#Zawgyi By လားနွန် – စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနအသီးသီး၌ ယနေ့စတင်ဖြေဆိုခဲ့ကြသော်လည်း ကျောင်းသားကျောင်းသူ (၅၀၀) နီးပါးက ဖြေဆိုရန် ပျက်ကွက်ခဲ့ကြသည်ဟု သိရသည်။ တက္ကသိုလ်ဝင်တန်းစားမေးပွဲကို ယနေ့မတ်လ (၁၁) ရက်နေ့ကစ၍ တစ်နိုင်ငံလုံးတွင် စတင်ဖြေဆိုခဲ့ကြပြီး စာစစ်ဌာန (၅) ခုရှိသော ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၂၆၉၀) ရှိသည့်အနက် (၂၂၁၇) ဦးကသာ ဖြေဆိုခဲ့ကြပြီး (၄၇၃) ဦးက ဖြေဆိုရန်ပျက်ကွက်ကြသည်ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ “ကျောင်းတွင်းက ကျောင်းသားတွေအားလုံးတော့ လာရောက်ဖြေဆိုနိုင်ကြတယ်၊ လမ်းပန်းဆက်သွယ်ကြောင့်လည်း ပါမယ်ထင်တယ်၊ အပြင်ဖြေတွေက ပျက်ကွက်တာပိုများတယ်” ဟု ပညာရေးမှူးဆလိုင်းအောင်မင်းကပြောသည်။ ပလက်ဝမြို့ပေါ်ရှိ အ.ထ.က (၁) စာစစ်ဌာန (၂) သည် ပျက်ကွက်သူအများဆုံးဖြစ်ပြီး ကျောင်းသား (၂၀၀) ကျော် ပျက်ကွက်ခဲ့သည်ဟုလည်း ပညာရေးမှူးကဆက်ပြောသည်။ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်ရှိ မြို့နယ်များအလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ အများဆုံးဖြစ်သည်။ ယခုကဲ့သို့ စာမေးပွဲဖြေဆိုရန် ပျက်ကွက်မှုများရသည့်အကြောင်းရင်းကိုမူ မသိရသော်လည်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လုံခြုံရေးအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ပလက်ဝအကြား ရေလမ်းကြောင်းများ ပိတ်ထားရသည့်အခြေအနေ ဖြစ်နေသည့်အပြင် ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၁၇၇) ရှိသည့်အနက် (၁၂၃၇၄) ဦးကဖြေဆိုခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ (၁၀၈၃) ဦးက ဖြေဆိုရန်ပျက်ကွက်သည်ဟု…
Author: Editor
#Zawgyi ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများ ပြတ်တောက်သောကြောင့် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူပို့ဆောင်၍ မရတော့သည့်မှာ ယခုဆိုလျှင် တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။ စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ်ကို အဓိကမှီခိုအားထားနေရသည့် ပလက်ဝမြို့နယ်တွင် ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီမှအစ ၀င်ရောက်ခြင်းမရှိတော့သည့်အတွက် ယခုအခါ အငတ်ဘေးဆိုက်ရောက်မည့် အနေအထားဖြစ်နေပြီး ဆန်တစ်အိတ်လျှင် ကျပ်ငွေတစ်သိန်း၊ ကျပ်သွန်နီတစ်ပိသာ တစ်သောင်းကျပ်၊ ငရုပ်သီးခြောက်တစ်ပိသာ နှစ်သောင်းကျပ်အထိ မိုးထိမတတ် ဈေးခုန်တက်သွားခဲ့သည်။ ထိုကဲ့သို့အခြေအနေဖြစ်နေသည့် ပလက်ဝမြို့နယ်အတွက် ချင်းပြည်နယ်အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆန်နှင့် အခြားစားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ရန်စီစဉ်နေကြသော်လည်း နယ်မြေလုံခြုံမှုမရှိသည့်အတွက် သယ်ယူပို့ဆောင်၍မရကြောင်း ပြောဆိုကြသည်။ ပလက်ဝမြို့နယ်ကို ရိက္ခာသယ်ယူမည်ဆိုလျှင် ရခိုင်ပြည်နယ်၊ ကျောက်တော်မှတဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့်သော်လည်းကောင်း၊ ချင်းပြည်နယ် မင်းတပ်-မတူပီ-ဆမီး လမ်းကြောင်းမှတဆင့် သယ်ယူပို့ဆောင်နိုင်သည်။ သို့သော်လည်း အငတ်ဘေးဆိုက်ရောက်လုမတတ်ဖြစ်နေသည့် ပလက်ဝမြို့နယ်အတွက် စားနပ်ရိက္ခာများ ယနေ့ချိန်ထိ ပို့ဆောင်နိုင်ခြင်းမရှိသေးခြင်းသည် မည်သူ့မှာတာဝန်ရှိပါသနည်း။ စားနပ်ရိက္ခာသယ်ယူရေးမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ပိတ်ပင်ဟန့်တားမှုတွေရှိနေပါသလား။ ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းထောက် ကိုလားနွန်က ဆက်သွယ်မေးမြန်းထားပါသည်။ မေး။ ။ ချင်းပြည်နယ်အစိုးရကတော့ နယ်မြေမလုံခြုံတာကြောင့် ပလက်ဝမြို့နယ်မှာ ဘာမှပို့လို့မရဘူးလို့ပြောနေတယ်၊ ဆိုတော့ စားနပ်ရိက္ခာသယ်ယူမှုမှာ (AA) အနေနဲ့ တစ်စုံတစ်ရာ နှောက်ယှက်ပေးတာမျိုးရှိလား။ ဖြေ။ ။ ကျနော်တို့ကတော့ ဘယ်တုန်းကမှ ပိတ်ပင်တားစီးတာမရှိဘူး၊ ကုလားတန်မြစ်ထဲမှာ စစ်တွေဘက်ကတက်လာတဲ့ စက်လှေတွေရော၊ ပလက်ဝဘက်ကလာတဲ့ စက်လှေတွေရော လိုအပ်တဲ့လုံခြုံရေးအရ စစ်ဆေးမှုတွေ နည်းနည်းပါးပါးတော့ရှိတယ်၊ အဓိကကတော့ မြန်မာစစ်တပ်ရဲ့ ရိက္ခာတွေ မပါလာဘူးဆိုလို့ရှိရင်၊ တခြားဒေသခံတွေအတွက်…
#Zawgyi By လားနွန် – အိန္ဒိယ-မြန်မာငွေလဲနှုန်း တရှိန်ထိုး ထိုးကျနေသည့်အတွက်ကြောင့် ချင်းပြည်နယ်၊ ရိ-ဇိုခေါထာရ် ကုန်သွယ်ရေးလမ်းကြောင်းကိုအသုံးပြု အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကူးသန်းရောင်းဝယ်နေကြသည့် မြန်မာကုန်သည်များ အခက်ကြုံနေကြရသည်ဟု သိရသည်။ အိန္ဒိယငွေဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ထိုးကျလျက်ရှိကာ ယခင်က (၁) ရူပီး (၁၉) ကျပ်ပေါက်ဈေးမှ ယခုအခါ (၁) ရူပီး (၁၅) ကျပ်အထိ ထိုးကျသွားသည့်အတွက် မြန်မာကုန်သည်များအတွက် တွက်ခြေမကိုင်တော့ဘဲ ရပ်နားထားရသည့် အခြေအနေဖြစ်နေသည်ဟု ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သည့် ကုန်သည် Awmtea ကပြောသည်။ “ကျနော်တို့ Export သမားတွေအတွက်အားလုံးရပ်သွားပြီ၊ ငွေလှဲနှုန်းနဲ့ကျတော့ ဘယ်လိုမှမကိုက်တော့လို့ ရောင်းဝယ်တာ ရပ်သွားပြီ၊ ကုန်သည်တော်တော်များများကတော့ ရပ်သွားပြီ” ဟု Awmtea ကပြောသည်။ ယခုကဲ့သို့ အိန္ဒိယငွေဈေးနှုန်း ထိုးကျရသည့်အကြောင်းရင်းကို တိတိကျကျမသိရသော်လည်း ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်၏ စီးပွားရိုက်ခတ်မှုနှင့် ဒေါ်လာဈေးကျဆင်းမှုကြောင့်ဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။ ငွေလှဲနှုန်းကျဆင်းမှုကြောင့် ငွေလဲလှယ်သည့်လုပ်ငန်း လုပ်ကိုင်နေကြသူများလည်း ယခင်အပတ်ကစ၍ ရပ်နားထားကြပြီး မီဇိုရမ်ပြည်နယ်နှင့် ကလေးမြို့အကြား ငွေလွှဲသည့်လုပ်ငန်းများလည်း ရပ်ဆိုင်းထားရသည်ဟု သိရသည်။ “အခုတလောတော့ ရပ်နားထားတာ၊ ငွေဈေးနှုန်းအရမ်းကျတာကြောင့်ပေါ့နော်၊ ဘယ်လိုသတ်မှတ်မလဲတောင် မသိရဘူး၊ အခုလည်း ဘယ်လောက်ကျလဲ၊ ဘယ်လောက်ရှိလဲဆိုတာလည်း မသိဘူး” ဟု ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူ ဒေသခံတစ်ဦးကပြောသည်။ ယခုလက်ရှိ ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယ-မြန်မာအမှတ် (၁) တမူး-မိုးလေး ကုန်သွယ်ရေးဂိတ်ကို မဏိပူရ်ပြည်နယ်အစိုးရက ယမန်နေ့စ၍ ပိတ်ပင်လိုက်ပြီး ရိ-ဇိုခေါထာရ် ကုန်သွယ်ရေးဂိတ်ကိုလည်း မီဇိုရမ်ပြည်နယ်အစိုးရက မကြာခင်ရက်ပိုင်းအတွင်း ပိတ်ထားဖွယ်ရှိသည်ဟု သိရသည်။ အိန္ဒိယ-မြန်မာအမှတ်(၂)…
Zawgyi ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ယနေ့မတ်လ (၉) ရက်နေ့မှစ၍ (၂) လ ထပ်တိုးလိုက်သည်ဟု သိရသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့စ၍ ညမထွက်ရအမိန့်ကို မြို့နယ်အုပ်ချူပ်ရေးမှူးအဖွဲ့က စတင်ထုတ်ပြန်ခဲ့ပြီး ယခုထုတ်ပြန်ခြင်းသည် တတိယအကြိမ်ဖြစ်သည်။ ယခင်ထုတ်ပြန်ခဲ့သည့် အမိန့်များတွင် ညနေ (၆) နာရီမှ မနက် (၆) နာရီအထိ သတ်မှတ်ခဲ့သော်လည်း ယခုတစ်ကြိမ်ထုတ်ပြန်သည့်အမိန့်တွင် ည (၇) နာရီမှ မနက်(၆) နာရီအထိ အချိန်အနည်းငယ်ပြောင်းထားသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။ ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပြင် တိုက်ပွဲကြောင့် ရေလမ်း၊ ကုန်လမ်း ဆက်သွယ်ရေးလမ်းကြောင်းများပြတ်တောက်နေသည့်အတွက် စားနပ်ရိက္ခာသယ်ယူ၍ မရသောကြောင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများလည်းမြင့်တက်နေကာ ဆန်တစ်အိတ် ကျပ်တစ်သိန်းအထိ ဈေးမြင့်တက်နေသည်ဟုသိရသည်။ Unicode ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ယနေ့မတ်လ (၉) ရက်နေ့မှစ၍ (၂) လ ထပ်တိုးလိုက်သည်ဟု သိရသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသ ပလက်ဝမြို့နယ်တွင် ပြီးခဲ့့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့စ၍ ညမထွက်ရအမိန့်ကို မြို့နယ်အုပ်ချူပ်ရေးမှူးအဖွဲ့က စတင်ထုတ်ပြန်ခဲ့ပြီး ယခုထုတ်ပြန်ခြင်းသည် တတိယအကြိမ်ဖြစ်သည်။ ယခင်ထုတ်ပြန်ခဲ့သည့် အမိန့်များတွင် ညနေ (၆) နာရီမှ မနက် (၆)…
Zawgyi ကမ္ဘာအနှံ့ကူးစက်ပြန့်ပွားလျက်ရှိသည့် Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့က မြန်မာနိုင်ငံနှင့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ချို့ကို မတ်လ (၇) ရက်နေ့ကစ၍ ပိတ်ပင်လိုက်သည်။ ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ ဆိုင်းဟားခရိုင်အတွင်း နယ်စပ်ကျေးရွာ (၁၀) ရွာ Lodaw, Chapi, Lopu, Khaikhy, Zyhno, Lomasu, Iana, Siasi, Laki နှင့် Khopa စသည့် ကျေးရွာတို့မှတဆင့် နှစ်နိုင်ငံသားများ ၀င်ထွက်သွားလာခွင့်ကို ပိတ်ပင်လိုက်ကြောင်း ဆိုင်းဟားခရိုင်တွဲဖက်အုပ်ချူပ်ရေးမှူးက မတ်လ (၇) ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်သတင်းစာ Vanglaini တွင်ဖော်ပြထားသည်။ ဆိုင်းဟားခရိုင်တွဲဖက်အုပ်ချူပ်ရေးမှူး Malsawmtluanga က “ဘယ်သူမှ နယ်စပ်ဖြတ်ကျော်ပြီး ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူး၊ ဒီအမိန့်ထုတ်ပြန်ချက်ကို မလိုက်နာတဲ့ မည်သူကိုမဆို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်’’ ဟု ပြောသည်။ ယခုအမိန့်ထုတ်ပြန်ထားသည့် ကျေးရွာများသည် နယ်စပ်ဖြတ်ကျော်၍ အပြန်အလှန် ၀င်ထွက်သွားလာနေကြသည့် ဒေသဖြစ်ပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးစခန်းထားရှိရန် လျာထားသည့်နေရာမဟုတ်သည့်အတွက် နယ်စပ်နေပြည်သူများ၏ အလုပ်အကိုင်နှင့် စားဝတ်နေရေးအား ထိခိုက်နိုင်ဖွယ်မရှိကြောင်း ၎င်းကဆက်ပြောသည်။ အလားတူ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်အုပ်ချူပ်ရေးမှူး Naveen SL ကလည်း ကုန်သည်များနှင့် ဒေသခံပြည်သူများ မြန်မာနိုင်ငံဘက်သို့ ခရီးသွားမလာမှုမပြုလုပ်ကြရန် ထုတ်ပြန်ထားသည်ဟု သိရသည်။ ထို့အပြင် ကျန်ဖိုင်းခရိုင်အတွင်း လုပ်ငန်းကြောင့်ဖြစ်စေ၊ ခရီးသွားလာခြင်းကြောင့်ဖြစ်စေ ရောက်ရှိလာကြသည့် နိုင်ငံခြားသားများရှိ/မရှိ လိုက်လံစစ်ဆေးကာ ခရိုင်အုပ်ချူပ်ရေးမှူးရုံးသို့ မတ်လ (၂၀) ရက်နေ့မတိုင်ခင် စာရင်းပေးပို့ကြရန် ကျေးရွာအသီးသီးရှိ အုပ်ချူပ်ရေးမှူးများကို အကြောင်းကြားထားသည်ဟု သိရသည်။…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်မြို့နယ်တစ်ချို့မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၃) ရက်နေ့ကစပြီး အစိုးရကပိတ်ပင်လိုက်တာဟာ ခုဆိုရင် တစ်လကျော်ရှိပါပြီ။ ဒီလို အင်တာနက်လိုင်းတွေပိတ်ပင်လိုက်တာကြောင့် အဲဒီဒေသမှာရှိကြတဲ့ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေ ဘယ်လောက် ထိခိုက်နစ်နာမှုတွေရှိစေသလဲ။ အစိုးရအနေနဲ့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ခုလိုအင်တာနက်လိုင်းတွေပိတ်ရတာပါလဲ။ ဒီလိုလုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ချိုးဖောက်ရာရောက်ပါသလား။ စစ်မက်ဖြစ်ပွားရာဒေသက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမှောင်ချလိုက်တဲ့သဘောပါလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်ပယ်အသီးသီးက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူငယ်တွေရဲ့ အမြင်သဘောထားတွေကို ခိုနူမ်းသုန်သတင်းဌာနက စုစည်းတင်ပြပေးလိုက်ပါတယ်။ Cherry Zahau (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ) ရည်ရွယ်ချက်ရှိရှိနဲ့ မလုပ်သင့်တဲ့အရာကိုလုပ်တယ်လို့မြင်ပါတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပျက်နေတဲ့အရာတွေကို လူတွေမသိအောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ် လူတွေဒုက္ခရောက်အောင်ရည်ရွယ်ချက်ချက်ရှိရှိနဲ့လုပ်တယ် အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာကမသိအောင်၊ မြန်မာနိုင်ငံကလူတွေမသိအောင် အမှောင်ချလိုက်တဲ့သဘောဖြစ်တယ် ဒါကမလုပ်သင့်ဘူး ရိုးသားမှုမဟုတ်ဘူး ပြည်သူလူထုတွေရဲ့ ကောင်းကျိုးမပြုဘူး ဘယ်အစိုးရကမှမလုပ်သင့်ဘူး။ Salai Za Uk Ling (Deputy Executive Director – Chin Human Rights Organization) အင်တာနက်လိုင်းကမပိတ်သင့်တဲ့အရာပေါ့နော် ဘာလို့လဲဆိုတော့ ဆက်သွယ်ရေးအင်တာနက်လိုင်းက အစကတည်းက အဲလောက်ကောင်းခဲ့တာမဟုတ်ဘူး စစ်ပွဲတွေဖြစ်တဲ့အချိန်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အခက်အခဲပိုဖြစ်စေတာ ပေါ့နော် အာဏာပိုင်တွေကတော့ AA နဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှာ သတင်းမထွက်အောင် ဒါမှမဟုတ် AA တွေက ဒါမျိုးတွေ မသုံးနိုင်အောင် ဖြတ်တောက်ထားတာလို့ဆိုပေမယ့် အဓိကတော့ပြည်သူတွေဆီမှာပဲ အကျိုးသက်ရောက်မှုကသွားဖြစ်စေ တော့ မလုပ်သင့်တဲ့အရာလို့မြင်တယ်၊ ဒီလိုမျိုး ဆက်သွယ်ရေးအင်တာနက်ဖြတ်တောက်တာမျိုးက တခြားနိုင်ငံမှာလည်း မတွေ့ရဘူး အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူလူထုတွေ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် သတင်းအချက်တွေသိရှိနိုင်ဖို့ ကအရေးကြီးတယ် ဒီမိုကရေစီအစိုးရရဲ့ လုပ်သင့်တဲ့အရာမဟုတ်ဘူး။ ဒီလိုဆက်သွယ်ရေးလိုင်းတွေပိတ်လိုက်တာဟာ Rights to Information(သတင်းအချက်အလက်သိရှိပိုင်ခွင့်)…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လောင်စာဆီပြတ်လပ်မှုကြောင့် မကြာခင်ရက်ပိုင်းအတွင်း လျှပ်စစ်မီးပေးနိုင်တော့မည်မဟုတ်သည့်အတွက် တမြို့လုံးအမှောင်ကျကိန်းဆိုက်နေပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။ ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိသေးသည့်အတွက် လျှပ်စစ်ဌာနမှ ဒီဇယ်ဆီကို အသုံးပြု၍ လျှပ်စစ်မီးဖြန့်ဖြူးပေးလေ့ရှိသည်။ သို့သော်လည်း ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ အကုန်ပြတ်တောက်သွားပြီး ပလက်ဝမြို့နယ်သို့ စားနပ်ရိက္ခာနှင့် လောင်စာဆီများပြတ်လုနီးပါးဖြစ်ခဲ့ရသည်။ ထို့အတွက်ကြောင့် ယခင်က တစ်ရက်လျှင် ၄ နာရီခန့်ဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးကို ယခုအခါ ၂ နာရီခန့်သာ ပေးနိုင်တော့သည့်အတွက် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် စာကျက်ချိန်နီးပါးပြီး ပညာရေးထိခိုက်မည်ကို စိုးရိမ်နေကြရသည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ “ကျနော်တို့ ခါတိုင်းဆိုရင် စာမေးပွဲမဖြေခင်တစ်လလောက်အလိုမှာ ညစာကျက်ဝိုင်းတွေလုပ်ပေးလေ့ရှိတယ်၊ ခုတော့ ညမထွက်ရအမိန့်ကြောင့် စာကျက်ဝိုင်းတွေလည်း လုပ်လို့မရတော့ဘူး၊ ခုဆိုရင် လျှပ်စစ်မီးကလည်း ကြည့်ရတာနည်းသွားပြီ ၇ နာရီနှင့် ၉ နာရီကြားပဲရတာဆိုတော့ သိပ်ပြီးတော့ အဆင်မပြေတော့ဘူး ကလေးတွေအတွက်တော့ စာဖတ်ချိန်နည်းသွားတာပေါ့ ခါတိုင်းဆိုရင် ကျနော်တို့ ညနေပိုင်းရော မနက်ပိုင်းရောစာမေးပွဲနီးပြီဆိုရင်တော့ ၂ ကြိမ်မီးပေးတယ် ဒီနှစ်က ဆီမရှိတော့ ညပိုင်းလေးတောင် ပုံမှန်မပေးနိုင်တော့ဘူး” ဟု ပညာရေမှူးဆလိုင်းအောင်မင်းကပြောသည်။ မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် စက်လှေနှင့်မော်တော်ယာဉ်လိုင်းများ မပြေးဆွဲရဲသည့်အတွက် ကျောက်တော်-ပလက်ဝ ရေလမ်း၊ ကုန်လမ်းများယာယီရပ်ဆိုင်းထားရပြီး ပလက်ဝမြို့နယ်သို့ မည်သည့်ကုန်ပစ္စည်းမျှ ၀င်ရောက်နိုင်ခြင်းမရှိသည်မှာ တစ်လကျော်နေပြီဖြစ်သည်။ ထို့ကြောင့် ပလက်ဝမြို့နယ်သည် စားနပ်ရိက္ခာပြတ်လပ်သည့်အပြင် လောင်စာဆီပါမရှိတော့သည့်အတွက် တမြို့လုံးအမှောင်ကျရောက်မည့်အခြေအနေဖြစ်နေသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။ “အခုကျနော်တို့ လျှပ်စစ်မီးက ၂ နာရီပဲပုံမှန်ရနေတယ် မနက်ဖြန်တစ်ညပဲ ရတော့မယ်လို့ ကြားထားတယ် ပြောကြတယ် တစ်ဘက်ခါဆိုရင်တော့ရတော့မှာမဟုတ်ဘူး ဒါပေမဲ့အခု EPC ကနေ…
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နိုင်ငံတော်အဆင့်မှ လုံခြုံရေးသေချာမလုပ်ပေးပါက အိန္ဒိယ-မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းရှေ့ဆက်ရန်မဖြစ်နိုင်တော့ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ကပြောသည်။ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပလက်ဝ နှင့် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီးအကြား ကားလမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်တွင် အသုံးပြုမည့် လောင်စာဆီနှင့် ဆန်၊ဆီ၊ဆားစသည့် စားနပ်ရိက္ခာများကို ပခုက္ကူ – မင်းတပ်- မတူပီ လမ်းဘက်မှ သယ်ဆောင်လာသော (၁၂) ဘီးယာဉ်တစ်စီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မီးရှိုဖျက်ဆီးခံခဲ့ရပြီး ၂၀၂၀ ခုနှစ်မေလအတွင်း အပြီးသတ်ရန်လျာထားသည့် ပလက်ဝ-ဇိုးရင့်ပွီးကာလမ်းသည်လည်း သတ်မှတ်ရက်အတွင်း မပြီးမြောက်နိုင်တော့ဘူးဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ နိုင်ငံတော်အဆင့်ကနေ လုံခြုံရေးကို သေချာမလုပ်ပေးဘူးဆိုလို့ရှိရင် ဒါကဆက်လုပ်လို့ မရဘူး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး တပ်မတော်ကလွဲပြီးတော့ ကျန်တဲ့ဌာနဆိုင်ရာတွေက ဘာမှလုပ်ပေးလို့မရဘူး” ဟု ၀န်ကြီးကပြောသည်။ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာသည့်အတွက် ယခုလက်ရှိတွင် ကျောက်တော် – ပလက်ဝအကြား ရေလမ်း ကုန်းလမ်းများ ပိတ်ထားရ သည့်အခြေအနေဖြစ်ပြီး ကုန်စည်စီးဆင်းမှုမရှိသည့်အတွက် ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက် နေသည့်အပြင် ရိက္ခာပြတ်လပ်သည့်အနေအထားဖြစ်နေပြီဟု သိရသည်။ ထို့အပြင် ယခုလက်ရှိ ပလက်ဝမြို့တွင် ဒီဇယ်ဆီပြတ်လုနီးပါးဖြစ်နေ သည့် အတွက် လျှပ်စစ်မီးပေးနိုင်တော့မည်မဟုတ်ဘဲ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် မီးအခက်အခဲကြုံလာနိုင်သည်ဟု ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ဥက္ကဌ ဦးကျော်ငြိမ်းကပြောသည်။ “မြန်မာ့တပ်မတော်ဖြစ်ပါစေ၊ AA တပ်ဖွဲ့ဖြစ်ပါစေ၊ ပလက်ဝဒေသရဲ့ စားဝတ်နေရေးအခက်အခဲတွေကို လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် သွားလာခွင့်ပြုဖို့ကျနော်တို့တောင်းဆိုပါတယ်၊ ဒေသခံပြည်သူများရဲ့ အခက်အခဲမျိုးစုံကို ကူညီဖြေရှင်းပေးဖို့လိုပါတယ်၊ မကြာခင်မှာ ၁၀ တန်းစာမေးပွဲကစစ်တော့မှာဒီဇယ်ဆီ ကလည်းပြတ်လတ်နေပြီ ကျနော်တို့ဘက်မှာက မဟာဓာတ်အား လိုင်းလည်းမရဘူး ဒီဇယ်ဆီကလည်း…
Zawgyi By လားနွန် – ချင်းအမျိုးသားတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်း ကြေးရုပ်နှင့် ပန်းခြံ ဖွင့်ပွဲအခမ်းအနားကို ချင်းပြည်နယ် မင်းတပ်မြို့တွင် ယနေ့မနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းပြည်နယ် ၀န်ကြီးချူပ် ဆလိုင်းလျန်လွယ်ကဖွင့်လှစ်ပေးခဲ့သည်။ အကျယ် ၃ ဧကခန့်ရှိသည့် ပန်းခြံနှင့် ဦးဝမ္မသူးမောင်းကြေးရုပ်တုကို မင်းတပ်မြို့အ၀င် မင်းတပ်-မတူပီ ကားလမ်းနဘေးတွင် စိုက်ထူခဲ့ကြပြီး ဦးဝမ္မသူးမောင်း၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့သည့် မျိုးချစ်စိတ်များ နောင်လာနောက်သားများ အတုယူနိုင်ရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ဦ၀မ္မသူးမောင်း ပန်းခြံနှင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဆလိုင်းကီးရှိန်းကပြောသည်။ “ချင်းအမျိုးသားခေါင်းဆောင်ကို ပြန်လည်ပြီးတော့ အောက်မေ့သတိရမယ့် သူ့ရဲ့စွမ်းဆောင်ရည်ပေါ့ ဂုဏ်သတ္တိတွေ သူ့ရဲ့ဥာဏ်ရည်တို့ ကာယစွမ်းရည်တွေ ကလေးတွေက ပြန်ပြီးအားကျပြီးတော့ သူ့လိုပဲ ကိုယ့်ရဲ့ ဒေသ ကိုယ့်ရဲ့နိုင်ငံ ကိုယ့်ရဲ့လူမျိုးအပေါ်မှာ အနစ်နာခံပြီးတော့ စွန့်လွှတ်စွန့်စားပြီးတော့ ကိုယ့်ရဲ့အမျိုးသားရေးကိုမြှင့်တင်နိုင်တဲ့ ကလေးတွေဖြစ်လာစေဖို့ ဆိုပြီးတော့ ဒီဟာတွေကိုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ဥက္ကဌ ဆလိုင်းကီးရှိန်း ကပြောသည်။ ဦးဝမ္မသူးမောင်း ပန်းခြံနှင့် ကြေးရုပ်တည်ဆောက်မှုလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ၀င်းနားကုမ္ပဏီမှ ငွေကြေးအရင်စိုက်ထုတ်၍ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကုန်ကျသည့်ငွေကြေးပမာဏမှာ အသေးစိတ်ထွက်ရှိလာပြီးသည့်နောက်တွင် ပန်းခြံနှင့် ကြေးရုပ်အတွက် ကောက်ခံရရှိသည့်ပြည်တွင်း၊ ပြည်ပအလှူငွေများဖြင့် ပြန်လည်ပေးချေမည်ဟု ဆလိုင်းကီးရှိန်းကပြောသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်အပါအ၀င်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့နှင့် ၀န်ကြီးများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ဦးဝမ္မသူးမောင်းသည် ၁၉၀၀ ခုနှစ် ဧပြီလတွင် ဦးမောင်းထန်းပက်နှင့် ဒေါ်လောမာန်ရောင်တို့မှ ဖွားမြင်ပြီး၊ မွေးရပ်ဇာတိ ဝမ္မသူးရွာ…