Author: Editor

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဖုန်လောင်းဒေသ၊ သံထောင်ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ရဲစခန်းမှူးတို့ကို ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဖမ်းဆီးခေါ်သွားသည်ဟု ပလက်ဝမှလာသောသတင်းအရ သိရသည်။ ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့သည် ယနေ့နံနက်ပိုင်း (၃) နာရီခန့်က သံထောင်ကျေးရွာရဲစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အုပ်ချူပ်ရေးမှူးနှင့် စခန်းမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပလက်ဝ အရပ်ဖက်အဖွဲ့အစည်းမှ ဦးဆောင်သူတစ်ဦးကပြောတယ်။ “ရဲစခန်းကို ၀င်တိုက်တာ၊ လူအသေအပျောက်တော့မရှိဘူး၊ စခန်းမှူးနဲ့အုပ်ချူပ်ရေးမှူးကို ဖမ်းခေါ်သွားတယ်’’ ဟု ၎င်းကပြောသည်။ သံထောင်ကျေးရွာသည် ချင်းအနွယ်ဝင်းများဖြစ်သော ဒိုင်၊ လေးတူ၊ ဟဲတွီ မျိုးနွယ်စုများနေထိုင်သည့် ကျေးရွာဖြစ်ပြီး လူဦးရေ (၁၀၀) ကျော်ခန့်ရှိသည်ဟု သိရသည်။

Read More

By လားနွန် – ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းကို (NLD) ပါတီဗဟိုကနေ ရာထူးမှ အနားယူခိုင်းလိုက်သည်ဟု စုံစမ်းသိရှိရသည်။ ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးအောင်သန်းအား လွှတ်တော် ဒု-ဥက္ကဌ ရာထူးကနေ အနားပေးခံရသည့်သတင်းနှင့်ပတ်သက်၍ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က ယခုလိုပြောဆိုပါသည်။ “အနားယူခိုင်းတာဟုတ်ပါတယ်၊ အပေါ်ကနေ နားခိုင်းတာဆိုတော့ ကျနော်တို့ကတော့ ဘာမှမသိဘူး” ဟု ဦးဇိုဘွဲ့ကပြောသည်။ ဦးအောင်သန်း အနားယူမည့်ကိစ္စကိုလည်း ဖေဖော်ဝါရီလကကျင်းပသည့် ချင်းပြည်နယ် လွှတ်တော်အစည်းဝေးတွင် ဦးဇိုဘွဲ့က လွှတ်တော်ကိုယ်စားလှယ်များထံ ပြောဆိုခဲ့သည်ဟု ထန်တလန်မြို့နယ် မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ကပြောသည်။ “ကျွန်တော်တို့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌက အဲလိုပြောသွားတာ၊ ကျွန်တော်တို့လည်း အံ့သြသွားတယ်” ဟု ဒေါက်တာမှုထန်ကပြောသည်။ အဆိုပါ လွှတ်တော်အစည်းအဝေးတွင်လည်း လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းသည် ခွင့်ယူထားပြီး အစည်းအဝေးတက်မလာကြောင်း သူကဆက်ပြောသည်။ ဦးအောင်သန်းကို မည်သည့်ကိစ္စကြောင့် ရာထူးမှ အနားယူခိုင်းသည်ကို မသိရသေးပေ။ သို့သော်လည်း NLD ပါတီအတွင်း အချင်းချင်းပြသနာကြောင့် တိုင်းကြားခံရသည့်အတွက် ယခုကဲ့သို့ အထက်မှ အနားယူခိုင်းခြင်းဖြစ်နိုင်သည်ဟု ချင်းပြည်နယ် NLD ပါတီအသိုင်းအ၀န်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံကနေ သိရသည်။ ယင်းကိစ္စပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာ ယခုလိုပြောဆိုပါသည်။ “ကျနော်တို့ ဒီသတင်းနဲ့ဘာမှတ်ချက်မှမပေးပါဘူး၊ ဘာစာမှလည်း ကျနော်တို့ဆီ မရောက်ပါဘူး’’ ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။ ဦးအောင်သန်းသည် ၁၉၉၀ ခုနှစ်ကတည်းက မင်းတပ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။…

Read More

“ပြည်ထောင်စုမှ ခွဲမထွက်ရ’’ ဟု တဖက်သတ်တားမြစ်ခြင်းသည် ပင်လုံသဘောတူညီချက်များနှင့် ဆန့်ကျင်နေပြီး ပြည်ထောင်စုကို အတူတကွထူထောင်ကြသော လူမျိုးများ၏ လွတ်လပ်သည့်ဆန္ဒကို ဆန့်ကျင်နေသည်ဟု ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဌ ပူးဇင်ကျူံးက ပြောဆိုလိုက်သည်။ “ခွဲထွက်ခွင့်နဲ့ ခွဲမထွက်ရဆိုတဲ့ ပြည်ထောင်စုအဖွဲ့ဝင် လူမျိုးများရဲ့ မူလအခွင့်အရေးများဟာ ၎င်းလူမျိုးများရဲ့ ဆန္ဒ သဘော ထားအရသာ ဆုံးဖြတ်ချက်ချမှတ်ရမယ့် ကိစ္စဖြစ်ပြီး အခြားလူမျိုးတစ်မျိုး၊ အခြားအစုအဖွဲ့တစ်ခုမှ အတင်းလက်ခံ သဘော တူခိုင်းလို့ရတဲ့အရာမဟုတ်ဘူး’’ ဟု ပူးဇင်ကျူံးက ချင်းအမျိုးသားနေ့မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။ တစ်နိုင်လုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချူပ် (NCA) အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု၊ ပင်လုံဒုတိယအစည်းအဝေးတွင် ချင်းအမျိုးသားများအပါအ၀င် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်းများစွာတောင်းဆိုလာခဲ့သော “ကိုယ်ပိုင်ပြဌာန်းခွင့်” နှင့် “ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်ခြင်းမပြုရ’’ ကို အလဲအလှယ်ပြုလုပ်ရန် တောင်းဆိုလာခြင်းကြောင့် နိုင်ငံရေးဆွေးနွေးမှုများ တစ်ဆို့သည့်အခြေအနေသို့ရောက်ရှိခဲ့ရသည်ဟု CNF ဥက္ကဌက ပြောသည်။ “ခွဲထွက်ခွင့်ကတိကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်လာခဲ့တယ် ခွဲထွက်ခွင့်ဟာ ဗမာ၊ ရှမ်း၊ ကချင်၊ ချင်းလူမျိုးများအကြား ပြုလုပ်တဲ့ ပဍ္ဍိညာဉ်စာချူပ်၊ တရားဝင် သဘောတူညီချက်တစ်ရပ်ဖြစ်တယ်၊ ဒါကြောင့် ပင်လုံစာချူပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ ရှမ်း၊ ကချင်၊ ချင်းအမျိုးသားနယ်မြေများအတွက် ခွဲထွက်ခွင့်ဟာ မိမိတို့ရဲ့ ပကတိ မူလအခွင့်အရေးဖြစ်တယ်၊ အဲဒီ ပကတိမူလအခွင့်အရေးကို မည်သည့်အရာနဲ့မျှ တားဆီးပိတ်ပင်တားဆီးလို့မရပါဘူး’’ ဟု CNF ဥက္ကဌကပြောသည်။ ထို့ကြောင့် ချင်းအမျိုးသားအနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရေးနှင့် ခွဲမထွက်ရေးကိစ္စသည် မိမိတို့ ချင်းလူမျိုးများ၏…

Read More

By လားနွန် – တိုင်းရင်းသားများ လိုလားတောင့်နေသည့် တန်းတူအခွင့်အရေးနှင့် ကိုယ်ပြဌာန်းခွင့်အာမခံပေးနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် (၂၀၀၈) ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အရေးကြီးပြီး ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်ကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တောင်ဖီလာရပ်ကွက် အားကစားကွင်းတွင် ယမန်နေ့ညက ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ချင်းရေးရာဝန်ကြီးက ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ယခုလက်ရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးလိုလားတောင့်တနေတဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကိုအာမခံချက်ပေးနိုင်တဲ့အနာဂတ်ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ခိုင်မာစွာတည်ဆောက်နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးကိုဖော်ဆောင်တဲ့နေရာမှာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်’’ ဟု ၀န်ကြီးက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ယခုလက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက လွှတ်တော်မှတဆင့် (၂၀၀၈) ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းဆောင်ရွက်နေပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီတရပ်ကိုလည်း အဖွဲ့ဝင်(၄၅) ဦးနှင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်က ချင်းအမျိုးသားများအနေဖြင့် လူမျိုးစွဲဒေသအစွဲ ပုဂ္ဂိုလ်စွဲပါတီစွဲ ဂိုဏ်းဂန အစွဲမထားရှိပဲ မိမိတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်နှင့် ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ကြရန်လည်း လိုအပ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

Read More

လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးမှုနည်းပါသည့် မြို့နယ်များအပါအ၀င် တိုင်းရင်းသားများနေထိုင်သည့် ပြည်နယ်များတွင် ကျေးရွာချင်းဆက်လမ်းများအား အလေးထားပြီး ပိုမိုဖောက်လုပ်ပေးရန် ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က နိုင်ငံတော်၏ အမျိုးသားအဆင့် ကျေးလက်လမ်း မဟာဗျူဟာရည်မှန်းချက်ဖြစ်သော ၂၀၃၀ ခုနှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ (၉၀ %) အပေါ် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ဖို့ဆိုရင် ကျေးလက်လမ်းများကို ပိုမိုဖောက်လုပ်ပေးရန် လိုအပ်နေပြီဟု အဆိုတင်သွင်းခဲ့သည်။ “မြန်မာနိုင်ငံရဲ့ လူဦးရေ (၁၅) သန်းကျော်ဟာ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းများမရှိခြင်းကြောင့် တစ်နှစ်ပတ်လုံးဖြစ်စေ၊ တစ်စိတ်တဒေသဖြစ်စေ ခွဲခြားထားခြင်းခံနေရပါတယ်၊ ဒီလိုအခြေအနေမျိုးဟာ ကျနော်တို့ တိုင်းရင်းသားဒေသမှာ အများဆုံးဖြစ်ပေါ်နေတာပါ” ဟု ဦးနေလင်းအောင်ကပြောသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းသည် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျတဲ့ အခြေခံအချက်တစ်ချက်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိခြင်းသည် လူမှုစီးပွားဘ၀များ မဖွံ့ဖြိုးမတိုးတက်စေရန် ကြီးမားသည့် အဟန့်အတားဖြစ်နေသည်ကို အထူးသတိပြုရမည်ဟု ၎င်းကပြောသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းမရှိတာကြောင့် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ခံကြရခြင်း၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများဆုံးရှုံးခြင်း၊ ပညာရေးအခွင့်အလမ်းနည်းပါးခြင်းကြောင့် ပညာရေးနိမ့်ကျမှုများ ဖြစ်ပေါ်စေပြီး ပြည်ထောင်စုအစိုးရအနေဖြင့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်းကို ပိုမိုလုပ်ဆောင်သင့်သည်ဟု ဦးနေလင်းအောင်ကပြောသည်။ ဦးနေလင်းအောင်၏အဆိုကို ရှမ်းပြည်နယ်၊ သန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ကျေးလက်လမ်းမိုင်ပေါင်း (၆၀၀၀၀) ခန့်ရှိပြီး ယင်းအနက်…

Read More

By လားနွန် – ချင်းလူမှုရေးအသင်း (All Chin Society-Yangon) မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့၊ ချင်းအမျိုးသားနေ့မုဒ်ဦးသည် ချင်းအမျိုးသားနေ့နှင့် မသင့်လျော်သည့်အတွက် ယနေ့မနက်ပိုင်းတွင် ပြန်လည်ပြင်ဆင်နေပြီဟု သိရသည်။ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်ရှိ All Chin Society- Yangon ၏ ဘုံပိုင်မြေနေရာတွင် ဖေဖော်ဝါလ (၁၈) ရက်နေ့မှ စတင်ကျင်းပသည့် ချင်းအမျိုးသားနေ့အတွက် အသုံးပြုထားသည့် မုဒ်ဦးသည် ချင်းနှင့်သက်ဆိုင်သည့် သင်္ကေတများပါရှိခြင်းမရှိဘဲ ဘုရားပွဲမုဒ်ဦးကဲ့သို့ ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါမုဒ်ဦးကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယနေ့မနက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။ All Chin Society- Yangon အတွင်းရေးမှူး ဦးနိုင်းထန်က “ပထမလုပ်တာက ကျွန်တော်တို့ တာဝန်ပေးထားခြင်းခံရတဲ့ လူတွေက သူတို့ရဲ့ အနီးစပ်ဆုံးနေရာ ဘုရားပွဲမုဒ်ဦးလုပ်တဲ့နေရာမှာ သွားငှားပြီးတော့ အဲဒီအတိုင်းပဲ လာပြီးမှစိုက်သွားတာ၊ ဒါပေမယ့် ညနေပိုင်း မိုးချုပ်ခါနီးမှ ကျွန်တော်တို့စစ်ဆေးရေးဝင်တော့ အဲလိုမျိုးလုပ်သွားတာကိုတွေ့တာ၊ ဒီလိုပုံစံဖြစ်တယ်၊ ဒါကြည့်မကောင်းဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်ဆိုပြီး အခုပြန်လည်ပြုပြင်နေပါတယ်” ဟု ပြောသည်။ ယခုအခါ ချင်းအမျိုးသားမုဒ်ဦးကို ချင်းဘုံဝတ်စုံအနီနှင့် အနက်များဖြင့်ပြန်လည်ပြုပြင်လျက်ရှိသည်။ ရန်ကုန်မြို့တွင် ကျင်းပသည့် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ (၁၈) နှင့် (၁၉) နေ့ရက်တွင် အားကစားမျိုးပေါင်းစုံ၊ ပျော်ပွဲရွင်ပွဲနှင့် အပျော်တမ်းကစားခြင်းများဖြင့် ကျင်းပလျက်ရှိပြီး ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။ (ပုံစာ – ရန်ကုန်မြို့ ချင်းအမျိုးသားနေ့တွင် အသုံးပြုခဲ့သော ကနုတ်ပန်းများထိုးထားသည့် မုဒ်ဦးနှင့် အသစ်ပြန်လည်ပြုပြင်ပြောင်းလဲလိုက်သည့်…

Read More

By လားနွန် – ချင်းပြည်နယ်တွင် ဓလေ့ထုံးတမ်းအစဉ်လာရ ပြည်သူများပိုင်ဆိုင်ထားသော မြေများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲသည့် ဥပဒေအရ မြေရိုင်းအဖြစ် သတ်မှတ်လျှင် ပြည်သူများနစ်နာနိုင်သည်ဟု ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းကပြောသည်။ “ချင်းပြည်နယ်က ရွှေ့ပြောင်းတောင်ယာနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတယ်၊ နှစ်ပေါင်းများစွာကတည်းကပေါ့နော်၊ ရှိခဲ့တာဖြစ်ပါတယ်၊ ဆိုတော့ ရွေ့ပြောင်းတောင်ယာဆိုတာ လုပ်ကွက် ဆယ်ကွက်၊ ဆယ့်ငါးကွက်ရှိမှ ကျွန်တော်တို့ တစ်နှစ်စာအတွက် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်တဲ့အနေအထားဖြစ်တော့ ဒါသမိုင်းတစ်လျှောက်ပေါ့နော်၊ ဆိုတော့ ကျေးလက်တောရွာတွေမှာ မိသားစုတစ်စုက မြေကွက် ဆယ်ကွက်၊ ဆယ့်ငါးကွက်လောက် ပိုင်ထားတာဖြစ်ပါတယ်၊ အဲချိန်မှာ သူတို့က တစ်နှစ်ပြီးတစ်နှစ် အလှည့်ကျ တောင်ယာခုတ်စားတယ်ဆိုတော့ (၁၀) နှစ်တန်သည် (၁၂) နှစ်တန်နဲ့ နားပေးရပါတယ်၊ ဒါကို ကျွန်တော်တို့ မြေလွတ်၊ မြေလပ်ဥပဒေနဲ့ မြေရိုင်းဆိုပြီးတော့ သတ်မှတ်ရင်တော့ ပြည်သူတွေ နစ်နာနိုင်မယ့်အနေအထားရှိပါတယ်” ဟု ၀န်ကြီးဦးမာန်ဟင်းဒါလ်း ကပြောသည်။ သို့သော်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲသည့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) ပုဒ်မ (၃၀) (ခ) တွင် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်လာရ သတ်မှတ်မြေများကို ဤဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ပါရှိသည့်အတွက် ပြည်သူများ၏ အခွင့်အရေးနှင့် ပြည်နယ်၏ ဖွံ့ဖြိုးမှုကို ချိန်ထိုးပြီး လုပ်ဆောင်ရန်လိုအပ်သည်ဟု ၀န်ကြီးကဆက်ပြောသည်။ “၂၀၁၈ မြေလွတ်၊ မြေရိုင်းဥပဒေ ပြင်ဆင်တဲ့ဥပဒေမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့အတိုင်းပိုင်ဆိုင်ထားတဲ့ မြေတွေသည် မြေလွတ်မြေလပ်မြေရိုင်းဥပဒေနဲ့ မသက်ဆိုင်စေရဆိုပြီးပါထားပါတယ်၊ ဆိုတော့ ဒါကို ကျွန်တော်တို့…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်လာနေသည့်အတွက် နယ်စပ်လုံခြုံရေးတာဝန်ယူရန် အိန္ဒိယအစိုးရက တပ်အင်အား တိုးချဲ့ချထားသည်ဟုသိရသည်။ မြန်မာ့တပ်မတော်နှင့် (AA) တပ်ဖွဲ့တို့သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ထိစပ်နေသည့် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် ယခုလကစ၍ တိုက်ပွဲများ သိသိသာသာတိုးလာနေပြီး အိန္ဒိယဘက်သို့ AA တပ်ဖွဲ့ဝင်များ ၀င်ရောက်မလာနိုင်ရန်နှင့် တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်လာနိုင်သည့် စစ်ဘေးဒုက္ခသည်များအား ကူညီနိုင်ရန် အိန္ဒိယစစ်တပ် တပ်ခွဲ (၂) ခုကို ယခုရက်ပိုင်းအတွင်း စေလွှတ်ထားသည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြထားသည်။ အိန္ဒိယစစ်တပ် တပ်ခွဲ (၂) ခုသည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်ခရိုင်မှတဆင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ထွက်ခွါခဲ့ကြသည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။ ယခုလက်ရှိ လောင်တလိုင်ခရိုင်တွင် ချင်းပြည်နယ်ဘက်မှ စစ်ဘေးဒုက္ခသည် ထပ်မံဝင်ရောက်ခြင်းမရှိသော်လည်း ၂၀၁၈ ခုနှစ်ဆန်းပိုင်းက မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်ခဲ့ကြသည့် ပြည်သူ (၃၀၀) ခန့်တို့သည် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေကြရဆဲဖြစ်သည်။ မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာ (၈) ရွာခန့် ပျက်စီးပြီး ပြည်သူ (၁၀၀၀) နီးပါးခန့်တို့သည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးခိုလုံနေကြရပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက စစ်ဘေးရှောင်ပြည်သူအရေအတွက် တိုးလာနိုင်သည်ဟု ပလက်ဝ ဒေသခံတစ်ဦးကပြောသည်။ “ဒီရက်ပိုင်း တိုက်ပွဲဖြစ်တာတော့မကြားမိဘူး၊ ဒါပေမယ့် ပလက်ဝမြို့ပေါ်မှာ စစ်ရဟတ်ယာဉ်ကတော့ နေ့တိုင်းပျံနေတယ်’’ ဟု ပလက်ဝဒေသခံကပြောသည်။

Read More

By မိုးကျော် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာတပ်မတော်နှင့် ရက္ခိုင့်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကို NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချူပ်) လမ်းကြောင်းမှ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းသင့်ကြောင်း ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက ပြောသည်။ “အဓိကကတော့ ပလက်ဝမှာဖြစ်နေတဲ့တိုက်ပွဲဘဲဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်မှာဖြစ်တဲ့တိုက်ပွဲဘဲဖြစ်ဖြစ်၊ အခု CNF က NCA လက်မှတ် ရေးထိုးထားတယ်၊ အစိုးရကလည်း အဲဒီ NCA လမ်းကြောင်းကို ဝင်လာကြပါဆိုပြီး ဖိတ်ထားတယ်၊ CNF က အဲဒီလမ်းကြောင်းကို သွားနေတယ်။ အဲဒီလမ်းကြောင်းကနေ လွတ်လွတ်လပ်လပ် မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ တခြားနည်းလမ်း မရှိဘူး။ အဲဒီနည်းလမ်းဘဲရှိတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့က လက်နက်ကိုင်ပြီးတော့မှ အစိုးရကိုဖြုတ်ချမယ်ဆိုတဲ့ ပေါ်လစီ မရှိဘူး၊ ကျနော်တို့က တွေ့ဆုံဆွေးနွေးခြင်း စားပွဲဝိုင်းနိုင်ငံရေးအားဖြင့် နိုင်ငံရေးပြဿနာကိုဖြေရှင်းရမယ်” ဟု ပူးထက်နီက ပြောသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်လက်နက်ကိုင်တပ်ဖွဲ့တို့ ချင်းပြည်နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲအပေါ် ချင်းအမျိုးသားတပ်ဦး၏ သဘောထားနှင့်ပတ်သက်၍ ပူးထက်နီက ယခုကဲ့သို့ ပြောဆိုသည်။ “ရိုးရိုးသားသား ကျနော့အနေနဲ့ပြောရရင် အဲဒီလိုပြဿနာဖြစ်တဲ့အခါ ကျနော်တို့ CNF အနေနဲ့ ဘယ်သူ့ကို သွားပစ်မလဲ၊ AA ကို သွားပစ်မယ်ဆိုရင် ကျနော်တို့က တိုင်းရင်းသားအချင်းချင်း၊ AA နှင့် CNF က ရည်မှန်ချက်ချင်းတူနေတယ်၊ အစိုးရကိုသွားပစ်မယ်ဆိုရင် ကျနော်တို့က အစိုးရနဲ့လက်မှတ်ထိုးထားတယ်၊ ပစ်စရာမရှိဘူး၊ အဲဒီတော့ CNF က ဘယ်လိုသွားဖြေရှင်းမလဲ၊ ငါတို့က AA အနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တက်၊ အဲဒီလမ်းကြောင်းပေါ်ကို လိုက်ကြည့်လိုက်၊…

Read More

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပလက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဟားခါးမြို့အခြေစိုက် ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (Community Care For Emergency Response AndRehabitation – CCERR) မှ အလှူငွေများ ကောက်ခံနေကြောင်းသိရသည်။ CCERR အဖွဲ့မှ ဒေါ် Biak Mawi Sung က “ပလက်ဝဆိုတာ ကျွန်မတို့ချင်းလူမျိုးတွေပေါ့နော်၊ ချင်းလူမျိုးတွေဖြစ်တဲ့အခါကြတော့ ဒီလိုမျိုးစစ်ဘေးရှောင်တွေတွက် ကျွန်မတို့လူမျိုးတူတယ်၊ ညီအစ်ကိုတွေပေါ့၊ အဲလိုမျိုးအခြေအနေတွေရှိတယ်၊ ဒီလိုမျိုးသူတို့ဒုက္ခရောက်တဲ့အချိန်မှာ ကျွန်မတို့ဒီတိုင်းမကြည့်ပဲနဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ကျွန်မတို့အခု တတ်နိုင်တာဆိုတာ ငွေသားနှင့်ပဲ ပူးပေါင်းပါဝင်ပေးနိုင်တယ်လေ၊ ကျွန်မတို့ရဲ့လုပ်ပေးနိုင်တာက သူတို့အတွက် နေထိုင်စားသောက်မှုစားရိတ်ပဲဖြစ်ဖြစ်၊ တစ်ခြား သူတို့ရဲ့ လိုအပ်ချက်တွေပေါ့၊ ကျွန်မတို့ဖြည့်ဆည်းပေးချင်တာပါ” ဟု ပြောသည်။ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့နိုင်ရေးအတွက် ပလက်ဝမြို့နယ်မှအပ ကျန်ရှိသည့် ချင်းပြည်နယ်မြို့နယ်များအားလုံးတွင် ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စေတနာရှင်များထံ ယခုလအတွင်း အပြီးကောက်ခံပြီး မတ်လအတွင်း ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရန်မျှော်လင့်ကြောင်း သူမကဆက်ပြောသည်။ ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် (AA) အကြား တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်များပိုမိုတိုးလာနေသည်။ ဒုက္ခသည်တချို့မှာ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (CCERR) အနေဖြင့် ယခုကဲ့သို့ ကူညီထောက်ပံ့ပေးမှုကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ချင်းအနွယ်ဝင် မြို့မျိုးနွယ်စုများထံသို့ သွားရောက်ပေးအပ်ခဲ့ပြီးဖြစ်သည်ဟုသိရသည်။ (ဓာတ်ပုံ – ကိုကျော်အောင်)

Read More