By လားနွန် – ချင်းပြည်နယ်၏ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးရည်ရွယ်ချက်ဖြင့် အမျိုးသားဥယျာဉ် (၅) ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ချင်းပြည်နယ်အစိုးရက စီစဉ်ထားသည်ဟု ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ကျွန်တော်တို့ချင်းတွေက တောင်ယာခုတ်တဲ့ဓလေ့ရှိတယ်၊ နောက်ပြီးတော့ သစ်တောတွေ သစ်ပင်တွေကို ခုတ်တယ်၊ လှဲတယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ ကျွန်တော်တို့လူမျိုးက ထင်းခုတ်မယ်၊ တောင်ယာခုတ်မယ်၊ မီးရှို့မယ်၊ အဲဒီဓလေ့ကို မဖျောက်မချင်း ကျွန်တော်တို့က တိုးတက်မှာလည်းမဟုတ်ဘူး၊ ဒီသစ်တော သစ်ပင်တွေကို ထိန်းသိမ်းတဲ့အတွက် ခရီးသွားလုပ်ငန်းပဲဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာဖြစ်ဖြစ် နောက်ပြီးတော့ စိမ်းလန်းစိုပြည်တဲ့ နယ်မြေဖြစ်တဲ့အချိန်ကျတော့ ကိုယ့်ဒေသမှာ စိမ်းစိမ်းစိုစိုနေရမယ်၊ မဟုတ်ရင် ခြောက်သွေ့တဲ့ ကန္တာရလိုပြန်ဖြစ်သွားနိုင်တယ်လေ၊ အခုတောင်မှ တော်တော်ပြုစုထိန်းသိမ်းနေရတယ်” ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ အမျိုးသားဥယျာဉ်ကို ဇိန်မှုတောင်၊ ကျီရီယာန်းတောင်၊ ဘွယ်ပါတောင်၊ မီဧပီတောင်နှင့် ကနေဒီတောင် စသည့်နေရာ (၅) နေရာတွင် ၂၀၁၉ – ၂၀၂၀ ခုနှစ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်မည်ဟု သိရသည်။ ယင်းကဲ့သို့ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် သဘာဝပတ်ဝန်ကျင်းလည်း ထိန်းသိမ်းထားနိုင်သလို ခရီးသွားလုပ်ငန်းတွင်လည်း ပိုမိုအောင်မြင်လာနိုင်ကြောင်း ၀န်ကြီးဦးစိုးထက်ကပြောသည်။ ထို့အပြင် ကျေးလက်နေ ချင်းပြည်သူများ ထင်းမီးအသုံးပြုမှုကို လျှော့ချလာစေရေးအတွက် လျှပ်စစ်မီးများကိုလည်း မြို့နယ်တိုင်းတွင် မဟာဓာတ်အားလိုင်းမှတဆင့်ပေးနိုင်ရန် စီစဉ်ထားပြီး မဟာဓာတ်အားလိုင်းမရောက်နိုင်သည့် နေရာဒေသများကိုလည်း ရေအားလျှပ်စစ်များ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးဦးစိုးထက်ကပြောသည်။
Author: Editor
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့တွင် တစ်ချိန်ကအောင်မြင်ခဲ့သည့် ပိုးမွေးမြူရေးလုပ်ငန်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် စိုက်ပျိုးရေးဌာနတာဝန်ရှိသူတချို့မှ ပြန်လည်အောင်မြင်စွာ လုပ်ကိုင်နိုင်ရန် အကောင်အထည်ဖော်လျက်ရှိပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်မျာမှစတင်ကာ ဒေသခံများမှ ပိုးမွေးမြူရေးလုပ်ငန်းကို မိသားစုလုပ်ငန်းအနေဖြင့် လုပ်ကိုင်ခဲ့ကြပြီး မိသားစုစားဝတ်နေရေးလည်း ပြေပြေလည်လည်ရှိခဲ့ကြပါသည်။ သို့သော် နောက်ပိုင်းတွင် ပိုးအိမ်ဝယ်ယူ/လာကောက်သည့် စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှုကြောင့် ပိုးတောင်သူများအနေနှင့် လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရန် ခက်ခဲလာသည့်အတွက် ပိုးလုပ်ငန်းတိမ်ကောပျောက်ကွယ်ခဲ့ရပါသည်။ ထိုပိုးမွေးမြူရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်သင့်ကြောင်း၊ ဒေသခံပြည်များအတွက်လည်း မိသားစုလုပ်ငန်းအဖြစ် ပြန်လည်ရရှိနိုင်ဖို့လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က ယခုလိုပြောပါသည်။ “တွန်းဇံမြို့ဟာ ပိုးမွေးမြူရေးကို အဓိကလုပ်ကိုင်တဲ့မြို့ဖြစ်ခဲ့တယ်၊ ပိုးအိမ်တွေကိုတော့ ပြင်ဦးလွင်ကိုတင်ပို့တယ်၊ ပိုးအိမ်တွေအကုန်လုံးက Quility (A) အဆင့်ဖြစ်ရင်လည်း (B) အဆင့်၊ (C) အဆင့်ပဲ ဆိုတဲ့အခါကြတော့ သူတို့အနေနဲ့ စိုက်တာရယ်၊ စားတာရယ်၊ စားဝတ်နေရေးရယ် မလုံလောက်တော့ဘူး၊ မလုံလောက်တော့တဲ့အတွက်ကြောင့် ဒီလုပ်ငန်းကြီးပျက်စီးသွားတာပါ” ဆက်လက်ပြီး “ရင်းနှီးမြုပ်နှံဖို့လာတဲ့ ပိုးအိမ်လာကောက်တဲ့သူတွေအတွက်လည်း ဈေးနှုန်းမဟသွားအောင် ဖြစ်နိုင်တဲ့ အမြင့်ဆုံးဈေးနဲ့ အနှိမ့်ဆုံးဈေးကြားထဲမှာသတ်မှတ်ဖို့၊ ဒီအောက်လည်း ပိုးတောင်သူတွေကို ခေါင်းပုံမဖြတ်နဲ့၊ ဒီအောက်လည်း လုပ်ငန်းရှင်တွေနစ်နာအောင် မလုပ်နဲ့၊ ဈေးနှုန်းက ‘Fix Price’ သတ်မှတ်ပေးထားမယ်၊ ဒုတိယအချက်က အစိုးရဘက်အပိုင်းက ပိုးတောင်သူတွေကို ပြန်ပြီးတော့ မတည်ငွေပေးပြီးတော့ မွေးမြူအောင်လုပ်ဆောင်ပေးဖို့ ရင်းနှီးမတည်ပေးဖို့လိုပါတယ်၊ အဲ့ဒီနှစ်ခု ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင်တော့ ကျွန်မတို့ဒေသ အဆင်ပြေမယ်၊ ပြီးတော့တတိယအချက်က ဘာလိုအပ်လဲဆိုတော့ ဒီဒေသတွေမှာ ပိုးချည်မျှင်စက်ရုံတွေရှိမယ်၊ ပြီးတဲ့အခါကြတော့ ပိုးနဲ့ဆောင်ရွက်တဲ့ ယက်ကန်းစက်ရုံတွေရှိမယ်၊ လူလုပ်ကုန်ပစ္စည်းတွေထုတ်တဲ့ စက်ရုံတွေရှိခဲ့မယ်ဆိုရင် ကျွန်မတို့ဒီဒေသမှာရှိတဲ့ လူတိုင်းလည်း အလုပ်ကိုင်အခွင့်အရေးတွေလည်းရလာမယ်၊ စားဝတ်နေရေးလည်း ပိုပြေလည်မယ်၊ အားလုံးအဖက်ဖက်မှာ ပြည့်စုံလာပါမယ်” ဟု…
By လားနွန် – ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ကားလမ်းဖောက်လုပ်ရန် လာရောက်သော မီဇိုရမ်ပြည်နယ်မှ JCB (မြေတူးစက်) ယာဉ်မောင်း (၂)ဦးကို မြန်မာ့တပ်မတော် တပ်သား (၂) ဦးမှ ကျပ်ငွေ သိန်း ၇၀ တောင်းခံမှုနှင့် သေနတ်ဖြင့် ခြိမ်းခြောက်မှုများပြုလုပ်သည့် ဖြစ်ရပ် ဇန်န၀ါရီလ ၁၁ ရက်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Vaphai ကျေးရွာနေ JCB ယာဉ်မောင်းသမား ၂ ဦးသည် ဖလမ်းမြို့ နယ်အတွင်း ကားလမ်းဖောက်သည့်အလုပ်လုပ်ကိုင်ရန် ဇန်န၀ါရီလ ၁၁ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ်မှ တဆင့် JCB ကားဖြင့် ၀င်ရောက်လာကြပြီး မြန်မာရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ကျပ်ငွေ ၅ သိန်း တောင်းခံပြီး ပြန်လွတ်ခဲ့သည်ဟု Vaphai ရွာမှ ဒေသခံတစ်ဦးဖြစ်သည့် ကိုZautea ကပြောသည်။ ထို့နောက် JCB ယာဉ်မောင်းနှစ်ဦးသည် ဖလမ်းမြို့ဘက်သို့ ဆက်လက်ထွက်ခွါပြီး Tibual ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်မှ တပ်သား ၂ ဦးက ထပ်မံဖမ်းဆီးကာ ကျပ်ငွေ သိန်း ၇၀ တောင်းခံခဲ့သည်ဟု သိရသည်။ တပ်သား ၂ ဦးနှင့်ပြေလည်မှုမရသဖြင့် Vaphai ကျေးရွာဘက်သို့ ပြန်လည့်လာသည့်အချိန်တွင် တပ်သား ၂ ဦးက Vaphai ကျေးရွာအထိ လိုက်သွားပြီး ၎င်းတို့ကိုဖမ်းဆီးရန်ကြိုးပမ်းခဲ့သည်ဟု ကို Zautea ကပြောသည်။ “ အဲဒီတပ်သား ၂ ဦးက Vaphai ရွာထိ လိုက်လာပြီး…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ် အေးချမ်းမှု ရှိလာစေရေးအတွက် ဓား၊ လှံ၊ လေး၊ မြှားနှင့် တူမီးသေနတ်များကို မြို့ပေါ်သို့ ကိုင်ဆောင်ခွင့်ကို ဇန်န၀ါရီလ (၃) ရက်နေ့စပြီး ပိတ်ပင်လိုက်သည်။ ဓလေ့ထုံးစံကို အကြောင်းပြု၍ ဓားပလိုင်းများကိုင်ဆောင်သွားလာခြင်းသည် လူ့အသက်အန္တရာယ်ကို ဘေးဖြစ်စေလောက်သော မြစ်မှုကျူးလွန်သူများ တိုးမြှင့်ဖြစ်ပွားစေနိုင်၍ အထူးကိစ္စရပ်အနေဖြင့် မင်းတပ်မြို့ တွင် ဘာသာရေးနှင့် ရိုးရာပွဲလမ်းသဘင်များတွင် ခွင့်ပြုချက်ဖြင့် ပါဝင်သူများမှအပ မည်သူတစ်ဦး တစ်ယောက်မျှ ဓား၊ လှံ၊ လေး၊ မြှား၊ တူမီးသေနတ်အပါအ၀င် လက်နက်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ပါဝင်သည့်ပစ္စည်းများကို စည်းကမ်းမဲ့ ကိုင်ဆောင်သွားလာသည်ကို စစ်ဆေးတွေ့ရှိပါက ၁၉၄၈ ခုနှစ်၊ ချင်းဝိသေသတိုင်းအက်ဥပဒေပုဒ်မ ၃၄(၆)ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်ကို ဇန်န၀ါရီလ (၃) နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မင်းတပ်မြို့ဒေသခံ ဦးရွှေလိန်းနိုင်ကတော့ မြို့နယ်အထွေထွေဦးစီးဌာန၏ ထုတ်ပြန်သည့် အမိန့်သည် ရိုးရာဓလေ့ကို ခြိမ်းခြောက်လိုက်သည့်သဘောဖြစ်သည်ဟု ခိုနူမ်းသုန်ကိုပြောသည်။ “ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့နေ့စဉ်နှင့်အမျှ အသက်မွေးဝမ်းကျောင်း ပြုတဲ့နေရာမှာ အထူးသဖြင့်က လေး၊ မြှား၊ သေနတ်ကတော့မဆိုလိုပါဘူး ဓားဆိုတာက မကိုင်လို့မရတဲ့အနေထားမှာရှိတယ် ကိုင်လည်းကိုင်ရတယ် မြို့ထဲကိုမဖြတ်ဘဲနှင့် အလုပ်လုပ်လို့မှမရတာ ဒီတောကိုဖြတ်ဆိုရင်လည်း ဒီမြို့ထဲကနေပဲဖြတ်ရတာ ကျွန်တော်တို့ရဲ့နေ့စဉ် အသက်ရှင်တဲ့ပုံပါ ထိခိုက်မယ်လို့မြင်တယ် ဆိုတော့ တူမီးသေနတ်ပါတယ် ပြီးတော့ လေး၊ မြှားပါတယ် ဒီဟာတွေကတော့ မြို့ထဲမှာတော့မကိုင်သင့်ဘူး အမှန်တော့ ဒါပေမယ်မြို့ထဲကနေကထွက်ပြီး ရွာသွားမယ် တောထဲသွားမယ်ဆိုလို့ရှိရင် မြို့ဖြတ်ပြီးတော့ကိုင်ရမှာပေါ့ ဒါပေမယ့် အကြောင်းမဲ့…
ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာတွင် ယခုလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည့် ပထမဦးဆုံးအကြိမ် Little & Teen Glam International Pageant အလှယ်မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ချင်းအမျိုးသမီး Regina Noi သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ချင်းတိုင်းရင်းသူ Regina Noi သည် Miss Myanmar Beauty Paradise မှ ကျင်းပပြုလုပ်သည့် Miss Myanmar Beauty Paradise Chin State အလှမယ်ရွေးချယ်ပြိုင်ပွဲတွင် ကလေးမြို့နယ်ကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကာ ပထမဆု ရရှိခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တွင် ကျင်းပခဲ့သော Miss Myanmar Beauty Paradise Competition Talent Show တွင် သွားရောက်ယှဉ်ပြိုင်ကာ Miss Teen Glam World International Myanmar 2019 Award ကို ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ အလှမယ် Regina Noi သည် ကလေးမြို့ စမ်းမြို့(စတောမ်) ရပ်ကွက်တွင် နေထိုင်သည်။
ရန်ကုန်အခြေစိုက် သိန်းထွန်းသစ္စာကုမ္ပဏီနှင့် Rih Region Multi Development Society (RRMDS) တို့ပူးပေါင်းပြီး ဂျပန်ဘာသာစကားပြောသင်တန်းကို ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ သင်တန်းကြေးကို တစ်လလျှင် ကျပ်ငွေ သုံးသောင်း သတ်မှတ်ထားပြီး တက်ရောက်လိုသူများအတွက် ယခုပတ်အတွင်း နာမည်စာရင်းသွားရောက်ပေးသွင်းရမည်ဟု သိရသည်။ ဂျပန်ဘာသာစကားပြောသင်တန်းကို အခြေခံအဆင့်မှ တတ်မြောက်သည်အထိ (N5 to N1) အဆင့်(၅) ဆင့် သတ်မှတ်ထားပြီး တာဟန်းတွင် အခြေခံအဆင့် (N5 နဲ့ N4) အထိ သင်ကြားပေးလျက်ရှိသည်။ (N5 နဲ့ N4) အထိအောင်မြင်ပြီးဆုံးပါက ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်နိုင်မည့်အခွင့်အလမ်းရှိသည်ဟု တာဝန်ရှိသူများကပြောသည်။ ဂျပန်ဘာသာစကားသင်ကြားပေးနေသည့် ဆရာမ Han Sian Dim က “ ဒီမှာတော့ (N5 နဲ့ N4) အထိဘဲ သင်ကြားပေးနိုင်တယ် သင်ကြားပြီးလို့ရှိရင် ရန်ကုန်မှာ စာမေးပွဲသွားဖြေရမယ် အောင်တယ်ဆိုရင်တော့ ကုမ္ပဏီနဲ့ဂျပန်သံရုံတို့ရဲ့ ချိတ်ဆက်မှုနဲ့ ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရှိပါမယ်၊ အဲဒီအတွက် ကုန်ကျစရိတ်တွေကို လောလောဆယ်ကျခံစရာမလိုဘူး ကုမ္ပဏီက တာဝန်ယူမယ် နောက်မှ သူ့တို့လစာထဲ ကနေ ပြန်နှုတ်ပါမယ်’’ ဟု ပြောသည်။ သင်တန်းကို နံနက် ၉ နာရီ မှ ၁၂ နာရီ၊ မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီ နှင့် ညနေပိုင်း ၆ နာရီခွဲ မှ ၉ နာရီအထိ တစ်နေ့လျှင် သုံးကြိမ်သင်ကြားပေးလျက်ရှိပြီး တက်ရောက်သူ အယောက်…
ချင်းလူမျိုးများထဲမှ ပထမဦးဆုံး B.A ဘွဲ့ရရှိသည့် Pu Siah Luai နှင့် Pi Hlawn Kip Thluai တို့၏ ကြေးရုပ်ထုကို ဖလမ်းမြို့အ.ထ.က (၁) ကျောင်းဝင်ပေါက်တွင် ယခုလအတွင်း ပြည်နယ်အဆင့်ဖြင့် ဖွင့်လှစ်နိုင်ရန် Global Falam Youth Organization (GFYO) က စီစဉ်နေကြောင်းသိရသည်။ မျိုးဆက်သစ်ချင်းလူငယ်များအနေဖြင့် ချင်းသမိုင်းပိုမိုသိရှိလာစေရေးနှင့် ၎င်းတို့ကိုအတုယူအားကျပြီး ပညာရေးပိုင်းမှာ ကြိုးစားလာစေရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ ကြေးရုပ်ကို စိုက်ထူရန် စီစဉ်ခြင်းဖြစ်သည်ဟု GFYO မှ အတွင်းရေးမှူး ကို Van Bawi Lian ကပြောသည်။ “လူငယ်တွေက သမိုင်းကိုမေ့နေတယ်ပေါ့နော် သမိုင်းကိုပြန်ဖော်တဲ့အနေနဲ့ ချင်းအမျိုးသားတွေထဲမှာ ဖလမ်းသူဖလမ်းသားတွေက B.A ပထမဆုံးရတယ်ဆိုတဲ့ဟာ လူငယ်တွေသိလာအောင်၊ ဒီဟာကို ကြည့်ခြင်းအားဖြင့်ပေါ့နော် ပညာရေးဟာအရေးကြီးတယ် အနာဂတ်မှာ လူငယ်တွေ ကြိုးစားချင်တဲ့စိတ်ရှိ လာအောင်ပေါ့နော်၊ သမိုင်းကို ထိန်းသိမ်းတာနဲ့ အနာဂတ်ချင်းလူငယ်တွေ ပညာရေးမှာ ကြိုးစားလာအောင်ဆိုတဲ့သဘောပါပဲ’’ ဟု ကို Van Bawi Lian ကပြောသည်။ အဆိုပါကြေးရုပ်ထုကို ပြည်နယ်အဆင့်အနေဖြင့် ချင်းပြည်နယ် ၀န်ကြီးချူပ်နှင့် လူမှုရေးဝန်ကြီးတို့မှ လာရောက်ဖွင့်လှစ်ပေးစေလိုကြောင်း မည်သည့်နေ့ရက်တွင် ဖွင့်လှစ်နိုင်မည်ကိုတော့ အတိအကျမပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။ “ ချင်းပြည်နယ် ၀န်ကြီးချူပ် နဲ့ လူမှုရေးဝန်ကြီးတို့ကို ဖွင့်လှစ်စေချင်တာပေါ့နော် ၀န်ကြီးချူပ်ကလည်း ခရီးထွက်နေတော့ အချိန်ကိုတော့ မညှိရသေးဘူး’’ ဟု ကို Van Bawi Lian ကပြောသည်။ ချင်းအမျိုးသားထဲတွင် ပထမဆုံး B.A ဘွဲ့ရရှိသူ…
By Ling Hung Leng – ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အသားသတ်လိုင်စင်ကို လေလံရယူထားသည့် ဦးလိန်းထန်းသည် (၂) လအတွင်း ကျပ်ငွေ သိန်း (၅၀) ကျော် အရှုံးပေါ်နေကြောင်း လေလံရှင်ကပြောသည်။ ဦးလိန်းထန်းသည် အသားသတ်လိုင်စင်ကို သိန်းနှစ်ရာ နှစ်သောင်းငါးထောင်ဖြင့် ရယူထားခြင်းဖြစ်ပြီး (၂) လအတွင်း (၅၄) သိန်းကျော် အရှုံးပေါ်နေသည့်အတွက် အစိုးရအနေဖြင့် ရောင်းသူဝယ်သူကြား အဆင်ပြေသော ဈေးနှုန်းပြန်လည်သတ်မှတ်ပေးရန် လေလံရှင်ဖက်က လိုလားနေကြသည်ဟု သိရသည်။ လက်ရှိနွားနောက်မကြီးတစ်ကောင်၏ တန်ဖိုးမှာ အနည်းဆုံး (၈) သိန်းခန့်ရှိပြီး၊ ကြိုးချည်၊ ကားခ၊ တိကုစစ်ဆေးခ၊ သယ်ယူခနှင့် အလုပ်သမားခများလည်းရှိသည့်အတွက် အသားခုံအရောက်မှာ ဆယ်သိန်းသုံးထောင် ခန့်ကုန်ကျကြောင်း၊ လက်ရှိအစိုးရမှ ရောင်းချရန် သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချမည်ဆိုပါက ဆက်လက်ပြီး အရှုံးပေါ်မည်သာဖြစ်သည်ဟု လေလံရှင် ဖက်ကပြောဆိုသည်။ အစိုးရသတ်မှတ်သည့် ဈေးနှုန်းမှာ အသား ၁ ပိဿာ ရှစ်ထောင်ကျပ်၊ ဝမ်းတွင်း ခြောက်ထောင်ကျပ်နှင့် အရိုး ငါးထောင်ကျပ်ဖြင့် ရောင်းချရန်ဖြစ်သော်လည်း အသားထွက်နှုန်းအပေါ်ကြည့်ပြီး အဆင့် (၃) ဆင့်ခွဲ၍ အဆင့် ၁ = ၁၀၀၀၀ ကျပ်၊ အဆင့်၂ = ၈၀၀၀၀ ကျပ်နှင့် အဆင့်၃ = ၆၀၀၀ စသဖြင့်ရောင်း ချနေရ ကြောင်း၊ နွားနောက်မတစ်ကောင်၏ အသားထွက်နှုန်းပျမ်းမျှမှာ ပိဿာ (၅၀)၊ ဝမ်းတွင်း (၁၃)၊ နံရိုး ကြောရိုးမှာ (၁၄) ပိဿာသာထွက်ရှိသည့်အတွက် ဆက်လက်အရှုံးသာပေါ်နေကြောင်း လေလံရှင်၏ အမတော်စပ်သူ…
ချင်းအမျိုးသမီးများ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး တွန်းဇံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ကျိန်ငိုက်မန်နှင့် Miss Universe Myanmar အလှမယ် မိုးစက်ဝိုင်တို့မှ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ဇန်န၀ါရီလ (၅) ရက်နေ့က အလှမယ်ပြိုင်ပွဲကျင်းပခဲ့ကြသည်။ ချင်းလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ချင်းအမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေး မရရှိကြကြောင်း ချင်းအမျိုးသမီးများသည်လည်း လုပ်နိုင်ကိုင်နိုင်သည့်အရည်အချင်းရှိကြောင်း သိရှိလာစေရေး စိတ်ဓာတ်ပိုင်းမြှင့်တင်ပေးချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Miss Tonzang 2019 ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်ကပြောသည်။ “ ကျမတို့အမျိုးသမီးတွေရဲ့ဘ၀မြှင့်တင်ဖို့ စိတ်ဓာတ်တွေမြှင့်တင်ဖို့ အဓိကအခြေခံတာပေါ့ ဘာလို့လဲဆိုတော့ သူတို့ဘ၀မှာ သတို့ကိုယ်သူတို့ ယုံကြည်မှုရှိမယ် လုပ်တဲ့ကိုင်တဲ့နေရာမှာ သူတို့ကိုယ်သူတို့ လုပ်ရဲတဲ့သတ္တိတွေရှိမယ် ကျမတို့ရဲ့ ဓလေ့ ယဉ်ကျေးမှုအရ အမျိုးသားနဲ့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးမရပါဘူး ကျမတို့ ဇိုးမီးတွေရဲ့ထုံးစံအရဆိုရင် သားကိုဘဲ ဦးစားပေးရတာ သမီးကိုဆို ဦးစားပေးမှုက အရမ်းအားနည်းတာ ဒါက ကျမတို့ရဲ့ ရှေးရိုးယဉ်ကျေးမှုပေါ့နော် ဒါတွေကို ကျမ အနေနဲ့ မဖြစ်စေချင်ဘူး ဘာလို့လဲဆိုတော့ သားနဲ့သမီးဆိုတာ တန်းတူအခွင့်အရေးရှိရမယ် အမျိုးသမီးတွေဆိုရင် နေရာမရတဲ့ သဘောရှိတာပေါ့နော် အမျိုးသမီးတွေလည်း လုပ်နိုင်ပါတယ် ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့ စိတ်ဓာတ်မြှင့်တင် ပေးချင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်’’ ဟု ဒေါ်ကျိန်ငိုက်မန်ကပြောသည်။ ယင်းအလှမယ်ပြိုင်ပွဲတွင် ခါးနံပတ် (၆)မကျိန်ငိုက်ဟောက်က ပထမဆု ဆွတ်ခူးရရှိပြီး Miss Tonzang စလွယ် သရဖူနှင့် ကျပ် ၁၀ သိန်း၊ ခါးနံပတ် (၄) မကျိန်နိတ်စန် က First runner…
လားနွန် – လေမှတဆင့် ထုတ်လုပ်နိုင်သည့် ရေသန့်နှင့် လျှပ်စစ်စက်ကို အလှမယ် မိုးစက်ဝိုင် ဦးစီးသည့် Myanmar’s Heart Charity နှင့် Swelect (ဆွိလတ်) အိန္ဒိယကုမ္ပဏီတို့ပူးပေါင်းပြီး တွန်းဇံမြို့ အထက်တန်းကျောင်းတွင် ဇန်နဝါရီလ (၆) ရက်နေ့မနက်က လှူဒါန်းခဲ့သည်။ အလှမယ် မိုးစက်ဝိုင်က “ချင်းပြည်က တောင်ကျရေတွေဟာ ထုံးဓာတ်ပါတာတွေ့ရတယ်၊ ရေဆိုတာ သန့်မှ လူလည်း ကျန်းမားရေးကောင်းမယ်၊ ကျန်းမာရေးကောင်းမှ ကျောင်းသားတွေရဲ့ အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်မယ်”ဟု ပြောသည်။ ၎င်းလှူဒါန်းခဲ့သည့် လေမှရေအဖြစ်ပြောင်းလဲပေးမည့် ဆိုလာစနစ် နည်းပညာတွေနှင့်ပြုလုပ်ထားပြီး ရေကို PH7 သောက်သုံးရန်လိုအပ်ကြောင်းကိုလည်း Myanmar’s Heart Charity ဒု-ဥက္ကဌ စိုင်းမင်းထက်ကပြောသည်။ “ဒီစက်က ရေအရင်းမြစ်မလိုဘူး၊ လေကနေပြီးတော့ရေပြောင်းမယ်၊ ပြောင်းပြီးတော့ အဲဒီရေကိုသောက်မယ်၊ ဆိုလာနဲ့သွားမယ့်စနစ်ဖြစ်တယ်၊ ကျွန်တော် ချင်းပြည်နယ်က နေရာတော်တော်များကိုသွားပါတယ်၊ အခု ကျွန်တော်ချင်းပြည်ရောက်တဲ့အခါမှာ ရေကို ရေစစ်နှင့်သောက်တယ်၊ ကြိုချက်ပြီးသောက်တယ်၊ ဒါပေမယ့် နေ့တိုင်း အဆိပ်အတောက်တွေကို သွင်းသလိုဖြစ်နေတယ်၊ ဒါကြောင့် အဓိက ရည်ရွယ်ချက်ကတော့ တွေ့သမျှရေကိုမသောက်နဲ့၊ ရေကိုသန့်သန့်ရှင်းရှင်းသောက်သုံးသင့်တယ်လို့ပြောချင်တယ်” ဟု စိုင်းမင်းထက်ကပြောသည်။ တွန်းဇံမြို့၊ ခေါဝုန်/လေးဆန်ရပ်ကွက်တွင်တည်ရှိသော အ.ထ.က ကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၀၀) ကျော်ခန့် ပညာသင်ကြားလျက်ရှိသည်။
