By လားနွန် – ချင်းပြည်နယ်အတွင်း မသန်စွမ်းအရေးဆောင်ရွက်ရန်အတွက် ချင်းပြည်နယ် မသန်စွမ်းသူများအသင်းကို ဧပြီလ (၁၀) ရက်နေ့က ဟားခါးမြို့ CACC (Chin Association For Christian Communication) ခန်းမတွင် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် အတည်ပြုပြဌာန်းလိုက်ပြီးဖြစ်သော မသန်စွမ်းဥပဒေနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေး များ ကာကွယ်မြှင့်တင်ရေးနှင့် အသိပညာပေးမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် မသန်စွမ်းသူများအသင်းကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ချင်းပြည်နယ်မသန်စွမ်းသူများအသင်း ဒုဥက္ကဌ ဦးမောန်ထန်းလိန်း ကပြောသည်။ “ကျွန်တော်တို့ ချင်းပြည်နယ်မှာ မသန်စွမ်းသူများအရေးကို ဆောင်ရွက်ဖို့ အစိုးရကနေ ၂၀၁၇ မှာနည်းဥပဒေ ထွက်သွားပါပြီ ဒီနည်းဥပဒေအတိုင်း ဒီအခုလူဝန်မှုကြီးကြပ်ရေးအောက်မှာကျွန်တော်တို့ ဒီမသန်စွမ်းသူများအရေးကို ဆောင်ရွက်ဖို့ ဒီအသင်းကိုဖွဲ့စည်းထားပါတယ်၊ အခုကျွန်တော်တို့ မြန်မာပြည်မှာမသန်စွမ်းသူများရဲ့ အခွင့်အရေးကို ဘာမှမရှိဘူး ဘာသာရေးဖက်ကသော်လည်း နောက်နိုင်ငံရေးဖက်ကသော်လည်း ဒီမသန်စွမ်းသူများအရေးကို ဆောင်ရွက်တာနယ်နယ်ရရမရှိတဲ့ခါကျတော့ ဒီမသန်စွမ်းသူများလည်းပဲ လူသားထဲက လူသားမွေးရာပါ သူတို့အခွင့်အရေးတွေကို ရရှိနိုင်အောင် ဒီအမြင်တွေဖွင့်ပေးမယ် နောက်ပြီးတော့မှ သူတို့ရဲ့ ပညာရေးကဏ္ဍကိုလည်း သူတို့နှင့် ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ကိုယ်တိုင်ကိုက မသန်စွမ်းသူဖြစ်နေတဲ့အခါကျတော့ မသန်စွမ်းများအရေးကို မသန်စွမ်းကပဲပိုနားလည်တဲ့အခါမှာ မသန်စွမ်းအရေးကို မသန်စွမ်းရဲ့ဥပဒေနည်းလမ်းအတိုင်း ကျွန်တော်တို့ကပညာပေးပြီးတော့မှ လက်လျက်ပြီးဆောင်ရွက်ဖို့” လို့ ချင်းပြည်နယ်မသန်စွမ်းသူများအသင်း ဒု-ဥက္ကဌ ဦးမောန်ထန်းလိန်းကပြောသည်။ ယခုလက်ရှိ ချင်းပြည်နယ်တွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးတွင် မသန်စွမ်းသူများအား နေရာမပေးခြင်း၊ လစ်လျူရှုမှုများပြားနေသေးသည့်အတွက် မသန်စွမ်းဆိုင်ရာအသိပညာပေးမှု ထိထိရောက်ရောက်လုပ်ဆောင်ရန်လိုအပ်သည်ဟု ဦးမောန်ထန်းလိန်းကပြောသည်။ “ချင်းပြည်နယ်မှက ပညာရေးကဏ္ဍသော်လည်းကောင်း စီးပွားရေးကဏ္ဍသော်လည်းကောင်း ပွဲလမ်းသဘင်ရှိတဲ့အချိန်မှာသော်လည်းကောင်း ဒီမသန်စွမ်းတွေကို နေရာပေးမှုတွေ နောက်ပြီးတော့…
Author: Editor
By လားနွန် – ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်မှဆောင်ရွက်သည့်လုပ်ငန်းစဉ်များပတ်သက်၍ အားနည်းချက် အားသာချက်များ ဝေဖန်ထောက်ပြနိုင်ရန်အတွက် ချင်းမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်က ပြောသည်။ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာမှုထန်အပါအ၀င် ပါတီတာဝန်ရှိသူများ သည် ဧပြီလ ၁၀ ရက်နေ့က ဟားခါးမြို့ ပါတီရုံးခန်းတွင် ဒေသတွင်းအခြေစိုက်ချင်းမီဒီယာများကို ဖိတ်ခေါ်ကာ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ချင်းပြည်နယ်ကိစ္စ ချင်းပြည်နယ်အစိုးရဆောင်ရွက်ချက်တွေ လွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေ တစ်ချို့အားနည်းချက် အားသာချက်တွေကို ထောက်ပြ ဝေဖန် အကြံပြုပေးဖို့အတွက် မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်၊ ဒါကြောင့် အဲဒီရည်ရွယ်ချက်နဲ့ မီဒီယာတွေနဲ့တွေ့ဆုံပွဲလုပ်ရ တာဖြစ်ပါတယ်” ဟု USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်ကပြောသည်။ ထို့အပြင် ၎င်းတို့ပါတီကို ချင်းပါတီတစ်ခုလိုသဘောထားကြရန်လိုအပ်သည်ဟု ဆလိုင်းခွဲယန်ကပြောသည်။ “ချင်းပြည်ခိုင်ဖြိုးပါတီ(USDP) ကို ချင်းပါတီတစ်ခုလို ကျွန်တော်တို့ကိုယ်ဟာကိုလည်းပဲ ခံယူထားပါတယ်၊ ချင်းပါတီတစ်ခုလိုသဘောထားဖို့လိုပါတယ်၊ ချင်းပြည်ခိုင်ဖြိုးဆိုတာ ချင်းအမျိုးသားရေး ချင်းပြည်နယ်အရေး ချင်းပြည်နယ်မှာရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ချင်းအရေးနဲ့ပတ်သက်လို့ အရာအားလုံးကို တခြားချင်းပါတီတွေချင်းပြည်သူတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အသင့်ရှိတယ်ဆိုတာ သိစေချင်ပါတယ်” ဟု ဆလိုင်းခွဲယန်ကပြောသည်။ ယင်းတွေ့ဆုံပွဲတွင် ဟားခါးမြို့အခြေစိုက် ချင်းမီဒီယာများဖြစ်သည့် The Hakha Post ၊ The Chinland Post ၊ The Chin Journal/ Chin News Journal သတင်းဌာနများမှ သတင်းသမားများတက်ရောက်ကြပြီး USDP ပါတီအနေဖြင့် ချင်းမီဒီယာများနှင့် တစ်လတစ်ကြိမ်တွေ့ဆုံမှုများဆက်လျက်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်းလည်းသိရသည်။ (Photo- CNJ)
ချင်းပြည်နယ် ဖလမ်းမြို့တွင် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သော (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်အတွက် လှူဒါန်းသည့် ရံပုံငွေကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်းကြားသူများနှင့် အဆိုပါတိုင်ကြားသည့်သတင်းကို ရေးသားသည့် ချင်းဝေါလ်သတင်းဌာနကို ဥပဒေကြောင်းအရ တရားစွဲဆိုမည်ဟု ချင်းပြည်နယ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်က ပြောဆိုကြောင်း ဧပြီလ (၈) ရက်နေ့ထုတ် ဟားခါးပိုစ့်သတင်းတွင်ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်ကို ခိုနူမ်းသုန်သတင်းဌာနမှ မေးမြန်းရာ “အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်တယ် ဒီဖြစ်စဉ်က မှန်တာလည်းမဟုတ်ဘူး မှားနေတာတစ်ခုကို ချင်းပြ ည်နယ်မှာအကြီးဆုံးဖြစ်တဲ့ ၀န်ကြီးချူပ်ကို တိုင်တာမျိုးကြ တော့ ကာယကံရှင်က ဘယ်လိုလို့လက်ခံမလဲ၊ ၀န်ကြီးချူပ်ကို ယ်တိုင်က မကျေနပ်ဘူးဖြစ်နေတယ် မကျေနပ်လို့ တရားစွဲမယ်ဆိုရင်လည်း သူစွဲခွင့်ရှိတာပဲ’’ ဟုပြောသည်။ ဖလမ်းမြို့တွင်ကျင်းပခဲ့သည့် (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ထွဋ်ခေါင်ကြီးကုမ္ပဏီပိုင်ရှင် ဦးထန်းရှင်းမှ လှူဒါန်းခဲ့သည့် ကျပ်ငွေ သိန်း (၂၀၀) ပျောက်ဆုံးသွားသည်ဟုဆိုကာ ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ မတ်လ (၃၀) နေ့ရက်စွဲဖြင့် မင်းတပ်မြို့အရပ်ဖက်အဖွဲ့အစည်းများက တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့၏ တိုင်ကြားစာတွင် ဖလမ်းမြို့တွင် ပြည်နယ်အဆင့် ကျင်းပသည့် ချင်းအမျိုးသားနေ့အတွက် အလှူငွေကို ထွဋ်ခေါင်ကြီးကုမ္ပဏီပိုင်ရှင် ဦးထန်းရှိန်းမှ ဟားခါးရိပ်သာတွင် အစိုးရအဖွဲ့အကြီး အကဲများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံစဉ် အလှူငွေကျပ်သိန်း (၂၀၀ ) အားထည့်ဝင်မည့်အကြောင်း ပြောကြားခဲ့ပြီး နေရပ်ပြန်ရောက်ချိန်တွင် ဖားကန့်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် ယခုကရင်ပြည်နယ်သို့ပြောင်းရွှေ့သွားပြီဖြစ်သည့် ချင်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှုးဟောင်း ဦးစန်းမောင်ဦး ထံသို့ ကုမ္ပဏီဝန်ထမ်းမှ တစ်ဆင့်လှမ်းပို့စေခဲ့သော်လည်း ချင်းအမျိုးသားနေ့…
By မိုးကျော် – အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာရ်မှတဆင့် မီဇိုရမ်ပြည်နယ်သို့ ကုန်ပစ္စည်းတင်ပို့မှုကို ကျန်ဖိုင်ကားလိုင်းအသင်းမှ ပိတ်ပင်ထားသည်မှာ နှစ်ပတ်ကျော်နေပြီဖြစ်သည့်အတွက် မြန်မာကုန်သည်များ အခက်တွေ့နေကြကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ် ကုန်စည်ပို့ဆောင်ရေးအဖွဲ့နှင့် ကျမ်ဖိုင်း ကုန်စည်ပို့ဆောင်ရေး ကားလိုင်းအသင်းတို့အကြား ကုန်ပစ္စည်းသယ်ယူရေးနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်နေသည့်အတွက် နယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းဘက်သို့ ကုန်ပစ္စည်းတင်ပို့မှုကို မတ်လ (၂၆) ရက်နေ့ကစတင် ပိတ်ပင်ခဲ့ကြခြင်းဖြစ်သည်။ ယခုလို ကုန်ပစ္စည်းများတင်ပို့မှု ပိတ်ပင်ထားခြင်းမှာ နှစ်ပတ်ကျော်ကြာနေပြီဖြစ်သည့်အတွက် နယ်စပ်ဂိုဒေါင်များတွင် ကုန်ပစ္စည်း များ မဆံ့တာ့လောက်အောင် များပြားနေပြီဖြစ်သောကြောင့် အချို့ကုန်ပစ္စည်းများမှာ ကလေးမြို့တွင်သာ ထားရှိနေရကြောင်း မြန်မာကုန်သည်အမျိုးသမီးတစ်ဦးဖြစ်သူ မ Bawrte က ပြောသည်။ “ပိတ်ထားတာ နှစ်ပတ်လောက်ရှိပြီဆိုတော့ ရိ ဂိုဒေါင်မှာလည်း ပစ္စည်းတွေ မဆံ့တာ့ဘူး၊ ဒါကြောင့် ကျမတို့ ကုန်ပစ္စည်းတွေကို ကလေးမြို့မှာဘဲ ထားခဲ့ရတယ်။” ဟု ပြောသည်။ ကုန်ပစ္စည်းများ တင်ပို့ခွင့်မရှိသည့်အတွက် ကုန်သည်များအနေဖြင့် မီဇိုရမ်ဘက်တွင် အကြွေးတောင်းခံရာတွင်းလည်း အခက်တွေ့ကြုံနေကြရ ကြောင်း အဆိုပါကုန်သည်အမျိုးသမီးတစ်ဦးက ထပ်မှန်ပြောသည်။ “အကြွေးတောင်းတာခက်ပါတယ်ဆို၊ ခုလို ကုန်ပစ္စည်းတင်ခွင့် ပိတ်ပင်လိုက်တော့ ပိုခက်သွားတာပေါ့။ ပစ္စည်းသစ်မပေးနိုင်ရင် အကြွေးတောင်းရတာ အလွန်ခက်တယ်။ သူတို့ လိုချင်တဲ့ပစ္စည်း၊ မှာထားတဲ့ပစ္စည်းကို ပေးနိုင်မှ သူတို့ဘက်ကလည်း များများပေး တာဖြစ်တယ်။” ဟု သူမကပြောသည်။ မြန်မာနိုင်ငံပြည်မဘက်မှ ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးခစန်းသို့ ရောက်ရှိလာသော ကုန်ပစ္စည်းများကို ဇိုခေါထာရ်မှ ကျန်ဖိုင်းသို့ ပို့ဆောင်လေ့ရှိပြီး ထိုမှတဆင့် မီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇော်နှင့် မြို့နယ်အသီးသီးသို့ ပြန်လည်တင်ပို့လေ့ရှိသည်။…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မတူပီနှင့် ပလက်ဝမြို့နယ်ဆက်သွယ်သည့် ကားလမ်းမကြီးပေါ် ကတ္တရာခင်းရာတွင် အသုံးပြုထားသည့်ကျောက်များသည် အရည်အသွေးပြည့်မှီခြင်းမရှိသည့်အတွက် ဖယ်ရှားခိုင်းပြီး အသစ်ပြန်လုပ်ခိုင်းထားသည်ဟု မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကပြောသည်။ “ခင်းထားတဲ့ကျောက်တွေက လုံးဝအကောင်းဘူး ဒီတိုင်းဆိုရင်တစ်နှစ်လုပ်ပြီးတော့ နောက်တစ်နှစ်ပြန်ဖျက်ရ မယ့်သဘောရှိတယ် ဒါကြောင့်မို့အမြန်ဆုံးဖယ်ရှားပေးပါဆိုပြီးတော့ မနေ့ကရော ဒီနေ့ကရောဖယ်ရှားကြတယ် အကုန်လုံး ဟိုးချောက်ထဲထိဖယ်ထုတ်ထားတယ် ပြန်သယ်လို့မရအောင်ပေါ့” ဟု ဦးအောင်လျန်ကပြောသည်။ အဆိုပါကားလမ်းသည် ဟားခါး-မတူပီ-ပလက်ဝ တို့ကိုဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်ပြီး ကတ္တရာခင်းသည့်လုပ်ငန်း ကို ဆောက်လုပ်ရေးဝန်ကြီး လမ်းဦးစီးဌာန လမ်းအထူး (၁၂) မှ တာဝန်လုပ်ကိုင်နေခြင်းဖြစ်သည်။ အရည်အသွေးမပြည့်သော ကျောက်များအသုံးပြုပြီး ကတ္တရာခင်းထားသည့် နေရာသည် မတူပီမြို့မှ ပလက်ဝမြို့နယ်အ ကြား မိုင်တိုင် (၆) နှင့် (၇) နေရာဖြစ်ပြီး ကျောက်ပွများကို (၃) ဖာလုံအရှည်ခန့် ခင်းထားကြသည်ဟု ဦးအောင်လျ န်က ပြောသည်။ “ကျောက်က ကျောက်ပွတွေပေါ့နော် အ၀ါရောင်ကျောက်ပွတွေ ကျောက်မာတွေမပါဘူး အပျော့ကျောက်တွေ သူတို့ကဒီတိုင်းခင်းထားတယ် အောက်ခြေမှာ ကျောက်မာခင်းမယ့်နေရာမှာကို သူတို့ ရောပြီးတော့ ကျောက်မာတချို့ဟာလည်းပါပါတယ် ရောပြီးတော့ပါတာပေါ့နော် ဒါပေမယ့် ၅၀ ၊ ၅၀ မျိုးဖြစ်နေတော့ ဒါကိုလုံးဝမကောင်းဘူး ဥပမာ ၈၀ ရာခိုင်နှုန်းလောက် အကောင်းဖြစ်ပြီးတော့ နည်းနည်းပါးပါးပါရင်တော့ လက်ခံလို့ရတယ် အခုက ၅၀% ၊ ၅၀% လောက်ဖြစ်နေတော့ ကျွန်တော်တို့ကလုံးဝမသင့်တော်ဘူး အခုကအကုန်လုံးဖယ်ရှားလိုက်ပြီ တာဝန်ယူလုပ်ကိုင်တဲ့သူတွေကလည်း ကျောက်အရည်အသွေးရှိတဲ့ဟာပဲ ကျွန်တော်တို့ခင်းပါမယ်ဆိုပြီးတော့ အားလုံး သဘောတူလက်မှတ်ထိုးထားကြပါတယ်” ဟု ဦးအောင်လျန်ကပြောသည်။
ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့မှ ဖမ်းဆီးသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်း (၈) ဦးထဲတွင် ပလက်ဝမြို့နယ် လိပ်ကုန်း (၁) ရွာနေ ချင်းအမျိုးသား ဦးထွန်းလင်းအောင်လည်းပါဝင်ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။ ပလက်ဝမြို့မှ (၆) မိုင်ခန့်ဝေးသော လိပ်ကုန်း (၁) ရွာတွင် နေထိုင်သော အဘ ဦးကျော်အောင်၏ သား ဦးထွန်းလင်းအောင် (၃၄) နှစ်သည် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီးအထိ ကားလမ်း တည်ဆောက် နေသည့် ဆုထူးစံကုမ္ပဏီတွင် မြေတူးစက်မောင်းသည့် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စစ်ထောက်လှမ်းရေးနှင့် မည်သို့မျှပတ်သက်ဆက်နွယ်မှုမရှိကြောင်း ဦးထွန်းလင်းအောင်၏ ဖခင်ကပြောသည်။ “အရင်တုန်းက ဖားကန့်ဘက်မှာ မြေတူးစက်တွေမောင်းတယ် အခုမိဘအိမ်မှာပြန်ရောက်လာလို့ ဆုထူးစံကုမ္ပဏီမှာ လူတစ်ယောက်လိုတယ်ဆိုလို့ အဲဒီမှာ အလုပ်ဝင်လုပ်တာ စစ်ထောက်လှမ်းရေးတွေနဲ့လုံးဝပတ်သက်မှုမရှိပါ ပလက်ဝဒေသခံလူတွေအားလုံးလည်း သိပါတယ် အခုသူအဖမ်းခံရတာကြားတော့ သူ့အမေလည်း လုံးဝထမင်းမစားနိုင် ဖြစ်နေတဲ့အတွက်ကြောင့် သားကို ကျန်းကျန်းမာမာနဲ့အိမ်မှာ ပြန်ရောက်စေချင်တယ် အထူးလည်း တောင်းပန်ပါတယ်’’ ဟု ဦးထွန်းလင်းအောင်၏ ဖခင်က ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ဦးထွန်းလင်းအောင်သည် မြေတူးစက်မောင်းပြီး မိသားစုကို အဓိကပြုစုကျွေးမွေးနေသူဖြစ်သည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်သွယ်ထားသော ပလက်ဝ နှင့် ဇိုးရင့်ပွီးအထိ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်းများကို ၎င်းတို့တည်းခိုနေထိုင်ရာ တွင်းကင်းအလောင်းကျေးရွာတွင် အင်အား ၁၀၀ ကျော်ခန့်ရှိသော AA တပ်ဖွဲ့ဝင်များသည် မတ်လ (၃၀) ရက်နေ့က ၀င်ရောက်ပြီး အမျိုးသား (၁၁) ဦးနှင့် အမျိုးသမီး (၂) ဦးဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။…
By လားနွန် – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ် ၅၉ (စ) ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရေး လူထူဆန္ဒထုတ်ဖော်ပွဲ ကလေးမြို့နယ် အမျိုးသားရေးအင်အားစုများမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်း ၈ နာရီက ကလေးမြို့တွင်ပြုလုပ်ခဲ့ကြသည်။ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သည့် ကလေးမြို့နယ်အမျိုးသားရေးအင်အားစုမှ ဦးအောင်မိုးက “၅၉ (စ) မပြင်ဆင်ရေး ဒီဟာကဘာကြောင့် မပြင်ဆင်ချင်လဲဆိုတာ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့ကိုလမ်းညွှန်ခဲ့တာ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ရေးပုံ မဆောင်ရွက်ခင် လမ်းညွှန်ခဲ့တဲ့စာရှိပါတယ်၊ ပြင်ဆင်လိုက်ခြင်းအားဖြင့် သမ္မတရာထူးကို တိုင်းရင်းသားစစ်စစ်မဟုတ်တဲ့ထဲက ကျန်တဲ့လူမျိုးတွေ နိုင်ငံခြားသွေးနှောတွေပါလာနိုင်တဲ့အတွက် ကျွန်တော်တို့ဒါကို ဗိုလ်ချုပ်အောင်ဆန်းစကားကို နားထောင်တဲ့အတွက် ပြင်ဆင်ဖို့လုပ်ရင်လည်း ကျွန်တော်တို့အခုလိုပဲ စတင်ကန့်ကွက်သွားမယ်ဖြစ်ပါတယ်” ဟုပြောသည်။ လူဦးရေ တစ်ထောင်ကျော်ခန့်ပါဝင်သော ဆန္ဒဖော်ထုတ်သူများသည် “၅၉ (စ) ဖျက်မည့်သူ ဒို့ရန်သူ၊ ပြည်ပမထွေးမျှော် အဖေတော်သူများအား ချေမှုန်းကြ၊ တိုင်းရင်းသားမဟုတ်သူသမ္မတဖြစ်မည့်အကြံ ဒို့လက်မခံ” စသည့် ပိုစတာများကိုင်ဆောင်ကာ ကလေးမြို့ရွှေဘုံသာဘုန်းကြီးကျောင်းဘောလုံးကွင်းမှ စတင်၍ ဗိုလ်ချူပ်ကြေးရုပ်စိုက်ထူသည့်နေရာအထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆန့်ကျင်ကန့်ကွက်နေခြင်းမဟုတ်ဘဲ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို အမျိုးသားရေးရှူထောင့်မှ ဆန့်ကျင်နေခြင်းဖြစ်သည်ဟု ယနေ့ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဇေယျာကပြောသည်။ “ပုဒ်မ ၅၉ (စ) လေးတစ်ခုကိုပဲ အမျိုးသားရေးရှုထောင့်ကနေကန့်ကွက်ခြင်းဖြစ်ပါတယ် ကျန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပြင်ချင်တယ်ဆိုလို့ရှိရင် သူတို့မကြိုက်တဲ့အချက်တွေကို သူတို့ဘာသာ မူဝါဒတွေချမှတ် သူတို့ဘာသာ သူတို့လမ်းကြောင်းကနေလုပ်ကြပါ အပြင်မှာသွေးထိုးလှုပ်ဆော်နေသလို ဒီနေ့လုပ်တဲ့ပွဲက ၂၀၀၈ ဖွဲ့စည်းပုံကိုကာကွယ်တဲ့ပွဲမဟုတ်ပါဘူး အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) လေးတစ်ခုတည်းကိုပဲ လုပ်တာပါ”…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အထက်ပိုင်း ပီချောင်းဒေသတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တိုက်ပွဲအတွင်း ပိတ်မိပြီး ပျောက်ဆုံးသွားသည့် ရပ်ချောင်းရွာသား (၃) ဦးတို့သည် ယနေ့ချိန်ထိ အိမ်ပြန်မရောက်သေးဘဲ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။ ရပ်ချောင်းကျေးရွာနေ အသက် (၆၀) အရွယ် ဦးခိုလိုး၊ အသက် (၁၄) နှစ်အရွယ် ဦးခိုလိုး၏တူ ဘင်ဂျမင်နှင့် အသက် (၁၅) နှစ်အရွယ် မောင်ကျော်နိုင်တို့သည် တောထဲသို့ ဟင်းရှာထွက်ရင်း တပ်မတော်နှင့် AA တိုက်ပွဲအကြား ပိတ်မိပြီး ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သည့် သင်းအုပ်ဆရာတော်ကပြောသည်။ “အဲဒီသူတို့ပျောက်သွားတဲ့နေ့က AA နဲ့ တပ်မတော်တို့တိုက်ပွဲဖြစ်တယ် အဲဒီတိုက်ပွဲကြားမှာ သူတို့ကြားညှပ်သွားတာဖြစ်မယ် အဲဒီမှာပဲပျောက်သွားတယ်ဆိုတော့ မျက်မြင်သက်သေတွေကလည်း မရှိဘူးလေ ဆိုတော့ ဘယ်သူ့လက်မှာရှိနေလဲ သေသွားတာလား ဖမ်းသွားလားဆိုတာမျိုး မသိရဘူး၊ ဒါပေမဲ့ သေရင်အလောင်းတော့ အဲဒီနားပတ်ဝန်ကျင်မှာရှိနိုင်တယ် ရှိသင့်တယ် ဘာမှလည်းမရှိဘူးဆိုတော့ ပြောရတာတော်တော်ခက်တယ် ခုထိ သတင်းဘာမှတော့မကြားဘူး ဒါပေမဲ့ မျှော်လင့်ချက်ကတော့ ဘယ်တော့ပြန်လာကျမလဲဆိုတာနဲ့ တမျှော်မျှော်နေကျတယ် အခုထိတော့ တပ်ကရော AA ဖက်ကရော တခြားဘာသတင်းအစအန မိသားစုရော ကျွန်တော်အပါအ၀င် ဘာမှမသိဘူး၊’’ ဟု သင်းအုပ်ဆရာတော်ကပြောသည်။ ၎င်းတို့ (၃) ဦးသည် တိုက်ပွဲအတွင်း ကျည်ဆံထိမှန်ပြီး သေဆုံးသွားပြီလား၊ ဒါမှမဟုတ် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နှင့် မြန်မာတပ်မတော် တစ်ဖွဲ့ဖွဲ့တို့မှ ဖမ်းဆီးထိန်းသိမ်းနေခြင်းလားဆိုသည်ကိုမူ မိသားစုဝင်များနှင့် ဒေသခံရွာသားများ မသိရှိကြပေ။…
By လားနွန် – ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီးအထိ ကားလမ်းတည်ဆောက်နေသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်းများနှင့် လမ်းတည်ဆောက်ရာတွင်အသုံးပြုသည့် စက်ကိရိယာများကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) မှ ဖမ်းဆီးမီးရှို့ဖျက်ဆီးလိုက်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရသည်ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။ “ယာယီရပ်ဆိုင်းထားတယ် ကားကြီးတွေမီးရှို့ခံရတယ် နောက် လမ်းလုပ်တဲ့ကုမ္ပဏီ ၀န်ထမ်း ဆယ့်သုံးယော က်အဖမ်းခံထားတယ် ငါးယောက်ပြန်လွှတ်လာတယ် ရှစ်ယောက်ကျန်တယ် အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြနေပါတယ်’’ ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကပြောသည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်သွယ်ထားသော ပလက်ဝ နှင့် ဇိုးရင့်ပွီးအထိ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသည့် ကုမ္ပဏီဝန်ထမ်းများကို ၎င်းတို့တည်းခိုနေထိုင်ရာ တွင်းကင်းအလောင်းကျေးရွာတွင် အင်အား (၁၀၀) ကျော်ခန့်ရှိသော AA တပ်ဖွဲ့ဝင်များသည် မတ်လ (၃၀) ရက်နေ့က ၀င်ရောက်ပြီး အမျိုးသား (၁၁) ဦးနှင့် အမျိုးသမီး (၂) ဦး ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ကားလမ်းတည်ဆောက်ရာတွင် အသုံးပြုသည့် စက်ကိရိယာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဖမ်းခံရသူများထဲမှ အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၃) ဦးကိုတော့ ဧပြီလ ၁ ရက်နေ့က AA က ပြန်လွှတ်ပေးလိုက်ပြီး (၈) ယောက်ကို ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။ AA တပ်ဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ သူတို့ဖမ်းဆီးထားသည့်သူများသည် မြန်မာ့တပ်မတော်၏ စစ်ထောက်လှမ်းရေးဟောင်းနှင့် စစ်ထောက်လှမ်းရေးနှင့်ပတ်သက်နေသူများဖြစ်သည့်အတွက် စစ်ရေးအရ ဖမ်းဆီးထိမ်းသိမ်းခြင်းဖြစ်သည်ဟု ဆိုသည်။ “စစ်ပွဲဖြစ်နေတဲ့နေရာမှာ ၀င်လာတဲ့…
By လားနွန် – ချင်းပြည်နယ်၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ် (၆) ခုတွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင် (၆၅) ခု ပြည်ထောင်စုအစိုးရမှ တည်ဆောက်သွားမည်ဟု သိရသည်။ အင်တာနက်ကွန်ယက် ချိတ်ဆက်အသုံးပြုနိုင်မည့် အဆိုပါဆက်သွယ်ရေးတာဝါတိုင်များကို ယခုဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ပေးမည်ဟု ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။ “ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယ၀န်ကြီးကိုယ်တိုင်ပြောပါတယ် အခုဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့က (၆၅) တိုင်စိုက်မှာပါ၊ ပြည်ထောင်စုအစိုးရကလုပ်မှာပါ၊ ကျွန်တော်တို့ချင်းပြည်နယ်ကတော့ မဖြစ်မနေလုပ်ရမယ့် အနေအထားဖြစ်ပါတယ်၊ ဒါကြောင့်လည်း ပြည်ထောင်စုအစိုးရဘက်ကလည်းစဉ်းစားပေးပါတယ်” ဟု ၀န်ကြီး ဦးရွှေထီးအိုကပြောသည်။ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်များကို ထန်တလန်မြို့နယ်တွင် ၄ တိုင်၊ တွန်းဇံမြို့နယ်တွင် ၉ တိုင်၊ မင်းတပ် မြို့နယ်တွင် ၆ တိုင်၊ မတူပီမြို့နယ်တွင် ၁၈ တိုင်၊ ကန်ပလက်မြို့နယ်တွင် ၉ တိုင်၊ ပလက်ဝမြို့နယ်တွင် ၁၉ တိုင် စုစုပေါင်း ၆၅ တိုင်တည်ဆောက်ကြမည်ဖြစ်သည်။ ပလက်ဝမြို့နယ်သည် နယ်မြေတည်ငြိမ်မှုမရှိသည့်အတွက် ဆက်သွယ်ရေးတာဝါတိုင်တည်ဆောက် ရေးလုပ်ငန်း လုပ်ဆောင်ရန် စိုးရိမ်မှုရှိကြသည်ဟု ၀န်ကြီးကပြောသည်။ “ပလက်ဝနယ်မှာ ပဋိပက္ခတွေဖြစ်နေတော့ အဲတာတော့ရွှေရမယ်ဆိုပြီးဘာညာပြောတဲ့အခါကျတော့ ပဋိပက္ခရှိတဲ့နေရာက အနောက်ဖက်ခြမ်းဖြစ်ပါတယ် အရှေ့ဖက်မှာတော့ လွတ်လွတ်လပ်လပ်စိုက်လို့ရပါတယ် ဆိုပြီးတော့ ကျွန်တော်တော့ ဒီတိုင်းပဲ ဂတိပေးထားပါတယ်” ဟု ၀န်ကြီးဦးရွှေထီးအိုကဆက်ပြောသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဆက်သွယ်ရေးတာဝါတိုင်များ နည်းပါးနေသေးသည့် အတွက် အထူးသဖြင့် ကျေးလက်ဒေသများတွင် ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲများနှင့် ကြုံတွေ့နေကြရပြီး ယခုကဲ့သို့ တာဝါတိုင်များပိုမိုတည်ဆောက်လာပါက ဒေသခံပြည်သူများအတွက် ဆက်သွယ်ရေးတွင် ပိုမိုအဆင်…
