Author: Editor

၂၀၁၅ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိ အစိုးရ နှင့် ဖော်ဆောင်နေ သည့်  ငြိမ်းချမ်းရေး ဖြစ်စဉ် နှင့် ပါတီ၏ Party Policy ကို ထောက်ခံသည့် နိုင်ငံရေးပါတီများအား ထောက်ခံအားပေးမည်ဟု ချင်းအမျိုး သားတပ်ဦး ( CNF) က ပြောသည်။

Read More

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် ယခုချိန်ထိ မည်သို့မည်ပုံ မဲပေးရမည်ကို မသိနားမလည်သော မဲဆန္ဒရှင် အများအပြား ရှိနေဆဲဟု ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည့် အဖွဲ့အစည်းများက ပြောဆိုကြသည်။

Read More

မြန်​မာ​နိုင်​ငံ​မှ ​ပြည်​ပ​သို့ တရားမ၀င်သွား​ရောက်အ​လုပ်လုပ်​နေ​ကြ​သော ချင်း​လူ​မျိုးများ၏ နာ​မည်​များ ​မဲ​စာ​ရင်း​တွင်ပါ​နေ​မှုအပေါ် စိုးရိမ်မှုရှိနေကြောင်း ချင်းအ​မျိုး​သားဒီ​မို​က​ရက်​တစ်ပါ​တီ CNDP ​ကပြောပါသည်။

Read More

နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် နောက်ထပ်မပေါ်ပေါက်ရေး အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ တိုက်ပွဲတစ်ခုဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုနိုင်ကပြောဆိုလိုက်သည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့တွင် ဖွင့်လှစ်ထားသော ချင်းအမျိုးသားတပ်ဦး CNF ၏ ဆက်ဆံရေးရုံး အောက်တိုဘာလ ၁၉ ရက်ည ၁၁ နာရီခန့်တွင် ဗုံးဖောက်ခွဲခံရပြီး ပေါက်က်ကွဲမှုကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးခြင်းမရှိကြောင်းသိရသည်။ 

Read More

နက်ဖန် အောက်တိုဘာ ၁၅ ရက်နေ့တွင် တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့နှင့် တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးမည့် ချင်းအမျိုးသား လက်နက်ကိုင်အဖွဲ့ CNF အား အစိုးရက သတင်းထုတ်ပြန်ချက် အမှတ် ( ၉ / ၂၀၁၅) ဖြင့် မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့စာရင်း တွင် အကျုံးဝင်မှုမရှိတော့ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ က ကြေညာချက် ထုတ်ပြန်လိုက်သည်။

Read More

ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ပြည်နယ်အဆင့် သန်းခေါင်စာရင်း အစီရင်ခံစာ ဖြန့်ဝေမှု နှင့် သန်းခေါင် စာရင်း အချက် အလက် ဆိုင်ရာ အသိပညာပေးရေး အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို ယနေ့ အောက်တိုဘာလ (၁၄) ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။

Read More

နာမည်ကျော် ဗွီဒီယို နှင့် ရုပ်ရှင် သရုပ်ဆောင်မင်းသား ဝေဋုကျော်အပါအ၀င် ၄င်း၏ ဖောင်ဒေးရှင်း နှင့် Myanmar Rescue အဖွဲ့ ပူးပေါင်းမှုဖြင့် ချင်းပြည်နယ် မြို့တော် ဟားခါးတွင် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးနှင့် အသက် ကယ် သင်တန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင် ပို့ချ ပြုလုပ်နေပြီဟု သိရသည်။ မင်းသား ဝေဋုကျော် အပါအ၀င် အဖွဲ့သားများနှင့် Myanmar Rescue ကော်မီတီမှ အဖွဲ့သားများသည် ယခုလ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဟားခါးမြို့သို့ရောက်ရှိ လာကြပြီး ပြည်နယ် မီးသတ်တပ်ဖွဲ့၏ အကူ အညီဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် သင်တန်းဖွင့်ပွဲ ပြုလုပ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့အထိ ပြုလုပ် သွားကြ မှာဖြစ်သည်။

Read More

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ကမကထပြုမှုဖြင့် ချင်းပြည်နယ်မှ အမျိုးသား၊ ပြည်သူ့ နှင့် ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက် အလက်များ ဆိုင်ရာ နှီးနှော ဖလှယ် ခြင်း အစီအစဉ်ကို Carson Hall တွင် ယနေ့ ပြုလုပ်ကြသည်။ နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်အတွင်း ဟားခါး၊ တီးတိန်၊ မတူပီ၊ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ်မ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်း များ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေး အတွင်းရေးမှူးများ ၁၅ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

Read More

ယမန်နေ့ နံနက် ၀၇း ၁၅ နာရီ ခန့်က ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်လောင်း Pu ZoBawi သည် Car Accident ဖြစ်ခဲ့ကြောင်း သိရသည်။ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ တင်းနစ်ကွင်းအနီး မီးပွိုင့်နားတွင် Pu ZoBawi သည့် ၄င်း၏ Parado အမျိုးအစား ကိုယ်ပိုင်ကားကို မောင်းနှင်ယင်း မီးပွိုင့်အကွေ့ လီဗာ နှင့် ဘရိတ်မှားယွင`်းနင်းမိရာမှ အထည်ဆိုင် နှင့် အလှပြင်ဆိုင် တွဲ ပျဉ်ထောင်အိမ် ဆိုင်ခန်း ကို တိုက်ပြီး ကိုက် ၂၀ ခန့် ချောက်ထဲသို့ တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ပြောကြ သည်။

Read More