တရုတ်ပိုင် North Mining Investment Company (NMIC) မှ တူးဖော်မည့် ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင် သံ၊ သတ္တုတူးဖော်ရေးစီမံကိန်းကို ချင်းနိုင်ငံရေးပါတီ ၄ ခုက လာမည့် စက်တင်ဘာလဆန်းပိုင်းတွင် သွားရောက်လေ့ လာကြ မည်ဟုသိရသည်။
Author: Editor
ယခုတလော စစ်ကိုင်းတိုင်း ကလေး – ကဘော်ဒေသအတွင်း မိုးသည်းထန်မှုကြောင့် ကလေး – ဂန့်ဂေါ ကြားကား လမ်း ပျက်စီးမှုများနေသဖြင့် တမူး၊ ကလေး၊ မုံရွာ၊ နေပြည်တော်၊ ရန်ကုန် နှင့် မော်လမြိုင် ပြေးဆွဲနေသည့် ကလေးမြို့ရှိ ပုံမှန်ပြေးဆွဲနေသည့် ရာဇာမင်းကားဂိတ် ယာယီပိတ်ထားရသည်ဟု သိရသည်။
မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့တွင် ၁၇၊၈၊၂၀၁၃ နေ့က ကျင်းပပြုလုပ်သည့် ကမ္ဘာ့လူငယ် များနေ့ အပြေးပြိုင်ပွဲ အမျိုးသမီး အပြေးပြိုင်ပွဲတွင် ချင်းပြည်နယ် ပလက်ဝဒေသက မိုင် Awi Ami က ပထမဆု ရရှိကြောင်း သတင်းရရှိသည်။
UNFC နဲ့ အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ (UPWC) တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ် အောင်ဆန်းစုကြည် ပါဝင်တက်ရောက်စေလိုကြောင်း UNFC က UPWC ထံ ယခုလ သြဂုတ် ၁၈ ရက်နေ့က အကြောင်း ကြားထားသည်ဟု သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျနေသော နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် ဒေါက်တာ ကျော်ထက်ဝင်း၏ ဆေးဝါးကုသမှု၊ ဆက်ဆံရေးပြေပြစ်မှုအပေါ် ဒေသခံပြည်သူ၊ ဝေဒနာရှင်များ နှစ်ထောင်း အားရဖြစ်နေသည်ဟု သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား ချင်းပြည်နယ်ကို ရောက်ရှိလာခြင်းသည် ပြသာနာရှာဖို့ လာရောက်ခြင်းသာဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်က ယနေ့ ပြောသည်။
ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ချင်းအမျိုးသားညီလာခံကို မြို့တော်ဟားခါးတွင် ကျင်းပရန် နှင့် ညီလာခံဖြစ် မြောက် ရေးအတွက် ဖြစ်မြောက်ရေး ကော်မီတီကိုလည်း ၁၉ သြဂုတ်လ က ရန်ကုန်မြို့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရ သည်။
ကလေးတက္ကသိုလ် အခြေစိုက် ချင်းကျောင်းသားများ သမဂ္ဂ က ချင်းပြည်နယ်တွင် တက္ကသိုလ် ကောလိပ် ထားရှိ သင့်ကြောင်း ယခုလ ၁၈ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမစ်တ် အိုဟေး ကင်တား နားသည် သြဂုတ်လ ၁၆ ရက်နေ့က ချင်းပြည်နယ်ကို ရောက်ရှိလာသည်။
၁၀ တန်းအောင်ချက်မြှင့်တင်ရေး အချိန်ပို သင်ယူခြင်း အကျိုးသက်ရောက်မှုနည်းမယ် နှစ်စဉ် တပြည်လုံး ၁၀ တန်းအောင်ချက်အနိမ့်ဆုံးအဆင့်ရောက်နေသည့် ချင်းပြည်နယ်တွင် ၁၀ တန်းအောင်ချက် မြှင့်တင် ရေး အတွက်ဆိုပြီး ကျတော်တို့ မြို့တော်ဟားခါးမှာ ယခုလက စပြိး အချိန်ပိုသင်ယူပေးနေတာဟာ အချိန်ကုန် လူပမ်းရုံ၊ အကျိုး သက် ရောက်မှု နည်းမည်။ ဟားခါးမြို့နယ်ပညာရေးမှူးကတော့ ယခုလို ကျောင်းသားတွေကို အချိန်ပို သင်ယူပေးတာဟာ အမျိုးသား ပညာရည်မြှင့် တင်ရေးအတွက် စေတနာပါ၊ ဆရာ၊ ဆရာမတွေအတွက် အချိန်ပိုခလည်း မယူပါ ဟု ကျောင်းသား မိဘ အစည်းအဝေး တခုမှာ ပြောသွားပါတယ်။ ယခုလို ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ သားသမီးတွေအပေါ် စေတနာရှေ့ထားပြီး အချိန်ပို သင်ယူနေတာကိုတော့ ၀မ်းသာပါတယ်၊ သို့သော် စာသင်ချိန်က များလွန်းလို့ ကျောင်းသားတွေ စိတ်ဖိစီးမှုများနေတာကိုတော့ စိုးရိမ်မိတာ အမှန်ပဲ၊ ဖြစ်နိုင်ယင် အချိန်ပိုသင်မယ့်အစား ကျောင်းချိန်မှာ စိတ်ပါလက်ပါနဲ့ သင်ပေးတာကမှ ပိုမို သင့်လျော်ပါတယ်၊ ဘာဖြစ်လို့လဲဆိုယင် ကျောင်းသားတွေဟာ အဆောင်မှာ နံနက် နှစ်ချိန်၊ ညနေ နှစ်ချိန် စာသင်ရတယ်၊ ပြီးတော့ ကျောင်း မှာ တနေ့ ၇ ချိန် ပြန်သင်ရတယ်၊ အခု အချိန်ပို တချိန်ပြန်ယူ ရတယ် ဆိုတော့ တနေ့ စာသင်ချိန် ၁၂ ကြိမ် ဖြစ်သွား ပါတယ်၊ ကျောင်းသားတွေဟာ တနေကုန် စာသင်ချိန်နဲ့လုံးပမ်းနေရတော့ စိတ်ပမ်းလူပမ်းဖြစ်ပြီး…