ယနေ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှ စပြီး ချင်းပြည်နယ် ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးသူများကို သက်ဆိုင် ရာမှ တရားဝင်အရေးယူမှုပြုလုပ်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
Author: Editor
အမေရိကန် စံတော်ချိန် ၂၀၁၄ ခုနှစ်စက်တင်ဘာ ၂၇ ရက်နေ့ ည ၁၁း၀၀ နာရီခန့်က USA North Carolina , Charlotte တွင် နေထိုင် အလုပ်လုပ်နေသူ ချင်းလူမျိုး (၆)ဦး အလုပ်မှ အပြန် ကားမှောက်ပြီး နှစ်ဦးပွဲချင်း ပြီးသေဆုံးကာ (၄) ဦး အရေးပေါ် ဆေးရုံ တင်လိုက်ရကြောင်း သိရ သည်။ သေဆုံးသူများနှင့် ဒါဏ်ရာ ရရှိသူများသည် ကုပ္မဏီ တခုတွင် အတူတူ အလုပ်လုပ်ကြပြီး အိမ်ထောင် ရှင် များဖြစ်ကြ ကြောင်း၊ လူနာ (၄) ဦး၏ အခြေအနေ သေချာ မသိရှိရသေးကြောင်း နီးစပ်သူ ကို အောင်ရွှေမှ ပြောသည်။ ” ကားမောင်းလာစဉ် လမ်းဘေးရပ်နေသည့် Red Cross Truck ကားကြီးနှင့် ရှပ်တိုက်သည့် အပြင် နောက်မှ လာသည့် ကားများက ဆက်လက်တိုက်သွားတာလို့ သိရတယ်၊ ကားက ရစရာ မရှိအောင် ကျေသွားတယ်” ဟု နီးစပ်သူ ကိုအောင်ရွှေမှ ပြောသည်။ သေဆုံးသူများမှာ ချင်းပြည်နယ် ထန်တလန်မြို့နယ် မရာဒေသ၊ လိုင်လင်းရွာမှ Pu Khaihne နှင့် Pi Teipaw တို့ဖြစ်ကြပြီး ဒါဏ်ရာ ရရှိသူများမှာ မတူပီမြို့နယ် မရာဒေသ၊ ဒါရ်လင်းရွာမှ Pu Khaitlo နှင့် တီးတိန်မြို့နယ်မှ အမျိုးသမီးတဦး၊ ထန်တလန်မြို့ နယ် လောက်တူ ဒေသ မှ…
ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်ရှိ ဘုံတလာ ရေတံခွန်နှင့် ပလက်ဝမြို့  နယ်ရှိကီမိုမွန် (ခ) ကျောက်ပန်းတောင် အား နိုင်ငံခြား ခရီးသွားများ လေ့လာခွင့် ပိတ်ပင်ထားသည်ကို ပြန်လည် ခွင့်ပြုရန် ချင်းပြည်နယ် သစ်တောနှင့် သတ္တု ၀န်ကြီးဌာန ဦးကျော်ငြိမ်း က ပြည်ထောင်စု အစိုးရ ထံ တောင်းဆိုထားသည် ဟု သိရသည်။
ချင်းပြည်နယ် မတူပီမြို့နယ်၊ ရေဇွာမြို့နယ်ခွဲအတွင်း အစိုးရမှ ကျပ်ငွေ သိန်းပေါင်း ၁၄၀ တန်ချပေး ပြီး Pu Lai Ram Thang မှ တာဝန်ယူ ဆောက်လုပ်နေ သည့် ဆော်တီးကျေးရွာ အစိုးရမူလ တန်းကျောင်း အချိန်မှီ မပြီး စီးသောကြောင့် ကျောင်းခန်း မလုံ မလောက်ဖြစ်ပြီး ကျောင်းသား အင်အား ကို လျှော့ချလိုက်ကြသည်ဟု သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် အစိုးရအထက်တန်းကျောင်းတွင် ခူမီးချင်းဘာသာ စာပေကို ၂၄ စက်တင်ဘာလ ၂၀၁၄ နေ့  မှ စတင် သင်ကြားနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ခူမီးစာပေသင်ကြားရေး အခမ်းအနားကို ၂၂ စက်တင်ဘာလ ၂၀၁၄ နေ့ က အစိုးရ အထက် တန်းကျောင်း သဇင်ခန်းမတွင် ကျင်းပခဲ့ရာ ခူမီးစာပေ နှင့် ယဉ်ကျေး မှု ကော်မီတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ ကျောင်းဆရာ/မ (၂၅) ဦးအပါ အ၀င်ကျောင်း သူ/သား (၃၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ်၊ ကုန်ပြင် ကျေးရွာ လူကြီးများအား ခမရ (၃၄၄) တပ်ရင်းမှူး ဗိုလ်မှူးတင်ထွဋ်ဦး နှင့် အဖွဲ့ မှ ချင်းအမျိုး သားတပ်မတော် (CNA) နှင့် ပါတ်သက်သည် ဆိုပြီး ရိုက်နှက်၊ ဖမ်းဆီး ချုပ်နှောင်သည်ကို စစ်တပ် က နှိပ်စက်ခြင်းမပြုကြောင်း ဗျူဟာမှူးက ယခုလ စက်တင်ဘာ ၂၀ ရက်နေ့ တွင် အတင်း လက်မှတ်ရေး ထိုးခိုင်း သည်ဟု သိရသည်။ ပလက်ဝမြို့နယ် ထရွန်အိုင်တပ်စခန်းထိုင် ခမရ ၃၄၄၊ ခလရ ၂၈၉၊ ခလရ ၂၃၂ ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော် ကျော်ဝင်း သည် ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သူ ၄င်း၏ လက်အောက်ခံ ခမရ ၃၄၄၊ တပ်ရင်းမှူး ဗိုလ်မှူး တင်ထွဋ်ဦး နှင့် အတူ ယခုလ စက်တင်ဘာ ၁၉ ရက်နေ့တွင် ကုန်ပြင်ရွာ သို့ ရောက်ရှိလာကြပြီး ရွာလူကြီး (၇) ဦးအား ယခုကဲ့သို့ အတင်းလက်မှတ်ရေးထိုးခိုင်း ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။ ” ရွာလူကြီးတွေကို ကုန်ပြင်အစိုးရမူလတန်းကျောင်းမှာ စု ခေါ်ပြီး စစ်တပ်က မနှိပ်စက်ကြောင်း၊ ချုပ်နှောင်ခြင်း မရှိ ကြောင်း လက်မှတ်ရေး ထိုးခိုင်းတယ်၊ အဲဒီနေ့မှာ တရွာလုံး ရွာပြင်ထွက်မပေး ဘူး၊ ရွာလူကြီးတွေက ပြန်ပြီး…
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးရှိ နတ်မတောင် ( ၀ိတိုရိယ ခေါ် ခေါနူးသုန်) အမျိုးသား ဥယျာဉ်ရှိဝန်ထမ်း အချို့ သည် ခံစားခွင့်လစာ အပြည့်မပေးကြောင်း အမည် မဖော်လိုသူ အဆိုပါ ၀န်ထမ်းတဦးထံမှ သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေး မှူး ဦးတင်မြစိုးမှ ဒေသခံဝန်ထမ်း (၇)ဦးကို အပြစ်မရှိဘဲ လစာတစ် ၀က်သာ ခံစားစေရန် သတင်းများထွက်ပေါ်ခဲ့ရာ အမျိုးသား ၀န်ထမ်း (၄) ဦးမှ အ ရေးဆို မည် ဟု ကြားသိရသဖြင့် ၄င်းတို့ကို လစာအပြည့် ခံစားခွင့်ပေးပြီး ကျန် အမျိုး သမီး (၃)ဦးကို မူ နိုင် ငံ တော်မှ ဖြည့် ဆည်းပေးသော ဝေး လံခေါင်း ပါး ဒေသ စရိတ်ကို ခံစားခွင့်မပေးပဲ မူရင်း လစာကိုသာ ယနေ့တိုင် ခံစား စေခဲ့ သည်ဟု ပြောသည်။
ချင်းအမျိုးသားတပ်မတော် ( CNA) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်( ALA) တို့၏ လှုပ်ရှားမှု နှင့် ကုန်သည် များနှင့် ဆက်ဆံမှု အခြေအနေများကို စုံစမ်းထောက် လှမ်းနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် ခမရ ၃၄၄၊ လက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝတပ်စခန်းတွင် တာဝန်ကျနေသူ ဗိုလ် အောင် ခိုင်ဖြိုး သည် ဒုတိယတပ်ကြပ်တဦးနှင့် အတူ ယခုလ စက်တင်ဘာ ပထမပတ် အတွင်း ထွက်ပြေးသွားသည်ဟု သိရသည်။ ထွက်ပြေးရသည့် အကြောင်းရင်းမှာ ရခိုင်ပြည်နယ် ၊ မောင်းတောမြို့နယ် ရသေ့တောင်အခြေစိုက် ခမရ (၃၄၄) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး တင်ထွဋ်ဦးသည် ပလက် ၀မြို့ နယ် မှ ဒေသခံ တောင်သူများဖြစ်တဲ့ ဦး ကျော်မြင့်ဦး၊ ဦးအောင်ကျော်လှ၊ ဦးအေးလှ၊ ဦးမောင်စိန်၊ ဦးကျော်အောင်၊ ဦး အောင်ဆိုတို့ကို CNA နဲ့ ဆက်ဆံသည့် ကိစ္စ နဲ့ ပါတ်သက်ပြီး ဖမ်းဆီး ချုပ်နှောင်မှုနဲ့ ဆက်စပ်ကြောင်း ကုန်သည်တဦးက ပြောသည်။ ” ဗိုလ်မှူးတင်ထွဍ်ဦးက ရွာလူကြီးတွေကို CNA ကိစ္စ နဲ့ ပါတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ (၂၉) ရက်က ဖမ်းဆီးတယ်၊ CNA ကိစ္စကို ကိုင်တွယ်ထောက်လှမ်းတဲ့ ဗိုလ်အောင်ခိုင်းဖြိုးက မကြာခင်မှာပဲ ထွက်ပြေးတယ်ဆိုတော့ ဖြစ်စဉ်က ဆက်စပ်နေတယ် ” ဟု အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောသည်။ CNA…
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေ လွာများ ပျောက်ဆုံး သွားသောကြောင့် စာမေးပွဲပြန် လည်ဖြေဆိုရန် တက္ကသိုလ်ကျောင်းအုပ်ကြီး ၏ ကြေညာချက် ကို ကျောင်းသား ကျောင်းသူများက ကန့်ကွက်လိုက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် အထက်ချင်းတွင်း လူငယ်များ ကွန်ယက်အဖွဲ့က ဦးဆောင်ပြီး ယခုလ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြမည် ဟုသိရသည်။ ဆန္ဒဖော်ထုတ်ပွဲကို တရားဝင်ခွင့်ပြုရန် ကလေးမြို့ရဲစခန်းမှူးထံ စက်တင်ဘာလ ၁၅ ရက်နေ့က ခွင့်ပြု မိန့်လျှောက်ထား ပြီး ဖြစ်ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင်ရောက်ရှိသော မဟာဓာတ်အားလိုင်းကို ကလေးမြို့သို့ အမြန်ဆုံး သွယ်တန်းပေး ရန်နှင့် ကလေးဒေသအတွင်း ၂၄ နာရီ လျှပ်စစ်မီးရရှိရန်အတွက် ယခု ကဲ့သို့ ဆန္ဒပြရန် စီစဉ် ရခြင်းဖြစ်သည်ဟု အထက်ချင်း တွင်းလူငယ်များ ကွန်ယက်အဖွဲ့၏ ဆန္ဒပြ ခွင့်လျှောက်ထား ချက်တွင်ဖော်ပြ ထားသည်။ စက်တင်ဘာလ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် ကလေးမြို့ စင်္ကြာလမ်းမှ စတင်စီတန်းလှည့်လည် မည်ဟုသိရပြီး ထိုမှတ ဆင့် ပင်လုံလမ်းမတော်-စံပြလမ်း-ဗိုလ်ချူပ်လမ်း-ဝေဇယန္တာလမ်း နှင့် လျှပ်စစ် ရုံးရှေ့တွင် စီတန်း လှည့်လည် ဆန္ဒပြမှုကို အဆုံးသတ်မည် ဟုသိရသည်။ လက်ရှိကလေးမြို့တွင် ၅၀၀ ကေဗွီအေစက်ကြီးတစ်လုံး၊ မြို့မီးလင်းရေးမှဝယ်ထားသော ၃၀၀ ကေဗွီအေ စက်ကြီး တစ်လုံး နှင့် ဇီးချောင်းရေအားလျှပ်စစ်တို့မှ တစ်ရက် ၃ နာရီနှုန်းဖြင့် ၄ ရက်ခြား လျှပ်စစ်မီးဖြန့်ဝေပေး လျက်ရှိသည်။ သို့သော်လည်း ယခုအခါ နိုင်ငံ တော်အစိုးရမှ ၁၂၅၀ ကေဗွီအေ စက်ကြီးတစ်လုံး နှင့် ၅၀၀ ကေ ဗွီအေစက်ကြီး တစ်လုံး ထပ်မံချပေးထားသည့်အတွက် စက်တင်ဘာလကုန်ပိုင်းတွင်…
