Author: Editor

by Pu Thomas Thang Nou ၁။ နိဒါန်းနှင့် ပညာရှင်များ၏ တွေးခေါ်ယူဆချက်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှaင့် ပတ်သက်၍ ကမ္ဘာဇာတ်ခုံပေါ်တွင် အချေအတင် ဆွေးနွေးနေကြဆဲဖြစ်ပြီး၊ အနက်အဓိပ္ပါယ် တိတိကျကျ မဖွင့်ဆိုနိုင်သေးပေ။ အပြည်ပြည်ဆိုင်ရာဥပဒေတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဓိပ္ပါယ်ဖွင့်ဆိုရာ၌ အဓိက အငြင်းပွားစေသည့် မေးခွန်း နှစ်ရပ်ရှိသည်။ ၎င်းတို့မှာ (၁) လူနည်းစု ခွဲထွက်ရေးသမားများ၏ တောင်းဆိုခွင့်ကို အပြည်ပြည်ဆိုင်ရာဥပဒေအရ မည်သည့်အချိန်တွင် အထောက်အပံ့ ပေးနိုင်မည်နည်း။ (၂) နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးလှုပ်ရှားမှုများအပေါ် ဖိနှိပ်မှုများကို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ မည်ကဲ့သို့ တားမြစ်ကာကွယ်နိုင်မည်နည်းဟူသော မေးခွန်းများဖြစ်သည်။ ဤတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သော်လည်းကောင်း၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် သော်လည်း ကောင်း၊ ၎င်းတို့နှင့်အတူ ပါလာသော ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ပညာရှင်များအကြား တွေးခေါ်ယူဆချက် အမျိုးမျိုး ထွက်ပေါ်လာ သည်။ ဒေါက်တာဗင်းကက်အိုင်ယာ (Dr. Venkat Iyer) က “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ခွဲထွက်ခြင်းဟု မဆိုနိုင်ပေ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခွဲထွက်ခွင့်တောင်းဆိုခြင်း မပြုဘဲ ရရှိနိုင်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးအရ တောင်းဆိုမှုများမှ ပေါ်ပေါက်လာခြင်းဖြစ် သည်” ဟူ၍ ဖော်ပြထားသည်။ အပြည်ပြည်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များကို အားကိုးအားထားပြု၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆို၍ မရနိုင်ပါ။ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို နိုင်ငံရေးအရ တောင်းဆိုမှုပြုမှသာ ရရှိနိုင်မည်။ သို့သော် Janes Bay Grec ကမူ “ခွဲထွက်ခြင်း အခွင့်အရေးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ထုံးတမ်းတစ်ခု မဟုတ်ဟု အသိအမှတ်ပြုခြင်း”…

Read More

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (Arakan Army) နှင့် တပ်မတော်တို့ နှစ်ဘက်စလုံးမှ ပလက်ဝ ဒေသခံပြည်သူများ အပေါ် ယနေ့ အချိန်အထိ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိနေကြောင်း သိရသည်။ အဆိုပါကိစ္စကို ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးဒဏ်ခံစားနေကြရသော ဒေသခံပြည်သူများ၏ အခြေအနေမှန်ကို သိရှိဖို့ရန် နှင့် တတ်နိုင်သမျှ ပံ့ပိုးကူညီရန် ချင်းလူငယ် (၅) ဦးဖြစ်သော Salai Ceu Bik Thawng, Mai Nancy Dawt Chin Sung, Salai Thang Loon, June Nillian Sang နှင့် Salai Van Bawi Mang တို့ (၁၀) ရက်ကြာ ကျေးရွာပေါင်း ၁၀ ရွာကို သွားရောက် ကွင်းဆင်းလေ့လာ ယခုကဲ့သို့ လေ့လာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ‘ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ ပေါ်တာဆွဲ ရိက္ခာထမ်းခိုင်းခြင်း၊ လမ်းပြအဖြစ်ခိုင်းစေခြင်း၊ ရွာသားများပိုင် ဆိုင်သော ပစ္စည်း ဥစ္စာများလုယူခြင်း၊ ရွာသားများကို ခံကတုတ်သဖွယ် အသုံးပြုခြင်းများ ရှိနေဆဲဖြစ်တယ်။ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ နှင့် တပ်မတော်တို့အကြား (၂) နှစ်ကျော် ပစ်ခတ်တိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှား မှုများ ကြောင့် ဆတ်လိုင်ဝရွာ၊ ဆတ်တလိုင်ဝရွာ၊ ပီတောင်ရွာနှင့် ကင်းတလင်း စသည့် ကျေးရွာများတွင် ကျောင်းမဖွင့်ဘဲ ကျောင်းပိတ် ထားရကြောင်း ထပ်မှန်သိရသည်။ ကျောင်းဆရာ၊ဆရာမများ၏ လုံခြုံရေးစိုးရိမ်မှုကြောင့် လက်ရှိတွင် ကျောင်းပိတ်ထားတယ်။ မိမိတို့ လက်လှမ်းမမှီတဲ့ အလားတူ ကျေးရွာများလည်း ရှိနိုင်သေးတယ်’ ဟုပြောဆိုကြသည်။…

Read More

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်းဒွေးသေဒ စံပေါ်ရိုးမြေယာ ၁၆၉၇ ဧကအား MONE CHOUNG Co.Ltd မှ ဝယ်ယူရန် စီစဉ်မှုအပေါ် ဒေသခံပြည်သူများ၏ သဘောထားဆန္ဒအတိုင်း လုပ်ငန်းဖော်ဆောင်ခြင်းမရှိပါက ဒေသခံပြည်သူလူထု အားလုံးပါဝင်သော ဆန္ဒဖော်ထုတ်ရန်နှင့် အစိုးရအဆင့်ဆင့်သို့ တည်ဆဲဥပဒေနှင့်အညီ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ စံပေါ်ရိုးမြေယာ ၁၆၉၇ ဧကအား Agar Land Co.Ltd မှ ဝယ်ယူရန်စီစဉ်နေသည့်အပေါ် Chinland Natural Resources Watch Group နှင့် Moneland Development Natural Resource Conservation Organization ဦးဆောင်ပြီး ကျင်းဒွေး ကျေးရွာအခြေပြု၊ အနီးအနားရွာများဖြစ်သော ထန်းကုန်းရွာ၊ ဟုတ်ပုံကျင်းရွာ၊ ဖုန်းဒွေးကျင်းရွာ၊ အောက်လှယ်ရွာ နှင့် ရှိနှော့ ကျင်းရွာများမှ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တက်ကြွလုပ်ရှားနေသော လူငယ်များ မေလ ၂၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကာ ချင်းပြည်နယ်အစိုးရထံ သဘောထား ထုပ်ပြန်ချက် ပေးပို့ခဲ့သည်။ ထိုသို့ ဆွေးနွေးပွဲတွင် ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် အောက်ဖော်ပြပါ အချက်များအား ဆွေးနွေး သဘောတူ ခဲ့ကြသည်။ ယင်းစီမံကိန်းနှင့်ပက်သက်ပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ လွတ်လပ်သော သဘောဆန္ဒဖြင့် ထုတ်ဖော်ပြောကြားသည့် သဘောတူညီချက် (Free, Prior and Informed Consent – FPIC) လုပ်ထုံးလုပ်နည်းများ မဖြစ်မနေ လေးစားလိုက်နာရန် နှင့် Environmental Impact Assessment, Social Impact…

Read More

တိုင်းရင်းသားမီဒီယာများဖွံဖြိုးတိုးတက်လာရေးနှင့် ရေရည်ရပ်တည်နိုင်ရေးအတွက် တိုင်းရင်းသား မီဒီယာမူဝါဒ (မူကြမ်း) တစ်ရပ်ကိုရေးဆွဲသွားရန် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇွန်လ ၂၆ မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သော (၅) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် သဘောတူဆုံးဖြတ်ခဲ့ကြသည်။ Burma News International (BNI) မှ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ကဆော့မွန်က ”ကျနော်တို့တိုင်းရင်းသား မီဒီယာတွေရဲ့အခန်း ကဏ္ဍပေါ့နော် ပြည်ထောင်စုအနေအထားမှာရောကိုယ့်ရဲ့ပြည်နယ် အနေထား မှာရောအသိ မှတ်ပြုပေးဖို့နဲ့ ကျနော်တို့ရဲ့ အခန်းကဏ္ဍ ကပီပီပြင်ပြင်ပေါ်ဖို့ပေါ့နော် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းကချမှတ်ခဲ့တဲ့ မီဒီယာဥပဒေတွေမှာ လည်းတိုင်းရင်းသား အခန်းကဏ္ဍတွေ မပါဘူးဖြစ်နေတယ်၊ မပါတော့ကာကျနော်တို့ တိုင်းရင်းသားမီဒီယာမူဝါဒကို ရေးဆွဲနိုင်ခြင်းအားဖြင့် အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားတွေ လည်းဒါတွေရှိသင့် တယ် လုပ်ပေးသင့်တယ်စသဖြင့်ပေါ့နော် သူတို့ရဲ့ ဥပဒေ၊ နည်းဥပဒေပြဌါန်း တဲ့အခါ မှာရောပြောလို့ရတာပေါ’’ ဟုပြောသည်။ BNI မှ ကြီးမူးကျင်းပသော (၅) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် ပြည်နယ် (၇)ခုမှ တိုင်းရင်းမီဒီယာ များ၏ လက်ရှိအခြေနေဆွေးနွေးခြင်း၊ တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ မီဒီယာတွင် မသန်စွမ်းနှင့် အမျိုးသမီးများအခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွင် သတင်းထောင်များ၏ လုံခြုံရေးကိစ္စ၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်များကိုဆွေးနွေးခဲ့ကြသည်။ ယခုလက်ရှိအခြေအနေတွင် ပြည်နယ်တစ်ချို့တွင် တိုင်းရင်းသားမီဒီယာများအားအသိအမှတ်ပြုမှုမရှိခြင်း၊ အစိုးရ နှင့် လွှတ်တော်အတွင်းလွတ်လပ်စွာ သတင်းရယူခွင့်မရှိခြင်းတို့ရင်ဆိုင်နေကြရပြီးယင်း ကိစ္စကိုဖြေရှင်းရန် အရေကြီးကြောင်းဦးနိုင်ကဆော့မွန်ကပြောသည်။ “ ပြည်နယ်တစ်ခုနဲ့တစ်ခုကတော့မတူဘူးပေါ့၊ တစ်ချို့ပြည်နယ်ကတော့ အစိုးရရောလွှတ်တော်ရောမီဒီယာတွေ ကြိုဆိုတယ်၊ ၀န်ကြီးချူပ်၊ ၀န်ကြီးတွေနဲ့အင်တာဗျူးတွေရတယ်၊ မီဒီယာတွေကိုလွတ်လွတ်လပ်လပ်ပေးထားတဲ့ ပြည်နယ်တွေရှိ သလိုညီလာခံမှာကျနော်တို့ကြားရသလောက်ဆိုရင် တစ်ချို့ပြည်နယ်မှာတော့ မီဒီယာကို…

Read More

ဟားခါးမြို့ မြို့ပြစီမံကိန်း ဧရိယာအဖြစ် (၄၃.၉) စတုရန်းမိုင် တိုးချဲ့သတ်မှတ်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြလျက်ရှိကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ဟားခါးမြို့နယ် လူဦးရေ လေးပုံတပုံခန့် သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် ပြည်သူများ အတွက် နေရာချထားရေး လုပ်ငန်းဆောင်ရွက်လိုအပ်လာကြောင်း၊ ဟားခါးမြို့သည် ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့် အညီ မြို့၏ ဧရိယာတိုးချဲ့ရန်လိုအပ်လာကြောင်း ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ဟားခါးမြို့ပြဖွံ့ဖြိုးရေးကော်မီတီ ဥက္ကဌလည်းဖြစ်၊ ပြည်နယ် စည်ပင်ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က ပြောဆိုခဲ့သည်။ ပြည်ထောင်စုအစိုးရက အတည်ပြုပေးပါက မြို့ပြဧရိယာကို သက်ဆိုင်ရာ ပညာရှင်များက တိုင်းတာတွက်ချက် မှုပြုလုပ်မည်ဖြစ်ပြီး ယင်းတိုင်းတာတွက်ချက်မှုအတိုင်း မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “အခုလို (၄၃.၉) စတိုရန်းမိုင်ကို မြို့ဧရိယာအဖြစ် အတည်ပြုလာပြီ ဆိုလို့ရှိရင် မြို့ပြဖွံ့ဖြိုးမှုနှင့် မြေအသုံးချမှု ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာကို လုပ်ဆောင်မှာဖြစ်တယ်။ အဲလိုဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာ မြို့ပြ ပညာရှင်တွေရဲ့ ရေးဆွဲထားတဲ့ နည်းပညာအရ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ၀န်ကြီးကဆိုသည်။ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်သည့်အခါ မြေယာပိုင်ဆိုင်သူနှင့် မြေယာအသုံးပြုသူများ ဟူ၍နှစ်မျိုးရှိပြီး ၄င်းတို့၏ သဘောထားကို ပြည်နယ်အစိုးရနှင့် ညှိနှိုင်းကာ မြို့ပြဖွံ့ဖြိုးရေးအတွက် မည်ကဲ့သို့ လုပ်ဆောင်မည် ဆိုသည့်အချက်ကိုလည်း လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။ ဤကဲ့သို့ မြို့ပြစီမံကိန်းဆောင်ရွက်ရာတွင် မြေပိုင်ဆိုင်မှု အထောက်အထားရှိသူများနှင့် အထောက်အထား မရှိပေမဲ့ ဖိုးဖွားစဉ်ဆက်မြေပိုင်ဆိုင်သူများကိုလည်း နစ်နာဆုံးရှုံးမှုမရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားခဲ့သည်။ သို့သော် အစိုးရအဆောက်အဦးများအတွက် မဖြစ်မနေဆောင်ရွက် မည့် လုပ်ငန်းစဉ်အတွက်ကိုတော့ လုပ်ဆောင်သွားရန်ရှိကြောင်းသိရသည်။…

Read More

ဖီးဒီးဖောင်ဒေးရှင်းနှင့် ချင်းလဲန်ပို့စ်က ကြီးမှူးကျင်းပပြီး ချင်းပြည်နယ်အတွင်း သတင်းရယူမှုနှင့် ရယူခွင့်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့ ဟားခါးမြို့တွင် ကျင်းပပြုလုပ် မည်ဖြစ်သည်။ “ကျွန်တော်တို့ ဒေသခံ မီဒီယာတွေနဲ့ ပင်မမီဒီယာဆိုပြီး ခွဲခြားဆက်ဆံမှုတွေရှိနေတယ်။ အဲဒါကို ဒေသခံ မီဒီယာတွေကလည်း ဘယ်လိုပြင်ဆင်မလဲ၊ အစိုးရဘက်ကလည်း ဘယ်လိုဖြစ်စေချင်သလဲ ဆိုတာ ဆွေးနွေး ကြဖို့ လိုတယ်” ဟု ဆွေးနွေးပွဲစီစဉ်သူ တာဝန်ခံ ဆလိုင်း ဘွဲအုပ်ထန်က ခိုနုမ်းသုန်သတင်းဌာနကို ပြောပြ ခဲ့သည်။ ချင်းပြည်နယ်တွင် ဒေသခံ မီဒီယာအဖွဲ့အစည်းက လွတ်လွတ်လပ်လပ် သတင်းရယူခွင့် မရှိသေး ကြောင့် သတင်းလွတ်လပ်စွာ ရယူနိုင်ရန် နည်းလမ်းရှာသည့်အနေဖြင့် အခုလိုဆွေးနွေးပွဲ ကျင်းပရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။ “ဥပမာပြောရရင် ပြည်နယ်အစိုးရက လွှတ်တော်အစည်းအဝေးလုပ်တဲ့အခါ ဓါတ်ပုံဘဲ ရိုက်ခွင့်ပြုတယ်။ အသံဖမ်းတာ၊ ဗီဒီယိုရိုက်ပြီး သတင်းယူတာတွေ လက်မခံဘူး။ တခြားပြည်နယ်တွေမှာ လွတ်လွတ် သတင်းယူ ခွင့်ပေးတယ်။ အဲဒါကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ အဆိုဆွေးနွေးဖို့ စီစဉ်နေတာဖြစ်တယ်” ဟု ဆလိုင်း က ဆိုသည်။ ပြည်နယ်အစိုးရ တာဝန်ရှိသူများသည် မိမိတို့တာဝန်အသီးသီး ထမ်းဆောင်နေကြသည့်အတွက် ဒေသခံ မီဒီယာများက တွေ့ဆုံရန် အခက်အခဲဖြစ်နေကြသည်။ ဤကဲ့သို့ အခက်အခဲဖြစ်နေသည့် အခြေအနေကို မည်ကဲ့သို့ ဖြေရှင်းပြီး ပြည်နယ်အတွင်း အစိုးရက လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေကို ပြည်သူ လူထု က မည်ကဲ့သို့ နားလည်နိုင်မည်ဆိုသည့်အချက်ကို ဆွေးနွေးရန် ယခုကဲ့သို့ ကျင်းပရန်စီစဉ် နေခြင်းဖြစ်ကြောင်း…

Read More

ချင်းလူမှုရေးအဖွဲ့အစည်း အသီးသီးမှ လုပ်ငန်းအဆိုပြုလွှာ စနစ်တကျ ရေးသား တင်ပြနိုင်ရေး အတွက် ၂၀၁၇ ခုနှစ် ဇွန်လ (၁၃-၁၆) ရက်နေ့အထိ GRET က သင်တန်း ကျင်းပပြု လုပ်ပေးခဲ့ သည်။ “ကျွန်တော်တို့ (Group Research Exchange Technology- GRET) ကနေ မြို့နယ် အဆင့် မှာရှိကြတဲ့ ချင်းလူမှုရေးအဖွဲ့အစည်း ( Chin Social Organization – CSO) တွေက လုပ်ငန်းအဆိုပြုလွှာ တင်သွင်း တဲ့ အခါ လေ့တွေ့ကျကျဖြစ်စေဖို့ အခုလို သင်တန်းကျင်း ပပေးရခြင်းဖြစ်တယ်” ဟု ပူးတဲလ်လျန်း၊ ကရက် စီမံကိန်း ကိုသြဒီနိတ်တာ က ခိုနုမ်းသုန်သတင်း ဌာနကို ပြောပြခဲ့သည်။ (၄) ရက်ကြာ ပြုလုပ်ခဲ့သည့် သင်တန်း၌ ချင်းပြည်နယ် မြို့နယ်အဆင့်တွင် စားဝတ်နေ ရေးဖူလုံနိုင်ရေးအတွက် ကရက်အဖွဲ့က ထောက်ပံ့ပြီး လုပ်ငန်းဆောင်ရွက်မှု ဆောင်ရွက် လျက်ရှိရာ မြို့နယ် CSO များမှ လေ့တွေ့ကျ သည့် လုပ်ငန်း အဆိုပြုလွှာများ ရေးသားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ကရက်အဖွဲ့က ချင်းပြည်နယ်မြောက်ပိုင်းတွင်ရှိသည့် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ် တွင်ရှိသည့် မြို့နယ်အဆင့် CSO များအနေဖြင့် သက်ဆိုင်ရာဒေသအတွင်း စားဝတ်နေရေးဖူလုံရေး လုပ်ငန်း အတွက် ကျပ်သိန်း (၅၀) မှ ကျပ်သိန်း (၂၅) အထိ ထောက်ပံ့မှု ပေးလျက်ရှိကြောင်း သိရသည်။ ယခုသင်တန်း၌…

Read More