက်မှု/လက်မှု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။ ချင်းပြည်နယ်၏ အမြင့်ဆုံးတောင် ခိုနူမ်းသုန်(ခေါ်)၀ိတိုရိယတောင်ခြေရင်းတွင်တည်ရှိပြီး ကန်ပက်လက်မြို့မှ ၃ မိုင်အကွာ တွင်တည်ရှိသော ဆော်လောင်းကျေးရွာကို ပထမဆုံးအနေဖြင့် အစိုးရသစ် ရက် ၁၀၀ စီမံကိန်း အတွင်း အကောင် ထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြပြီး ပွင့်လင်းရာသီတွင် နိုင်ငံခြားခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်တော့မည်ဟု ၀န်ကြီးက ပြောသည်။ “ ကျနော်တို့ရက် ၁၀၀ အတွင်းမှာ စပြီးတော့ မြန်မြန်ဆန်ဆန်လုပ်နိုင် တာကတော့ ဆော်လောင်း ကျေးရွာ ဖြစ်ပါ တယ်၊ အစိုးရရယ် Action Aid Myanmar နဲ့ Forever Top Company တို့ပူးပေါင်းပြီး လုပ်ငန်း ဆောင်ရွက်နေပြီဖြစ်ပါတယ်၊ အခု ရွာမှာ ဧည့်သည်တွေလာရောက်တည်ခိုးဖို့အတွက် လိုအပ်တဲ့ ဂေဟာ စဆောက်နေပါပြီ၊ ပွင့်လင်းရာသီရောက်တာနဲ့ ခရီး သည်တွေစပြီးတော့ပို့ဆောင်ပေးမှာဖြစ်ပါတယ်’’…

Read More

ချင်းပြည်နယ် စည်ပင်ရွေးကောက်ပွဲကို လာမည့်စက်တင်ဘာလကုန်ပိုင်းတွင် မြို့နယ်အားလုံး၌ တပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ မြို့စည်ပင်သာယာရေးကော်မတီကို တစ်မြို့လျင် ၇ ဦးစီဖြင့် ဖွဲ့စည်းမှာဖြစ်ပြီး ယင်းအနက် ၄ ဦးကို လူထုက တိုက်ရိုက် မဲပေးရွေးချယ်ကာ ကျန် ၃ ဦးမှာ ပြည်နယ်အစိုးရမှ တိုက်ရိုက်ခန့်အပ်မည်ဟု ပြည်နယ်စည်ပင် ၀န်ကြီး ဆလိုင်း အိုက်ဇက်ခင်ကပြောသည်။ “ရွေးတဲ့အခါမှာ မြို့ မဲဆန္ဒနယ် ၄ နယ်ပိုင်းခြားသတ်မှတ်ပြီးတော့ ကိုယ့်မဲဆန္ဒနယ်အလိုက် ရွေးချယ်ပြီးတော့မှ တင် မြောက်မှာဖြစ်ပါတယ်၊ မြို့လူထုက ကိုယ့်ရဲ့မဲဆန္ဒနယ်မှာ ကိုယ့်မြို့ရဲ့စည်ပင်သာယာရေးလုပ်ငန်းများကို တာဝန်ယူဆောင် ရွက်မယ့် ပုဂ္ဂိုလ်တွေကို တိုက်ရိုက်မဲပေးရွေးချယ်နိုင်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်၊ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်မှု များ တော်တော်များများပြီးနေပါပြီ’’ ဟု စည်ပင်ဝန်ကြီးကပြောသည်။ စည်ပင်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသော ပုဂ္ဂိုလ်များအနေဖြင့် မိမိနာမည်ကို စာရင်းတင်သွားရမှာဖြစ်ပြီး ယခင် ကဲ့သို့ မြို့မိမြိုဖ၊ ထွေအုပ်နှင့် စည်ပင်ဘက်မှ ရွေးချယ်ပေးသည့်ပုံစံမျိုးရှိတော့မည်ဟုတ်ဟု သိရသည်။ စည်ပင်ရွေးကောက် ပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်း ၄ ခုဖြစ်သည့် အေးချမ်းမြန်မာအင်စတီကျူ့၊ နယူးမြန်မာ ဖောင်ဒေးရှင်း၊ ပျိုးပင်နှင့် Hornbill Organization စသည်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၀န်ကြီးက ဆက်ပြောသည်။

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ဘွာလ်ပီးကွင်းနေရာတွင် သဘာဝဘေး ဒုက္ခသည်များဟု အမည်ခံကာကျူးကျော်နေထိုင်ကြသူများ အမြန်ဆုံးထွက်ခွါသွားကြရန် ချင်းပြည်နယ် အစိုးရက ထပ်မံသတိပေးလိုက် သည်။ အဆိုပါဒေသတွင် မြေကွက်များဝယ်ယူကာ လူမနေဘဲ နေအိမ်များဆောက် ထားကြသူ များနှင့် နေအိမ်များ ဆောက် လုပ်ပြီးနေထိုင်ကြသူများ အနေဖြင့် ကိုယ့်အထုတ်ကိုယ်ထမ်းပြီး မိမိတို့နေရပ်သို့ ပြန်သွားကြရန် ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်၊ စက်မှု/လက်မှု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က သတိပေးပြောဆိုခဲ့ခြင်းဖြစ် သည်။ “ဘွာလ်ပီးမှာ ဦးစီးဦးဆောင်လုပ်တဲ့ ဦးဟောင်ဇနန်တို့အဖွဲ့တွေကို တရားဥပဒေအရ ထိန်းသိမ်းထားပြီး ပါပြီ၊ နောက်ပြီးတော့ ပါဝင်ပတ်သက်တဲ့လူတွေကို ဆက်လက်ပြီးတော့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် သွားဖို့ အဆင့် ဆင့်ဆောင် ရွက်ပြီးဖြစ်ပါတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ရွာထဲမှာနေပြီးတော့မှ အခြေအနေများ ကောင်းလာ မလားဆိုပြီးတော့ မှ မျှော်လင့်ချက်တစ်ခုနဲ့နေတဲ့လူများကို အသိပေးချင်ပါတယ်၊ ဆက်ပြီးတော့ မနေပါ နဲ့ တတ်နိုင်သမျှ ပြန်လာပါ၊ ခုချိန်မှာ ကိုယ့်အထုတ်ကိုယ်ထမ်းပြီးတော့ပြန်လာရင် ဆုံးရှုံးမှုနည်းပါ လိမ့်မယ်၊ ဒါကတော့ အစိုးရအဖွဲ့ရဲ့ သဘောထားဖြစ်ပါတယ်’’ ဟု ၀န်ကြီးကပြောသည်။ ကလေးမြို့အနောက်ဘက် စက္ကန့်ရွာအထက်နားတွင် တည်ရှိသော ဘွာလ်ပီးဒေသတွင် ယခုလက်ရှိ အိမ်ခြေ စုစုပေါင်း ၃၆၁ အိမ်ရှိနေပြီး အမှန်တကယ်နေထိုင်သူမှာ လူဦးရေ ၁၈၀ ခန့်သာရှိကြသည်။ အဆိုပါဒေသတွင် မြေကွက်ဝယ်ယူပြီး နေအိမ်များဆောက်လုပ်သူအများစုမှာ ကလေးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှဖြစ်ကြပြီး သဘာဝဘေးကြောင့် ဒုက္ခရောက်နေကြသော ဒုက္ခသည်အစစ်များမဟုတ်ကြကြောင်း ပြည်နယ်အစိုးရက ပြောသည်။ အဆိုပါဒေသတွင် နေထိုင်သူများသည် ဒုက္ခသည်အစစ်များမဟုတ်ကြသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့်  မည်သည့်နည်းနှင့်မျှ အသိမှတ်မပြုနိုင်ကြောင်း ၀န်ကြီးအိုက်ဇက်ခင်ကပြောသည်။…

Read More

ချင်းပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ အခွင့်အရေး စောင့်ရှောက်ကာကွယ်နိုင်ရန် တောင်သူ လယ်သမားသမ္မဂ ဖွင့်စည်းပြီး လုပ်ငန်း စနစ်တကျဆောင်ရွက်သွားရန် ပြင်ဆင်နေသည်။ “အခုတော့ တရားဝင်အဖွဲ့ ဖွဲ့နိုင်ဖို့ အခြေအနေမရှိသေးတော့ နောက်နောင်မှာ ဘယ်လိုလုပ်ငန်း ဆောင်ရွက် သွားမလဲ ဆိုတာကိုလည်း သေသေချာချာ မချမှတ်သေးပါဘူး။ ဒီလ (၁၆) ရက်နေ့ကနေ ကန်ဂေါ်မြို့မှာ တနိုင်ငံလုံး ဆိုင်ရာ တောင် သူလယ်သမား ဆိုင်ရာ သင်တန်းဖွင့်လှစ်နေပါတယ်၊ အဲဒီမှာ ကျတော်တို့ ဥက္ကဌ ကိုယ်တိုင် တက်ရောက်နေတယ်၊ ဥက္ကဌ သင်တန်းကနေ ရောက်လာမှဘဲ ဘယ်လိုလုပ်ငန်း အကောင်အထည် ဖေါ်ဆောင်ရွက် မလဲ ဆိုတာ ပြန်လည် သုံးသပ်သွားမှာပါ” ဟု ထန်တလန်မြို့ တောင်သူလယ်သမား သမ္မဂ ဒုတိယ ဥက္ကဌ ဦး ဗန်ဘွေးလျန်က ဆိုပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့၌ ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁၆) ရက်မှာ ဖွဲ့စည်းခဲ့သည့် Lothlo Committee (ခေါ်) တောင်သူလယ်သမားသမ္မဂသည် ဖိုးဖွားပိုင် တောင်ယာ၊ လယ်ယာနှင့် ဥယာဉ်ခြံများကို သက်ဆိုင်ရာ အာဏာ ပိုင်များက သိမ်းပိုက်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဟားခါးပို့စ် မနေ့ထုတ် ဟားခါးပို့စ်သတင်းစာတွင်ဖေါ်ပြထားသည်။ ဤအဖွဲ့သည် အစိုးရက တရားဝင် အသိအမှတ်ပြုသည့် အဖွဲ့အစည်းမဖြစ်သေးသည့်အတွက် သက်ဆိုင်ရာ ချင်းပြည်နယ်အစိုးရနှင့် လုပ်ငန်းအတူတကွလုပ်ဆောင်ရန် အခက်အခဲရှိနေသေးကြောင်း၊ အကယ်၍ တရား ၀င် အဖွဲ့အစည်းဖြစ်လာပါက သက်ဆိုင်ရာ အစိုးရဌာနများနှင့် လုပ်ငန်းအတူတကွ လုပ်ဆောင်ရန် အလား အလာ…

Read More

By Dr. Suikhar –  နိဒါန်း Arakan Army (AA) ပေါ်ပေါက်လာပြီးနောက် အထူးသဖြင့် AA နှင့် စစ်တပ် တိုက်ပွဲဖြစ်လာ ပြီးနောက် ရခိုင်လူမျိုးများသည် ပလက်ဝကို မိမိတို့၏နယ်မြေဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ ရခိုင်လူမျိုးများမှ ပလက်ဝသည် မိမိတို့၏နယ်မြေဖြစ်သည်ဟု အသံထွက်ပေါ်လာခြင်းသည် ယခု၌သာမဟုတ်ပဲ ယခင်က တည်းကပင်ဖြစ်သည်။ Free Ranger Burma (FRB) မှ ထုတ်ဝေ သော ၄င်းတို့၏ လှုပ်ရှားမှုစာစောင်တွင် ပလက်ဝသည် ရခိုင်ပြည်နယ်ဖြစ် သည်ဟုဖော်ပြခဲ့ဖူးသည်။ မိမိတို့ချင်းလူမျိုး မဟုတ်သော တခြားလူ မျိုးများမှ FRB ကို ယင်းသို့ဖော်ပြခြင်းသည် မှားနေကြောင်း ထောက်ပြပြီးသည့်နောက်ပိုင်းတွင် FRB မှထုတ်ဝေသောစာစောင်တိုင်းတွင် ပလက်ဝသည် ချင်းပြည် နယ်ဖြစ်သည်ဟု ပြန်လည်ရေးသား ဖော်ပြ သည်။ AA သည် ပလက်ဝမြို့နယ်ရှိ အချို့သော ကျောင်းများ၏ ဆိုင်းဘုတ် တွင်ရေးထားသော ချင်းပြည်နယ်ကို ပယ်ဖျက်ပြီး ရခိုင်ပြည်နယ်ဟု အစားထိုးရေးသားခဲ့ကြသည်။ မကြာသေးမှီကာ လတွင် Panglong မြို့၌ကျင်းပသော Ethnic Youth Conference တွင် Arakhan National Party ခေါင်းဆောင် တစ်ဦးဖြစ် သော ဒေါက်တာအေးမောင် မှ “၁၉၅၃-၅၄ ခုနှစ်တွင် မိမိတို့ရခိုင်လူမျိုး များ၏တောင်တန်း ဒေသဖြစ်သော ပလက်ဝကို Chin Special Division သို့လွှဲအပ်ခဲ့သည်” ဟုပြောကြားခဲ့သည်။ Facebook ပေါ်တွင် သော်လည်း ကောင်း၊ အခြားမီဒီယာများတွင်သော်လည်းကောင်း ဖတ်ရှုပါက စိတ်ဆွဖွယ်…

Read More