သဘာဝဘေးဒဏ် သင့်ခံခဲ့ရသော ချင်းပြည်နယ် ဖလမ်းမြို့နယ် လိုင်ဇိုးကျေး ရွာအုပ်စုမှ ရွာလေးရွာ တို့ပြောင်းရွှေ့ရန် စီစဉ် ထားသောမြေနေ သစ်ကို ဖလမ်းမြို့နယ် စည်ပင်မှူးက ကန့်ကွက်နေ သည့်အတွက် ပြောင်းရွှေ့ရန် အခက် ကြုံနေ ကြ ရသည်ဟု သိရသည်။ လိုင်ဇိုးကျေးရွာ အုပ်စုမှ ထန်နရားရ်တောင် ရွာ နှင့် မြောက်ရွာ၊ ဘိုင်လာ၊ ကားလ်ရော်န် စသည့် ကျေးရွာ ၄ ရွာတို့သည် ဖလမ်းခရိုင် နှင့် မြို့နယ်အုပ်ချူပ်ရေးမှူးတို့မှ ခွင့်ပြုထား ပြီးဖြစ်သော မြေနေရာ အသစ် တွင် ပြောင်းရွှေ့ရန် တောင်ယာများ ခုတ်ထွင်ရှင်းလင်းပြီးဖြစ်သော် လည်း မြို့နယ်စည်ပင်မှူးဦး Hlawn Sa Vung က ကန့်ကွက်နေခြင်းဖြစ် သည်။
Author: Editor
ချင်းလူငယ် အဖွဲ့ အစည်းက ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်လောက် ကနေ ချင်းအမျိုးသားတပ်ဦး ဌာနချုပ် ဖြစ်သည့် ၀ိတိုရိယစခန်းရှိ အိမ်ထောင်သည်များ အတွက် သဘာဝ ဆပ်ပြာ ထုတ်လုပ် သည့် သင်တန်း ကျင်းပပြု လုပ်ပေး မည်ဖြစ် သည်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ တစ်ခုဖြစ် သည့် Horn Bill Organization က ဒီဇင်ဘာလ (၅) ရက်နေ့ တွင် ထုတ်ပြန်သည့် အစီရင် ခံစာ တွင် ချင်းပြည်နယ် မဲဆန္ဒရှင် (၂၇၃၀၀၀) ကျော်ရှိ သည့် အနက် မဲဆန္ဒရှင် (၉၉၇၆၄) ဦး ကသာ မဲပေးနိုင်ကြောင်း ဖေါ်ပြထား သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဥပဒေ၊ နည်းဥပဒေ လမ်းညွှန်ချက်များ ကို ရပ်ကွက် ကျေးရွာ အဆင့် အထိ အချိန်နှင့် တပြည်း ညီ ရောက်ရှိနိုင် မှု အားနည်း ခဲ့ကြောင်း သိရ သည်။
ဆလိုင်းရောဘတ် – မတ်စောက်လွန်း တဲ့တောင်တန်းကြီးတွေ ကာရံထားပြီး တောင်ဇလပ်ပွင့် ဖတ်နီကြီးတွေ ဖူးဖွင့်တဲ့ တောင် ဇလပ်မြေ ဟာ အောက်ချင်းငှက် တို့ ရှေး ယခင် ဘိုးစဉ်ဘောင် ဆက်ကတည်းက ကျင်လည် လာတဲ့ စား ကျက်မြေပါ။ ဒီမြေဟာ ချင်းအမျိုး သားတို့ အမှတ် သင်္ကေတဖြစ်တဲ့ ချင်းတို့ဌာနေငှက် တဖြစ်လည်း အောက်ချင်းငှက် တို့ အပျော်မွေ့ဆုံးကျက်စား ရာဒေသ ဖြစ်ပါတယ်။ ရာဇ၀င်တွင်တဲ့ အောက်ချင်းငှက် သူရဲကောင်းတွေ မွေးဖွား ရာဒေ သ၊ စည်းလုံးခြင်း အားအင်ဖြင့် အောင်ပွဲခံခဲ့ကြ တဲ့ တကယ့် ရာဇ၀င်သမိုင်းကြောင်းတွေ ကမ္မထိုး မြှပ်နှံ ထားတဲ့မြေပေါ့၊ ဒါပေမယ့် ပြီးခဲ့တဲ့နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေ)နေ့ဟာ အောက်ချင်းငှက်တို့ ကျဆုံးတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်။ အင်အား ကြီးမားလွန်းတဲ့ ခွပ်ဒေါင်းတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုမှာ အောက်ချင်းငှက်တွေ မရှုမလှအရေးနိမ့်ခဲ့ ကြ တာ ပါ။ ဘိုးစဉ်ဘောင်ဆက် အုပ်စိုးလာခဲ့ကြတဲ့ မိမိတို့စားကျက်ဒေသ တောင်ဇလပ်မြေမှာ အောက်ချင်းငှက်တွေ ခွပ်ဒေါင်းကို မယှဉ်နိုင်တာ ဘာကြောင့်ပါလဲ။ အောက်ချင်းငှက်တွေဟာ စည်းလုံးညီညွတ်မှုမရှိကြတော့ဘဲ မိမိတို့ အချင်းချင်း ခွပ်ပြီး တိုက်ခိုက် ယှဉ်ပြိုင်နေကြတာကြောင့်များလား။ ဒါမှမဟုတ် အင်အားချင်းမမျှလို့ အရေးနိမ့်သွားကြတာလားဆိုတာ ချင်းနိုင်ငံရေး လေ့ လာသုံးသပ်သူတွေရဲ့ မေးခွန်းတစ်ခုဖြစ်သွားပါတယ်။ ၂၀၁၅ ရွေေးကာက်ပွဲမှာ ချင်းနိုင်ငံရေးပါတီများလက်တွဲဆောင်ရွက်ရေးသဘောတူညီမှုရရှိနိုင်ရေးအတွက် အဓိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ခဲ့သော Gender and Development Initiative Myanmar မှ ဒါရိုက်တာ ဆလိုင်းအိုက်ဇက်…
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ချင်းအနွယ်ဝင် စုတ်သဲ (SUKTE) အုပ်စု နှင့် တဖက် မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်ခရိုင် ရှိ ချင်းအနွယ်ဝင်များအကြား ဘိုးဘွားခေတ် လူမှုပြသနာအတွက် ပြန်လည် သင့်မြတ်ရေး ကျောက်တိုင် စိုက်ခဲ့ကြကြောင်း သိရသည်။ တီးတိန်မြို့နယ်အတွင်း Laitui ကျေးရွာ နှင့် အနီးတ၀ိုက် ဒေသခံများ နှင့် တဖက် ကျန်ဖိုင်ခရိုင် Khuangleng ရွာ အပါ အ၀င် အနီးတ၀ိုက် ဒေသခံများအကြား ယခင်က ဖြစ်ပွားခဲ့သည့် ပြသနာအတွက် ပြန်လည် ကြေးအေး သင့်မြတ်ရေး အတွက် ယမန်နေ့နိုဝင်ဘာ (၂၅)ရက်နေ့က Khuang leng ရွာတွင် ပြန်လည်သင့်မြတ်ရေး ကျောက် တိုင်စိုက်ထူ ပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD အနေဖြင့် လက်ရှိအစိုးရ နှင့် တိုင်းရင်းသား လက်နက် ကိုင်များ အကြား ဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမိုခိုမာ လာစေ ရန် ဆောင် ရွက်နိုင် မည်ဟု မျှော်လင့်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကပြောဆိုလိုက်သည်။
(Photo- The Chinland Post) နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ တွင် ချင်းပြည်နယ် အတွင်း အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၃ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည့် အနက် အမျိုးသားလွှတ်တော် အတွက် ၂ နေရာ၊ ပြည်သူ့လွှတ်တော် အတွက် ၁ နေရာ စုစုပေါင်း အမျိုးသမီး ၃ ဦးသာ အနိုင် ရရှိခဲ့ကြသည်။ အနိုင်ရရှိသော လွှတ်တော် ကိုယ်စားလှယ်လောင်း အမျိုးသမီးများမှာ ဇိုမီးဒီမိုကရေစီ အဖွဲ့ချူပ် ZCD ပါတီမှ တွန်းဇံမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်သော ဒေါ်ကျင်ငိုက်မန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ် NLD ပါတီ မှ ထန်တလန် မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်နီရွှေလျန် နှင့် ကန်ပက်လက်မြို့ နယ် အမျိုး သားလွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်ဆွေလွင် တို့ဖြစ်ကြသည်။
၂၀၁၅ ခုနှစ် န၀ို င်ဘာလ (၂၃) ရက်နေ့ – ၁။ သမ္မတ ဦးသိန်းစိန်ဦးဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက် နေ့တွင် ကြီးမှူး ကျင်းပသည့် သမိုင်းဝင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပပ်ါတီမှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် နှင့် တိုင်းရင်းသားရေးရာ လွှတ်တော်အသီးသီးတွင် အပြတ်အသတအ် နိုင်ရရှိခဲ့သည့်အပေါ် ချင်း အမျိုးသားတပ်ဦးမှ ဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါသည်။ ၂။ ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ် နို ၀င်ဘာလ (၁၀) ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည် ထောင်စလွှုတ်တော်နာယက သူ ရ ဦးရွှေမန်း နှင့် တပ်မတော်ကာ ကွယ်ရေး စစ်ဦးစီးချု ပ် ဗိုလ်ချု ပမှ်ူးကြီး မင်းေ အာင် လှိုင်တို့အား အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံသည့် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက် အရ ဒေါ်အောင်ဆန်းစြုကည် နှင့် သူရရွှေမန်းတို့ နိုဝင်ဘာလ (၁၉) ရက်နေ့ တွေ့ဆုံဆွေးနွေးမှုအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အား ထောက်ခံ ကြိုဆိုသည်။ တဆက်တည်း နိုင်ငံတော် သမ္မတ ဦး သိန်းစနိနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့…
ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က ပြင်းထန်သော ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားကာ လူ ၆ ဦးပွဲချင်းပြီးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိသည်ဟု သိရသည်။
နောက်ဆုံးရရှိသော မဲစာရင်းရလဒ်အရ မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်NLD က မဲဆန္ဒနယ်မြေ (၂၈) နေရာရရှိပြီး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်မြေ (၅) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီက မဲဆန္ဒနယ်မြေ(၆) နေရာအသီးသီးရရှိကြသည်ဟု သိရသည်။