Author: Editor

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တရားသူကြီး၊ ဥပဒေအရာရှိနှင့် ခရိုင်ရဲမှူး (၃) ဦးတို့ကို လာဘ်စားသည်ဟုဆိုကာ နစ်နာသူ ကာယကံရှင်နှင့် မင်းတပ်မြို့အရပ်ဖက်လူမှုအဖွဲ့အစည်း (၄) ဖွဲ့က အဂတိတိုက်ဖျက်ရေးကော်မရှင်ထံသို့ နိုဝင်ဘာလ (၅) ရက်နေ့က တိုင်ကြားလိုက်သည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မင်းတပ်မြို့ ပြည်သူ့ဆေးရုံးအနီးတွင် ဦးအွမ်လိန်းငိုင်းနှင့် မောင်ထန်းကီးဟုန်းတို့ ဆိုင်ကယ်ဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန်တရားစွဲဆိုကာ ဦးအွမ်လိန်းငိုင်းသည် အချူပ်ကျထိန်းသိမ်းခြင်းခံခဲ့ရသည်။ အမှုတရားရင်ဆိုင်စဉ်ကာလတွင် ဥပဒေကြောင်းသိကျွမ်းနားလည်မှုမရှိသည့် ဦးအွမ်လိန်းငိုင်းကို မင်းတပ်မြို့နယ် တရားသူကြီး ဦးထွန်းထွန်းနိုင်မှ ကျပ်ငွေ (၂) သိန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်စိုးသိန်းမှ ကျပ်ငွေ  (၂) သိန်း တောင်းယူခဲ့ပြီး အချူပ်ကျစဉ်ကာလအတွင်း ခရိုင်ရဲမှူးနှင့် ရဲဌာနမှ ခွဲဝေယူရန် ကျပ်ငွေ (၃၄) သိန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်စိုးသိန်းမှ ကျပ်ငွေ (၂၅) သိန်းအား ထပ်မံတောင်းခံခဲ့ကြသည်ဟု မင်းတပ်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ ပေးပို့သည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။ Third Eye အဖွဲ့မှ ညှိနှိုင်းရေးမှုး ဆလိုင်းမာန်အွမ်က “ပထမ (၂) သိန်းစီပေးတာက ကာယကံရှင် နစ်နာသူကနေ အချူပ်ကျပြီး ခဏပြန်လွတ်လာတဲ့ချိန်မှာ ပေးထားတာပေါ့၊ ကာယကံရှင် နစ်နာသူကိုယ်တိုင်က ပေးထားတာ၊ ဒီ (၂၅) သိန်း နဲ့ (၃၄) သိန်း ပေးတဲ့ဟာကတော့ ကာယကံရှင်က အချူပ်ကျနေစဉ်တုန်းမှာ လူ (၂) ယောက်ကို အကူအညီတောင်းပြီး သွားပေးရတယ်ပေါ့နော်၊ အဲဒီမှာ တရားသူကြီးကလည်း ရယူထားတယ်၊ ဥပဒေအရာရှိကလည်း ရယူထားတယ်၊ နောက်…

Read More

နိုဝင်ဘာလ (၃) ရက်နေ့က ကျင်းပခဲ့သည့် ကန်ပက်လက်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း မဲရလဒ်အပေါ် ကျေနပ်မှုရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမနားနိုင်းကပြောသည်။ “ပြည်သူကို အခြေခံရတဲ့ မဲဆိုတော့၊ ပြည်သူထဲက ထွက်လာတဲ့ မဲဆိုတဲ့ခါကျတော့ မဲရလဒ်အပေါ် ကျနော်ကျေနပ်ပါတယ်၊ ဒီကြားဖြတ်ရွေးကောက်ပွဲက မျှတပါတယ်၊ မဆိုးပါဘူး’’ ဟု ဦးမနားနိုင်းကပြောသည်။ ကန်ပက်လက်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)၊ ချင်းအမျိုးသားဒီိမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးမနားနိုင်းက NLD ကိုယ်စားလှယ်လောင်း ဦးညွန့်ဝင်းကို ဆန္ဒမဲ (၅၅၆) မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ကန်ပက်လက်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အဓိကရှုံးနိမ့်ရသည့်အကြောင်းရင်းမှာ ချင်းပြည်သူတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီသည် တပ်မတော်နှင့် ဗမာပါတီဖြစ်သည်ဟု ထင်မှတ်စွဲကျန်နေသေးသည့်အတွက်ဖြစ်သည်ဟု ဦးမနားနိုင်းက ပြောသည်။ “ကျွန်တော်တို့က ပြည်သူတွေကို အမှန်တိုင်းရင်ဖွင့် ပြောပြတယ်၊ ပြီးတော့ ပါတီပေါ်မှာမြင်တဲ့အမြင်ကတော့ တကဏ္ဍပေါ့၊ တပ်မတော်ပတ်သက်လာလို့ ၊ ဗမာတွေနဲ့ ပတ်သက်လာလို့ အမျိုးမျိုးတွေစွပ်စွဲကြတယ်၊ သို့သော် ကျွန်တော်တို့ ဒါကို အကုန်လုံးသေချာရှင်းပြပြီးတော့မှ ကျွန်တော်တို့ချင်းတွေဟာ ပြည်ခိုင်ဖြိုးပါတီအနေနှင့် ရပ်တည်နေတာဟာ ဗမာအနေနဲ့ ရပ်တည်နေတာမဟုတ်ဘူး ချင်းအနေနဲ့ရပ်တည်တယ်၊ သို့သော် ဒါကို ယှဉ်ပြိုင်ဖက်ပါတီတွေက ပြောတဲ့အခါမှာ အဲဒီ ကြံ့ခိုင်ရေးပါတီဟာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့အနေထားမျိုးမှာ ယနေ့အထိ အသဲစွဲတုန်းရှိနေသေးတဲ့ အတွက်ကြောင့်မို့ ဒီကနေ့ ကျွန်တော်တို့ ကျရှုံးရတယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု သူကပြောသည်။ (NLD) ကိုယ်စားလှယ် ဦးညွန့်ဝင်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း…

Read More

နိုဝင်ဘာလ (၃) ရက်နေ့က ကျင်းပသည့် ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) တို့ အနိုင်ရရှိခဲ့ကြသည်။ ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲကို ကန်ပက်လက်မြို့နယ် နှင့် မတူပီမြိ့နယ်တို့တွင် ကျင်းပခဲ့ကြပြီး ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကန်ပက်လက်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)၊ ချင်းအမျိုးသားဒီိမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ(CPP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) တို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ (NLD) ကိုယ်စားလှယ် ဦးညွန့်ဝင်းမှ ဆန္ဒမဲလက်မှတ်စုစုပေါင်း (၃၀၈၃)၊ (USDP) ကိုယ်စားလှယ် ဦးမနားနိုင်းမှ ဆန္ဒမဲလက်မှတ်စုစုပေါင်း (၂၅၂၇)၊ (CNDP) ကိုယ်စားလှယ် ဦးကီးထန်းလွန်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း ( ၂၄၄၅) နှင့် (CPP) ကိုယ်စားလှယ် ဦးမနားရှင်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း (၂၄၂) အသီးသီးရရှိကြသည်ဟု သိရသည်။ မတူပီမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ်(CLD) တို့ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး (CLD) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်က အနိုင်ရရှိခဲ့သည်။ ဦးအောင်လျန်က “ကျွန်တော့်ကို မဲပေးကြတဲ့ မတူပီ ပြည်သူလူထုအပေါ်မှာ အထူးပဲ ကျေးဇူးတင်ရှိပါတယ်၊ ပထမဦးဆုံးအနေနဲ့ ကျွန်တော် လူထုတွေ့ဆုံမှုတွေလုပ်ပါတယ်၊ နောက်တစ်ခုက ကျေးလက်ဒေသတွေမှာ အဆောက်အ ဦးဖြစ်ဖြစ်၊ မြို့ပေါ်မှာ အကောင်အထည်ဖော်ဆောင်နေတဲ့ စည်ပင်လုပ်ငန်းတွေဖြစ်ဖြစ် အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို ကျနော်အတတ်နိုင်ဆုံး ကြပ်မတ်သွားမှာပါ’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ဦးအောင်လျန်သည် ဆန္ဒမဲလက်မှတ် စုစုပေါင်း (၅၉၆၄) ရရှိပြီး…

Read More

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပမည်ဖြစ်ပြီး ယင်းအတွက် အကြိုအစည်းအဝေးတရပ်ကို ရန်ကုန်မြို့၊ ကုန်သည်ကြီးများအသင်း (မင်္ဂလာခန်းမ) ၌ နိုဝင်ဘာလ (၄) ရက်နေ့တွင် ကျင်းပမည်ဟု သိရသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ နိုဝင်ဘာလ (၄) ရက်နေ့တွင် ပြုလုပ်မည့် အကြိုအစည်းအဝေးအခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်တို့အပါအ၀င် တတ်သိပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအကြိုအစည်းအဝေးပွဲတွင် တိုင်းရင်းမီဒီယာအဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားပြီး မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ဆွေးနွေးမှုများပြုလုပ်ကြမည်ဟု သိရသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ရပ်ချောင်းရွာနေ အသက် (၃၅) နှစ် ဦးဟွေ့တန်းသည် အောက်တိုဘာလ (၂၉) ရက်နေ့က မြေမြှပ်မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိသည့်အတွက် ဆေးကုသရန် ယနေ့နံနက်ပိုင်းက စစ်တွေမြို့သို့ ပို့ဆောင်သည်ဟု သိရသည်။ “စစ်တွေ စစ်ဆေးရုံမှာ ဆေးဝါးကုသဖို့ ယနေ့မနက်ပိုင်းက ပို့ဆောင်တယ်လို့ကြားရတယ်၊ ဒဏ်ရာတွေက ပြင်းထန်တော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်’’ ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးအသင်းမှ ကိုကျော်အောင်ကပြောသည်။ ဦးဟွေ့တန်းနှင့် ရွာသား (၅) ဦးတို့သည် တောထဲသို့ ဟင်းရှာပြီး အပြန်လမ်းခရီးတွင် မြေမြှပ်မိုင်းနင်းမိ၍ မျက်နှာတစ်ခုလုံး ပျက်ဆီးသွားကာ ဘယ်ဖက်လက်ချောင်းများလည်း ပြတ်ထွက်သွားသည့်အပြင် ညာဘက်ပေါင်ရင်းတွင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့ခြင်းဖြစ်သည်။ ဦးဟွေ့တန်းသည် သားသမီး (၆) ဦးကို အလုပ်အကျွေးပြုနေသည့် ဖခင်တစ်ဦးဖြစ်ပြီး ဆေးဝါးကုသရန် ငွေကြေးအခက်အခဲရှိနေသည်ဟု ကိုကျော်အောင်က ဆက်ပြောသည်။ ပလက်ဝမြို့နယ်သည် ရခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး နယ်စပ်ဒေသများတွင် မြေမြှပ်မိုင်းများထောင်ထားကြသည်ဟု သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၂၀) ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ပီချောင်းဒေသအထက်ပိုင်း၊ ငတိန်းအုပ်စု၊ ငတိန်းကျေးရွာနေ ဒေါ်ဖြစ်လိုက်သည် တောထဲတွင် ဝဥရှာဖွေရင်း မြေမြှပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်။

Read More

ဖလမ်းမြို့နယ် ထန်နှီာရ်ကျေးရွာတွင် တည်ရှိသော အာဇာနည်သူရဲကောင်း ဗိုလ်မှူးကြီး စည်သူ ဟရန်ထီးယိုး၏ အုတ်ဂူကို  လုံပီးရွာဖက်သို့ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။ ထန်နှီာရ်ကျေးရွာသည် ၂၀၁၅ ခုနှစ် သဘာဝဘေးဒဏ်ကြောင့် ကျေးရွာနေဒေသခံပြည်သူများသည် လုံပီးဖက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ဗိုလ်မှူးကြီး စည်သူဟရန်ထီးယိုး၏ အုတ်ဂူကိုလည်း ၎င်းတို့ပြောင်းရွှေ့သည့်ဒေသသို့ ရွှေ့ပြောင်းထားရန် ဗိုလ်မှူးကြီး၏ မိသားစုဝင်များမှ စီစဉ်ထားခြင်းဖြစ်ကြောင်းသိရသည်။ ဗိုလ်မှူးကြီး စည်သူဟရန်ထီးယိုး၏ တူတော်စပ်သူ သိက္ခာတော်ရဆရာတော် ဦး Don Hre Dun က “ရွာက မုန်တိုင်းကြောင့် အကုန်လုံး၊ တရွာနည်းပါးလုံး ပြိုကျသွားတာကိုး အဲဒီတော့ တစ်ရွာလုံးဟာ  ရွာသစ်မှာအကုန်လုံးပြောင်းရွှေ့သွားကြပြီ ကြည့်ရှုစောင့်ရှောက်မယ့်သူလည်းမရှိဘူး နောက်ပြီးတော့ အုတ်ဂူတွေကလည်းပြိုသွားတယ် အဲဒါကြောင့်ပါ၊ မြို့သစ်မှာ စည်ပင်တွေရဲ့ပန်းခြံမှာ သူတို့ကိုအကူအညီတောင်းထားတယ် ကျွန်တော်တို့က အဲဒီရွာသစ်မှာ မြေတွေတူးပြီးသား အကုန်လုံးစီစဉ်ပြီးသားပေါ့ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ တခြားနေရာပေးပါမယ်ဆိုလို့ သူတို့လိုချင်တဲ့နေရာမှာရွှေ့ပေးဖို့ သဘောတူထားတယ်” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ပြောင်းရွှေ့ရန်လျာထားသည့် မြေနေရာသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသစ်ဆောက်လုပ်ရန်လျာထားသည့် မြေနေရာနှင့် မလွတ်သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ဗိုလ်မှူးကြီး၏ မြေးများနှင့် အောက်တိုဘာ (၂၉) ရက်နေ့ မွန်းလွဲ (၁) နာရီက အဆိုပါရုံးတွင် တွေ့ဆုံကာ ဗိုလ်မှူးကြီးအုတ်ဂူအတွက် မြေနေရာအသစ် ချထားပေးရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ယင်းအစားထိုးမြေနေရာအတွက် လက်ရှိတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများက စီစဉ်ပေးထားခဲ့ပြီဖြစ်ပြီး မြေနေရာအတိအကျကိုတော့ မကြာခင်သိရမည်ဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။ ဗိုလ်မှူးကြီးဟရန်ထီးယိုး၏အုတ်ဂူကို ကျပ်ငွေသိန်း (၁၀၀) အကုန်အကျခံကာ ဆောက်လုပ်မည်ဖြစ်ပြီး လာမည့် ၂၀၁၉…

Read More

ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်းနှင့် ထန်တလန်မြို့နယ်နိမိတ်အတွင်းရှိ ဇိန်မှုတောင်ကို ချင်းပြည်နယ်အစိုးရမှ အမျိုးသားဥယျဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် Lai tili ရေကန်ကာမှုကို လူထုကိုအသိမပေးဘဲ ဆောင်ရွက်နေမှုအား ကန့်ကွက်သည့်အနေဖြင့် ယနေ့ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ချွန်ကျူံးရွာသားများက ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြသော်လည်း သက်ဆိုင်ရာအာဏာပိုင်များ၏ တောင်းဆိုမှုကြောင့်  ရက်ရွေ့ဆိုင်းလိုက်သည်ဟု သိရသည်။ ချွန်ကျူံးရွာမှ ဒေသခံရွာလူကြီးတစ်ဦးက “ကျနော်တို့ကို ထွေအုပ်ကနေခေါ်ပါတယ်၊ လာမယ့် နိုဝင်ဘာလ (၃) ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်းမှာ နည်းနည်းအလုပ်ရှုတ်ကြမှာဆိုတော့ ဒါကြောင့် လောလောဆယ်တော့ ဆန္ဒမပြကြဖို့ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှသာ ဆန္ဒပြဖို့ဆိုပြီး ကျနော်တို့ကို ပြောပါတယ်၊ ဒါကြောင့် ကျနော်တို့ကလည်း ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းကျမှ ဆန္ဒပြဖို့ သဘောဘူလိုက်တာဖြစ်တယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ချွန်ကျူံးရွာသားများသည် ယနေ့ညနေပိုင်းတွင် အစည်းအဝေးပြန်ထိုင်ပြီး ဆန္ဒဖော်ထုတ်မည့်နေ့ရက်ကို ထပ်မံ သတ်မှတ်သွားမည်ဟု ၎င်းကပြောသည်။ အဆိုပါဒေသတွင် ချွန်ကျူံးရွာသားများသည် ဘိုးဘွားစဉ်ဆက်ကတည်းက တောင်ယာလုပ်ငန်း၊ ရွေ့ပြောင်းတောင်ယာလုပ်ငန်းများ လုပ်ကိုင်လာခဲ့ကြသည့်နေရာဖြစ်သည့်ပြင် တီအိုချောင်းမြစ်ဖျားခံရာ Laitili ရေအိုင်ငယ်တစ်ခုလည်းရှိပြီး ဘိုးဘွားခေတ်ကတည်းက တန်းဖိုးထားသည့်နေရာဖြစ်သည်ဟု သိရသည်။ ထို့အပြင် ချွန်ကျူံးရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များ အဓိကကျက်စားရာ စားကျက်နယ်မြေတစ်ခုလည်း ဖြစ်သည်ဟု သိရသည်။ ဇိန်မှုတောင်သည် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းမြို့နယ် ဧရိယာတို့တွင်ရှိပြီး ပင်လယ်ရေပြင်အမြင့်ပေ (၈၄၁၄)၊ ဟားခါးမြို့နယ်အတွင်း (၇၇၅၆) ဧက၊ ထန်တလန်မြို့နယ်အတွင်း ဧက (၄၀၀၀) ကျော်နှင့် ဖလမ်းမြို့နယ်အတွင်း ဧက (၆၀၀၀) ကျော် စုစုပေါင်း (၁၉၉၃၇) ဧက ကျယ်ဝန်းသည့် အမျိုးသားဥယျဉ်အဖြစ်သတ်မှတ်ရန် အစိုးရမှ…

Read More

ကလေးမြို့မှ ဟားခါးမြို့သို့ တက်သွားသော ကိုယ်ပိုင်ယာဉ်ကားတစ်စီးသည် အောက်တိုဘာလ (၂၄) ရက်နေ့ ညနေပိုင်းက ဖလမ်းမြို့နယ်၊ လုန်ဘမ်းရွာမှ မဏိပူရမြစ်၊ ဗာရ်တံတားအဆင်းတွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ (၁၀၀) ကျော်နက်သည့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။ ဟားခါးမြို့နေ ဦးဗန်ရာလ်ထန်သည် ၎င်း၏ဇနီး ဒေါ်မားချန်၊ သမီးနှစ်ယောက် မကယ်ရိုလိုင်း (၈) နှစ်၊  မကေသရိန်း (၄) နှစ်၊ ဒေါ်မာချန်၏ ညီမတို့သားအမိတို့နှင့်အတူ နိုင်ငံခြားမှရောက်ရှိလာသော ဆွေးမျိုးများထံ သွားရောက်လည်ပတ်ခဲ့ပြီး အပြန်လမ်းတွင် ယခုကဲ့သို့ ကားမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်သို့လိုက်ပါလာသည့် အသက် (၄) နှစ်အရွယ် မကေသရိန်းမှာ ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် သေဆုံးသွားကာ ယာဉ်မောင်းအမျိုးသားနှင့် အမျိုးသမီး (၄) ဦးတို့သည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ သေဆုံးသည့် ကလေးငယ်၏ ရုပ်အလောင်းကို ဟားခါးမြို့နေအိမ်သို့ ပို့ဆောင်ပြီး ယနေ့မွန်းလွဲပိုင်းတွင် သဂြိုင်္လ်ကြမည်ဟု သိရသည်။

Read More

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အောက်တိုဘာလ (၂၃) ရက်နေ့မှ စတင်ကျင်းပသည့် ဒုတိယအကြိမ်မြောက် မတူမျိုးနွယ်စုဖိုရမ်ကို အစိုးရမှ နှုတ်မိန့်ဖြင့်ရပ်ဆိုင်းလိုက်သော်လည်း ဆက်လက်ကျင်းပသည်ဟု သိရသည်။ အောက်တိုဘာလ (၂၃) မှ (၂၅) ရက်နေ့အထိကျင်းပမည့် အဆိုပါဖိုရမ် ဒုတိယမြောက်နေ့ညနေပိုင်းတွင် ဖိုရမ်ကျင်းပရေးကော်မတီများကို မတူပီမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးမှ ဆင့်ခေါ်ပြီး ဆက်လက်မကျင်းပရန် နှုတ်မိန့်ဖြင့် ရပ်ဆိုင်းခိုင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အစိုးရမှ တရားဝင်စာနှင့် အမိန့်ထုတ်ပြန်ချင်းမဟုတ်သည့်အတွက် တတိယနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပသည်ဟု မတူပီမြို့ ချင်းလူငယ်အဖွဲ့ဥက္ကဌ ကိုအန်နိုးဘိခ်က ပြောသည်။ မတူဖိုရမ်ကျင်းပခြင်းသည် မတူပီမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းဒီမိုကရေစီအဖွဲ့ချူပ်ပါတီအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု မတူပီမြို့နယ် NLD အလုပ်အမှုဆောင်တာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးရုံးထံ တိုင်ကြားသည့်အတွက် ယခုကဲ့သို့ ပြည်နယ်အစိုးရမှ နှုတ်မိန့်ဖြင့် ရပ်ဆိုင်းခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ “မတူဖိုရမ်ဆိုတာ မတူမျိုးနွယ်စုတွေစည်းလုံးညီညွတ်ရေးအတွက် ကျင်းပနေတာဖြစ်တယ်၊ ဘာနိုင်ငံရေးရည်ရွယ်ချက်မှ မပါပါဘူး မတူဖိုရမ်ကျင်းပဖို့ အစိုးရဆီကနေ တရားဝင် ပွဲမိန့်ရထားပြီးသားလည်းဖြစ်တယ်’’ ဟု ကိုအန်နိုးဘိခ်ကပြေသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထားသည်။ မတူဖိုရမ်ကို မတူလူမျိုးနွယ်စုများ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာရန်၊ မတူပီမြို့နယ်အတွင်းရှိ ပြည်သူများ၏ အနာဂတ်တွင် ကဏ္ဍအသီးသီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အမျိုးသမီးများနှင့် လူငယ်များ အခန်းကဏ္ဍမြှင့်တင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ပထမအကြိမ် မတူဖိုရမ်ကို ချင်းပြည်နယ်၊ မတူပီမြို့တွင် (၂၀၁၄) ခုနှစ်က ကျင်းပပြုလုပ်ခဲ့ကြပြီးဖြစ်သည်ဟု သိရသည်။

Read More