မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ (၂၀၁၈) ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ချင်းပြည်နယ်တွင် “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမရှိ” ပိုစတာ ကမ်ပိန်းလှုပ်ရှားမှုကို ချင်းမြေယာဆိုင်ရာ ကွန်ယက်က ဟားခါး နှင့် တွန်းဇံမြို့တွင် ယနေ့ပြုလုပ်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်း (၁၁) နာရီခန့်ကစတင်ပြီး ဟားခါးမြို့နှင့် တွန်းဇံမြို့ရှိ လူစည်ကားရာနေရာ၊ လမ်းဆုံလမ်းဂွများတွင် “မြေ- ရောင်းကုန်မဟုတ်ပါ၊ ချင်းပြည်နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိ။ ဘိုးဘွားပိုင်မြေသာရှိသည်။” ဆိုသည့် ပိုစတာ၊ ဗီနိုင်းများကို လိုက်လံကပ်ခဲ့ကြသည်ဟု ချင်းမြေယာဆိုင်ရာကွန်ယက်မှ တာဝန်ခံတစ်ဦးဖြစ်သည့် ကို မန်ဇခုပ်ကပြောသည်။ “ချင်းပြည်နယ်မှာ မြေလွတ်၊ မြေလပ် မရှိဘူး ဘိုးဘွားပိုင်မြေပဲရှိတယ်၊ ချင်းတိုင်းရင်းသားတွေမှာ ဘိုးစဉ်ဘောင်ဆက် ကနေ ကျင့်သုံးလာခဲ့တဲ့ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့် တို့ကို ကာကွယ်ဖို့ခုလို လှုပ်ရှားမှုစတင်တာ ဖြစ်တယ်’’ ဟု ကို မန်ဇခုပ်ကပြောသည်။ ယခုလှုပ်ရှားမှုသည် ပထမအဆင့်လှုပ်ရှားမှုဖြစ်ပြီး ယခုလ ဖေဖော်ဝါရီလ (၂၀) ချင်းအမျိုးသားနေ့မတိုင်ခင်တွင် ချင်းပြည်နယ် (၉) မြို့နယ်စလုံးတွင် အပြီးလှုပ်ရှားကြမည်ဟု သူကဆက်ပြောသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့ကြပြီး ပြန်လည်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့က အစိုးရကထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အသုံးပြုနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြင်ဆင်ချက်ဥပဒေထုတ်ပြန်ပြီး (၆) လအတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု…
Author: Editor
By လားနွန် – ချင်းလူမျိုးများသည် ချင်းပြည်နယ်အတွင်း မြေယာသဘာဝသယံဇာတအားလုံး၏ မူလပိုင်ရှင်ဖြစ်ပြီး ချင်းလူမျိုးများ၏ သဘောထားမပါပဲ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခြင်းမပြုကြောင်း ချင်းမြေယာဆိုင်ရာကွန်ယက် Chin Land Affairs Network (CLAN) ပြောဆိုလိုက်သည်။ ချင်းမြေယာဆိုင်ရာကွန်ယက်အဖွဲ့သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ (၂၀၁၈) အပေါ် ပြည်သူတို့ရင်ဆိုင်ရမည့် အန္တရာယ်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ (၁၂) ရက်မှ (၁၃) ရက်နေ့အထိ ကလေးမြို့တွင် ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ ပြောဆိုလိုက်ကြခြင်းဖြစ်သည်။ ချင်းမြေယာဆိုင်ရာကွန်ယက်မှ တာဝန်ရှိသူ ဦးမန်ဇခုပ်က “ချင်းမြေယာတွေကို ချင်းလူမျိုးကပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိရမယ်၊ ပြီးတော့ သဘာဝသယံဇာတတွေကိုလည်း ကျွန်တော်တို့ခွဲဝေသုံးစွဲတဲ့အခါမှာလည်း ချင်းလူမျိုးတွေရဲ့ သဘောတူညီမှုတွေရယူပြီးမှသာ လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ပြောသည်။ ထို့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် ချင်းလူမျိုးများ၏ ဘ၀ရပ်တည်မှု၊ အသက်မွေးဝမ်းကျောင်း၊ သမိုင်းယဉ်ကျေးမှုများကိုလည်း ထိခိုက်နစ်နာစေသည်ဟု ၎င်းကဆက်ပြောသည်။ “အခု မြေလွတ်၊ မြေလပ် ဥပဒေက ကျွန်တော်တို့ချင်းပြည်နယ်မှ မြေလွတ်၊ မြေလပ်မရှိတဲ့အပြင် တကယ်လို့များ မြေလွတ်၊ မြေလပ်ရှိခဲ့သော်ပေါ့၊ ဥပမာ – မြေလွတ်မြေလပ်ဆိုတာက ဗဟိုကပဲပေးပိုင်ခွင့်ရှိတယ်၊ ကျွန်တော်တို့ချင်းပြည်နယ်အစိုးရရော၊ ချင်းအမျိုးအနွယ်စုတွေပေးလို့မရဘူး၊ အဲဒီတော့ ကျွန်တော့်တို့ရဲ့ ချင်းဘိုးဘွားပိုင် အမွေအနှစ်နေရာတွေဆိုလို့ရှိရင် နေပြည်တော်ကပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်ဆိုတော့ ဒါတွေက ကျွန်တော်တို့ ဓလေ့ထုံးတမ်းစီမံခန့်ခွဲမှုကို လုံးလုံး၀၀ ချိုးဖောက်တဲ့ ဥပဒေတွေဖြစ်နေတဲ့အတွက် ဒီဥပဒေက ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှု ဓလေ့ထုံးတမ်းတွေကို ရိုက်ချိုးတဲ့ ဥပဒေဖြစ်တယ်” ဟု ဦးမန်ဇခုပ်ကပြောသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂…
By လားနွန် – နေရောင်ခြည်ကိုအသုံးပြု၍ ကော်ဖီများကို အခြောက်လှန်းနိုင်သည့် စက်ရုံတစ်ခုကို ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယခုလဆန်းပိုင်းက စတင်လည်ပတ်နေပြီဖြစ်ကြောင်းသိရသည်။ ချင်းတောင်တွင်ထွက်ရှိသည့် ကော်ဖီများသည် ယခင်က အခြောက်ခံလိုပါက ပြင်ပတွင် နေပူလှန်းရပြီး ကော်ဖီများသည် အနံ့အသက် စုပ်ယူမှုအလွန်အားကောင်းသည့်အတွက် အရည်အသွေးပိုင်းတွင် အားနည်းချက်များဖြစ်လာစေသည့်အပြင် နေပူချိန်အားနည်းခြင်းကြောင့် အခြောက်ခံရန် အချိန်ကြာမြင့်စွာ စောင့်နေရသည့်အတွက် (Solar Dryer Dome) နေရောင်ခြည်သုံးအခြောက်ခံစက်ကို စမ်းသပ်ကာ စတင် အသုံးပြုကြည့်ခြင်းဖြစ်သည်ဟု ပိုင်ရှင် ဆလိုင်းမာဟုန်းကပြောသည်။ “အမှန်က ကော်ဖီက အနံ့စုပ်လည်းအရမ်းအားကောင်းတယ်၊ ကောင်းတဲ့အခါကြတော့ တချို့ဆိုရင် ကြက်တွေ၊ ၀က်တွေသတ်လိုက်၊ အဲလိုမျိုးတွေပေါ့၊ ကော်ဖီကအနံ့ပေါင်းစုံကိုစုပ်တယ်၊ အမှန်က ကျွန်တော်တို့ချင်းပြည်နယ်က ကော်ဖီတွေက အရည်အသွေးကောင်းပေမယ့် ကျွန်တော်တို့ ခူးတဲ့အချိန်ကစပြီး အခြောက်လှန်းတဲ့အထိ စနစ်မကျတဲ့အတွက် ကျွန်တော်တို့ ရသင့်သလောက် ကော်ဖီတွေရဲ့အရည်အသွေးတွေ ထွက်မလာဘူး၊ အဲဒါကြောင့် ကျွန်တော်တို့က ၂၀၁၆ ခုနှစ်ကစပြီး လှန်းစင်လေးတွေသုံးတယ်၊ အဲဒီမှာဖုံတွေ ဘာတွေက ကျွန်တော်တို့မကာကွယ်နိုင်ဘူး၊ ဖုံတွေထတာတွေရှိတယ်၊ နောက်ပိုင်းမိုးရာသီပိုင်းရောက်လာတော့ အထားအသိုလည်း အများကြီးလိုအပ်တာပေါ့၊ မှိုနည်းနည်းလိုက်ချင်တာမျိုးတွေဖြစ်တယ်၊ တစ်ချို့ဆိုရင် ပျက်စီးသွားတာရှိတယ်၊ မှိုလုံးလုံးတက်သွားတာရှိတယ်၊ အဲလိုဖြစ်လာတဲ့အတွက် ကျွန်တော် ဒီနေရောင်ခြည်သုံး အခြောက်ခံနဲ့ဆိုရင် (Solar dryer dome) နေလည်းကောင်းကောင်းရမယ်၊ အဲဒီအထဲမှာ အခြောက်လှန်းရင် အခြောက်လှန်းတဲ့ ခြောက်နှုန်းကညီမယ်၊ စနစ်တကျလုပ်ထားရင်တော့ အရင်နှစ်တွေကထက် ပိုပြီးတော့ အရည်အသွေးပိုထိန်းနိုင်မယ်ဆိုတဲ့ အမြင်လေးနဲ့ နေရောင်ခြည်သုံးအခြောက်ခံ (Solar Dryer Dome) စတည်ဖြစ်တာပေါ့” ဟု ဆလိုင်းမာဟုန်းက ခိုနူမ်းသုန်မီဒီယာအဖွဲ့ကိုပြောသည်။ ယင်းကော်ဖီအခြောက်လှန်းစက်ရုံအတွက် ဒိန်းမတ်အစိုးရထံမှ RBF…
Salai Van Cung Lian (UK) ၁.၀နိဒါန်း ချင်းအမျိုးသားနေ့ကို ကျင်းပတဲ့အခါတိုင်း မိန့်ခွန်းများတွင် ဘာကြောင့်ကျင်းပရသလဲဆိုတာကို အမြဲပြောလေ့ရှိပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြပါဘူး။ တချို့က… တိုက်သူကြီး၊ ရွာသူကြီးစနစ်ကနေ ဒီမိုကရေစီစနစ်ပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်တဲ့နေ့၊ တချို့ကတော့… ဖလမ်းမြို့မှာ လူထုငါးထောင်တွေ့ဆုံပြီး ဆုံးဖြတ်တာဖြစ်တဲ့အတွက် စည်းလုံးမှုပြယုဒ်ဖြစ်လို့… စသဖြင့်ပြောဆိုကြသည်။ တချို့ကလည်း… ဘိုးဘွားတွေ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ တိုက်သူကြီး၊ ရွာသူကြီးစနစ်ကို ဖျက်သိမ်းတာဖြစ်တဲ့နေ့ကို ချင်းအမျိုးသားနေ့လို့မခေါ်သင့်ကြောင်း ပြောကြသည်။ ဒါကြောင့် ချင်းသမိုင်းအကျဉ်းချုပ်နဲ့ ချင်းအမျိုးသားနေ့ရဲ့အနှစ်သာရကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။ ချင်းအမျိုးသားနေ့ဟာ ၁၉၅၁ ခုနှစ်အောက်တိုဘာလ (၉) ရက်နေ့တွင်ကျင်းပသော ချင်းရေးရာဝန်ကြီးအစည်းအဝေးမှ ဖြစ်ပေါ်လာသည့် အချက်ကို အာလုံးသိပြီးဖြစ်သည်။ ထို့ကြောင့် ချင်းမျိုးသားနေ့အကြောင်းလေ့လာရာတွင် ကျွန်ုပ်သည် ချင်းရေးရာဝန်ကြီးအစည်းအဝေး၏ ဆွေးနွေးချက်နှင့်ဆုံးဖြတ်ချက်ကိုသာ စူးစိုက်ဖော်ပြသွားမည်ဖြစ်သည်။ ၂.၀လွပ်လပ်ပြီးခေတ်၊ချင်းရေးရာဌာန၏ကြိုးပမ်းမှုများ ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ချင်းရေးရာကောင်စီ အစည်းအဝေးအကြောင်း မဖော်ပြမီတွင် ချင်းရေးရာဌာန၏ လွတ်လပ်ပြီးကာလ ကြိုးပမ်းချက်များအားဖော်ပြလိုပါသည်။ ၁၉၄၈ခုနှစ်၊ ဇန္န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်းအခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းရေးရာဌာနရဲ့ ပထမဆုံးလုပ်ငန်းအနေဖြင့် ချင်းတောင်တန်းတွင် ရှေးယခင်ခေတ်အဆက်ဆက်မှ ဗြိတိသျှခေတ်အထိ အသုံးပြုခဲ့သည့် သက်ဦးဆံပိုင်စနစ်ဟောင်းကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန် ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ ချင်းရေးရာဌာနက (၂၂) ဇန်န၀ါရီ ၁၉၄၈ ခုနှစ်တွင်…
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှု ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူများအား အင်အားသုံးနှိမ်နှင်းစေသည့် ကယားပြည်နယ်အစိုးရအဖွဲ့၏လုပ်ရပ်ကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့်သာအဖြေရှာရန် ချင်းအရပ်ဘက်အဖွဲ့အစည်း (၃၀) ကျော်က တောင်းဆိုလိုက်သည်။ ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှု ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူများအား အင်အားသုံးနှိမ်နှင်းသည်ကိစ္စနှင့်ပတ်သက်၍ ချင်းအရပ်ဘက်အဖွဲ့အစည်း (၃၇) ဖွဲ့က ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး ယခုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။ “ကရင်နီပြည်နယ် နယ်နိမိတ်အတွင်း ဗိုလ်ချူပ်အောင်ဆန်းနှင့်ပတ်သက်သော အထိမ်းအမှတ်ရုပ်တုများ စိုက်ထူခြင်းမျိုးကို ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်သူပြည်နယ်သားများနှင့် လုံလောက်သော ကြိုတင်ဆွေးနွေးသဘောတူမှုများရယူပြီးမှသာ ဆောင်ရွက်စေသင့်ပြီး ယခုကဲ့သို့ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုသည် ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်သူပြည်နယ်သားများနှင့် လုံလောက်သည့် ဆွေးနွေးတိုင်ပင်မှုမရှိခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်’’ ဟု ၎င်းတို့၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ထို့ကြောင့် ပြည်နယ်သူပြည်နယ်သားများ၏ သဘောထားဆန္ဒအပြည့်အ၀မပါရှိဘဲ ဗိုလ်ချူပ်ကြေးရုပ်တည်ဆောက်စေခြင်းနှင့် လက်နက်မဲ့ပြည်သူများအား အင်အားသုံးနှိမ်နှင်းသည့် ကယားပြည်နယ်အစိုးရအဖွဲ့၏လုပ်ရပ်ကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ပြီး ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင်ရာဆန္ဒပြပြည်သူများနှင့် သဘောတူညီချက်ရရှိထားသည့် အချက်အများနှင့်အညီ ငြိမ်းချမ်းသောနည်းဖြင့် ဆက်လက်ညှိနှိုင်း အဖြေရှာဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံများ၏ ကန့်ကွက်မှုကြားထဲက ယခုလ (၂) ရက်နေ့က ပြည်နယ်အစိုးရက ကြေးရုပ်တုဖွင့်ပွဲပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဗိုလ်ချူပ်ကြေးရုပ်ပြန်လည်ဖျက်သိမ်းပေးရေးအတွက် ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ ပြည်ထောင်စုနေ့တွင် ဒေသခံပြည်သူများက ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် ပြည်သူများအား ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲသည့်အတွက် အယောက် (၂၀) ထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။ နောက်ဆုံးတွင် ကယားပြည်နယ်အစိုးရအဖွဲ့က ဆန္ဒပြပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းပြီး သဘောတူညီချက်ရရှိခဲ့ကြသည်။ ယင်းသဘောတူညီချက်များတွင် ဆန္ဒပြပြည်သူများအား တရားစွဲဆိုမှုကို…
By မိုးကျော် – အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက် Citizenship (Amendment) Bill, 2016 တွင် ချင်းလူမျိုးများလည်း ပါဝင်ထည့်သွင်းရန် Chakma community လက်အောက်ရှိ အဖွဲ့ (၈) ခု ပူးပေါင်းပြီး အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးထံ တောင်းဆိုသည့်အပေါ် စိုးရိမ်စရာမရှိကြောင်း မီဇိုရမ်ရှိ ချင်းအဖွဲ့အစည်းများမှ ဦးဆောင်သူများက ပြောသည်။ ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာကတည်းက လွတ်လွတ်လပ်လပ်နေထိုင်လာခဲ့ကြကြောင်း၊ ချင်းနှင့် မီဇိုးများသည် ညီအကိုမောင်နှမများဖြစ်ကြပြီး အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ချက်တွင် Chakma လူမျိုးများအနေဖြင့် ချင်းလူမျိုးများအတွက် တောင်းပေးစရာမလိုကြောင်း ချင်းအမျိုးသားတပ်ဦး ဗဟိုတရားရုံး တရားသူကြီး ဦးလာလ်ရမ်းလောမ်မာက ပြောသည်။ “ချင်းဆိုတာ မီဇိုးပါဘဲ၊ မီဇိုရမ်အစိုးရ အရင်အစိုးရဖြစ်စေ၊ ယခုအစိုးရမှာလည်း မီဇိုရမ်မှာ လွတ်လွတ်လပ်လပ်နေထိုင်ကြတယ်၊ တကယ်တန်း ဥပဒေအရဆိုရင် တစ်ညတောင်အိပ်ခွင့်မရှိဘူး၊ ဒါပေမယ့် အခုဆိုရင် နှစ်နဲ့ချီနေထိုင်လာကြတယ်၊ ပြီးတော့ ချင်းတွေကို မီဇိုးတွေက ညီအကိုများဖြစ်ကြတယ်ဆိုပြီး ချစ်ကြတယ်၊ ဒါကြောင့် ချင်းလူမျိုးအတွက် တောင်းပေးစရာမလိုဘူး၊ လိုချင်ရင် ကျနော်တို့ကိုယ်တိုင်တောင်းလို့ရတယ်၊ ကျနော်တို့မတောင်းဘဲ၊ သူတို့က တောင်းပေးတာက သွေးရိုးသားရိုးမဟုတ်ဘူး၊ ဒါမေတ္တာမဟုတ်ဘူး၊ Chakma တွေရဲ့ရည်ရွယ်ချက်ဟာ ပေါ်လွင်ပါတယ်၊ ဒါကြောင့် ဘာမှ စိုးရိမ်စရာမရှိပါဘူး” ဟု ပြောသည်။ ဆက်လက်ပြီး မီဇိုရမ်ပြည်နယ်တွင် ချင်းလူမျိုးများစွာနေထိုင်ကြသည်ဟုဆိုကာ အဆိုပါ Citizenship (Amendment) Bill တွင် မြန်မာနိုင်ငံ၊ ချင်းပြည်ကို ထည့်သွင်းလိုခြင်းမှာ နိုင်ငံခြားသားအနေဖြင့် ယခု Bill တွင် ပါဝင်ပါက သူတို့ Chakma လူမျိုးများအနေဖြင့် အလိုလို…
By လားနွန် – ချင်းအမျိုးသားတပ်ဦး (CNF) ၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းစဉ်များတွင် မဆုတ်မနစ်ပါဝင်ပံ့ပိုးကြရန် ချင်းပြည်သူလူထုတရပ်လုံးကို ချင်းအမျိုးသားတပ်ဦး (CNF) မှ တိုက်တွန်းလိုက်သည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့နှင့်စပ်လျဉ်း၍ ချင်းအမျိုးသားတပ်ဦးက ယမန်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး ချင်းပြည်သူတရပ်လုံးကို ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ချင်းပြည်သူလူထုအနေဖြင့် အမျိုးသားရေးအကျိုးစီးပွားကိုဦးထိပ်ထားလျက် ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိ ရေးဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးတို့အတွက် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် အားသစ်လောင်ပြီး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းစဉ်များတွင် မဆုတ်မနစ် ပါဝင်ပံ့ပိုးကြရန် တိုက်တွန်းနှိုးဆော်အပ်သည်ဟု ၎င်းတို့၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားရေးအကျိုးစီးပွားဖြစ်သည့် ချင်းလူမျိုးတို့ ရသင့်ရထိုက်သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအခွင့်အရေးများကို ပြန်လည်ရရှိပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ချင်းပြည်သူများနှင့်အတူ နှစ်ပေါင်း (၃၀) ကျော်ကြာ လက်နက်ကိုင်တော်လှန်နေခြင်းဖြစ်သည်ဟု CNF က ဆိုသည်။ ချင်းအမျိုးသားနေ့၏ အနှစ်သာရမှာ ချင်းမျိုးနွယ်စုအားလုံးသည် ချင်းလူမျိုးတစ်မျိုးတည်းဖြစ်ကြောင်းထုတ်ဖော် ပြသခြင်း၊ အမျိုးသားဂုဏ်အင်လက္ခဏာကိုထိန်းသိမ်းခြင်း၊ အမျိုးသားရေးစိတ်ဓာတ်နိုးကြားခြင်း၊ အမျိုးသားသွေး စည်းလုံးညီညွတ်ခြင်းတို့ဖြစ်ကြောင်း၊ ယင်းအမျိုးသားရေးအနှစ်သာရများ ဆက်လက်ရှင်သန်နိုင်ရေးအတွက် နှစ်ပေါင်း (၇၀) ကြာ ပြည်တွင်းစစ်ကိုအဆုံးသတ်ပြီး အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှတဆင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အမျိုးသားတန်တူမှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားကြရမည်ဟု CNF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
By လားနွန် – ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာမြို့တွင် ဇန်န၀ါရီ (၂၀) မှ (၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Little & Teen Glam International Pageant အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ချင်းတိုင်းရင်းသူ Regina Noi (ရီဂျီနာ နိုးဗီး) ကို ခိုနူမ်းသုန်မီဒီယာအဖွဲ့မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ အမည် – Regina Noi (Lalngurdawli)အသက် – (၁၉) နှစ်ပညာအရည်အချင်း – 2nd Year, English Majorယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများ – Miss Myanmar Beauty Paradise Chin State, Miss Myanmar Beauty Paradise 2019, Miss Teen Glam International 2019ရရှိခဲ့သည့်ဆုများ – Best in Swim Wear, Miss Spoke Model Regina ရဲ့ မိသားစုအကြောင်းလေး နည်းနည်းပြောပြပေးလို့ရမလား။Regina တို့မှာ မိသားစုဝင် (၆) ယောက်ရှိတယ်။ အဖေရယ်၊ အမေရယ်၊ ညီအစ်မ (၄) ယောက်ရယ်ပေါ့။ Regina ကျတော့ အကြီးဆုံးကနေ သုံးယောက်မြောက်ပေါ့။ အနုပညာလောကထဲမဝင်ခင် Regina ရဲ့ သာမန်ဘဝအနေနဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားမှု၊ လုပ်ဆောင်မှုလေး ပြောပြပေးမလား။အနုပညာလောကထဲမဝင်ခင် Regina ကလေးတက္ကသိုလ်မှာ အင်္ဂလိပ်မေဂျာနဲ့ ဒုတိယနှစ်အထိ ပညာသင်ကြားတယ်။ ပညာသင်ကြားရင်းနဲ့ ဆရာကြီး Professor J. Khuma…
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့အကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ခမောင်းဝကျေးရွာအပါအ၀င် ကျေးရွာပေါင်း (၈) ရွာခန့် ပျက်ဆီးသွားပြီး ဒေသခံများသည် နီးစပ်ရာဆွေမျိုးများထံ ခိုလှုံနေကြရသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလကုန်ပိုင်းက မြန်မာ့တပ်မတော်နှင့် AA အကြားတိုက်ပွဲကြောင့် တပ်မတော်မှ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲချသည့်အတွက် ကျေးရွာပျက်ဆီးခဲ့ရပြီး တရွာလုံးထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ခမောင်းဝရွာသားတစ်ဦးကပြောသည်။ “ကျွန်တော်တို့ထွက်ပြေးလာတာက ရွာထဲမှာ လေယာဉ်နဲ့ဗုံးကြဲလို့ဖြစ်တယ်၊ အခုက အိမ်တွေလည်းမရှိဘူး၊ ဘယ်လိုမှနေလို့မရတော့ဘူးဆိုတဲ့ အခြေအနေပါ၊ ကျွန်တော်တို့ အဲဒီရွာမှာနေတာက ကိုယ့်မိသားစုနဲ့ ကိုယ့်ညီအစ်ကိုမောင်နှမအသိုင်းအ၀ိုင်းနဲ့ သိုက်သိုက်မြိုက်မြိုက် လုပ်ကိုင်စားသောက်ခဲ့တာ၊ အခုတော့ အိုးအိမ်တွေကိုလည်းစွန့်ခွာပြီး၊ နေရပ်စွန့်ခွာပြီး ရုန်းကန်နေရတဲ့အခြေအနေဖြစ်နေပြီ” ဟု ခမောင်းဝ ရွာသားကပြောသည်။ အဆိုပါတိုက်ပွဲများကြောင့် ခမောင်းဝ၊ ကင်းတလင်း၊ ခေါစာချောင်း၊ ကူချောင်းဖျားရွာ၊ စတင်ဝရွာ၊ ဖွေလိုက် ၀ရွာ၊ ပီတောင်ရွာ၊ သာယာကုန်းရွာစသည်တို့သည် ပျက်စီးသွားပြီး လူဦးရေ (၁၀၀၀) ခန့်တို့သည် ပလက်ဝမြို့၊ ကျောက်တော်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရသည်ဟု သူကဆက်ပြောသည်။ ပလက်ဝမြို့ဘက်သို့ ထွက်ပြေးလာသည့် ဒုက္ခသည်များကို နီးစပ်ရာဆွေမျိုးများထံသို့ ထားရှိကြပြီး ဒုက္ခသည်စခန်းအနေဖြင့် သီးသန့်ထားရှိခြင်းမျိုးမရှိကြောင်း၊ စစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးနေသည့် ကိုတင်ထွန်းအောင်ကပြောသည်။ “ပလက်ဝက ကျွန်တော်တို့ ရခိုင်လူမျိုးတွေဆိုရင် ရခိုင်ကျေးရွာတွေမှာနေရာချထားပေးတယ်၊ ချင်းပြည်နယ်အစိုးရကိုယ်တိုင်က ထိထိရောက်ရောက်မလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ ကိုယ့်လူမျိုးတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးတယ်၊ နေရာချထားပေးတယ်၊ ရွာကိုတော့ ပြောလို့မရဘူး၊ ဘာကြောင့်လဲဆိုရင် သက်ဆိုင်ရာက သူတို့ကို လာပြီးခြိမ်းခြောက်နိုင်တယ်၊ မင်းတို့ ကိုယ့်ရွာကိုပြန်ရမယ်ဆိုတာမျိုးပေါ့၊ ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေကို…
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ပြန်လည်ဖျက်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသူများအား ရဲတပ်ဖွဲ့မှ ရာဘာကျည်ဆံဖြင့် ပစ်ခတ်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချသည်ဟု ချင်းလူငယ်များကွန်ယက်က ယနေ့ကြေညာချက်တစ်ဆောင်ထုတ်ပြန်လိုက်သည်။ ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ သပိတ်မှောက်ဆန္ဒပြနေသည့် လူငယ်များအား စေ့စပ်ညှိနှိုင်းအဖြေရှာသည့်နည်းလမ်း မလုပ်ဆောင်ဘဲ အင်အားသုံးဖြိုခွဲသည့် ကယားပြည်နယ်အစိုးရ၏လုပ်ရပ်သည် ဒီမိုကရေစီလမ်းကြောင်းနှင့် တိုင်းရင်းသားအချင်းချင်းအကြား ရင်ကြားစေ့ရေးကို ပိုမိုထိခိုက်စေနိုင်သည့်အပြင် လူငယ်များအနေဖြင့် ပြည်ထောင်စုအပေါ် အယုံအကြည်မဲ့စေလာနိုင်သည့်အတွက် ချင်းလူငယ်များကွန်ယက်အနေဖြင့် အထူးပင် ကန့်ကွက်ရှုံ့ချသည်ဟု ၎င်းတို့ကြေညာချက်တွင် ဖော်ပြထားသည်။ ထောင်နှင့်ချီသော ဗိုလ်ချူပ်ကြေးရုပ်ဖျက်သိမ်းရေး ဆန္ဒပြသူများသည် ကြေးရုပ်ထားရှိသည့် ကန္တာဟေ၀န်ပန်းခြံဆီကို စစ်ကျောင်း (၄) ကျောင်းဖြင့် ချီတက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ (၁၀) ယောက်ခန့် ဒဏ်ရာရရှိခဲ့ကြသည်။ ယနေ့လွိုင်ကော်မြို့ ချီတက်ဆန္ဒပြမှုတွင် ချင်းလူငယ်များကွန်ယက်မှ ချင်းလူငယ် (၄) ဦးလည်း သွားရောက်ပါဝင်ကြသည်ဟု ချင်းလူငယ်များကွန်ယက်မှ ဗဟိုကော်မတီဝင် ဆလိုင်းမွန်ဘွေးကပြောသည်။ “ကျွန်တော်တို့တွေ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဖြစ်တယ်၊ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး ဖက်ဒရယ်ဒီမိုကရေစီကို သွားနေတာဖြစ်တယ်၊ အဲဒီအရွေ့မှာ အချင်းချင်း ၀န်းရံဖေးမတယ်၊ ရဲဘော်စိတ်ဓာတ်နဲ့ ကျွန်တော်တို့က လာပြီးဝန်းရံတာဖြစ်တယ်” ဟု ဆလိုင်းမွန်ဘွေးကပြောသည်။ ယခုလက်ရှိတွင် ဆန္ဒပြခေါင်းဆောင်အချို့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းနေသည်ဟု သူကဆက်ပြောသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံများ၏ ကန့်ကွက်မှုကြားထဲက ယခုလ (၂) ရက်နေ့က ပြည်နယ်အစိုးရက ကြေးရုပ်တုဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချူပ်ကြေးရုပ် ပြန်လည်ဖျက်သိမ်းပေးရေးအတွက် ယနေ့ ပြည်ထောင်စုနေ့တွင် ဒေသခံပြည်သူများက ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
