Author: Editor

ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်ပြီး ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း ပထမခြေလှမ်း အဖြစ် ချင်းပြည်နယ်မြို့နယ် ၃ ခု ရွာ ၃ ရွာကို ရွေးချယ်ကာ စတင်အကောင်ထည်ဖော် နေပြီဖြစ်ကြောင်းသိရသည်။ Community Based Tourism (CBT) ခေါ် ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းစတင်ဆောင် ရွက်ရန် ချင်းပြည်နယ်အစိုးရမှ ပထမခြေလှမ်းအဖြစ်ရွေးချယ်ထားသည့်ရွာများမှာ ကန်ပက်လက်မြို့နယ်မှ ဆော်လောင်း၊ ဖလမ်းမြို့နယ်မှာ တာရွှန်းနှင့် တီးတိန်မြို့နယ်မှ လိုင်လိုကျေးရွာတို့ဖြစ်သည်ဟု သြဂုတ်လ ၂၂ ရက်နေ့က ကလေးမြို့မင်းကြီးဟိုတယ်တွင်ပြုလုပ်သော ချင်းပြည်နယ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်ထည်ဖော် ဆောင်မှု သတင်းစာရှင်းလင်းပွဲတွင် ချင်းပြည်နယ် လျှပ်စစ်၊ စည်ပင်နှင့် စက်မှု/လက်မှု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။ ချင်းပြည်နယ်၏ အမြင့်ဆုံးတောင် ခိုနူမ်းသုန်(ခေါ်)၀ိတိုရိယတောင်ခြေရင်းတွင်တည်ရှိပြီး ကန်ပက်လက်မြို့မှ ၃ မိုင်အကွာ တွင်တည်ရှိသော ဆော်လောင်းကျေးရွာကို ပထမဆုံးအနေဖြင့် အစိုးရသစ် ရက် ၁၀၀ စီမံကိန်း အတွင်း အကောင် ထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြပြီး ပွင့်လင်းရာသီတွင် နိုင်ငံခြားခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်တော့မည်ဟု ၀န်ကြီးက ပြောသည်။ “ ကျနော်တို့ရက် ၁၀၀ အတွင်းမှာ စပြီးတော့ မြန်မြန်ဆန်ဆန်လုပ်နိုင် တာကတော့ ဆော်လောင်း ကျေးရွာ ဖြစ်ပါ တယ်၊ အစိုးရရယ် Action Aid Myanmar နဲ့ Forever Top Company တို့ပူးပေါင်းပြီး လုပ်ငန်း ဆောင်ရွက်နေပြီဖြစ်ပါတယ်၊ အခု ရွာမှာ ဧည့်သည်တွေလာရောက်တည်ခိုးဖို့အတွက် လိုအပ်တဲ့ ဂေဟာ စဆောက်နေပါပြီ၊ ပွင့်လင်းရာသီရောက်တာနဲ့ ခရီး သည်တွေစပြီးတော့ပို့ဆောင်ပေးမှာဖြစ်ပါတယ်’’…

Read More

ချင်းပြည်နယ် စည်ပင်ရွေးကောက်ပွဲကို လာမည့်စက်တင်ဘာလကုန်ပိုင်းတွင် မြို့နယ်အားလုံး၌ တပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ မြို့စည်ပင်သာယာရေးကော်မတီကို တစ်မြို့လျင် ၇ ဦးစီဖြင့် ဖွဲ့စည်းမှာဖြစ်ပြီး ယင်းအနက် ၄ ဦးကို လူထုက တိုက်ရိုက် မဲပေးရွေးချယ်ကာ ကျန် ၃ ဦးမှာ ပြည်နယ်အစိုးရမှ တိုက်ရိုက်ခန့်အပ်မည်ဟု ပြည်နယ်စည်ပင် ၀န်ကြီး ဆလိုင်း အိုက်ဇက်ခင်ကပြောသည်။ “ရွေးတဲ့အခါမှာ မြို့ မဲဆန္ဒနယ် ၄ နယ်ပိုင်းခြားသတ်မှတ်ပြီးတော့ ကိုယ့်မဲဆန္ဒနယ်အလိုက် ရွေးချယ်ပြီးတော့မှ တင် မြောက်မှာဖြစ်ပါတယ်၊ မြို့လူထုက ကိုယ့်ရဲ့မဲဆန္ဒနယ်မှာ ကိုယ့်မြို့ရဲ့စည်ပင်သာယာရေးလုပ်ငန်းများကို တာဝန်ယူဆောင် ရွက်မယ့် ပုဂ္ဂိုလ်တွေကို တိုက်ရိုက်မဲပေးရွေးချယ်နိုင်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်၊ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်မှု များ တော်တော်များများပြီးနေပါပြီ’’ ဟု စည်ပင်ဝန်ကြီးကပြောသည်။ စည်ပင်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသော ပုဂ္ဂိုလ်များအနေဖြင့် မိမိနာမည်ကို စာရင်းတင်သွားရမှာဖြစ်ပြီး ယခင် ကဲ့သို့ မြို့မိမြိုဖ၊ ထွေအုပ်နှင့် စည်ပင်ဘက်မှ ရွေးချယ်ပေးသည့်ပုံစံမျိုးရှိတော့မည်ဟုတ်ဟု သိရသည်။ စည်ပင်ရွေးကောက် ပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်း ၄ ခုဖြစ်သည့် အေးချမ်းမြန်မာအင်စတီကျူ့၊ နယူးမြန်မာ ဖောင်ဒေးရှင်း၊ ပျိုးပင်နှင့် Hornbill Organization စသည်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၀န်ကြီးက ဆက်ပြောသည်။

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ဘွာလ်ပီးကွင်းနေရာတွင် သဘာဝဘေး ဒုက္ခသည်များဟု အမည်ခံကာကျူးကျော်နေထိုင်ကြသူများ အမြန်ဆုံးထွက်ခွါသွားကြရန် ချင်းပြည်နယ် အစိုးရက ထပ်မံသတိပေးလိုက် သည်။ အဆိုပါဒေသတွင် မြေကွက်များဝယ်ယူကာ လူမနေဘဲ နေအိမ်များဆောက် ထားကြသူ များနှင့် နေအိမ်များ ဆောက် လုပ်ပြီးနေထိုင်ကြသူများ အနေဖြင့် ကိုယ့်အထုတ်ကိုယ်ထမ်းပြီး မိမိတို့နေရပ်သို့ ပြန်သွားကြရန် ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်၊ စက်မှု/လက်မှု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က သတိပေးပြောဆိုခဲ့ခြင်းဖြစ် သည်။ “ဘွာလ်ပီးမှာ ဦးစီးဦးဆောင်လုပ်တဲ့ ဦးဟောင်ဇနန်တို့အဖွဲ့တွေကို တရားဥပဒေအရ ထိန်းသိမ်းထားပြီး ပါပြီ၊ နောက်ပြီးတော့ ပါဝင်ပတ်သက်တဲ့လူတွေကို ဆက်လက်ပြီးတော့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် သွားဖို့ အဆင့် ဆင့်ဆောင် ရွက်ပြီးဖြစ်ပါတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ရွာထဲမှာနေပြီးတော့မှ အခြေအနေများ ကောင်းလာ မလားဆိုပြီးတော့ မှ မျှော်လင့်ချက်တစ်ခုနဲ့နေတဲ့လူများကို အသိပေးချင်ပါတယ်၊ ဆက်ပြီးတော့ မနေပါ နဲ့ တတ်နိုင်သမျှ ပြန်လာပါ၊ ခုချိန်မှာ ကိုယ့်အထုတ်ကိုယ်ထမ်းပြီးတော့ပြန်လာရင် ဆုံးရှုံးမှုနည်းပါ လိမ့်မယ်၊ ဒါကတော့ အစိုးရအဖွဲ့ရဲ့ သဘောထားဖြစ်ပါတယ်’’ ဟု ၀န်ကြီးကပြောသည်။ ကလေးမြို့အနောက်ဘက် စက္ကန့်ရွာအထက်နားတွင် တည်ရှိသော ဘွာလ်ပီးဒေသတွင် ယခုလက်ရှိ အိမ်ခြေ စုစုပေါင်း ၃၆၁ အိမ်ရှိနေပြီး အမှန်တကယ်နေထိုင်သူမှာ လူဦးရေ ၁၈၀ ခန့်သာရှိကြသည်။ အဆိုပါဒေသတွင် မြေကွက်ဝယ်ယူပြီး နေအိမ်များဆောက်လုပ်သူအများစုမှာ ကလေးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှဖြစ်ကြပြီး သဘာဝဘေးကြောင့် ဒုက္ခရောက်နေကြသော ဒုက္ခသည်အစစ်များမဟုတ်ကြကြောင်း ပြည်နယ်အစိုးရက ပြောသည်။ အဆိုပါဒေသတွင် နေထိုင်သူများသည် ဒုက္ခသည်အစစ်များမဟုတ်ကြသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့်  မည်သည့်နည်းနှင့်မျှ အသိမှတ်မပြုနိုင်ကြောင်း ၀န်ကြီးအိုက်ဇက်ခင်ကပြောသည်။…

Read More

ချင်းပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ အခွင့်အရေး စောင့်ရှောက်ကာကွယ်နိုင်ရန် တောင်သူ လယ်သမားသမ္မဂ ဖွင့်စည်းပြီး လုပ်ငန်း စနစ်တကျဆောင်ရွက်သွားရန် ပြင်ဆင်နေသည်။ “အခုတော့ တရားဝင်အဖွဲ့ ဖွဲ့နိုင်ဖို့ အခြေအနေမရှိသေးတော့ နောက်နောင်မှာ ဘယ်လိုလုပ်ငန်း ဆောင်ရွက် သွားမလဲ ဆိုတာကိုလည်း သေသေချာချာ မချမှတ်သေးပါဘူး။ ဒီလ (၁၆) ရက်နေ့ကနေ ကန်ဂေါ်မြို့မှာ တနိုင်ငံလုံး ဆိုင်ရာ တောင် သူလယ်သမား ဆိုင်ရာ သင်တန်းဖွင့်လှစ်နေပါတယ်၊ အဲဒီမှာ ကျတော်တို့ ဥက္ကဌ ကိုယ်တိုင် တက်ရောက်နေတယ်၊ ဥက္ကဌ သင်တန်းကနေ ရောက်လာမှဘဲ ဘယ်လိုလုပ်ငန်း အကောင်အထည် ဖေါ်ဆောင်ရွက် မလဲ ဆိုတာ ပြန်လည် သုံးသပ်သွားမှာပါ” ဟု ထန်တလန်မြို့ တောင်သူလယ်သမား သမ္မဂ ဒုတိယ ဥက္ကဌ ဦး ဗန်ဘွေးလျန်က ဆိုပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့၌ ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁၆) ရက်မှာ ဖွဲ့စည်းခဲ့သည့် Lothlo Committee (ခေါ်) တောင်သူလယ်သမားသမ္မဂသည် ဖိုးဖွားပိုင် တောင်ယာ၊ လယ်ယာနှင့် ဥယာဉ်ခြံများကို သက်ဆိုင်ရာ အာဏာ ပိုင်များက သိမ်းပိုက်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဟားခါးပို့စ် မနေ့ထုတ် ဟားခါးပို့စ်သတင်းစာတွင်ဖေါ်ပြထားသည်။ ဤအဖွဲ့သည် အစိုးရက တရားဝင် အသိအမှတ်ပြုသည့် အဖွဲ့အစည်းမဖြစ်သေးသည့်အတွက် သက်ဆိုင်ရာ ချင်းပြည်နယ်အစိုးရနှင့် လုပ်ငန်းအတူတကွလုပ်ဆောင်ရန် အခက်အခဲရှိနေသေးကြောင်း၊ အကယ်၍ တရား ၀င် အဖွဲ့အစည်းဖြစ်လာပါက သက်ဆိုင်ရာ အစိုးရဌာနများနှင့် လုပ်ငန်းအတူတကွ လုပ်ဆောင်ရန် အလား အလာ…

Read More

By Dr. Suikhar –  နိဒါန်း Arakan Army (AA) ပေါ်ပေါက်လာပြီးနောက် အထူးသဖြင့် AA နှင့် စစ်တပ် တိုက်ပွဲဖြစ်လာ ပြီးနောက် ရခိုင်လူမျိုးများသည် ပလက်ဝကို မိမိတို့၏နယ်မြေဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ ရခိုင်လူမျိုးများမှ ပလက်ဝသည် မိမိတို့၏နယ်မြေဖြစ်သည်ဟု အသံထွက်ပေါ်လာခြင်းသည် ယခု၌သာမဟုတ်ပဲ ယခင်က တည်းကပင်ဖြစ်သည်။ Free Ranger Burma (FRB) မှ ထုတ်ဝေ သော ၄င်းတို့၏ လှုပ်ရှားမှုစာစောင်တွင် ပလက်ဝသည် ရခိုင်ပြည်နယ်ဖြစ် သည်ဟုဖော်ပြခဲ့ဖူးသည်။ မိမိတို့ချင်းလူမျိုး မဟုတ်သော တခြားလူ မျိုးများမှ FRB ကို ယင်းသို့ဖော်ပြခြင်းသည် မှားနေကြောင်း ထောက်ပြပြီးသည့်နောက်ပိုင်းတွင် FRB မှထုတ်ဝေသောစာစောင်တိုင်းတွင် ပလက်ဝသည် ချင်းပြည် နယ်ဖြစ်သည်ဟု ပြန်လည်ရေးသား ဖော်ပြ သည်။ AA သည် ပလက်ဝမြို့နယ်ရှိ အချို့သော ကျောင်းများ၏ ဆိုင်းဘုတ် တွင်ရေးထားသော ချင်းပြည်နယ်ကို ပယ်ဖျက်ပြီး ရခိုင်ပြည်နယ်ဟု အစားထိုးရေးသားခဲ့ကြသည်။ မကြာသေးမှီကာ လတွင် Panglong မြို့၌ကျင်းပသော Ethnic Youth Conference တွင် Arakhan National Party ခေါင်းဆောင် တစ်ဦးဖြစ် သော ဒေါက်တာအေးမောင် မှ “၁၉၅၃-၅၄ ခုနှစ်တွင် မိမိတို့ရခိုင်လူမျိုး များ၏တောင်တန်း ဒေသဖြစ်သော ပလက်ဝကို Chin Special Division သို့လွှဲအပ်ခဲ့သည်” ဟုပြောကြားခဲ့သည်။ Facebook ပေါ်တွင် သော်လည်း ကောင်း၊ အခြားမီဒီယာများတွင်သော်လည်းကောင်း ဖတ်ရှုပါက စိတ်ဆွဖွယ်…

Read More

ကလေးမြို့အနောက်ဘက် စက္ကန့်ရွာအထက်နား ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်း (၁၄၄) အတွင်း ဘွာလ်ပီးကွင်းနေရာတွင် သဘာဝဘေးဒုက္ခသည်များဟု အမည်ခံကာကျူးကျော်ဆောက်ထား ကြသော အိမ်ခြေစုစုပေါင်း ၃၆၁ အိမ်ကိုဖယ်ရှားရန် သြဂုတ်လ ၁ ရက်နေ့က ပြည်နယ်အစိုးရက အမိန့်ထုတ် ပြန်လိုက်ပြီး ပြောင်းရွှေ့ရန် အချိန်တစ်ပတ်ကြာပေး ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်နှင့် ဖလမ်းခရိုင်အုပ်ချူပ်ရေးမှူး အဖွဲ့ တို့သည် သြဂုတ်လ ၈ ရက်နေ့က ဘွာလ်ပီးဒေသသို့ သွားရောက်ပြီး အဆိုပါဒေသတွင် ကျူးကျော်နေထိုင်ကြ သော ဒေသခံများနှင့်တွေ့ဆုံကာ အမြန်ဆုံးဖယ်ရှားကြရန်နှင့် အကယ်၍ဖယ်ရှားခြင်းမရှိပါက ဥပဒေအရအရေး ယူဆောင်ရွက်မည်ဟု ထပ်မံသတိပေးပြောဆိုခဲ့သည် ဟု သိရသည်။ ချင်းပြည်နယ်သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်က “ ဥပဒေအကြံပေးနဲ့ ပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက် အတိုင်းလုပ်မယ် ရှင်းရှင်းပြောရရင် ၇ ရက်အချိန်ပေးထားပြီးတော့ အရေးယူဆောင်ရွက်ခြင်းမပြုမှီမှာ ကိုယ်ဟာ့ကို ကိုယ့်ပစ္စည်းတွေကို ကိုယ်သိမ်းသွား ရင် ဘာမှအရေးယူစရာအကြောင်းမရှိဘူး’’ ဟု ပြောသည်။ အဆိုပါ ဆီးယင်းသစ်တောကြိုးဝိုင်အကွက် (၁၄၄) နေရာတွင် ပြီးခဲ့သည့်နှစ်က သဘာဝဘေးဒဏ်ခံခဲ့ရသည် ဟုဆိုသော ဖလမ်းမြို့နယ်အတွင်းရှိ နီမ်ဇောလ်၊ ဇောလ်ပီး၊ ကောလ်ဖန်း၊ ကိမ်းညောင်း ကျေးရွာများမှ ဒေသခံ များအား ပြန်လည်နေရာချထားပေး ရန် ကျေးရွာလူကြီးများက ယခင်အစိုးရ လက်ထက်တုန်းက တင်ပြခဲ့သည် ဟုသိရသည်။ ပြည်နယ်အစိုးရကလည်း ဆီးယင်း သစ်တောကြိုးဝိုင်းအတွင်းဖြစ်နေသည့်အတွက် ယင်းကိစ္စကို ခွင့်မပြုနိုင် ကြောင်း၊ အခြားမြေနေရာဖြစ်သော စည်သာအ ပတောဒေသ တွင် ပြန်လည်အခြေချနေထိုင်ရန် မြေဧက (၃၀)ကို ခွင့်ပြု…

Read More

By ဆလိုင်းစီးလျံ –  ကလေးတက္ကသိုလ်တွင် တက်ရောက်နေကြသော အဆောင်နေကျောင်းသူကျောင်းသားများသည် ယခုရက် ပိုင်းအတွင်းရေရှားပါးမှုပြသာနာနှင့် ရင်ဆိုင်နေကြရသည်ဟုသိရသည်။ ကလေးတက္ကသိုလ်ဝန်းထဲတွင်တည်ရှိသော ဗန္ဒူလ၊ ဇလပ်ဖြူ နှင့် ဇလပ်နီ အဆောင်သို့ ယခုရက်ပိုင်းအ တွင်း ရေပုံမှန်ဖြန့် ဝေပေးနိုင်ခြင်းမရှိသည့်အတွက် အထူးသဖြင့် ဇလပ်ဖြူဆောင်သည် ရေပြတ်လတ်သည့်အဆင့် ထိရှိနေပြီး အဆောင်နေကျောင်း သူများ အခက်ကြုံနေကြရသည်ဟု ဗန္ဒူလဆောင်တွင် နေသော ကျောင်းသားတစ်ဦးကပြောသည်။ “ကျတော်တို့ဆောင်ကတော့ အကြိမ်ကြိမ် အဆောင်မှူးနဲ့တင်ထားလို့ အခုတော့ သက်သာလာပြီ၊ အခု ဇလပ်ဖြူဆောင်မှာ က ကျောင်းသူတွေဘဲနေကြတာ၊ သူတို့ကတော့ အလေးသွားဖို့တောင် မရှိဘူး၊ အရင်ကတော့ ရေပုံမှန်ရပေမဲ့ အခုက သုံးရက် တစ်ကြိမ်လောက်ပဲ ရကြတယ်” ဟု သူကပြောသည်။ ယင်းကိစ္စအား ဖြေရှင်းပေးရန် အဆောင်မှူးထံ တင်ပြတောင်းဆိုသော်လည်း အဆင်မပြေကြောင်း၊ ထို့ကြောင့် အဆောင်နေကျောင်း သူများသည် တက္ကသိုလ်ကျောင်းဆောင်သို့ ရေပိုက်သွယ်ယူရေး အင်ဂျင်နီယာထံ သွားရောက် တင်ပြကြသော်လည်း ယနေ့ချိန်ထိ ရေပြသာနာနှင့်ရင်ဆိုင်နေကြရဆဲ ဖြစ်သည်ဟု သိရသည်။ “ရေပိုက်သွယ်ယူတဲ့အင်ဂျင်နီယာကို သူတို့သွားတွေ့ကြတော့ မင်းတို့အိမ်သာတက်ချင်ရင်တော့ ဗန္ဒူလ ဆောင် (အမျိုးသားဆောင်) ကို သွားတတ်ကြ၊ ဒါမှမဟုတ် တောထဲဝင်ပြီး အလေးစွန့်ကြဆိုပြီးပြော လွှတ်လိုက်တယ်’’ ဟု အဆောင်နေကျောင်းသား တစ်ဦးက ဆို သည်။ ကလေးတက္ကသိုလ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအနောက်ဘက် ချင်းပြည်နယ် နယ်နမိတ်တွင် တည်ရှိပြီး၊ ချင်းလူမျိုးများ အဓိက ပညာသင်ကြားနေသည့် ကျောင်းတော်ကြီးဖြစ်သည်။

Read More

အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံချင်းပြည်သူများ ထိခိုက်နစ်နာမှုများ နောက်ထပ်မရှိစေရန် ပလက်ဝ မြို့နယ်ဒေသတွင် တိုက်ပွဲများမဖြစ်ပွားရန် စစ်ရေးရှောင်ရှားသွားမည်ဟု ရခိုင့်တပ်မတော် (Arakan Army) က ချင်းအမျိုး သားတပ်ဦး CNF တို့တွေ့ဆုံစဉ်တွင် ပြောဆိုလိုက်သည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရခိုင်တပ်မတော်နှင့် အစိုးရတပ်မတော်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံချင်းပြည်သူများ စစ်ဘေးဒုက္ခရောက်နေရသည့်ကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ် (KIA) ထိမ်းချူပ် နယ်မြေ မိုင်ဂျာယာန်တွင် ဇူလိုင် ၂၆ မှ ၃၀ ရက်နေ့အထိ ကျင်းပသော မိုင်ဂျာယာန် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေး မျက်နှာစုံညီအစည်းအဝေးတွင် ရခိုင်တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးမှ ထိပ်ပိုင်းခေါင်းဆောင်များ သီးသန့် တွေ့ဆုံဆွေးရာမှာ AA ဖက်က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်ဟု CNF အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက ပြောသည်။ “ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာပါ၊ သူတို့ဖက်ကလည်း သူတို့ရဲ့ အခက်အခဲ၊ ပြသာနာတွေကို ပြန်ပြောကြပါတယ်၊စစ်ရေးကြောင့် မလွှဲမရှောင်သာလို့ လူထု ထိခိုက် နစ်နာမှုတွေ အပေါ်စိတ်မ ကောင်းကြောင်း၊ လူထုနစ်နာ မှုတွေကို အတတ်နိုင်ဆုံးပြန်လည်ဖြည့်ဆည်းပေး တောင်းပန် လိုကြောင်းတွေပြောပါတယ်၊ အဓိက က လူထုထိခိုက်နစ်နာ စေတာမျိုးတွေ မဖြစ်ဖို့နဲ့ အတတ်နိုင်ဆုံး စစ်ရေးရှောင်ရှားသွားမယ်လို့ သူတို့ဖက်ကပြောပါတယ်’’ ဟု ပူးထက်နီက ပြောသည်။ ပလက်ဝဒေသကို ခြေကုပ်စခန်းယူထားသော ရခိုင့်တပ်မတော်သည် အစိုးရတပ်မတော်နှင့် ၂၀၁၅ ကစ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများကြောင့် ပြင်စိုရွာသား ၃၇၀ ဦးခန့် ယနေ့ချိန်ထိ မိမိနေရပ်သို့…

Read More

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် (၂၆) ရက်နေ့မှ (၃၀)ရက်နေ့အထိ ကချင်ပြည်နယ် (KIA) ထိမ်းချူပ်နယ်မြေ မိုင်ဂျာယာန်တွင်ကျင်းပခဲ့ကြသည်။ ယင်း မျက်နှာစုံညီအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၈) ဖွဲ့၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)၊ အမျိုးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ)၊ ကုလသမဂ္ဂအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးကိုယ် စာလှယ် Mr. Sun Guoxiang အပါအ၀င် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသော လေ့လာသူများစုစုပေါင်း(၂၀၆) ဦးတက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းအရာများဆွေးနွေးကြသလဲ၊ ဘာတွေဆုံးဖြတ်ချက်တွေချမှတ်နိုင်ခဲ့သလဲ၊ စသည့်အကြောင်းကိစ္စများသိရှိနိုင်ရန် အစည်းအဝေးသို့ တက်ရောက်ခဲ့သော ချင်းအမျိုးသားတပ်ဦး CNF မှ အထွေထွေအတွင်းရေး မှူး (၃) ပူးထက်နီကို ခိုနူမ်းသုန်သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားသည်။ မေး။      ။  မိုင်ဂျာယာန်ဆွေးနွေးပွဲမှာ အဓိက ဘာတွေဆွေးနွေးကြလဲ။ ဖြေ။       ။ ဒီမိုင်ဂျာယာန်အစည်းအဝေးမှာ အချက်လေးချက်ပေါ့ – ဖက်ဒရေဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအခြေခံမူ၊ နိုင်ငံရေးမူဘောင် ကိစ္စ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အခြေခံရမည့်မူ နဲ့ ၂၁ ရာစု ပင်လုံအပေါ် ကိုင်စွဲရမည့် ပင်လုံလက်စွဲ စာတမ်း ဆိုပြီး အဓိကဆွေးနွေးခဲ့ပါတယ်။ မေး။      ။ အဲဒီဆွေးနွေးပွဲမှာ ဘာရလဒ်တွေထွက်လာလဲ၊ ဘာတွေဆုံးဖြတ်ချက်တွေချနိုင်ခဲ့လဲ။ ဖြေ။       ။ ရလဒ်ကတော့…

Read More

ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သည့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များရှိ အစိုးရကျောင်များတွင် မိခင်ဘာသာစကားသင်ကြားရေးအခက်အခဲဖြစ်နေကြသည်ဟုသိရသည်။ ချိုးဘာသာစကားကို အစိုးရကျောင်းများတွင် မိခင်ဘာသာစကားအဖြစ် သင်ကြားနေကြသော မင်းတပ်၊ ကန်ပက်လက်၊ ထီးလင်းနှင့် ဆောမြို့နယ်များတွင် ဒေသနှင့် မကိုက်ညီသော ကျောင်းဆရာ/ဆရာမ ခန့်ထားခြင်းကြောင့် ယခုကဲ့သို့ သင်ကြားရေးတွင် အခက်ကြုံနေရခြင်းဖြစ်သည်ဟု မင်းတပ်မြို့မှ ဒေသခံ ကျောင်းဆရာ Pa Ng’ Thang Om Pang က ပြောသည်။ “အစိုးရက ၀န်ထမ်းခန့်တဲ့ချိန်မှာ ဒေသခံထဲက မခန့်ကြပဲ မြေပြန့်က လူတွေကို ခန့်ကြတယ်၊ ချိုးဘာသာ စကားကို သင်ပေးဖို့ဆိုတော့လည်း သူတို့က မသင်ပေးနိုင်ဘူး၊ ချိုးစကားလုံးဝ မတတ်တဲ့သူက လာသင် ပေးတော့ လုံးဝမဖြစ်နိုင်ဘူး” ဟု သူကပြောသည်။ ထို့အပြင် မိခင်ဘာသာစကားကို ကျောင်းချိန်အတွင်း သင်ကြားခွင့်မရှိဘဲ ကျောင်းချိန်အပြီးတွင် နောက်ထပ် အချိန်ပိုအနေဖြင့်သာ သင်ကြားနေပြီး ကလေးများအတွက်လည်း အဆင်မပြေကြောင်း အဆိုပါ ကျောင်း ဆရာကဆက်ပြောသည်။ ချိုးဘာသာစကားသည် မင်းတပ်နှင့် ကန်ပက်လက်ဒေသတွင် အဓိက အသုံးပြုသော ဘုံဘာသာ စကားဖြစ် ကြောင်းသိရသည်။

Read More