Author: Editor

ချင်းပြည်နယ် ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် အမဲနှင့် ဝက်လုပ်ငန်း (သားသတ်လိုင်စင်) လေလံရောင်းချပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ရာ ကြမ်းခင်းဈေးအတိုင်း လျှောက်ထားနိုင်သူမရှိသောကြောင့် တင်ဒါအောင်မြင်သူမရှိ ဖြစ်ခဲ့ရသည်ဟု သိရသည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အမဲလိုင်စင်ကြမ်းခင်းဈေးမှာ ကျပ် ၁၃၀ သိန်း ဖြစ်ပြီး ဝက်လိုင်စင် ကြမ်းခင်းဈေးမှာ ကျပ် ၁၁၀ သိန်း ဖြစ်သည်ဟု သိရသည်။ “ လျှောက်ထားတဲ့သူက ၃ ယောက်ရှိတယ် အဓိကတော့ ကြမ်းခင်းဈေးက များနေတော့ မနိုင်ကြတာပေါ့နော်၊  သူတို့အတွက် မကိုက်နိုင်ဘူးဆိုပြီး မလျှောက်နိုင်ကြတာပါ’’ ဟု ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးဇိန်ကျုံးထောင်ကပြောသည်။ အဆိုပါလုပ်ငန်းလိုင်စင်များကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ပထမအကြိမ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နောက်ဆုံးကြိမ်အဖြစ် လေလံရောင်းချပွဲပြုလုပ်သော်လည်း သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လျှောက်ထားနိုင်သူမရှိသည့်အတွက် လမ်းညွန်မှုပေးနိုင်ရန် အထက်သို့တင်ပြထားသည်ဟု ဦးဇိန်ကျူံးထောင်းကပြောသည်။

Read More

ချင်းပြည်နယ်တွင် ယခင်က သက်ငယ်မုဒိမ်းဖြစ်ပွားမှု မရှိသလောက်ဖြစ်ခဲ့သော်လည်း ယခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု (၄) မှုဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရော က်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “အရင်တုန်းကတော့ မရှိဘူး မရှိဘူးဆိုတာက မတက်လာတာလားမသိဘူး ၅ လ ၆ အတွင်းမှာ ၄ မှုလောက်တက်လာတဲ့အခါကျတော့ စိတ်ပူတာပေါ့ ဘာဖြစ်လို့ ဒီလိုဖြစ်လာတာလဲပေါ့ ကျနော့်အနေနဲ့တော့ အရေးယူမှုကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ပြီးတော့ ဘာသာရေးဘက်ကရော တခြားအဖွဲ့အစည်းတွေအနေနဲ့ ပညာပေးတဲ့အပိုင်းကို များများလုပ်ပေးဖို့နှိုးဆော်ထားပါတယ်’’ ဟု ပြောသည်။

Read More

ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့်မီဇိုရမ်ပြည်နယ်တွင်ယခင်ကထက်မူးယစ်ဆေးဝါးပေါများလာသည့်ကိစ္စနှင့်ပတ်သက်၍မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများလက်တွဲလုပ်ဆောင်ရန်ချင်းပြည်နယ်အစိုးရနှင့်ဆွေးနွေးလိုကြောင်းမီဇိုရမ်ဝန်ကြီးချူပ်ကပြောသည်။ 

Read More

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် (NCA) ကို သုံးနှစ်နီးပါး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဌ ပူးဇင်ကျူံးက ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး (NCA- S EAO Summit) ၏ ဒုတိယနေ့ သဘာပတိ အဖြစ် ဆောင်ရွက်သည့် CNF ဥက္ကဌ ပူးဇင်ကျူံးက ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ “သုံးနှစ်နီးပါး NCA ကို အကောင်အထည်ဖော်တဲ့ နေရာမှာ စိန်ခေါ်မှု များစွာ ရင်ဆိုင်ကြုံတွေ့ရပါတယ်၊ အဓိက စိန်ခေါ်မှု ကတော့ Package Deal လို့ ခေါ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရေ အခြေခံမှု နှင့် ခွဲမထွက်ရ ကို အလဲအလှယ်ပြုလုပ်ရေး၊ တခုတည်းသော တပ်မတော်ထားရှိရေး တို့ဖြစ်ပါတယ်၊ ဤ စိန်ခေါ်မှုတွေကို ယခု အစည်းအ ဝေးကြီးကနေ မှန်ကန်သော ဆုံးဖြတ်ချက်နဲ့အတူ မဖြစ်မနေ အဖြေရှာသွားကြရမှာဖြစ်ပါတယ်’’ ဟု CNF ဥက္ကဌကပြောသည်။ ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စုသဘောတူစာချူပ်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ “NCA မှာ အတိအလင်းဖော်ပြထားသကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စု သ ဘော တူစာချုပ်အရ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်…

Read More

သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ တရားဝင် ၀ဘ်​ဆိုက်(website)ထားရှိရန် စီစဉ်နေကြောင်း ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့က ချင်းပြည်နယအစိုးရအဖွဲ့နှင့် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်၊ ချင်းမီဒီယာ ကွန်ယက်နှင့် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့တို့ တွေ့ဆုံခဲ့သည့်အချိန်တွင် သတင်းအချက်အလက် သိရှိပိုင်ခွင့်၊ ရယူပိုင်အရေးနှင့်ပတ်သက်၍ တင်ပြချက်အပေါ် ၀န်ကြီးဦးစိုးထက်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read More

မကွေးတိုင်းဒေသကြီး ဆောမြို့တွင် ခရစ်ယာန်ဘာသာဝင်တဦးသေဆုံးခဲ့ရာ မြေသဂြိုလ်ရန် သင်္ချိုင်းကုန်းပို့ဆောင်ရာတွင် မြို့တွင်းနှင့် တံတားများဖြတ်ကျော်ရန် ဒေသခံအာဏာပိုင်များက ပိတ်ပင်တားမြစ်ခဲ့သည့်အတွက် ဆောချောင်းရေကိုဖြတ်သန်းကာ မြေသဂြိုလ်ခဲ့ရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှသိရသည်။ ဆောမြို့ သီရိရပ်ကွက်တွင်သြဂုတ်လ ၂၉ ရက်နေ့က သေဆုံးခဲ့ရသော ချင်းအမျိုးသားတဦးရဲ့ အလောင်းကို မြေသဂြိုလ်ရန် တဖက်ကမ်းရှိ မြို့မသင်္ချိုင်းကုန်းသို့ သယ်ဆောင်စဉ် တံတားများဖြတ်ကျော်ရန် သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီညွန့်က တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် ရုပ်အလောင်းကို ထမ်းပြီး ချောင်းရေကို ဖြတ်ကျော်ပြီး သင်္ချူင်းကုန်းသို့ မြေသဂြိုလ်ခဲ့ရသည်ဟု သိရသည်။ “အလောင်းသဂြိုလ်ရန်အတွက် ပထမရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ ထောက်ခံချက်ယူရတယ်၊ ပြီးတော့ ဆေးရုံကိုသွားယူရတယ် နောက်ဆုံး စည်ပင်ထံထောက်ခံချက်ယူရတယ်၊ ဒီလိုနဲ့ဘဲအစမှာတော့ ရပ်ကွက်က ထောက်ခံချက်ပေးပြီနောက် ဆေးရုံကလည်း ထောက်ခံ ချက်ပေးပြီးပြီ၊ စည်ပင်ကိုသွားတဲ့အခါ ကျတော့ ရပ်ကွက်တွေနဲ့စည်ပင်တွေဘယ်လို ညှိကြသလဲမသိဘူး. မီးနဲ့ဘဲသဂြိုလ်ရမယ်ပေါ့နော် မီးနဲ့သဂြိုလ်လို့ရှိယင် အစစအရာ ရာကျနော်တို့ကူညီမယ်၊ မြေနဲ့သဂြိုလ်ဖို့ဆို ဒီဖက်ကမ်းမှာမြေလွတ်မရှိတော့ဘူး ဟိုဖက်ကမ်းမှာ တော့ရတယ် ဒါပေမဲ့ မြို့ထဲမှာလူအုပ်ကြီးနဲ့အလောင်းသယ်တာရယ်၊ တံတားဖြတ်ကျော်တာရယ် ဗုဒ္ဓအယူအဆ နဲ့ဆန့်ကျင်တဲ့အတွက် တခြားရတဲ့လမ်းကြောင်း ကနေသယ်သွားကြပါလို့ပြောကြတယ်၊ ဒီတော့ကျနော် တို့လည်း ထွေအုပ်ဆီကိုသွားတောင်း တော့ ထွေအုပ်ကလည်း ဒေသခံပြည်သူတွေဆန္ဒအတိုင်းသာ လုပ်ကြပါ၊ တကယ်လို့ကျနော် က ခွင့်ပြုပြီးနောက်မှာပြသာနာဖြစ်ယင် ကျနော်အတွက်မကောင်းဘူးဟု ပြောဆိုပြန်တဲ့ အတွက် မရတဲ့အဆုံး ဆောချောင်းကိုခက်ခက်ခဲခဲ ကူးဖြတ်ပြီး အလောင်းကို မြို့မ သင်္ချိုင်း ကုန်းမှာ သွားပြီး မြေသဂြိုလ်ခဲ့ကြတယ်၊ ဟိုဖက်ညှိလိုက်ဒီဖက်ညှိလိုက်နဲ့ အလောင်းကိုမွဲလွဲ ၂-နာရီချဖို့စီစဉ်တာကို ညနေ ၅-နာရီနောက်ပိုင်းမှာဘဲ အလောင်းချဖြစ်ခဲ့ကြတယ်” ဟု အလောင်းသဂြိုလ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။…

Read More

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥဒေဖြင့် တရားစွဲဆိုခဲ့ထားရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ ယနေ့ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်သည့်အပေါ် ချင်းမီဒီယာကွန်ယက်မှ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။ ရာဇ၀တ်မှုနှင့် အမှန်တရားကို ဖော်ထုတ်သော ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် သတင်းသမားများ၏ အခွင့်အရေးကို ပိတ်ပင်ချိုးဖောက်ရာရောက်သလို သတင်းသမားများကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ချင်းမီဒီယာကွန်ယက်၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဆလိုင်းဟုန်းထွန်းဂေကပြောသည်။ “ ရာဇ၀တ်မှုကိုဖော်ထုတ်တဲ့သူကိုမှ ဖမ်းတယ်ဆိုမှတော့ ဒါက သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်တွေ သတင်းသမားတွေရဲ့ အမှန်တရားဖော်ထုတ်ခွင့်တွေ ဖော်ထုတ်လာမယ့် သတင်းသမားတွေကို ခြိမ်းခြောက်လိုက်တဲ့အရာတခုလည်းဖြစ်နေတယ်၊ သူ့ရဲ့လုပ်ရပ်က NLD အစိုးရကိုယ်တိုင် တရားဥပဒေစိုးမိုးရေး လုပ်ပါမယ်ဆိုပြီး ကြွေးကျော်ခဲ့တာဟာက သူတို့ကိုယ်တိုင် ချိုးဖောက်လိုက်တဲ့သဘောဖြစ်နေတယ်’’ ဟု ဆလိုင်းဟုန်းထွန်းဂေကပြောသည်။ ယခုဖြစ်ရပ်သည် အများပြည်သူသတင်းမှန်သိရှိခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ရာဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် သဘောသက်ရောက်သည်ဟု ယူဆကြောင်း ချင်းမီဒီယာကွန်ယက်၏ ကြေညာချက်တွင်ဖော်ပြထားသည်။ အများပြည်သူသတင်းမှန်သိရှိခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ရာဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် သဘောသက်ရောက်သည်ဟု ယူဆကြောင်း ချင်းမီဒီယာကွန်ယက်၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ NLD အစိုးရနှင့် တရားစီရင်ရေး မဏ္ဍိုင်အနေဖြင့်လည်း ရာဇ၀တ်မှုကို ဖော်ထုတ်ရေးသားသည့် သတင်းသမားများကို ထောင်ဒဏ်ချမှတ်လိုက်သည့်ကိစ္စပြန်လည်သုံးသပ်စေလိုကြောင်း ချင်းမီဒီယာကွန်ယက်က တောင်းဆိုထားပါသည်။ ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တဆိုင်တွင် ဒုတပ်ကြပ်နိုင်လင်းနှင့် သွား ရောက်တွေ့ဆုံပြီး ဆိုင်မှပြန်အထွက်တွင် ရခိုင်အရေးလျှို့ဝှက်စာတမ်များ လက်ဝယ်တွေ့ရှိ သည့်ဟု ဆိုကာ…

Read More

နိုင်ငံတကာမြန်မာ့သတင်း (Burma News International- BNI) တွင် အဖွဲ့ဝင်သတ်မှတ်ချက်များကို ပြင်ဆင်လိုက်ခြင်းဖြင့် အဖွဲ့ဝင်အဖွဲ့အစည်းသစ်များအတွက် လမ်းဖွင့်ပေးလိုက်ပြီဟုသိရသည်။ အသစ်ပြင်ဆင်ဖွဲ့စည်း ရွေးချယ်လိုက်သည့် မူဝါဒရေးရာကော်မတီ ဥက္ကဌ နန်းဖော့ဂေက “အရင်က တိုင်းရင်းသားအခြေပြု သတင်းမီဒီယာအဖွဲ့အစည်းတွေကိုပဲ အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားခဲ့ရာကနေ ဒေသ အခြေပြု မီဒီယာအဖွဲ့အစည်းတွေကိုပါ အဖွဲ့ဝင် သတ်မှတ်ချက်ထဲမှာ ပြင်ဆင်ထည့်သွင်းခဲ့တာဟာ အဖွဲ့ဝင် သစ်တွေအတွက် လမ်းဖွင့်ပေးဖို့ ရည်ရွယ်ပါတယ်။” ဟု ပြောသည်။ နိုင်ငံတကာမြန်မာ့သတင်း (BNI) အဖွဲ့မှ အဖွဲ့ဝင်အယ်ဒီတာများ၏ (၂၆) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင်မြန်မာနိုင်ငံတွင် တိုင်းရင်းသားမီဒီယာ မူဝါဒများပေါ်ပေါက်ရေး၊ တိုင်းရင်းသားသတင်း သင်တန်းကျောင်းတစ်ခု ပေါ်ပေါက်လာရေးနှင့် နှစ်စဉ်ကျင်းပနေသည့် တိုင်းရင်းသားမီဒီယာညီလာခံကို အနှစ်သာရရှိရှိ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ “ကျွန်တော်တို့တွေက တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို အားကောင်းကောင်းနဲ့ လုပ်သွားဖို့ ရည်ရွယ်ပါတယ်။ လိုအပ်ချက်တွေ ရှိနေသေးတော့ ပံ့ပိုးမှုတွေ ရမယ်ဆိုရင် ပိုပြီး မြန်မြန် လုပ်နိုင်မှာပေါ့” ဟု အသစ်ဖွဲ့စည်းလိုက်သည့် ဘဏ္ဍာရေးကော်မတီ ဥက္ကဌ ဂျေ-စန်းသဲ ကပြောသည်။ တဆက်တည်းမှာပင် ဘီအဲန်အိုင်အဖွဲ့ဝင် အဖွဲ့အစည်းဝင်များအနေဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းများကို ပိုမိုစောင့်ကြည့်ရေးသားသွားရန်လည်း ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ပြောင်းလဲလာသည့် အခြေအနေနှင့်အညီ နိုင်ငံတကာမြန်မာ့သတင်း (BNI) သည် တိုင်းရင်းသား အခြေပြု ရုပ်သံအစီအစဉ်များကို ရိုက်ကူးထုတ်လုပ်မှုများ တိုးချဲ့လုပ်ဆောင်သွားရန်လည်း ဆုံးဖြတ်ခဲ့သည်။ BNI ကို တိုင်းရင်းသားအခြေပြု သတင်းမီဒီယာများ၊ ဒေသအခြေပြု သတင်းမီဒီယာများဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားဒေသများတွင် သတင်းထုတ်ပြန်မှုနှင့်…

Read More

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီး လမ်းတာချဲ့မှုတွင် နိုင်လွန်ကတ္တရာ ပေတစ်ရာ လမ်းလုပ်ဆောင်ရန်အတွက် လမ်းနယ်ကျော်အိမ်များ ရှင်းလင်းနေရကြောင်းသိရသည်။ နိုင်လွန်ကတ္တရာပေတစ်ရာလမ်းခင်းရန် ဗိုလ်ချုပ်လမ်းမတွက် ပေ ၁၀၀ သတ်မှတ်ချက်ရှိပြီး လမ်းဦးစီး ဌာနမှလမ်းတာချဲ့ကာ ပေ ၉၀ သတ်မှတ်ယူမှုတွင် နေအိမ် ၆ လုံးမှာ အိမ်လုံးလိုက် လမ်းနယ်ကျော်ထိကြောင်း ကလေးခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးခိုင်ဝေလင်းကပြောသည်။ ကလေးမြို့နယ် လမ်းတာချဲ့ရန်အတွက် မြို့နယ်ဦးစီးအရာရှိတွေထံ လမ်းနယ်ကျူးကျော်ထားသည့် သတိပေးစာကိုထုတ်ထားခဲ့ကြောင်း တံတားဦးနှင့် စိန်မေရီကြား စတင်လုပ်ဆောင်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။ လမ်းနယ်ကျူးကျော်သည့် အိမ်အလုံးလိုက်ထိခိုက်သူများကို လမ်းဦးစီးဌာနမှ နစ်နာကြေးပေးဆောင်ခြင်းမရှိသည့်အတွက် ငွေရေးကြီးရေးအခက်အခဲကြောင့် အိမ်ဖြိုချရန်လိုအပ်သော်လည်း အခက်အခဲများရင်ဆိုင်ရပြီး၊ မိုးတွင်းကာလအတွင်း ခိုလုံရန်အတွက်အခက်အခဲရှိသူများလည်းရှိကြောင်းသိရသည်။ ကလေးမြို့နယ် တပ်ဦးသီတာရပ်ကွက်ရှိ ဦးထန်းမှ “ အစိုးရကလုပ်တဲ့ကိစ္စဆိုတော့ ကျွန်တော်တို့လည်း မပြုလုပ်လည်းမဖြစ်ဘူး ငွေရေးကြီးကိစ္စ သူများလည်း မဌားနိုင်ဘူး ကျွန်တော်တို့ကိုယ်တိုင်မိသားစုနှင့် အားလုံးလုပ်ရတာ အိမ်ကလည်းအသစ်မဆောက်နိုင်ဘူး ဖျက်မယ်ဆိုရင်လည်းနေစရာအိမ်လည်းမရှိတော့ဘူးဖြစ်မယ် အခုအိမ်ကအနောက်ဆုတ်ဖို့တော့ စီစဉ်ထားတယ်” လို့ သူကပြောသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ဦးခိုင်ဝေလင်းက “ မပေးဘူးဆိုတာက နဂိုကတည်းက လမ်းနယ်ပေါ်မှာဆောက်ထားတာဖြစ်တဲ့အတွက် တကယ်လို့ ဥပဒေအရဆိုရင်လည်း တရားဆွဲပြီးမှ ရှင်းလင်းပေးရမှာ ဒါပေမဲ့အခုလက်ရှိမှာ ကလေးမြို့ခံအနေနှင့်က ဘာမှတရားဥပဒေတွေမပြောလိုက်ရပဲနဲ့ သူတို့အသိစိတ်နှင့် သူတို့လမ်းနယ်ပေါ်မှာဆောက်ထားမှန်းသိတဲ့အတွက် သူတို့ဟာသူတို့ပဲ ရှင်းပေးတယ် အဲဒီအတွက်လည်း ကလေးမြို့သူ မြို့သားတွေ ကျေးဇူးတင်ပါတယ် ပူးပေါင်းပါဝင်ပေးတဲ့အတွက်”ဟု ပြာသည်။ လမ်းတာတိုးချဲ့ရန်အတွက်အစိုးရမှ ကတ္တရာလမ်းခင်းရန် တစ်မိုင်အတွက် ကျပ် ၆၅၄ သန်းရရှိထားပြီး၊ ရေမြောင်းပြုလုပ်ရန် ခွင့်ပြုချက်ရန်ပုံငွေ ကျပ် ၃၇၃.၅ သန်းရှိကာ ကားပါကင်အတွက် ကျပ်…

Read More