ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာတွင် ယခုလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည့် ပထမဦးဆုံးအကြိမ် Little & Teen Glam International Pageant အလှယ်မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ချင်းအမျိုးသမီး Regina Noi သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ချင်းတိုင်းရင်းသူ Regina Noi သည် Miss Myanmar Beauty Paradise မှ ကျင်းပပြုလုပ်သည့် Miss Myanmar Beauty Paradise Chin State အလှမယ်ရွေးချယ်ပြိုင်ပွဲတွင် ကလေးမြို့နယ်ကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကာ ပထမဆု ရရှိခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တွင် ကျင်းပခဲ့သော Miss Myanmar Beauty Paradise Competition Talent Show တွင် သွားရောက်ယှဉ်ပြိုင်ကာ Miss Teen Glam World International Myanmar 2019 Award ကို ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ အလှမယ် Regina Noi သည် ကလေးမြို့ စမ်းမြို့(စတောမ်) ရပ်ကွက်တွင် နေထိုင်သည်။
Author: Editor
ရန်ကုန်အခြေစိုက် သိန်းထွန်းသစ္စာကုမ္ပဏီနှင့် Rih Region Multi Development Society (RRMDS) တို့ပူးပေါင်းပြီး ဂျပန်ဘာသာစကားပြောသင်တန်းကို ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ သင်တန်းကြေးကို တစ်လလျှင် ကျပ်ငွေ သုံးသောင်း သတ်မှတ်ထားပြီး တက်ရောက်လိုသူများအတွက် ယခုပတ်အတွင်း နာမည်စာရင်းသွားရောက်ပေးသွင်းရမည်ဟု သိရသည်။ ဂျပန်ဘာသာစကားပြောသင်တန်းကို အခြေခံအဆင့်မှ တတ်မြောက်သည်အထိ (N5 to N1) အဆင့်(၅) ဆင့် သတ်မှတ်ထားပြီး တာဟန်းတွင် အခြေခံအဆင့် (N5 နဲ့ N4) အထိ သင်ကြားပေးလျက်ရှိသည်။ (N5 နဲ့ N4) အထိအောင်မြင်ပြီးဆုံးပါက ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်နိုင်မည့်အခွင့်အလမ်းရှိသည်ဟု တာဝန်ရှိသူများကပြောသည်။ ဂျပန်ဘာသာစကားသင်ကြားပေးနေသည့် ဆရာမ Han Sian Dim က “ ဒီမှာတော့ (N5 နဲ့ N4) အထိဘဲ သင်ကြားပေးနိုင်တယ် သင်ကြားပြီးလို့ရှိရင် ရန်ကုန်မှာ စာမေးပွဲသွားဖြေရမယ် အောင်တယ်ဆိုရင်တော့ ကုမ္ပဏီနဲ့ဂျပန်သံရုံတို့ရဲ့ ချိတ်ဆက်မှုနဲ့ ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရှိပါမယ်၊ အဲဒီအတွက် ကုန်ကျစရိတ်တွေကို လောလောဆယ်ကျခံစရာမလိုဘူး ကုမ္ပဏီက တာဝန်ယူမယ် နောက်မှ သူ့တို့လစာထဲ ကနေ ပြန်နှုတ်ပါမယ်’’ ဟု ပြောသည်။ သင်တန်းကို နံနက် ၉ နာရီ မှ ၁၂ နာရီ၊ မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီ နှင့် ညနေပိုင်း ၆ နာရီခွဲ မှ ၉ နာရီအထိ တစ်နေ့လျှင် သုံးကြိမ်သင်ကြားပေးလျက်ရှိပြီး တက်ရောက်သူ အယောက်…
ချင်းလူမျိုးများထဲမှ ပထမဦးဆုံး B.A ဘွဲ့ရရှိသည့် Pu Siah Luai နှင့် Pi Hlawn Kip Thluai တို့၏ ကြေးရုပ်ထုကို ဖလမ်းမြို့အ.ထ.က (၁) ကျောင်းဝင်ပေါက်တွင် ယခုလအတွင်း ပြည်နယ်အဆင့်ဖြင့် ဖွင့်လှစ်နိုင်ရန် Global Falam Youth Organization (GFYO) က စီစဉ်နေကြောင်းသိရသည်။ မျိုးဆက်သစ်ချင်းလူငယ်များအနေဖြင့် ချင်းသမိုင်းပိုမိုသိရှိလာစေရေးနှင့် ၎င်းတို့ကိုအတုယူအားကျပြီး ပညာရေးပိုင်းမှာ ကြိုးစားလာစေရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ ကြေးရုပ်ကို စိုက်ထူရန် စီစဉ်ခြင်းဖြစ်သည်ဟု GFYO မှ အတွင်းရေးမှူး ကို Van Bawi Lian ကပြောသည်။ “လူငယ်တွေက သမိုင်းကိုမေ့နေတယ်ပေါ့နော် သမိုင်းကိုပြန်ဖော်တဲ့အနေနဲ့ ချင်းအမျိုးသားတွေထဲမှာ ဖလမ်းသူဖလမ်းသားတွေက B.A ပထမဆုံးရတယ်ဆိုတဲ့ဟာ လူငယ်တွေသိလာအောင်၊ ဒီဟာကို ကြည့်ခြင်းအားဖြင့်ပေါ့နော် ပညာရေးဟာအရေးကြီးတယ် အနာဂတ်မှာ လူငယ်တွေ ကြိုးစားချင်တဲ့စိတ်ရှိ လာအောင်ပေါ့နော်၊ သမိုင်းကို ထိန်းသိမ်းတာနဲ့ အနာဂတ်ချင်းလူငယ်တွေ ပညာရေးမှာ ကြိုးစားလာအောင်ဆိုတဲ့သဘောပါပဲ’’ ဟု ကို Van Bawi Lian ကပြောသည်။ အဆိုပါကြေးရုပ်ထုကို ပြည်နယ်အဆင့်အနေဖြင့် ချင်းပြည်နယ် ၀န်ကြီးချူပ်နှင့် လူမှုရေးဝန်ကြီးတို့မှ လာရောက်ဖွင့်လှစ်ပေးစေလိုကြောင်း မည်သည့်နေ့ရက်တွင် ဖွင့်လှစ်နိုင်မည်ကိုတော့ အတိအကျမပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။ “ ချင်းပြည်နယ် ၀န်ကြီးချူပ် နဲ့ လူမှုရေးဝန်ကြီးတို့ကို ဖွင့်လှစ်စေချင်တာပေါ့နော် ၀န်ကြီးချူပ်ကလည်း ခရီးထွက်နေတော့ အချိန်ကိုတော့ မညှိရသေးဘူး’’ ဟု ကို Van Bawi Lian ကပြောသည်။ ချင်းအမျိုးသားထဲတွင် ပထမဆုံး B.A ဘွဲ့ရရှိသူ…
By Ling Hung Leng – ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အသားသတ်လိုင်စင်ကို လေလံရယူထားသည့် ဦးလိန်းထန်းသည် (၂) လအတွင်း ကျပ်ငွေ သိန်း (၅၀) ကျော် အရှုံးပေါ်နေကြောင်း လေလံရှင်ကပြောသည်။ ဦးလိန်းထန်းသည် အသားသတ်လိုင်စင်ကို သိန်းနှစ်ရာ နှစ်သောင်းငါးထောင်ဖြင့် ရယူထားခြင်းဖြစ်ပြီး (၂) လအတွင်း (၅၄) သိန်းကျော် အရှုံးပေါ်နေသည့်အတွက် အစိုးရအနေဖြင့် ရောင်းသူဝယ်သူကြား အဆင်ပြေသော ဈေးနှုန်းပြန်လည်သတ်မှတ်ပေးရန် လေလံရှင်ဖက်က လိုလားနေကြသည်ဟု သိရသည်။ လက်ရှိနွားနောက်မကြီးတစ်ကောင်၏ တန်ဖိုးမှာ အနည်းဆုံး (၈) သိန်းခန့်ရှိပြီး၊ ကြိုးချည်၊ ကားခ၊ တိကုစစ်ဆေးခ၊ သယ်ယူခနှင့် အလုပ်သမားခများလည်းရှိသည့်အတွက် အသားခုံအရောက်မှာ ဆယ်သိန်းသုံးထောင် ခန့်ကုန်ကျကြောင်း၊ လက်ရှိအစိုးရမှ ရောင်းချရန် သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချမည်ဆိုပါက ဆက်လက်ပြီး အရှုံးပေါ်မည်သာဖြစ်သည်ဟု လေလံရှင် ဖက်ကပြောဆိုသည်။ အစိုးရသတ်မှတ်သည့် ဈေးနှုန်းမှာ အသား ၁ ပိဿာ ရှစ်ထောင်ကျပ်၊ ဝမ်းတွင်း ခြောက်ထောင်ကျပ်နှင့် အရိုး ငါးထောင်ကျပ်ဖြင့် ရောင်းချရန်ဖြစ်သော်လည်း အသားထွက်နှုန်းအပေါ်ကြည့်ပြီး အဆင့် (၃) ဆင့်ခွဲ၍ အဆင့် ၁ = ၁၀၀၀၀ ကျပ်၊ အဆင့်၂ = ၈၀၀၀၀ ကျပ်နှင့် အဆင့်၃ = ၆၀၀၀ စသဖြင့်ရောင်း ချနေရ ကြောင်း၊ နွားနောက်မတစ်ကောင်၏ အသားထွက်နှုန်းပျမ်းမျှမှာ ပိဿာ (၅၀)၊ ဝမ်းတွင်း (၁၃)၊ နံရိုး ကြောရိုးမှာ (၁၄) ပိဿာသာထွက်ရှိသည့်အတွက် ဆက်လက်အရှုံးသာပေါ်နေကြောင်း လေလံရှင်၏ အမတော်စပ်သူ…
ချင်းအမျိုးသမီးများ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး တွန်းဇံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ကျိန်ငိုက်မန်နှင့် Miss Universe Myanmar အလှမယ် မိုးစက်ဝိုင်တို့မှ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ဇန်န၀ါရီလ (၅) ရက်နေ့က အလှမယ်ပြိုင်ပွဲကျင်းပခဲ့ကြသည်။ ချင်းလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ချင်းအမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေး မရရှိကြကြောင်း ချင်းအမျိုးသမီးများသည်လည်း လုပ်နိုင်ကိုင်နိုင်သည့်အရည်အချင်းရှိကြောင်း သိရှိလာစေရေး စိတ်ဓာတ်ပိုင်းမြှင့်တင်ပေးချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Miss Tonzang 2019 ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်ကပြောသည်။ “ ကျမတို့အမျိုးသမီးတွေရဲ့ဘ၀မြှင့်တင်ဖို့ စိတ်ဓာတ်တွေမြှင့်တင်ဖို့ အဓိကအခြေခံတာပေါ့ ဘာလို့လဲဆိုတော့ သူတို့ဘ၀မှာ သတို့ကိုယ်သူတို့ ယုံကြည်မှုရှိမယ် လုပ်တဲ့ကိုင်တဲ့နေရာမှာ သူတို့ကိုယ်သူတို့ လုပ်ရဲတဲ့သတ္တိတွေရှိမယ် ကျမတို့ရဲ့ ဓလေ့ ယဉ်ကျေးမှုအရ အမျိုးသားနဲ့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးမရပါဘူး ကျမတို့ ဇိုးမီးတွေရဲ့ထုံးစံအရဆိုရင် သားကိုဘဲ ဦးစားပေးရတာ သမီးကိုဆို ဦးစားပေးမှုက အရမ်းအားနည်းတာ ဒါက ကျမတို့ရဲ့ ရှေးရိုးယဉ်ကျေးမှုပေါ့နော် ဒါတွေကို ကျမ အနေနဲ့ မဖြစ်စေချင်ဘူး ဘာလို့လဲဆိုတော့ သားနဲ့သမီးဆိုတာ တန်းတူအခွင့်အရေးရှိရမယ် အမျိုးသမီးတွေဆိုရင် နေရာမရတဲ့ သဘောရှိတာပေါ့နော် အမျိုးသမီးတွေလည်း လုပ်နိုင်ပါတယ် ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့ စိတ်ဓာတ်မြှင့်တင် ပေးချင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်’’ ဟု ဒေါ်ကျိန်ငိုက်မန်ကပြောသည်။ ယင်းအလှမယ်ပြိုင်ပွဲတွင် ခါးနံပတ် (၆)မကျိန်ငိုက်ဟောက်က ပထမဆု ဆွတ်ခူးရရှိပြီး Miss Tonzang စလွယ် သရဖူနှင့် ကျပ် ၁၀ သိန်း၊ ခါးနံပတ် (၄) မကျိန်နိတ်စန် က First runner…
လားနွန် – လေမှတဆင့် ထုတ်လုပ်နိုင်သည့် ရေသန့်နှင့် လျှပ်စစ်စက်ကို အလှမယ် မိုးစက်ဝိုင် ဦးစီးသည့် Myanmar’s Heart Charity နှင့် Swelect (ဆွိလတ်) အိန္ဒိယကုမ္ပဏီတို့ပူးပေါင်းပြီး တွန်းဇံမြို့ အထက်တန်းကျောင်းတွင် ဇန်နဝါရီလ (၆) ရက်နေ့မနက်က လှူဒါန်းခဲ့သည်။ အလှမယ် မိုးစက်ဝိုင်က “ချင်းပြည်က တောင်ကျရေတွေဟာ ထုံးဓာတ်ပါတာတွေ့ရတယ်၊ ရေဆိုတာ သန့်မှ လူလည်း ကျန်းမားရေးကောင်းမယ်၊ ကျန်းမာရေးကောင်းမှ ကျောင်းသားတွေရဲ့ အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်မယ်”ဟု ပြောသည်။ ၎င်းလှူဒါန်းခဲ့သည့် လေမှရေအဖြစ်ပြောင်းလဲပေးမည့် ဆိုလာစနစ် နည်းပညာတွေနှင့်ပြုလုပ်ထားပြီး ရေကို PH7 သောက်သုံးရန်လိုအပ်ကြောင်းကိုလည်း Myanmar’s Heart Charity ဒု-ဥက္ကဌ စိုင်းမင်းထက်ကပြောသည်။ “ဒီစက်က ရေအရင်းမြစ်မလိုဘူး၊ လေကနေပြီးတော့ရေပြောင်းမယ်၊ ပြောင်းပြီးတော့ အဲဒီရေကိုသောက်မယ်၊ ဆိုလာနဲ့သွားမယ့်စနစ်ဖြစ်တယ်၊ ကျွန်တော် ချင်းပြည်နယ်က နေရာတော်တော်များကိုသွားပါတယ်၊ အခု ကျွန်တော်ချင်းပြည်ရောက်တဲ့အခါမှာ ရေကို ရေစစ်နှင့်သောက်တယ်၊ ကြိုချက်ပြီးသောက်တယ်၊ ဒါပေမယ့် နေ့တိုင်း အဆိပ်အတောက်တွေကို သွင်းသလိုဖြစ်နေတယ်၊ ဒါကြောင့် အဓိက ရည်ရွယ်ချက်ကတော့ တွေ့သမျှရေကိုမသောက်နဲ့၊ ရေကိုသန့်သန့်ရှင်းရှင်းသောက်သုံးသင့်တယ်လို့ပြောချင်တယ်” ဟု စိုင်းမင်းထက်ကပြောသည်။ တွန်းဇံမြို့၊ ခေါဝုန်/လေးဆန်ရပ်ကွက်တွင်တည်ရှိသော အ.ထ.က ကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၀၀) ကျော်ခန့် ပညာသင်ကြားလျက်ရှိသည်။
https://www.facebook.com/www.tahanpost/videos/2220810788177900/?t=9
မတူပီခရိုင်ရုံးတည်ဆောက်မည့် မြေနေရာနှင့်ပတ်သက်၍ ကန့်ကွက်နေပါက တည်ဆောက်မှုပိုင်းတွင် နှောင့်နှေးကြံ့ကြာနိုင်ပြီး ဘတ်ဂျက်များလည်း ပြန်အပ်ရမည့်အခြေအနေ ဖြစ်လာနိုင်သည်ဟု ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “အခု ဘတ်ဂျက်က အများကြီးကျလာတယ် အခုမှနေရာမရွေးဘူးဆိုရင် ဒီဘက်ဂျက်က ပြန်အပ်ရမယ် ဆိုတော့ တည်ဆောက်ရေးကလည်း အရမ်းနှောင့်နှေးကြံ့ကြာကုန်မှာ ခရိုင်ရုံးတည်ဆောက်မည့်မြေနေရာကို ကန့်ကွက်မယ်ဆိုရင် ကျွန်တော်တို့ တည်ဆောက်ဖို့ဘတ်ဂျက်က ပြန်အပ်ရပါမယ် ပြန်အပ်လိုက်ရင် ဘယ်သူကနစ်နာမလဲ’’ ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ ချင်းပြည်နယ်အစိုးရအနေဖြင့် မတူပီခရိုင်ရုံးကို မတူပီမြို့မှ ၇ မိုင်ခန့်အကွာ မတူပီ-ဟားခါးလမ်းမဘေးတွင် တည်ဆောက်ရန် လျာထားသော်လည်း မတူပီမြို့ မြို့မိမြို့ဖ နှင့် ဒေသခံပြည်သူများက မြို့တွင်း သို့ တည်ဆောက်ရန် လိုလားနေကြပြီး ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ချင်းပြည်နယ်အစိုးရကို ဆန္ဒပြရန် စီစဉ်နေကြခြင်းဖြစ်သည်။ ခရိုင်ရုံးကို မတူပီမြို့အတွင်း တည်ဆောက်ပေးရန် အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ်သော်လည်း ပြည်နယ်အစိုးရမှ ဂရုမစိုက်ဘဲ မြို့အပြင်ဘက်သို့ထားရှိရန် စီစဉ်ဆောင်ရွက်နေသည့်အတွက် ဆန္ဒပြရန် စီစဉ်နေကြခြင်းဖြစ်သည် ဟု မတူပီမြို့ မြို့မိမြို့ဖ အတွင်းရေးမှူး ဦး တိတ်မင်းကပြောသည်။ “ရုံးဆိုတာ မြို့တွင်းမှာဆောက်ဖို့ပဲ သူက တောထဲမှာဆောက်မယ်ဆိုလို့၊ ကျွန်တော်တို့ကတော့ မြို့တွင်းမှာပဲ ခရိုင်ရုံးတည်ဆောက်ချင်တာ အဲဒီတော့ မြို့တွင်းမှာ ခရိုင်ရုံးကို ခရိုင်ထွေအုပ်ရုံးနှင့် မြို့နယ်ထွေအုပ်ရုံးကိုပေါင်းပြီးတော့မှ နှစ်ထပ်သုံးထပ်တည်ဆောက်ချင်တယ်၊ ကျွန်တော်တို့က အရင်တုန်းက ထပ်ထပ်ခါခါ ပြည်နယ်အစိုးရကိုတင်ပြထားတယ်၊ အဲဒါကို ပြည်နယ်အစိုးရကလုံးဝ ဂရုမစိုက်ဘူး၊ လူနှစ်ယောက်သုံးယောက်လောက်ကတင်ပြထားတာကို အလေးထားပြီးတော့မှ ဖနိုင်မှာထားချင်တာ အဲဒါကို ကျွန်တော်တို့က လုံးဝမကျေနပ်ဘူး ပြီးတော့ အဲဒီသတ်မှတ်ခြင်းအားဖြင့် ကျွန်တော်တို့မြို့နယ်အတွင်းမှာ စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်”ဟု ဦးတိတ်မင်းကပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ၀န်ကြီး ဦးစိုးထက်ကတော့…
By Moe Kyaw – အိန္ဒိယရောက် ချင်းဒုက္ခသည်များအနေဖြင့် UNHCR ၏ ထုတ်ပြန်ချက်အရ ရွေးချယ်စရာနည်းလမ်း (၂) ခု ရှိသည့်အနက် တစ်ခုခုကို ရွေးချယ်ရမည့် Notification Interview ကို ဒီဇင်ဘာ (၁၁) ရက်နေ့က စတင်ပြုလုပ်ခဲ့ရာ အဆိုပါပေးထားသော ရွေးချယ်စရာနှစ်ခုအနက် နည်းလမ်း (၂) ကို ရွေးချယ်သူ ပိုများကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ UN အနေဖြင့် နည်းလမ်း (၁) ကို ရွေးချယ်နိုင်အောင် အကြံဥာဏ်အမျိုးမျိုးပေးခဲ့သော်လည်း ဒီဇင်ဘာလ (၁၁) ရက်နေ့ အင်တာဗျူးအရ လူတော်တော်များများက နည်းလမ်း (၂) ကို ရွေးချယ်ခဲ့ကြကြောင်း နယူးဒေလီရှိ Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt က ယခုလို ပြောသည်။ “Notification Interview မှာ တော်တော်များများက Option 2 ကိုရွေးကြတယ်၊ ကျွန်တော်သိရသလောက် မနေ့က အင်တာဗျူးဖြေတဲ့သူ (၁၁) ယောက်လောက်ရှိတယ်၊ (၁၀) ယောက်က Option 2 ကို ရွေးကြတယ်။ အဲဒီအချိန်မှာ UN ဘက်က Option 1 ကို ရွေးရင်မကောင်းဘူးလားဆိုပြီး စဉ်းစားချိန်တွေပေးတာတို့ရှိတယ်၊ အာဏာနဲ့တော့မဟုတ်ဘူး၊ စဉ်းစားချိန်က အကြာကြီးတော့မဟုတ်ဘူး နာရီဝက်၊ တစ်နာရီလောက် စဉ်းစားချိန်ပေးပြီး ပြန်ဖြေရမယ့်အ ခြေအနေမျိုးဖြစ်တယ် ဘာမှ ထူးခြားချက်မရှိဘူး” ဟု ပြောသည်။ UNHCR ၏…
By Lalnun – မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် တောတွင်း ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံရသည့် ကချင် လူငယ်ခေါင်းဆောင် (၃) ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့ချူပ် (Central Chin Youth Organization) က တောင်းဆိုလိုက်သည်။ ကချင်လူငယ်ခေါင်းဆောင် (၃) ဦးဖြစ်သည့် ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူနှင့် ကိုဇော်ဂျတ်တို့သည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြှောက်ရေးတပ်မတော်အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ၂၀၁၈ခုနှစ်၊ ဧပြီ (၃၀) ရက်မှ မေလ (၈) ရက်အတွင်း ပိတ်မိပြည်သူများ လွတ်မြှောက်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုကြောင့် တပ်မတော်အား အသရေဖျက်သည်ဟုဆိုကာ ပုဒ်မ (၅၀၀) ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်၊ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုခဲ့ပြီး မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ထောင်ဒဏ် (၆) လနှင့် ဒဏ်ငွေ (၅) သိန်းစီ အသီးသီးကျခံရန် အပြီးသတ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုချင်းလူငယ်အဖွဲ့က ဒီဇင်ဘာလ (၈) ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ကာ လက်ရှိအစိုးရ၏လုပ်ရပ်သည် တရားဥပဒေစိုးမိုးရေးကြွေးကြော်ချက်နှင့် လုံးဝသွေဖယ်လျက် လူတဦးဦး (သို့) အဖွဲ့အစည်းတစ်ခုခုမှ ဖိအားပေးလွှမ်းမိုးမှုရှိနေပြီး ဒီမိုကရေစီ အနှစ်သာရဖြစ်သော လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ စုဝေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်များနှင့် လုံးဝဆန့်ကျင်နေသည်ဟု ဝေဖန်ထောက်ပြထားသည်။ ထို့အပြင် ဖမ်းဆီးခံထားရသော ကချင်လူငယ်များသည် ပိတ်မိပြည်သူအသက်အန္တရာယ်အတွက် လူသားချင်းစာနာမှု အကူအညီများရရှိရေးနှင့် လွတ်မြှောက်ရေးအတွက်သာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရာဇ၀တ်မှုအဖြစ် မတရားဖမ်းဆီးချုပ်နှောင်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အရပ်ဖက်အဖွဲ့အစည်းပါဝင်မှုအား ခြိမ်းခြောက်ကန့်သတ်နေခြင်းသာဖြစ်သည်ဟု ၎င်းတို့၏…
