Author: Editor

Salai Van Lian Thang – မြန်မာတနိုင်ငံလုံးတွင် သန်းခေါင်စာရင်း ကောက်ခံနေပါတယ်။ မတ်လ ၃၀ ရက် ကစပြီး ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်တိုင်တိုင် ကောက်ခံမှာဖြစ်တယ်။ ဗြိတိသျှ လက်အောက်တွင် ၁၈၇၂ မှ ၁၉၄၁ အထိ ၁၀နှစ်တစ်ကြိမ် ကောက်ယူခဲ့ပြီး၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်များတွင် ကောက်ခံဖူးပါတယ်။ ကုလသမဂ္ဂမှ နိုင်ငံတိုင်းတွင် ၁၀ နှစ်တစ်ကြိမ်ကောက်ခံရမည် ဟု ပြဌာန်း ထားပါ တယ်။ မြန်မာပြည်တော့ မလိုက်နိုင်ခဲ့ပါ။ ယခု နှစ်ပေါင်း ၃၀ ကြာပြီးမှ UNFPA အကူ အညီဖြင့် ပြန်လည်ကောက် ခံနိုင်တာဖြစ်ပြီး တိုင်းပြည်အတွက် မလုပ် မဖြစ် လိုအပ်တဲ့ အရာပါ။ ဒါပေမဲ့ နယ်ချဲ့  အစိုးရနှင့် စစ်အစိုးလက်ထက်တွင် ပြုစုခဲ့သော လူမျိုး ၁၃၅ စာရင်းဟောင်းကြီးကို အခြေခံကာ ပြန်လည်ကောက်ခံနေတာပါ၊ အဲဒါကိုက အဓိက ပြသာနာဖြစ်နေပါတယ်၊ မြန်မာ့အရေး ကျွမ်းကျင်သူ Bertil Linhter အဆိုအရ တပ်မတော် Lucky Number က ၉ ဖြစ်ပြီး၊ ၁+၃+၅ = ၉ တွက်ချက်ဖြင့် လူမျိး ၁၃၅ မျိုး သတ်မှတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်နေ့ ကိုလည်း ၂+၇ = ၉ တွက်ချက်ဖြင့် မတ်လ ၂၇ ရက်တွင် သတ် မှတ်သည်ဟု…

Read More

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ညနေ ၃း၀၀ နာရီခန့်က ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ဗန်ဇန်တောင်ကြောလမ်း၊ ထန်တလန်မြို့နှင့် ဆိုပုမ်ရွာကြားတွင် ဒရိုင်ဗာ တင်ကျဲအို မောင်းလာသည့် ပူး ထာလျန်၏ အုတ်သယ်ကား တစီး တိမ်းမှောက်ပြီး ခရီးသည် ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ ဦး ဒါဏ်ရာရရှိကြောင်း သိရသည်။

Read More

ဇလပ်နီ – မြန်မာနိုင်ငံအစိုးရအဆက်ဆက်တွင် သန်းခေါင်စာရင်းကို တပါတီအာဏာရှင်အုပ်ချုပ်ရေးလက်ထက်တွင်သာ နှစ်ကြိမ် ကောက်ခံခဲ့ပြီး စစ်အစိုးရအဆက်ဆက် တကြိမ် တခါမျှ ကောက်ခံမှု မပြုတော့ပေ။ သန်းခေါင် စာရင်း ကောက်ယူမှု မရှိခဲ့သောကြောင့်လည်း  ကိန်းဂဏန်းများကို မှန်းခြေဖြင့် လိုတိုး ပိုလျှော့ တွက်ချက်ပြီး နိုင်ငံ အုပ်ချုပ်ရေးကို ပရမ်းပ တာ ကိုင်တွယ်နေရသည် ဆိုလျှင် မမှားတန်ရာ။ ၁၉၇၃ခုနှစ် သန်းခေါင်စာရင်းသည် ပြည်သူထံ အာဏာပြန်လည်အပ်နှင်းရေးအတွက် မဲဆန္ဒရှင်စာရင်းပြုစုရန်နှင့် ပြည် သူတို့၏ လူမှုရေး၊ စီးပွားရေး စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်ရန်ဖြစ်သည်ဟု အကြောင်းပြထား သော် လည်း လက်တွေ့မှာ  မဆလ အာဏာရှင်စနစ်တည်မြဲရေးသာဖြစ်ခဲ့သည်။ ၁၉၇၃ ခုနှစ်သန်းခေါင် စာရင်း ကို အခြေခံပြီး ၁၉၈၃ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့ရာ မြန်မာတစ်နိုင်ငံလုံး လူဦးရေ ၃၅ ဒသမ ၃ သန်း ကျော်ရှိ ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံအတွင်း လူဦးရေ သန်းပေါင်း ၆၀ ကျော်သည်ဟု ခန့်မှန်း ရသည်။ ၁၉၇၃ ခုနှစ်သန်းခေါင်စာရင်းကို အခြေခံပြီး ၁၉၈၃ ခုနှစ်တွင် ချင်းလူမျိုးဦးရေ ၃၂၃. ၂၉၅ ရှိသည်ဟု သိရသည်။ လက်ရှိချင်းလူမျိုးဦးရေ ၄သိန်း နှင့် ၅ သိန်းအကြား ရှိမည်ဟု ခန့်မှန်းရသည်။ ချင်းပြည်နယ်ပြင်ပ ဦးရေ အကျုံးမ၀င်ပါ။ အမှန်က သန်းခေါင်စာရင်းကောက်ယူတာဟာ နိုင်ငံသားတဦးချင်းစီ၊ မိသားစု တစုချင်းစီ ၏ လူဦးရေ၊…

Read More

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ဒလက်မေအုပ်စုအတွင်း မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်က တောင်ယာမီးရှို့ရာမှတဆင့် ကက္ကူးဝအောက်ရွာ နှင့် ပါကာတောင်ရွာ(၀ါ) ရွာသစ်ရွာရှိ လူနေအိမ်ခြေ ၂၃ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။

Read More

ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် Chinlung Chhuak Zofate (ချင်း(ဇို) မျိုးနွယ်စုများ တွေ့ဆုံပွဲတရပ်ကို ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားရန် စီစဉ်နေကြကြောင်းသိရသည်။

Read More

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံသား ချင်းအမျိုးသမီးတဦးထံမှ ဘိန်းဖြူ ၄၆ ဂရမ်ကို ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့ရှိ ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံးရှေ့တွင် မတ်လ ၂၇ ည ၈း၃၀ နာရီခန့်က ချိန် ကိုက်ဗုံးတလုံးပေါက်ကွဲကြောင်း ဒေသထုတ်သတင်းက ဆိုထားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရရှိမှု၊ အသေအပျောက်မရှိသည့်အပြင် ရုံးအဆောက်အဦးလည်း ထိခိုက် မှု မရှိ ကြောင်း ဒေသခံတွေက ပြောကြသည်။

Read More

ချင်းပြည်နယ် တောင်ပိုင်း ဆမီးမြို့အတွင်းရှိ လူနေရပ်ကွက်တွင် စေတီပုထိုးတည်ဆောက်နေသည်ကို တခြားနေရာ သို့ ပြန်လည်ပြောင်းရွှေ့ပေးရန် မတ်လ ၁၉ ရက်နေ့က ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဟုန်းငိုင်းထံ လိပ်မူပြီး ဆမီး ဒေသခံများက တောင်းဆိုလိုက်သည်။ ဆမီးမြို့ပေါ် အမှတ် ၂ ရပ်ကွက်ရှိ လူနေအိမ်များအတွက် လျာထားသော မြေနေရာတွင် ဆမီးမြို့နယ်ခွဲ အထွေထွေ အုပ်ချူပ်ရေးမှူး ဦးကီးခွီရှိန်း၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ယင်းစေတီပုထိုးကို စတင်တည် ဆောက်ခဲ့ကြခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ပေါ်တွင် အလွယ်တကူအသုံးပြုနိုင်သော ငွေလွှဲ၊ လက်ခံ စနစ် Western Union money transfer ကို လာမည့် ဧပြီလတွင် စတင်ဖွင့် လှစ် အသုံးပြု နိုင်တော့မည်ဟု သိရသည်။ အဆိုပါ အလွယ်တကူ ငွေလွှဲ၊ လက်ခံရရှိနိုင်သည့် Western Union ကို ဟားခါးမြို့ပေါ်ရှိ Co-operative Bank (CB) တွင် တည်ရှိမှာဖြစ်ပြီး လိုအပ်သော Installation of Internet နှင့် Network Services များကိုပြင်ဆင်နေဆဲဟု သိရပြီး  လာမည့် ဧပြီလ မကုန်ခင်ဖွင့်လှစ်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။

Read More

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမျိုးစုံ နှင့် စစ်မက်ဖြစ်ပွားဇုံအတွင်း ကလေးသူငယ်များ အကာအကွယ်ပေးရေး Geneva Call သဘောတူစာချူပ် အချက် ၂ ချက်ကို ချင်းအမျိုးသားတပ်ဦး CNF က ဆွီဇာလန်နိုင်ငံတွင် မတ်လ ၁၉ ရက်နေ့ သဘောတူလက်မှတ်ရေးထိုးလိုက်သည်။ ဆွီဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ အာလာဗားမား ခန်းမတွင် မတ်လ ၁၉ ရက်နေ့က ချင်းအမျိုးသားတပ်ဦး တွဲဖက်အထွေ ထွေအတွင်းရေးမှူး (၁) ပူးပေါလ်ဆီထာ နှင့် ချင်းအမျိုးသား တပ်မတော် စစ်ဦးစီးချူပ်ဗိုလ်မှူးချူပ်ဟရန်သင်ထိုက်တို့ က ယင်း Geneva Call သဘောတူစာချူပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Read More