Author: Editor

ချင်းပြည်နယ်အတွင်း လုပ်ငန်းအကောင်အထည်ဖေါ်ခဲ့ကြသည့် ကုမ္ပဏီများထဲတွင် လွန်ခဲ့သောနှစ်များအတွင်း ၄င်းတို့၏ လုပ် ငန်းဆောင် ရွက်မှုအားနည်းချက်များကြောင့် တိုင်စာများသည့် ကုမ္ပဏီများ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် တင်ဒါရရှိရန် အလားအလာနည်းပါးတော့မည်ဖြစ်သည်။ ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဆလိုင်း အိုက်ဇက်ခင်က “အခုကျနော် တို့လုပ်ငန်း အရည် အချင်းကို ပထမကြည့်မယ်၊ ပြီးတော့ ကုမ္ပဏီတိုင်းရဲ့ ပိုင်ဆိုင်မှုအနေအထား ကိုကြည့် မယ်၊ နောက်ဆုံး တော့လို အပ်သလို ဒေသခံ ကုမ္ပဏီတွေကိုကြည့်ပြီးတော့ တင်ဒါပေးဖို့ရှိတယ်။ အဓိက ကတော့လုပ်ငန်းအရည်အချင်းရှိဖို့” ဟု ပြောသည်။ အစိုးရသစ်အနေဖြင့် ကုမ္ပဏီများ တင်ဒါပေးရာတွင် သက်ဆိုင်ရာမှ လုပ်ငန်းစစ်ဆေးရေးစနစ်တကျပြုလုပ်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင် ရွက်မှု အနေအထား အဆင့်မမှီပါက အစိုးရဘတ်ဂျက်မပါဘဲ သက်ဆိုင်ရာကုမ္ပဏီမှ စိုက်ထုတ်ပြီးပြန် လည် ပြုလုပ်ရ မှာဖြစ်ကြောင်း၊ ယင်းသို့ မလုပ် ဆောင်နိုင်ပါကအရေးယူသွားမည်ဟု သိရသည်။ ၂၀၁၅- ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ လမ်း၊ တံတား၊သက်ဆိုင်ရာဌာနဆိုင်ရာ အဆောက်အဦးနှင့် ရေပြွန် အစရှိသည့် လုပ်ငန်းများကို တင်ဒါစနစ်ဖြင့်ခေါ်ယူပြီး ကုမ္ပဏီများက အကောင်ထည်ဖော်ခဲ့ကြသည်။ ယင်းကဲ့သို့ အကောင် ထည်ဖော်သည့်နေရာတွင် အရည်အချင်း မပြည့်မှီသည့် လုပ်ငန်းများလည်း ရှိနေကြောင်းသိရသည်။  ချင်းပြည်နယ်တွင် ကုမ္ပဏီ (၁၀၀) ကျော်ရှိသည်ဟု သိရသည်။ သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရမှ ချမှတ်ပေးသည့် ဘတ်ဂျက်ငွေ နည်းပါးခြင်းကြောင့် အရည်အချင်း ပြည့်မှီနိုင်သည် အထိလုပ်ငန်းအကောင် အထည်ဖေါ်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပြောဆိုကြသည်။ “အရည်အချင်းပြည့်မှီနိုင်ဖို့…

Read More

ချင်းနိုင်ငံရေးပါတီကြီး ၃ ခု ချင်းတိုးတက်ရေးပါတီ (CPP) ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) နှင့် ချင်းဒီမို ကရေစီအဖွဲ့ချူပ် ပါတီ(CLD) တို့သည် တစ်ပါတီအနေဖြင့်ပေါင်းစည်းရန် မေလ ၂၁ ရက်နေ့က သဘောတူလိုက်ကြပြီ ဟုသိရသည်။ ချင်းပါတီများပေါင်းစည်းရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာပါတီကြီး ၃ ခုမှ ခေါင်းဆောင်များသည် မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့ Happy Noodle Café ရှိမြစ်ကြီးနားခန်းမတွင် တွေ့ဆုံဆွေးနွေးကြရာတွင် ပါတီပေါင်းစည်းရေးအတွက် သဘောတူညီခဲ့ကြသည်ဟု CLD ပါတီအတွင်းရေးမှူး ဆလိုင်းပီပီကပြောသည်။ “ ကျနော်တို့အစကတည်းကပေါင်းစည်းဖို့ရည်ရွယ်ချက်ရှိပြီးသားပေါ့နော်၊ ကျနော်တို့ပါတီအားလုံးအနေနဲ့ တချိန်ချိန် မှာ ပေါင်း စည်းဖို့လို အပ်လာတယ်ဆိုတာ အားလုံးကသိရှိခံစားပြီးသားဖြစ်တယ်၊ အချိန်မကျရောက်သေးလို့သာလျင် မပေါင်း စည်းနိုင် တာဖြစ်တယ်၊ ချင်းတစ်မျိုးသားလုံးအတွက်လိုအပ်လာတယ်၊ ချင်းတစ်မျိုးသားလုံးကလည်း ပူးပေါင်းဖို့ ဆန္ဒရှိကြ တယ်၊ ကျနော် တို့ကိုယ်၌က ပူးပေါင်းရမယ် ပူးပေါင်းဖို့လိုအပ်တယ်၊ ပူးပေါင်းသင့်တယ်ဆိုတဲ့ခံယူချက်နဲ့ ပေါင်းစည်းဖို့ သဘောတူလိုက်ကြတာပါ’’ ဟု ဆလိုင်းပီပီကပြောသည်။ ပါတီပေါင်းစည်းရေးအတွက် ချင်းပါတီကြီး ၃ ခုမှ တစ်ပါတီလျှင် ၃ ဦးစီစေလွှတ်ပြီး ပေါင်းစည်းရေးမူဝါဒရေဆွဲသွားမှာဖြစ်ပြီး ပါတီပေါင်းစည်းရေးဖြစ်မြောက်လာပါက အခြားသော ချင်းပါတီများကိုလည်းဖိတ်ခေါ်သွားမည်ဟု ၎င်းကဆက်ပြောသည်။ “ အခုကျနော်တို့ ချင်းပါတီ ၃ ခုပေါ့နော် တခြားပါတီတွေလည်းကျန်ပါသေးတယ်၊ သူတို့လည်း အားလုံးပေါင်းစည်းချင်ကြ တယ်၊ ဒါပေမယ့် ချင်းအမည်ခံတဲ့ပါတီ ၃ ခုကနေ ဦးဆောင်းပြီးတော့ အရင်ပူးပေါင်းမှပဲ ကျန်တာကို ဖိတ်ခေါ်သွားမယ်’’  ဟု ဆလိုင်းပီပီကပြောသည်။ ယခင်အစောပိုင်းကာလတွင် ချင်းပါတီကြီး ၂ ခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီ…

Read More

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်လာသော ရှုပီး သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတုံးကို မီဇိုရမ်ပြည်နယ် Seling ကျေးရွာတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။   အလေးချိန် ၁၃ ကီလိုဂရမ်ကျော်ရှိ ရွှေတုံး၏ ကာလတန်ကြေးမှာ ရှုပီး သိန်း ၄၂၇ ခန့်ရှိကြောင်း သိရပြီး၊ ရွှေတုံးပိုင်ရှင်ဟု ယူဆသော ကလေးမြို့နယ် တာဟန်း (A) ရပ်ကွက်နေ Zoliansanga (46) ကိုလည်း ဖမ်းဆီးခဲ့ကြသည်။ သတင်းရရှိထားချက်အရ မီဇိုရမ် Custom Department အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်မှ အိုက်ဇော်မြို့သို့တက်လာသော maxi-cab ကားတစ်စီးတွင် လိုက်လံရှာဖွေပြီး ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါရွှေကို မီဇိုရမ်ပြည်နယ် ပန်းထိမ်သမားများမှ သေချာစစ်ဆေးကြည့်ခဲ့ရာ ရွှေအစစ်များဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။   အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းကလည်း အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်လာသော သိန်း ၁၅၀ ကျော် ခန့်ရှိသော (Gold Biscuits) ခေါ် ရွှေပြား ၃၅ ခုနှင့်အတူ ချင်းအမျိုးသားတစ်ဦးကို ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ ကျန်ဖိုင်းတွင် ဒေသခံအာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။

Read More

ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်ဖွဲ့များ၏ ကြွင်းကျန်ခဲ့သော ပစ္စည်းအပိုင်းအစ နှင့် အရိုးစုများကို အမေရိကန်နိုင်ငံမှ ရုပ်ကြွင်းအရိုးစုရှာဖွေရေးအဖွဲ့က ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မေလဆန်းပိုင်းက လာရောက်ရှာဖွေခဲ့ကြသည်။ ရုပ်ကြွင်းရှာဖွေရေးအဖွဲ့သည် တီးတိန်မြို့မှ ၁၅ မိုင်ကျော်ခန့်ဝေးသော အိုင်ဖားကျေးရွာအနီးတွင် အဆင့်မြင့်ရှာဖွေရေး ကိရိယာများဖြင့် မေလ ၁ ရက်နေ့ကစပြီး တစ်ပတ်ခန့်ရှာဖွေခဲ့ကြသည်ဟုသိရသည်။ “ သူတို့ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်လေယဉ်တွေပျက်ကျတယ်ပြောတယ် အဲဒီအပိုင်းအစတွေလာရှာတာ၊ ကျန်တဲ့ရုပ်ကြွင်းအရိုးစုတွေလည်းပါမှာပေါ့’’ ဟု တီးတိန်မြို့အုပ်ချူပ်ရေးမှူးဦး ဂိုဆွမ်းခိုင်ကပြောသည်။ ဒုတိယကမ္ဘာစစ်တုန်းက ချင်းတောင်တန်းသည် စစ်လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပြီး စစ်အတွင်းပျက်စီးသွားသော တင့်ကား၊ ဂျစ်ကား၊ သေနတ် နှင့် စစ်အသုံးဆောင်ပစ္စည်များကို ရှေးယခင်က ရှိခဲ့ဘူးသည်ဟု ဒေသခံများကပြောသည်။ ဂျပန်နိုင်ငံမှ ရုပ်ကြွင်းအရိုးစုရှာဖွေရေး အဖွဲ့များကလည်း ယခင်က လာရောက်ရှာဖွေလေ့ရှိပြီး အမေရိကန်နိုင်ငံမှ ပထမ ဆုံးလာရောက်ရှာဖွေခြင်းဖြစ်သည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် ၁၂၃ ကီလိုအလေးချိန်ရှိ သင်းခွေချပ် ကြေးခွံများကို ချင်းအမျိုးသားတစ်ဦးထံမှ မေလ ၅ ရက်နေ့က ဖမ်းမိခဲ့သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ Silchar ဘက်မှ မီဇိုရမ်ပြည်နယ်သို့ ပြေးဆွဲလာသော ခရီးသည်တင် Maxi Cab ကားတစီးကို မီဇိုရမ်ပြည်နယ် Kolasib မြို့အနီးတွင် ဒေသတွင်းရဲတပ်ဖွဲ့ နှင့် Thingdawl NGO အဖွဲ့တို့မှ ရှာဖွေစစ်ဆေးရာတွင် အဆိုပါသင်းခွေချပ် ကြေးခွံကိုကလေးမြို့ တာဟန်း ရပ်ကွက်နေ အသက် (၄၄) နှစ်အရွယ် Vanlalena ထံမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။ ယင်းသင်းခွေချပ်ကြေးခွံများကို အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် သွားရောက်ဝယ်ယူခြင်းဖြစ်ပြီး ၁၂၃ ကီလိုအလေးချိန်ကို ရူပီး ၁၉ သိန်းပေးခဲ့ရသည်ဟု Vanlalena က ထွက်ဆိုကြောင်း မီဇိုရမ်ရဲများကပြောဆိုသည်။ ၎င်းကို Wildlife Act ဖြင့် အမှုဖွင့်ထားသည်။

Read More

ဇလပ်ထက်နီ – ဒီဆောင်းပါး၏ ခေါင်းစီးသည် လက်ရှိ ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြောရှိ အနှစ် ၂၀၀ ကျော် သက် တမ်း၊ ဇနပုဒ် ရွာကလေး Vangzang ရွာ က စတင်ခြင်းဖြစ်သည်၊ ဗန်ဇန် ဒေသခံများ၏ အုပ်ချုပ်သူ နယ်ချဲ့ အင်္ဂလိပ်တို့ အတွက် ပေါ် တာမထမ်းရေး ဆန္ဒပြကန့်ကွက်ရာမှ တနယ်လုံး ပျံ့နှံ့ ဂယက်ရိုက်သွားခဲ့ရာ အမျိုးသား ရေးလှုပ်ရှားမှု အသွင်သို့ ကျယ်ပြန့်သွား ခဲ့သည်။  ဒီနေရာတွင် ချင်းခေါင်းဆောင် Pu Ro Thang ကို ချန်ထားလို့ မရ ပါ၊ Pu Ro Thang သည် အင်္ဂလိပ် အစိုးရ ၀န်ထမ်းဘ၀တွင်ပင် အုပ်ချုပ်သူတွေကို ခြေစုံကန်ပြီး ထန်တလန်နယ် အပါ အ၀င် ဟားခါးနယ်၊ မတူပီနယ်များအထိ အင်္ဂလိပ် အစိုးရနှင့် တိုက်သူကြီးများ၏ မတရားဖိနှိပ်မှုများကို ပြည်သူထံ အသိ ပေး နားဖောက်လေ့ရှိသည်။ ထိုအချိန်က စပြီး ဒေသခံ များ ၏ စိတ်ထဲတွင် အင်္ဂလိပ်နှင့် တိုက်သူကြီးတို့၏ လုပ်ရပ် များကို ဆန့်ကျင်လိုစိတ် သန္ဒေတည်ခဲ့သည်၊ ချင်းတောင်မှ ခရီးကြမ်း မိုင်ပေါင်းများစွာ ဝေးသည့် ကလေးမြို့၊ ဂန့်ဂေါ မြို့ များသို့ အစိုးရ၀န်ထမ်းများအတွက် အခမဲ့ ရိက္ခ ထမ်းရသည်ကို မခံမ ရပ်နိုင်ဖြစ် ခဲ့ကြသည်။ Pu Ro Thang ၏ လုပ်ရပ် သည် ဟားခါးနယ်…

Read More

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်၏ သတင်းစာလောကကို ချင်းမီဒီယာကွန်ယက်အဖွဲ့ ဦးဆောင်မှုဖြင့် ချင်းစာနယ်ဇင်း သမားများက မေလဒုတိယပတ်တွင် သွားရောက်လေ့လာကြမည်ဟုသိရသည်။ ချင်းမီဒီယာကွန်ယက်၏ ၅ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံအစည်းအဝေး၏ ဆုံးဖြတ်ချက်အတိုင်း ကွန်ယက်အဖွဲ့ဝင် များဖြစ်ကြသော ချင်းသတင်းဌာနများမှ ချင်းသတင်းစာဆရာ ၁၃ ဦး နှင့် ကွန်ယက်ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၈ ဦးတို့သည် မီဇိုရမ်ပြည်နယ်ရှိ ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများကို သွားရောက်လေ့လာကြမည်ဖြစ်သည်။ ချင်းမီဒီယာကွန်ယက်၏ Capacity Building ဒါရိုက်တာ CL Thanga က “ မီဇိုရမ်ပြည်နယ်ဟာ မီဒီယာပိုင်းမှာ တကယ်ကို ဖွံ့ဖြိုးတိုးတက်တဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်၊ ပုံနှိပ်မီဒီယာ နဲ့ ရုပ်သံမီဒီယာ ၂ ခုစလုံးမှာ တကယ် အားကောင်းပြီး အောင်မြင် နေတာတွေ့ရတယ်၊ သူတို့က ကျနော်တို့ ချင်းမီဒီယာတွေထက် မီဒီယာလုပ်ငန်းပိုင်းမှာ ၀ါရင့်သမားတွေဖြစ်တယ်၊ သူတို့ ဆီက အတွေ့အကြုံ ပညာဗဟုသုတတွေရယူဖို့အဓိကရည်ရွယ်ပါတယ်’’ ဟု ပြောသည်။ လေ့လာရေးခရီးစဉ်အတွင်း ချင်းသတင်းသမားများသည် Mizoram Journalist Association (MJA) အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန်စီစဉ်ထားကြပြီး အိုင်ဇောလ်မြို့ရှိ အောင်မြင်နေသော သတင်းစာတိုက်များကိုလည်းလေ့လာကြမည်ဖြစ်သည်။ “ ချင်းပြည်နယ်နဲ့ တောတောင်ရေမြေအနေအထား ရေခံမြေခံတူတဲ့ မီဇိုရမ်ပြည်နယ်လိုဒေသမှာ သတင်းစာလုပ်ငန်း စတင်လုပ် ကိုင်တဲ့အချိန်မှာ ဘယ်လိုရုန်းကန်ခဲ့ကြလဲ၊ ခုလိုအောင်မြင်နေတဲ့အခြေအနေရောက်အောင် သူတို့ဘယ်လို ကြိုးစား လုပ်ကိုင်ခဲ့ကြလဲ၊ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ၊ အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့ကြလဲ၊ ပြည်နယ် အစိုးရတွေ နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေရှိသလဲ ဆိုတာတွေကို လေ့လာကြမှာပါ၊…

Read More

ချင်းပြည်နယ် ဖလမ်းမြို့တွင် ရက်ပေါင်း ၁၀၀ အတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်တော့မည် ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောသည်။ မေလ ၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ မှ ဦးဇုန်လှယ်ထန်းမှ ဖလမ်းမြို့သို့ ၂၀၁၄ – ၂၀၁၅ ခုနှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန က ဖြေကြားခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်အထိ မဟာဓာတ်အားလိုင်း မရရှိသေးသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ် မိုးရာသီတုန်းက ဖြစ်ပေါ်ခဲ့သည့် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိခဲ့သဖြင့် စီမံကိန်းပစ္စည်းများ ပို့ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ တာဝါတိုင်နေရာများ ရှိ မြေလွှာများ ပြတ်ရွေ့ခြင်း၊ မြေကျွံခြင်းတို့ဖြစ်ပေါ်ပြီး တာဝါတိုင်ဖောင်ဒေးရှင်းများ ရွေ့လျား ပျက်စီး ခဲ့သည့်အတွက် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရသည့်အတွက် ဖလမ်းမြို့သို့ ၂၀၁၄-၁၅ ခုနှစ်အတွင်းက မဟာဓာတ်အား လိုင်းသွယ် တန်းနိုင်မှု မရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။ သို့သော်လည်း ယခုအခါ ၆၆ ကေဗွီ ဟားခါး-ဖလမ်း ဓာတ်အားလိုင်းမှာ ၉၉.၂၃ ရာခိုင်နှုန်း နှင့် ၆၆ ကေဗွီ ဖလမ်း ဓာတ်အားခွဲရုံမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဖလမ်းမြို့သို့ လျှပ်စစ်ဓာတ်အား မကြာမီဖြန့်ဖြူးပေးနိုင်တော့ မည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

Read More