ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား ပထမအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ငြိမ်း ချမ်းရေးဆွေးနွေးမှု အပါအ၀င် ချင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် ပါတ်သက်ပြီး ချင်းအမျိုးသား တပ်ဦးငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဆွေခါးရ်အား ခိုနုမ်း ထုန်သတင်း သတင်းဌာနမှ မေးမြန်းဖြေကြားချက်များကို ဖော်ပြအပ်ပါသည်။
Author: Editor
May 22, 2012 by khonumthungburmese ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများထဲတွင် ဇိုမီး လူမျိုးပါဝင်ခြင်းမရှိဟု ပြောဆိုခဲ့ခြင်းကြောင့် သြစတေးလျ၊ မလေးရှား နှင့် ထိုင်းနိုင်ငံရောက် ဇိုမီးမျိုးနွယ်စုများက သက်ဆိုင်ရာ နိုင်ငံရှိမြန်မာ့သံရုံးများတွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြုစုထားသော လူမျိုး ၁၃၅ မျိုးထဲတွင် ဇိုမီးလူမျိုး မပါဝင်ဟု ဆိုပြီး ဇိုးမီးအမျိုးသားကွန်ကရက်ပါတီ(ZNC) အမည်ဖြင့် နိုင်ငံရေးတည် ထောင်ခွင့်လျှောက် ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မကြာသေးခင်ရက်ပိုင်းအတွင်း ပယ်ချခဲ့သည်။
May 22, 2012 by khonumthungburmese ၂၀၁၂ ခု နှစ်ဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ဗမာ ဗုဒ္ဒဘာသာဝင်များ၏ အလောင်းမီး သဂြိင်္ုလ် စရိတ်မြင့်တက်သွားကြောင်း သိရသည်။ “ ကလေးမြို့ကနေ ဒိုးဝိုင်းချောင်းသုသာန်အထိ အလောင်းသယ်ဆောင်စရိတ် ကားတစီးစာ ကျပ်ငွေ ၅ သောင်း ပေးရတယ်။ အဲဒီ သုသာန်မှာ မီးသဂြိုလ် စရိတ်က ၄၅၀၀၀ ထပ်ပေးရတယ်” ဟု ကလေးမြို့ အောင်သစ္စာရပ် ကွက်တွင် နေထိုင်သူ အမျိုးသမီးတဦးကပြောသည်။
May 22, 2012 by khonumthungburmese ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်နှင့် ကျင်ဒွေးရွာသူ/သားတို့က ကန်ပက်လက် မြို့နယ် ကျင်ဒွေးရွာ၊ မုန်းချောင်းအနီးရှိလက်ဝါးကားတိုင် ဖျက်ဆီးမှုအတွက် ယခုလ ၁၅ ရက်နေ့က သက်ဆိုင်ရာ ခရစ်ယာန်ဘာ သာဝင်များ အား တောင်းပန်ကြောင်း သတင်းရရှိသည်။
May 19, 2012 by khonumthungburmese Current Situation of Democracy in Burma ဟုအမည်ပေးထားသော လက်ရှိမြန်မာ့ဒီမိုကရေစီရေး အခြေအနေ သတင်းစာရှင်းလင်းပွဲကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Press Club တွင် ချင်း နှင့် မီဇိုး အဖွဲအစည်း ၃ ခုတို့မှ ယမန့် နေ့က ကျင်းပပြု လုပ်ခဲ့ကြသည်။
May 17, 2012 by khonumthungburmese ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇိုမီးအမျိုးသားကွန်ကရက်ပါတီ(ZNC) ၏ ပါတီအမည် နာမကို လက်မခံသော ကြောင့် ယခုချိန်ထိ နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ခွင့် မရသေး ကြောင်း သိရသည်။ ZNC ပါတီသည် ယခုနှစ် မတ်လ ၈ ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ZNC အစား အခြား သော ပါတီနာမည်တခုခုဖြင့် အစားထိုးရန် မကြာ သေးခင်ရက် ပိုင်းက အကြောင်းကြားလာခဲ့သည်ဟု ZNC ဥက္ကဌ ပူးကျင့်ရှင်းထန်က ပြောသည်။
May 16, 2012 by khonumthungburmese စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့  အာဏာပိုင်များက လေယဉ်ကွင်းတိုးချဲ့ ရန်ဆိုပြီး ပင်လုံရပ် ကွက် နေ အိမ်ခြေ ၁၆၅ ကို ပြောင်းရွေ့ ပြီး အိမ်ခြေတချို့  တောင်ဖီလာရပ်ကွက်တွင် နေရာပြန်လည် ချထားမှုပြုလုပ်လျက်ရှိသည်။
May 16, 2012 by khonumthungburmese ချင်းလူမျိုးကိုယ်စားပြုနိုင်ငံရေးပါတီများဖြစ်ကြသော ချင်းအမျိုးသားပါတီ နှင့် ချင်းတိုးတက် ရေးပါတီ တို့သည် မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ချင်းအမျိုးသား ပါတီရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပါတီပေါင်းစည်းရေး လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့ကြောင်း ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး (၁) ဆလိုင်းငယ်ပီးကပြောသည်။
May 15, 2012 by khonumthungburmese မြန်မာနိုင်ငံ စီးပွားရေးအခက်အခဲကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက် မီဇိုရမ်ပြည်နယ်တွင် ယက္ကန်းခတ်ရင်း အသက်မွေးဝမ်းကြောင်းပြုဖို့ ယက္ကန်းသမားများ စတင်ရောက်လာသည်မှာ ၁၉၈၇ ခုနှစ်ကတည်းက ပင်ဖြစ်သည်။ လက်ရှိယက္ကန်းသမားများ၏ အခြေအနေ၊ ပြသာနာများ နှင့် အနာဂတ်ရည်မှန်းချက်များကို တင်ပြနိုင်ရန် ၁၉၈၇ ခုနှစ်ကတည်းက နေထိုင်ခဲ့သူ ဦးမောင်ဆန်းကို ခိုနူမ်းထုန်သတင်းဌါနက အခုလို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။
May 14, 2012 by khonumthungburmese မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင် Chin Advocacy Group ကို ချင်းလူငယ်များက ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ ချင်းလူမျိုးများအတွင်း လူမျိုးရေးအရ သော်လည်းကောင်း၊ ဘာသာရေးအရသော်လည်ကောင်း အစိုးရအဆက်ဆက်မှာ ခွဲခြားဆက်ဆံမှုများ၊ ဆုံးရှူံးမှုများရှိနေသည်ကို ဖော်ထုတ်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။