By Moe Kyaw – မီဇိုရမ်ပြည်နယ် Reiek ကျေးရွာတွင် ဒီဇင်ဘာလ (၄) ရက်နေ့မှစ၍ (၇) ရက်နေ့အထိ သုံးရက်ကြာကျင်းပမည့် Zofest 2018 ပွဲတော်တွင် ဧည့်သည်တော်ကြီးအဖြစ် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Ebenezer Khawtinsiami (ခ) ဒေါ်အေးအေးမှု ပါဝင်တက်ရောက်မည်ဟု သိရသည်။ Zofest ပွဲတော်တက်ရောက်ရန် ဖိတ်ကြားထားခြင်းခံရသည့်အပေါ် အထူးအလေးအနက်ထားရှိကြောင်း၊ Visa ကိုလည်း ပြည်သူ့လွှတ်တော် ညွန်ကြားရေးမှူးချုပ်နှင့် ဦးစီးအရာရှိတို့က ကူညီဆောင်ရွက်ပေးကြောင်း၊ သူနှင့်အတူ လွှတ်တော်အမတ် သုံးဦးလည်း ပါဝင်မည်ဖြစ်ကြောင်း Ebenezer Khawtinsiami (ခ) ဒေါ်အေးအေးမှု က ယခုလိုပြောသည်။ “ကျမအလေးအနက်ထားတယ်၊ သွားရောက်နိုင်ဖို့လည်း Visa တွေ လုပ်ဆောင်နေတယ်။ ကျမနဲ့အတူ လွှတ်တော်အမတ် (၃) ဦးဖြစ်ကြတဲ့ Ni Sui Lian ၊ Kyi Moet Moet Lawn မန္တလေး နှင့် Salai Riang Vel တို့လည်းလိုက်မယ်” ဟု ပြောသည်။ Zofest ပွဲတော်သည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် ပြန့်နံ့နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ တွေ့ဆုံသည့် ပွဲတော်ဖြစ်ပြီး မီဇိုးကျောင်းသားအဖွဲ့ Mizo Zirlai Pawl (MZP) မှ ကြီးမှူးပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် ပွဲတော်ဖြစ်သည်။ အဆိုပါပြုလုပ်မည့် Zofest 2018 ပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှာရှိနေကြသော ဇိုး (ချင်း) မျိုးနွယ်စုများအား ဖိတ်ကြားထားကြောင်းသိရပြီး မြန်မာနိုင်ငံမှ ဟားခါး၊ တီးတိန်မြို့နယ်တို့…
Author: Editor
By Moe Kyaw – မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) နှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးမှ သဘောတူဆုံးဖြတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၄) မှ (၁၈) ရက်နေ့က CNF ဗဟိုဌာနချူပ် ဝီတိုရိယစခန်းတွင် ကျင်းပသော (၁၀) ကြိမ်မြောက် ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်မှုဆောင်အစည်းအဝေးတွင် ယခုကဲ့သို့ သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ယနေ့အထိ NCA လမ်းကြောင်းကလွဲပြီး တခြားနည်းလမ်းမရှိသေးဘူးဟု ပြောသည်။ “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးက CNF ရဲ့ ရပ်တည်ချက်ဖြစ်သလို NCA လမ်းကြောင်းက တွေ့ဆုံဆွေးနွေးရေးဖြစ်တဲ့အတွက် အဲဒီအပေါ် ဆက်လက်ရပ်တည်မယ်၊ ဒါက NCA လက်မှတ်ရေးထိုးတဲ့ ညီနောင် EAO တွေအားလုံးရဲ့ သဘောထားလည်း ဖြစ်တယ်၊ ယနေ့အထိ NCA လမ်းကြောင်းက လွဲလို့ တခြားနည်းလမ်းမရှိသေးပါဘူး” ဟု ပူးထက်နီက ပြောသည်။ ချင်းအမျိုးသားတပ်ဦးအနေနှင့် NCA လက်မှတ်ရေးထိုးသော EAO များနှင့်သော်လည်းကောင်း၊ NCA လက်မှတ်မရေးထိုးသော EAO များနှင့် သော်လည်းကောင်း ဘုံသဘောထားရပ်တည်ချက်ရရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သူကဆက်ပြောသည်။ “NCA ရှေ့ဆက်သွားနိုင်ဖို့က Fomal နဲ့ သွားပြီး Informal ဖြစ်အောင် လုပ်နည်းလုပ်ဟန်တွေတော့ လိုအပ်သလို ဆောင်ရွက် ရမှာပေါ့၊ ပြီးတော့ လက်ရေးထိုးတဲ့ EAO တွေ၊ NCA လက်မှတ်မရေးထိုးတဲ့ EAO တွေနဲ့…
By လားနွန် – ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက် (Chin Women Organization Network) ညီလာခံကို နိုဝင်ဘာ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပလျက်ရှိသည်။ အနယ်နယ်အရပ်ရပ်မှ ချင်းအမျိုးသမီးများ ပြန်လည်စုစည်း၍ အမျိုးသမီးတို့၏ ဘ၀မြှင့်တင်နိုင်ရေး၊ လူမျိုး၊ နိုင်ငံနှင့် ချင်းလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွေ့ဆုံပြီး ဆွေးနွေးကြမည်ဟု ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက်မှ ဥက္ကဌ ဒေါ် Sui Thluai Thang ကပြောသည်။ “ကျွန်မတို့ ဒီလိုတွေ့ဆုံခြင်းအားဖြင့် လက်တွဲညီညီ ကျွန်တို့လူမျိုးနှင့် ပြည်နယ်အတွက် ဘာတွေလုပ်နိုင်မလဲ ဆိုတာတွေကိုစဉ်းစားပြီးတော့ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးမှုနှင့် စိတ်တူကိုယ်တူ ကျွန်မတို့ ပြည်နယ်နှင့် လူမျိုးတွေအတွက် ဘာတွေလုပ်ကြမယ်ဆိုတာကို တက်ကြွစွာနှင့် ပါဝင်ဆွေးနွေးတဲ့အတွက်ကြောင့် တော်တော်လေးကို ပြည်နယ်နှင့် လူမျိုးအတွက် အကျိုးရှိပါမယ်” ဟု ဒေါ် Sui Thluai Thang ကပြောသည်။ ၎င်းညီလာခံတွင် အမျိုးသမီးများအတွက် ချင်းဓလေ့ထုံးတမ်းများ၊ ကလေးသူငယ်များနှင့် မိခင်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ အမျိုးသမီးများအဖွဲ့အစည်း၏ လုပ်ငန်းများ၊ ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက် စည်းမျဉ်းစည်းကမ်းများ အတည်ပြုရန်နှင့် အလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးကောက်ခြင်း စသည်တို့ကို ညီလာခံ (၃) ရက်အတွင်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်းလည်း သူမက ဆက်ပြောသည်။ ညီလာခံတွင် ချင်းပြည်နယ် (၉) မြို့နယ်အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် တမူးမြို့နယ်တို့မှလည်း တက်ရောက်လာခဲ့ကြပြီး စုစုပေါင်း အယောက် (၈၀) ကျော် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက်သည်…
By Moe Kyaw – ပြည်ပရောက် ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ရေရှည်တည်တံ့ခိုင်မြဲသောရလဒ် (Durable Solution) ကောင်းများရရှိနိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက ပြောသည်။ “ပြည်ပရောက် ချင်းဒုက္ခသည်တွေ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် ချင်းအမျိုးသားတပ်ဦးအနေနဲ့ UNHCR အပါအ၀င် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ချင်းဒုက္ခသည်များ ခိုလှုံနေသည့် သက်ဆိုင်ရာ နိုင်ငံအစိုးရများနှင့်တွေ့ဆုံပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ရလဒ် (Durable Solution) ကောင်းများ ရရှိနိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက်သွားဖို့ သဘောထားရှိပါတယ်’’ ဟု ပူးထက်နီက ပြောသည်။ ချင်းဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး UNHCR မှ ပြည်ပရောက် ချင်းဒုက္ခသည်တွေအတွက် အသိအမှတ်ပြု အကာအကွယ်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ရပ်ဆိုင်းမည့်အပေါ် ချင်းအမျိုးသားတပ်ဦးအနေနှင့် အထူးဂရုပြု အာရုံစိုက်ကြောင်း သို့သော်လည်း နိုင်ငံရေးဆွေးနွေးဆဲကာလသာဖြစ်သောကြောင့် ထာဝရတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးမရရှိသေးတာကို ထည့်တွက်ရမည်ဖြစ်ကြောင်း ယခုလို ဆက်ပြောသည်။ “ချင်းအမျိုးသားတပ်ဦးအနေနဲ့ ချင်းဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး အထူးဂရုပြု အာရုံစိုက်နေပါတယ်၊ ဒါပေမယ့် အားလုံးက သတိထားရမှာက ယနေ့ကာလဟာ ချင်းအမျိုးသားတပ်ဦးအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ထာဝရတည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးဆဲကာလသာဖြစ်တဲ့အတွက် ထာဝရ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး မရရှိသေးတာကို ထည့်မတွက်လို့မရဘူး” ဟု သူကဆက်ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းရှိ UNHCR ရုံးတွင် UNHCR တာဝန်ရှိသူများနှင့် ရန်ကုန်အခြေစိုက် ချင်းမျိုးနွယ်စုခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး…
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခေါ်ဆကျေးရွာအုပ်စု၊ သိုင်းငင်းကျေးရွာ၏ အနောက်ဘက်တွင် တင်ဝင်းထွန်း ကုမ္ပဏီနှင့် မြတ်နိုးသူ ကုမ္ပဏီတို့မှ မြေကွက်လျှောက်ထားပြီး ဟိုတယ်ဇုံတည်ဆောက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။ ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်က တီးတိန်မြို့နယ်၊ ဇိုဇန် နှင့် ဆိုဇန် ကျေးရွာအကြားကို တင်ဝင်းထွန်းကုမ္ပဏီက ကားလမ်းဖောက်လုပ်စဉ်ကာလအတွင်း စက်သုံးဆီသိုလှောင်ရန်နှင့် စက်ယန္တရားများထားရှိရန်အတွက် အဆိုပါမြေနေရာ ယာယီအသုံးပြုခွင့်ပြုရန် တောင်းဆိုခဲ့သည့်အတွက် သိုင်းငင်းကျေးရွာလူကြီးများက ခွင့်ပြုခဲ့ကြသည်ဟု Area Peace and Development Forward မှ ဒါရိုက်တာ ဦး GS Mang ကပြောသည်။ ကားလမ်းဖောက်လုပ်မှုကို (၂၀၁၅) ခုနှစ်တွင် ပြီးဆုံးခဲ့သော်လည်း တင်ဝင်းထွန်းကုမ္ပဏီက ယာယီအသုံးပြုခွင့်ပြုထားသည့် မြေနေရာကို ပြန်မစွန့်လွှတ်တော့ဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ ပုဒ်မ – ၁၈ နည်းဥပဒေခွဲ (က) အရ အစိုးရထံလျှောက်ထားပြီး ဒေသခံပြည်သူများထံ ကမ္ဘာ့အဆင့်မှီ ဟိုတယ်ဇုံတည်ဆောက်မည်ဟု ပြောဆိုထားသည့်အတွက် စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ အဆိုပါဒေသတွင် တင်ဝင်းထွန်းကုမ္ပဏီက မြေ (၂.၅) ဧက၊ မြတ်နိုးသူ ကုမ္ပဏီက မြေ (၂.၅) ဧက စုစုပေါင်း မြေ (၅) ဧက ကို လျှောက်ထားသည်ဟုသိရပြီး ယခုလက်ရှိတွင် ဟိုတယ်ဇုံအတွက် အကောင်အထည်ဖော်ဆောင်ခြင်းမရှိသေးသော်လည်း မြေနေရာများကို ခြံစည်းရိုးခတ်ထားသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ Area Peace and Development Forward၊ ဇိုမီး ကျောင်းသားနှင့်လူငယ်အဖွဲ့နှင့် မြွေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (Mwetaung…
By လားနွန် – ချင်းပြည်နယ်၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန် အိန္ဒိယအစိုးရက တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၅) သန်း ကူညီထောက်ပံ့မည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Vickram Misri နှင့် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Dr. Kumar Praveen တို့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိလာပြီး ယနေ့မနက်က ချင်းပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အချိန်တွင် ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များတွင် အသုံးပြုနိုင်ရန် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ (၅) သန်းကို သုံးနှစ်ဆက်တိုက် ကူညီထောက်ပံ့မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျွန်တော်တို့လိုချင်တဲ့ လမ်းတွေကိုအဆင့်မြှင့်ဖို့၊ ပညာရေးနဲ့ ကျန်းမာရေးမှာ ကူညီပေးဖို့၊ ပညာရေးကျောင်းတွေကိုဆောက်ဖို့၊ နောက်ပြီးတော့ ပညာရေးနဲ့ ကျန်းမာရေးနဲ့ဆိုင်တာ အဓိက ကတော့ သူတို့ကတော့ ဒီအလုပ်အကိုင်အခွင့်အလမ်းအတွက်ကို ကျောင်းတွေကိုကူညီပေးနိုင်တယ်၊ သုံးနှစ်ဆက်တိုက်ပေးဖို့ သူတို့စီစဉ်ထားတယ် အဲဒီအတွက်ကို ဒီကလိုအပ်တဲ့နေရာတွေကိုပြောပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ကူညီပေးမယ်” ဟု ပြောသည်။ ထို့အပြင် ချင်းပြည်နယ်၏ နယ်စပ်ဂိတ်များဖြစ်သည့် ရိဒ်ခေါဒါရ်နှင့် ကျီခါး နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်ကောင်းလာရန်နှင့် ပလက်ဝမြို့မှ ရေနက်ဆိပ်ကမ်းကိုလည်း နှစ်နှစ်ခွဲအတွင်း အပြီးဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အိန္ဒိယသံအမတ်က ပြောဆိုခဲ့ကြောင်းသိရသည်။
၂၀၁၅ ခုနှစ်၊ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ပေးအပ်ခဲ့သော ကူညီထောက်ပံ့ပစ္စည်းများနှင့် ရံပုံငွေများနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုအပေါ် ဟားခါးသာရ်အမျိုးသမီးအဖွဲ့ (Hakha-Thar Nu Bu) က နိုဝင်ဘာလ (၁၇) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြီး မေးခွန်းထုတ်လိုက်သည်။ ဟားခါးသာရ်အမျီူးသမီးဖွဲ့မှ တာဝန်ရှိသူတစ်ဦး Pi Man Iang က “၂၀၁၅ တုန်းက သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် အဖက်ဖက်ကရရှိတဲ့ ကူညီထောက်ပံ့ပစ္စည်းတွေကို တကယ်ဒုက္ခရောက်နေတဲ့သူတွေကို မပေးဘဲနဲ့ လေလွင့်မှုတွေများတယ်၊ ဒီဟာကို ထိထိရောက်ရောက် ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပေးဖို့လိုပါတယ်” ဟု ပြောသည်။ ယခုလက်ရှိတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ထံ သဘာဝဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၆၀၀၀) ခန့် ကျန်ရှိနေသေးပြီး ယင်းထောက်ပံ့ငွေကြေးအား ချင်းပြည်နယ်ထွေအုပ်ရုံးမှ စီမံခန့်ခွဲမှုအပေါ် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ဟားခါးသာရ် လမ်းပြုပြင်ရေးအတွက်အသုံးပြုသင့်သည်ဟု ကြေညာချက်တွင် တောင်းဆိုထားသည်။ ထို့အပြင် ပြည်ထောင်စုအစိုးရမှ ချင်းပြည်နယ်အစိုးရထံ ထောက်ပံ့ပေးသော သဘာဝဘေးဒဏ်ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် ငွေကြေးများအား ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်တို့မှ တာဝန်ယူခြင်း၊ စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အဓိကအကြောင်းရင်းကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများအား ၀န်ကြီးများ၏ နယ်လှည့်ခရီးသွား လက်ဆောင်အဖြစ် ယူဆောင်ခြင်းသည် မှန်ကန်သည့်လုပ်ရပ်မဟုတ်ကြောင်း ဆန်၊ အစားအစာနှင့် ထောက်ပံ့ပစ္စည်းများကို ဒိတ်မလွန်ခင် ဟားခါးသာရ်ရှိ ဘေးသင့် မရှိဆင်းရဲသားများနှင့် အခြားမြို့နယ်များသို့ ပြန်လည်မျှဝေရန် အမျိုးသမီးအဖွဲ့က တောင်းဆိုထားသည်။ ၂၀၁၅ ခုနှစ်တုန်းက သဘာဝဘေးဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရထံ လှူဒါန်းပစ္စည်းများကို လိုအပ်သည့်အချိန်ကာလအတွင်း…
By Moe Kyaw – အိန္ဒိယရောက် ချင်းဒုက္ခသည်များအနေဖြင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပေးထားသော ရွေးချယ်စရာ နည်းလမ်း (၂) ခုကို ရွေးချယ်ရမည့် Notification Interviews ကို ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ပြုလုပ်မှာဖြစ်ပြီး အဆိုပါ အင်တာဗျူးတွင် ရွေးချယ်မှု မှန်ကန်ဖို့အရေးကြီးကြောင်း Chin Refugee Committee ဥက္ကဌ Remmawi က ပြောသည်။ “ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ Notification အင်တာဗျူးခေါ်တယ်၊ နည်းလမ်း (၂) ခုကနေ တစ်ခုခု ရွေးချယ်ရမယ့် အင်တာဗျူး ဖြစ်တယ်။ ဒီနည်းလမ်း (၂) ခုမှာ ရွေးချယ်မှုမှန်ကန်ဖို့ သိပ်အရေးကြီးတယ်’’ ဟု ပြောသည်။ အဆိုပါ ရွေးချယ်စရာနည်းလမ်း (၂) ခုအနက် ဘယ်နည်းလမ်းကို ရွေးချယ်သင့်သည်ဆိုသည့်ကိစ္စနဲ့ပတ်သက်ပြီး ယခုလ နိုဝင်ဘာအတွင်း Meeting တွေ ပြုလုပ်ပြီး ဆုံးဖြတ်သွားဖွယ်ရှိကြောင်း ယခုလို ဆက်ပြောပါသည်။ “ဒီနည်းလမ်း (၂) ခု ကနေ ဘယ်နည်းလမ်းကိုရွေးမယ်ဆိုတဲ့ကိစ္စအပေါ်မှာတော့ Meeting တွေ၊ Public Meeting တွေ လုပ်ဆောင်သွားဖို့ရှိတယ် ဒီလအတွင်းမှာပေါ့။ လောလောဆယ် ခေါင်းဆောင်များအနေနဲ့တော့ ရေးဆွဲထားတဲ့အစီအစဉ် တော့ရှိပါတယ် ဒါပေမယ့် အဲဒါတော့ ပြောပြလို့မရသေးဘူး။ အဲဒါကြောင့် Public Meeting တွေလုပ်ပြီး တရာဝင်ကြေညာချက် ထုတ်ပြန်တာတွေ မရှိသေးတဲ့အတွက် ထုတ်ဖော်မပြောဆိုနိုင်ရခြင်း ဖြစ်တယ်” ဟုသူက ပြောသည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နယူဒေလီမြို့ရှိ Chin Human…
https://youtu.be/Z0X9xcoRqhs ချင်းပြည်နယ် ဟားခါးမြို့မှာ ပလပ်စတစ်လျှော့ချရေး အစီအစဉ်တစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟားခါးမြို့မှာ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဟားခါးမြို့ရှိ Amazon ကျောင်းမှာ စားသုံးကုန်နဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကျပ်သိန်းလေးထောင်ကျော် လိမ်လည်မှုနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်တွင် အဖမ်းခံထားရသည့် ဒေါ် Tuan Kil ကို မြန်မာနိုင်ငံသို့ ယမန်နေ့ (နိုဝင်ဘာလ ၁၄) က လွှဲပြောင်းပြီး ဖလမ်းမြို့ရဲစခန်းသို့ ထိန်းသိမ်းထားသည်ဟု သိရသည်။ ရန်ကုန်မြို့တွင်နေထိုင်သူ ဒေါက်တာရွှေဟိန်းထံမှ ဒေါ် Tuan Kil ဆိုသူက ငွေကျပ်သိန်းလေးထောင်ကျော် ပိုက်ဆံချေးယူထားပြီး ပြန်မဆပ်ဘဲ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည်ဟုဆိုကာ အမှုဖွင့်ဆိုထားပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် အိန္ဒိယရဲများက ပြီးခဲ့သည့် အောက်တိုဘာလ (၂၄) ရက်နေ့က သူမကိုဖမ်းဆီးကာ နိုင်ငံခြားသားမှုဖြင့် (Foreigner case) အမှုဖွင့် အရေးယူခဲ့သည်။ အိုင်ဇောလ်မြို့ ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ဒေါ် Tuan Kil ကို နိုဝင်ဘာလ (၁၃) ရက်နေ့က မီဇိုရမ် CID အဖွဲ့ဟု ယူဆရသည့် လူတစ်စုက အကျဉ်းထောင်မှခေါ်ထုတ်ပြီး အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါ်ထား သို့ပို့ဆောင်ကာ ရိခေါဒါရ်းရဲစခန်းသို့ လွှဲအပ်ခဲ့သည်ဟု သိရသည်။ ထိုမှတဆင့် ဖလမ်းမြို့ရဲစခန်းသို့ ထပ်မံပို့ဆောင်ခဲ့သည်ဟု သိရသည်။ ဒေါ် Tuan Kil ၏ရှေ့နေ Raymond Lalbiakzama “မနေ့တနေ့မနက်က ခေါ်ထုတ်သွားတယ်၊ ကျနော်တို့ ထင်တာကတော့ CID တွေ ခေါ်ထုတ်သွားတာဖြစ်မယ်၊ မြန်မာပြည်ပို့မယ်ဆိုရင်လည်း Bawngkawn ရဲစခန်းဌာန လုပ်ရမည့်တာဝန်ဖြစ်တယ် ဒါပေမယ့် ရဲစခန်းဌာနက ဘာမှမသိဘူး၊ ဒါကြောင့် CID ဘက်ကနေ လုပ်တဲ့အရာဖြစ်မယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။ Tuan Kil အမှုနှင့်ပတ်သက်ပြီး မြန်မာပြည်ပြန်ပို့မည်၊ မပို့မည်ကို…
