Author: Editor

ချင်းပြည်နယ်အတွင်းရှိ ပြည်သူများလုံခြုံရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေးအတွက် လုပ်ဆောင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် နိုဝင်လဆန်းပိုင်းကစတင်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အရပ်သားများသေဆုံးမှုရှိသကဲ့သို့ ဒေသခံပြည် သူ ၃၀၀ ကျော် နေရပ်စွန့်ခွါစစ်ဘေးရှောင်တိမ်းနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့က ကြေညာချက်တစ်ထောင်ထုတ်ပြန်ပြီး CNF ကပြောဆိုလိုက်ခြင်းဖြစ်သည်။ CNF လက်ထောက်အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီက “ AA အနေနဲ့ ချင်းပြည်နယ်မှာ မနေတော့တာ အကောင်းဆုံးပဲ၊ သူတို့ကို စစ်ရေးရှောင်ဖို့၊ လူထုကို ဒုက္ခရောက်အောင်မလုပ်ဖို့ ပြောထားပြီးသားပါ။ လူထုလုံခြုံ ရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်သွားရမှာပဲ’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ သို့ သော်လည်း မည်ကဲ့သို့ လုပ်ဆောင်သွားမည်ကို အသေးစိတ်ပြောဆိုခြင်းမရှိပေ။ ပြည်သူလူထု၏ လူမှုဘ၀လုံခြုံရေးနှင့် အရပ်သားများ အကာအကွယ်ပေးခြင်းကို မည်သည့်အခြေအနေတွင်မ ဆို မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့မှ အပြည့်အ၀ လုပ်ဆောင်ရမည်ဖြစ်သည်ဟုလည်း CNF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ AA နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု စုံစမ်းသိရှိရပြီး အဆိုပါတိုက်ပွဲများကြောင့် နိုဝင်ဘာလ ၈ ရက်နှင့် ၁၁ ရက်နေ့က အရပ်သား ၂ သေဆုံးပြီး ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာနှင့်အနီးတ၀ိုက်ရှိ ဒေသခံပြည်သူ ၃၀၀ ကျော်တို့သည် စစ်ဘေးတိမ်းရှောင်နေကြရသည်။ ယင်းသည် ပလက်ဝမြို့နယ်တစ်ခုတည်း၏ ပြသနာမဟုတ်ဘဲ ချင်းပြည်နှင့် ချင်းလူမျိုးတစ်ရပ်လုံး၏ အရေးပြသနာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ ချင်းအမျိုးသားများအားလုံး ၀ိုင်းဝန်းပံ့ပိုးကူညီကြရန်လည်း CNF က တောင်းဆိုထားသည်။…

Read More

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်(AA) ၏ စစ်ရေးနှင့် နိုင်ငံရေးအရ လာရောက်ကျူးကျော် အခြေစိုက်လှုပ်ရှားမှုများသည် နှစ်ပေါင်းများစွာ ဘိုးစဉ်ဘောင်ဆက် အေးချမ်းသာယာစွာ နေထိုင်လာခဲ့ကြသည့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် တည်ငြိမ်မှုကို အန္တရာယ်ပြုထိပါးခြိမ်းခြောက်လာနေခြင်းကြောင့် အပြင်းအထန်ရှုတ်ချပြီး ချင်းပြည်နယ်အတွင်းမှ အမြန်ဆုံးထွက်သွားကြရန် ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။ ရက္ခိုင့်တပ်မတော်အနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကြောင့် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပေါ်လာပြီး အပြစ်မဲ့ဒေသခံပြည်သူ ရာပေါင်းများစွာသည် မြေဇာပင်များအဖြစ်သမိုင်းတွင်မကြုံစဖူး အေးချမ်းသာယာမှု ဆုံးရှုံးနေကြရသကဲ့သို့ စစ်ရှောင်ဒုက္ခသည်များအဖြစ် နေရပ်စွန့်ခွါလျက် ကျီးလန့်စာစားပြေးလွားနေကြရသည်ဟု ချင်းအရပ်ဘက်လူမှုအဖွဲ့ အစည်း ၄ ဖွဲ့ဖြစ်သည့် Chin State Civil Society Network for Peace – Paletwa၊ Chin State Civil Society Network for Peace – Tedim၊ Zomi Student & Youth Organization နှင့် Chin MATA Working Group တို့မှ နိုဝင်ဘာလ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆို လိုက်ကြခြင်းဖြစ်သည်။ Chin State Civil Society Network for Peace – Paletwa မှ တာဝန်ရှိသူ မိုင်အောင်မဖြူက “ သူတို့ (ရက္ခိုင့်တပ်မတော်) ရှိတော့ မြန်မာ့တပ်မတော်ကလည်း တိုက်နေတာလေ အဲလိုတိုက်နေတော့ ကျမတို့ပြည်သူတွေက အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လို့လည်းမရတော့ဘူးလေ၊ စိုးရိမ်ပူပန်မှုနဲ့မလုံမခြုံဖြစ်နေတာလေ” ဟု ခိုနူမ်းသုန်ကိုပြောသည်။…

Read More

ချင်းပြည်နယ် ပလက်ဝမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ရက္ခိုင့်တပ်မတော်မှ တပ်သား ၃ ဦးသည် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့ဘက်သို့ ထွက်ပြေးပြီး Christian ဆေးရုံတွင် တင်ထားရသည်ဟု မီဇိုရမ်သတင်းဌာန DDK (Doordarshan Kendra Aizawl) တွင်ဖော်ပြထားသည်။ လောင်တလိုင်ရဲစခန်းမှ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ ယခုရက်ပိုင်းအတွင်းဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိလာကြသည့် ရက္ခိုင့်တပ်မတော်မှ ထွန်းထွန်း(၃၅)၊ ကျော်ကျော်(၂၇) နှင့် အောင်အောင်(၂၁) တို့သည် မီဇိုရမ်ပြည်နယ် နယ်စပ်ရွာ Hmawngbuchhuah ကျေးရွာအထိ လှေဖြင့် ထွက်ပြေးလာခဲ့ကြပြီး ထိုမှတဆင့် Maxi cab ကားဖြင့် လောင်တလိုင်မြို့ Christian ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု DDK သတင်းတွင်ရေးသားထားသည်။ ၎င်းတို့ (၃) အနက် အကြီးဆုံးဖြစ်သော ထွန်းထွန်းဆိုသူသည် လက်မောင်းတွင်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်ခြင်းကြောင့် လောင်တလိုင်တွင် ကုသရန်မဖြစ်နိုင်သည်အတွက် မြို့တော် အိုင်ဇောလ်ဘက်သို့ ပို့ဆောင်ကြသည်ဟု သိရသည်။ ကျန် ၂ ဦး၏ အခြေအနေမှာ မစိုးရိမ်ရကြောင်း ၎င်းတို့ကို အာသံတပ်ဖွဲ့မှ အနီးကပ်စောင့်ကြည့်လျက်ရှိပြီး မီဇိုရမ်ပြည်နယ်သို့ တရားမ၀င် ၀င်ရောက်လာမှုဖြင့် လောင်တလိုင်ရဲစခန်း မှ အမှုဖွင့်ထားသည်ဟု သိရှိရသည်။ ရက္ခိုင့်တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့သည် ယခုလဆန်းပိုင်းကစတင်ပြီး ချင်းပြည်နယ် ပလက်ဝဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Read More

ကလေးမြို့ပေါ် ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ(၄) တွင် ခရစ်ယာန်သာသနာ့ပိုင်မြေ နှင့် လူနေအိမ်များကို တပ်ပိုင်မြေဟုဆိုကာ စစ်တပ်မှသိမ်းယူရန်ပြုလုပ်မှုများရှိနေသည်ဟု စုံစမ်းသိရှိရသည်။ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ(၄)တွင်ရှိသော သတ္တမနေ့အသင်းတော်ပိုင် နှင့် လူနေအိမ် ၁၃ အိမ် (စုစုပေါင်း ၂ ဧကနီးပါးခန့်) ကို တပ်ပိုင်မြေဟုဆိုကာ တပ်တည်ဆောက်ရေး Master Plan တွင် ပါဝင်သည့်အတွက် (၉၄၁) ဆောက်လုပ်ရေးအင်ဂျင်နီတပ်မှ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့ကစပြီး ယနေ့ချိန်ထိ သိမ်းယူရန်လုပ်ဆောင် နေခြင်းဖြစ်သည်ဟု သတ္တမနေ့အသင်းတော်မှ အသင်းလူကြီး စစ်မှုထမ်းဟောင်း ဦးထန်ဇပေါင်ကပြောသည်။ “ သြဂုတ်လ တစ်ရက်နေ့ကစပြီးတော့ တပ်မူးကော အရာရှိတွေကော မြေတိုင်းက အရာရှိတွေလာတယ်၊ ၂၂၈ တပ်ခြံစည်းရိုးအတိုင်း တောက်လျှောက်ချောင်းထိ ငါတို့ဟာပဲ အဲဒါကြောင့်မို့လို့ အုပ်တံတိုင်းခြံစည်ရိုးကာဖို့ ခွင့်ပြုချက် ရတယ်ဆိုပြီးလာပြောတာပေါ့ အငြင်းပွားကြတာပေါ့ သြဂုတ်လမှာ ၂ ခါလောက်လာတယ်၊ အောက်တိုဘာ ၂၀ ရက်နေ့မှာ စစ်တပ် နဲ့ အရပ်သား နယ်မြေ သတ်မှတ်ထားတဲ့ နယ်ခြားဘုတ်တိုင်ကိုသူတို့ဖြိုလိုက်တယ်၊ ကျနော်တို့ကိုလည်း တရားစွဲဖို့လုပ်နေကြတယ်’’ ဟု ၎င်းကပြောသည်။ ယခုအခါ ဆောက်လုပ်ရေးအင်ဂျင်နီရာတပ်မှ ဥပဒေကြောင်းအရ တရားစွဲဆိုရန်ပြင်ဆင်နေဟု သိရပြီး ဒေသခံပြည်သူများ ကလည်း သက်သေအထောက်အထားများဖြင့် ပြန်လည်ဖြေရှင်းသွားမည်ဖြစ်သည်ဟု သူကဆက်ပြောသည်။ ယခုအငြင်းပွားမှုဖြစ်ပွားရာဒေသသည် ဦးဂင်ကမ်းအိန်၏ လယ်ယာမြေဖြစ်ပြီး ၁၉၈၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် သာသနာပိုင်မြေအတွက် လှူဒါန်းခဲ့သည်ဟု သိရသည်။ ၁၉၉၀ ခုနှစ်တွင် ၂၂၈ တပ်ရင်းမှ တပ်တိုးချဲ့မြေအတွက် ရာထားပြီး နှုတ်မိန့်နှင့်သိမ်းယူခဲ့ပြီး…

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ တို့ အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့်  စက်မှုလက်မှုသိပံ္ပကျောင်းသား တစ်ဦးသေဆုံးပြီး ဒေသခံပြည်သူ ၃၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ပလက်ဝမြို့နယ် နူံးဘူးကျေရွာအနီး ကုလားတန်မြစ်ထဲတွင် နိုဝင်ဘာလ ၈ ရက်နေ့က တပ်မတော်သားများ စီးနင်းလိုက်ပါ လာသည့် စက်လှေတစ်စင်းနှင့် အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် စက်လှေတစ်စင်းအား (AA) တပ်ဖွဲ့မှ ပစ်ခတ်သဖြင့် ရှင်းလက်ဝကျေးရွာသား ကျောက်ဖြူ စက်မှုလက်မှုသိပ္ပံကျောင်းသားတစ်ဦး သေဆုံးကာ အရပ်သား ၃ ဦး ထိခိုက်ဒါဏ်ရာရရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။ ထို့အပြင် ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာအနီးတွင် တပ်မတော် ခမရ(၃၇၈) နှင့် AA တပ်ဖွဲ့တို့ နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲကြောင့် ကုန်ပြင်နှင့် အနီးတ၀ိုက်ကျေးရွာများမှ ပြည်သူများ စိုးရိမ်ကြောက်ရွံ့သဖြင့် အနည်းဆုံးပြည် သူ ၃၀၉ ဦးသည် ရှင်းလက်ဝအောက်ရွာသို့ (၂၈၁) ဦး၊ အောက်ဘလိုင်ရွာသို့ (၈) ဦး၊ ဘဲဒင်ဝရွာသို့(၈) ဦး ကာရာမိတ်ရွာသို့ (၉)ဦး၊ မီးဇာရွာသို့ (၂)ဦးနှင့် ဒိုးချောင်းဝရွာသို့ တစ်ဦး အသီးသီးတိမ်းရှောင်ခဲ့ကြသည်ဟု ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ယခုလက်ရှိတွင် ချင်းပြည်နယ်အစိုးရအနေဖြင့် ထိခိုက်ဒါဏ်ရာရရှိပြီး ပလက်ဝဆေးရုံးတွင် ဆေးကုသမှုခံယူနေသည့် ပြည်သူ ၃ ဦးအား တစ်ဦးလျင် ကျပ်တစ်သိန်းစီနှင့် သေဆုံးသည့်ကျောင်းသားအတွက် ကျပ်ငွေ ၃ သိန်းထောက်ပံ့ပေး မည်ဖြစ်ပြီး၊ တိုက်ပွဲရှောင် ပြည်သူများအတွက်…

Read More

ရွှေနဂါးကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသော စပါးသီးသန့် အသီးအားဆေး Top one မြေသြဇာ ၀ယ်ယူ အသုံးပြုခဲ့ သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အနောက်မြောက်ဒေသ မောက်လင်းကျေးရွာအုပ်စု နှင့် ပျဉ်းတောဦးကျေးရွာအုပ်စုတွင် စပါးစိုက်ခင်းဧက ၄၀၀ ကျော် ပျက်စီးဆုံး ရှူံးမှုနှင့် ရင်ဆိုင်နေကြရသည်ဟု တောင်သူလယ်သမားများကပြောဆိုကြသည်။ ချင်းလူမျိုးအများစုနေထိုင်ကြသော မောက်လင်းနှင့် ပျဉ်းတောဦးကျေးရွာအုပ်စုရှိ ကျေးရွာ ၈ ရွာမှ တောင်သူလယ်သမား များသည် ၂၀၁၇ ခုနှစ် မိုးရာသီ မိုးစပါးအထွက်ထိုးစေရန် ရွှေနဂါး ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသော Top one စပါးသီး သန့် အသီးအားဆေး မြေသြဇာ(အိတ်စိမ်း) အား ၀ယ်ယူအသုံးပြုကြရာ ယခုအခါ စပါးပင် အနှံမထွက်နိုင်ခြင်း၊ အနှံခြောက်ခြင်း၊ အပင်ဝါခြင်းများဖြစ်ပွားပြီး တောင်သူလယ်သမား ၇၇ ဦးတို့၏ စပါင်းစိုက်ခင်း ၄၀၃ ဧက ပျက်စီးခဲ့သည်ဟု ပျဉ်းတောဦးကျေးရွာအုပ်စု မြောက်ချောကျေးရွာမှ တောင်သူလယ်သမား ဦးဗျက်လျံထွာမ်းကပြောသည်။ “ ကျနော်တို့ အဲဒီ အသီးအားဆေးမြေသြဇာကို အသုံးပြုပြီး တစ်ပတ်လောက် အကြာမှာဘဲ စပါးပင်တွေက ၀ါပြီး ခြောက် လာတယ်၊ ခုချိန်ဆို စပါးနှံတွေထွက်လာရတော့မယ့်အချိန်ခါဖြစ်တယ် ဒါပေမယ့် တစ်ဝက်လောက်ဘဲ စပါးနှံတွေ ထွက် တယ် အဲဒီထွက်လာတဲ့ စပါးနှံတွေကလည်း အဆံမပါတဲ့ဟာများတယ်၊ ကျနော်တို့အသုံးပြုတဲ့ မြေသြဇာကို အသုံးမပြုတဲ့ စပါးတွေကတော့ အရမ်းကောင်းတယ် အဲဒါကြောင့် ရွှေနဂါးက ကုမ္ပဏီကထုတ်တဲ့ အသီးအားဆေး မြေသြဇာကို အသုံးပြု လို့ ခုလိုပျက်စီးရတာဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်’’ ဟု ဦးဗျက်လျံထွာမ်းကပြောသည်။…

Read More

ချင်း(ဇိုမီး)လူမျိုးများ အထွဋ်အမြတ်ထားရှိသည့် “၂၀၁၇ ခုနှစ်၊ ခွါဒိုပွဲ” ကို တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာ အားကစားကွင်း၌ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့များတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးကို ရည်ရွယ်လျက် ရိုးရာခွါဒိုပွဲ (Khuado Pawi) ဖွင့်ပွဲနှင့် ခွါဒိုပွဲ၏အရေးပါဆုံးတစ်ခုဖြစ်သည့် ပျားအုံသယ်ဆောင်ခြင်းအခမ်းအနားကို နိုင်ဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း ဟားခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။ ခွါဒိုပွဲတော်၏ အရေးပါဆုံးတစ်ခုဖြစ်သည့် ပျားအုံသယ်ဆောင်ခြင်းကို ကျင်းပရာ ဒေသခံတိုင်းရင်းသားများက မီးရှူးတိုင်များ ထွန်းညှိကာ ပျားအုံသယ်ဆောင်၍ ခွါဒိုပွဲကျင်းပသည့် အားကစားကွင်းသို့ဝင်လာကြပြီး သယ်ဆောင်လာသည့် ပျားအုံရှိပျား သလက်ကိုကြည့်၍ လာမည့်နှစ်အတွက် အတိတ်နိမိတ်ဖတ်ခြင်းဆောင်ရွက်ပြီး မီးရှူးမီးပန်းနှင့်သေနတ်ပစ်ဖောက်ကာ စုပေါင်းမီးပုံပွဲ အကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါ ၂၀၁၇ ခုနှစ်၊ ရိုးရာခွါဒိုပွဲတော်ကြီးအား ရိုးရာယဉ်ကျေးမှုအက၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြပြီး Model Show များလည်း ပြသခဲ့ကြကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဦးအိုက်ဇက်ခင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်တို့ အပြင် ဆိုင်ရာလူကြီးများ တက်ရောက်ခဲ့ကြသည်။ နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းတွင် တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (၉၀×၃၀)ပေ RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ကျင်းပခဲ့ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့…

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာအထက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် မြန်မာ့တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (Arakhan Army) တို့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့တို့သည့် ယနေ့နံနက်ပိုင်း အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားသည်ဟု ယူဆရပြီး သေနတ်သံများ ကြားနေရဆဲဖြစ်သည်ဟု ဒေသခံပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ပလက်ဝဒေသသတင်းကို အဓိရေးသားတင်ဆက်သည့် ခူမီးမီဒီယာတွင် ရေးသားဖော်ပြထားသည်။ ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာက “ ကုန်ပြင်ရွာသားတွေဖုန်းဆက်ပြီးပြောပြချက်အရတော့ ဒီမနက်ထိ သေနတ်သံတွေကြားနေရသေးတယ်၊ ရွာသားတွေလည်း အပြင်မထွက်ရဲကြဘူး ခုချိန်က စပါးရိတ်ပြီးလို့ တောင်ယာကနေ အိမ်ကိုသယ်နေတဲ့အချိန်လေ ဒါပေမယ့် တောင်ယာမသွားကြဘူး အထိပ်တလန့်ဖြစ်နေကြတယ်” ဟု ပြောသည်။ တိုပွဲဖြစ်ပွားသည့်နေရာသည် ကုန်ပြင်ကျေးရွာအနောက်ဖက် (၂) ကီလိုမီတာအကွာအဝေးရှိ “ ဆမန်းတလန်’’ တော်တန်းပေါ်၌ (၂) နာရီနီးပါးခန့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျဆုံးထိခိုက်ဒဏ်ရာရသူအများအပြားရှိသည်ဟု ရက္ခိုင့်တပ်မတော( AA) သတင်းနှင့်ပြန်ကြားရေးဌာနဘက်မှ သတင်းထုတ်ပြန်ထားသည်။

Read More

ချင်းပြည်နယ် တီတိန်းမြို့နယ်တွင် ရာသီဥတုနှင့် ပထ၀ီနယ်မြေအနေအထားအရ လေယာဉ်ကွင်းတည်ဆောက်ရန် အစီစဉ်မရှိမကြောင်း ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောဆိုလိုက်သည်။ တီးတိန်မြို့နယ်တွင် လေယာဉ်ကွင်း ဖောက်လုပ်ပေးရန် အစီစဉ်ရှိမရှိနှင့်ပတ်သက်၍ ယနေ့အောက်တိုဘာ ၃၀ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၆) ဦး ကျင့်ခန့်ပေါင်မှ မေးမြန်းခဲ့ရာတွင် ဒုဝန်ကြီး ဦးကျော်မျိုးက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် လေယာဉ်ကွင်းတည်ဆောက်ရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကစတင်ပြီး ဖလမ်း၊ ဟားခါး၊ တီးတိန်စသည့်မြို့ နယ်များတွင် ကွင်းဆင်းတိုင်တာမှုများပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျင့်ခန့်ပေါင်တင်ပြသော ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်ငယ်များဆက်သက်ခဲ့သည့် စံပီးတောင်တန်းသည် လေယာဉ်များအန္တာရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ရေးအတွက် လုံလောက်သော ပြေးလမ်းတည်ဆောက်၍မရသည့်အတွက်ကြောင့် လေယာဉ်ကွင်းတည်ဆောက်ရန်အစဉ်မရှိကြောင်း ဒုဝန်ကြီးကပြောသည်။ “စံပီးတောင်ဟု အမည်ရသည့် တောင်တန်းနယ်မြေသည် ပင်လယ်ရေမျက်နှာပင်အထက် မြင့်မားစွာတည်ရှိနေခြင်း၊ လေယဉ်များဘေးအန္တာရယ်ကင်းစွာဆင်းသက်အသုံးပြုနိုင်ရန် လုံလောက်သော ပြေးလမ်းအလျားတည်ဆောက်၍မရနိုင်ခြင်း၊ လက်ရှိတည်ဆောက်လျက်ရှိတဲ့ ဖလမ်းလေယဉ်ကွင်းနဲ့ လေကြောင်းခရီးလမ်း အကွာအဝေးခန့်မှန်း ၁၈ မိုင်ခန့်သာကွာဝေးပြီး နီးစပ်စွာတည်ရှိနေခြင်းကြောင့် အဆိုပါနေရာမှာ လေယဉ်ကွင်းဆောက်လုပ်ပေးရန် အစီစဉ်မရှိပါကြောင်းဖြေကြားအပ်ပါသည်” အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဒုဝန်ကြီးကဖြေကြားခဲ့သည်။ တီးတိန်မြို့သည် ပင်လယ်ရေ မျက်နှာပင် ပေ ၈၀၀၀ အထက်တွင်တည်ရှိပြီး တောင်တန်းမြင့်မားထူထပ်ခြင်း၊ လေတိုက်နှုန်းပြင်းထန်ခြင်း မိုးရေချိန်များပြားခြင်း၊မြင်ကွင်းရှင်းလင်းမှုအားနည်းခြင်း၊ လေယဉ်အထွက်လမ်းကြောင်းနှင့် ပတ်ဝန်းကျင်အတားအဆီးများပြားခြင်းတို့အပြင် လေယဉ်ပြေးလမ်းအလျား ပေ ၃၀၀၀ ခန့်သာတည်ဆောက် နိုင်မည်ဖြစ်ပြီး လေယဉ်ငယ်များသာဆင်းသက်နိုင်မည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ချင်းပြည်နယ်တွင် လေယာဉ် ပြေးလမ်းတည်ဆောက်ရန် အကြိမ်ကြိမ်တိုင်းတာချက်အရ ပေ ၆၀၁၀၀ ရရှိရန် တည်ဆောက်ရန်ဖြစ်သဖြင့်…

Read More