Author: Editor

ဟားခါးမြို့က ကျတော်တို့လို ဆင်းရဲသား တဦးသေခါမှ သေခြင်းတရား သည် မည်သူ့မျက်နှာကိုမှ မ ထောက်၊ မျက်နှာ လည်း မလိုက် ဆိုတာ ကွက်ကွက်ကွင်းကွင်း သဘောပေါက်သွားတယ်၊ ဟားခါးမြို့ပေါ်မှာ Rih Khuang Tlang, Caw Buh, Dawr Hlun ဆိုပြီး သင်္ချိုင်းနေရာ (၃) ခုရှိပါတယ်၊ လူတဦးအတွက် ကုန်ကျတဲ့ မသာစရိတ်ဟာ အလောင်းတောင် မြေချရဲစရာမရှိလောက်အောင် မျက်လုံးပြူးစရာဖြစ်နေပါတယ်၊ ဒီကြားထဲက ဖော်ပြပါ သင်္ချိုင်းနာမည်တွေကို ဘယ်လို့တပ်မည် ဆိုပြီး အငြင်းပွားတာတွေ ရှိနေသေးတယ်။

Read More

ဇလပ်ထက်နီ – ချင်းရိုးရာ ကောက်သစ်ပွဲကို ချင်းနှစ်သစ်ကူးပွဲတော်အဖြစ် ပြန်လည်ကျင်းပခဲ့ကြသည်မှာ (၅) နှစ်ခန့်ရှိပါပြီ၊ ဗြိတိသျှ နယ် ချဲ့လက်အောက်မှ လွတ်လာရေးရရှိပြီး ပထမဆုံး ချင်းရေးရာ ကောင်စီကလည်း အောက်တိုဘာလ ၂၆ – ၂၈ ရက်နေ့ကို တရားဝင်ရုံးပိတ်သည့် ချင်းအမျိုးသားနှစ်သစ်ကူးနေ့အဖြစ် ၁၉၄၉ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် သတ်မှတ် ခဲ့ကြသည်။ ထိုစဉ်က ချင်းရေး ရာကောင်စီဝင်များမှာ Pu Vumthung Maung, Capt. Mang Tung Nung, Pu Sa Vut, Pu Lian Thum တို့ဖြစ်ကြသည်။ သို့သော် ချင်းအမျိုးသားအင်္ဂါရပ်ဖြစ်သော အဆိုပါ ကောက်သစ်ပွဲတော်သည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် နောက်ပိုင်း မှေးမှိန်သွားခဲ့သည်၊ ချင်းအမျိုး သားသင်္ကေတ မှေးမှိန်သွားခြင်းသာဖြစ်သည်။

Read More

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြသည့် ချင်းအမျိုးသမီးများ၏ ဘ၀ ဒုက္ခအခြေ အနေကို တင်ပြ ထားသော “ ဒုက္ခဘုံ” ဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်ခုကို နယူးဒေလီမြို့တွင် ယမန်နေ့က ထုတ်ဝေကြ သည်ဟုသိရသည်။ ယင်းမှတ်တမ်းအစီရင်ခံစာကို နယူးဒေလီအခြေစိုက် Pann Nu ဖောင်ဒေးရှင်းမှ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး နယူးဒေလီ တွင် ဒုက္ခသည်အဖြစ် ခိုလှုံယင်း အိန္ဒိယလူမျိုးများ၏ လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ကြရသော မြန်မာနိုင်ငံက ချင်းအမျိုးသမီး အယောက် ၂၀ ယောက်တို့၏ အကြောင်းအရာကို အဓိကရေးသားထားသည်ဟုသိရသည်။

Read More

အောက်တိုဘာ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ Lunglei မြို့ Khawmawi ကျေးရွာတွင် ချင်းအမျိုးသားတဦးက အိမ်ရှင်မ ကို ဓားဖြင့်ထိုးသတ်လိုက်သည့် ဖြစ်ရပ်တခုဖြစ်ခဲ့သည်။ တရားခံသည် ချင်းပြည်နယ်၊ ဟားခါးမြို့ဇာတိ၊ ThawngCungbik (20) ဟု သိရပြီး၊ မီဇိုရမ်ပြည်နယ်တွင် လွှဆွဲလုပ်ငန်းလုပ်ကိုင်နေသူ တဦးဖြစ်ကြောင်း တရားခံ ThawngCungbik ကို သက်ဆိုင်ရာ Lunglei ရဲက ဖမ်းဆီးပြီး အမှုဖွင့် ဆိုခဲ့တယ်လို့ သိရပါတယ်။

Read More

နှစ်စဉ် စက်တင်ဘာ နှင့် အောက်တိုဘာလ ရောက်တိုင်း ချင်းလူမျိုးများက ကျင်းပလေ့ရှိသည့် ချင်းနှစ်သစ်ကူးပွဲတော်ကို အနယ် နယ်အရပ်ရပ်တွင် ကျင်းပကြမည်ဟု သိရသည်။ ချင်းဖိုးဖွားခေတ်ကတည်းက ကောက်သစ်များရရှိသည့်နည်းတူ နေ့သစ်၊ လသစ်​ရောက်ပြီဆိုပြီး ပွဲတော်ကိုကျင်း ပကြခြင်းဖြစ်သဖြင့် ကောက်သစ်စားပွဲအဖြစ် စက်တင်ဘာ နှင့် အောက်တိုဘာလရောက်တိုင်း ကျင်းပ လေ့ရှိသည့် အဆိုပါပွဲတော်ကို ချင်းနှစ်သစ်ကူးပွဲအဖြစ် ကျင်းပကြခြင်းဖြစ်သည်။

Read More

CNF က ချင်းပြည်နယ် (၉) မြို့နယ်အတွင်း လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့အပြီး ပြည်နယ်ပြင်ပရှိ ချင်းပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်မည်ဟု သိရသည်။ ရန်ကုန် Summit Park View တွေ့ဆုံပွဲကို ယခုလ ၁၉ ရက်နေ့တွင် ပြုလုပ်မှာဖြစ်ပြီး CNF ဖက်မှ ဒေါက်တာရွှေခါးရ် က ဦးဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်ရှိ ချင်းနိုင်ငံရေးပါတီများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ချင်းကျောင်းသားလူငယ်များ၊ လူမှုအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ ပါဝင်ကြမည်ဟု သိရသည်။

Read More

သက်ဆိုင်ရာမှ ချပေးသည့် ကျောင်းဆောက်လုပ်ရေး ထောက်ပံ့ငွေစီးဆင်းမှု ပွင့်လင်းမြင်သာမှု မရှိသောကြောင့် မတူ ပီမြို့နယ် ပညာရေးမှူးနှင့် BC အဆင့်တဦးအား ပြည်နယ်ပညာရေးမှူးရုံးမှ ယခုလ အောက်တိုဘာ ပထမ ပတ်က အစားထိုးလိုက်သည်ဟု သိရသည်။ မြို့နယ်ပညာရေးမှူး Pi Ci lih အစားပြည်နယ်ပညာရေးမှူးရုံးမှ Pu Cung အား၎င်း၊ ရုံးအုပ် Pu Lungtoeng အစား မင်း တပ် ခရိုင် ပညာရေးရုံးမှ Pu Sakoek တို့အား၎င်း အစားထိုးလိုက်ခြင်းဖြစ်သည်။

Read More

Net work for Chin Community Development ( NCCD)မှ စီစဉ်ဆောင်ရွက်နေသော ငွေစုငွေချေးစီမံကိန်းလုပ်ငန်းကို ချင်းပြည် နယ်ကျေးလက်ဒေသတချို့တွင် စတင်အကောင်အထည်ဖော်ဆောင်နေပြီဟုသိရသည်။ NCCD ဦးဆောင်မှုဖြင့် စက်တင်ဘာလ (၅) ရက်နေ့က ချင်းပြည်နယ်မြောက်ပိုင်း Zimte ကျေးရွာတွင်လည်းကောင်း၊ စက်တင်ဘာ ၂၂ တွင် ချင်းပြည်နယ်တောင်ပိုင်း ကာရာမိတ်ကျေးရွာတွင်လည်းကောင်း၊ စက်တင်ဘာ ၃၀ တွင် ချင်းပြည် နယ်အလယ်ပိုင်း ဘဲဟာရ် ကျေးရွာတွင်လည်း ကွန်ယက်စီမံကိန်းကော်မီအစည်းအဝေးကို ပထမအကြိမ်အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ သည်ဟုသိရသည်။

Read More

ဖလမ်းမြို့နယ် Laizo အုပ်စု Zalai ကျေးရွာ မြေပြိုဒုက္ခသည်တွေကို Lungpiမှာ နေရာချထားပေးရန် အထက် လူကြီး က ညွန်ကြားထားပေမဲ့ ဖလမ်းမြို့နယ်က တာဝန်ရှိ သက်ဆိုင်ရာဌာနများမှ ယနေ့ထိ မြေနေရာကို တိုင်းတာပေးခြင်းနှင့် လိုင်းဆွဲပေးခြင်းများ ဆောင်ရွက်မှုမရှိသေးပါ။

Read More

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ တင်ပို့ရန် သယ်ဆောင်လာသော ဆီဒို အက်ဖရင်း(စိတ်ကြွဆေး) ရူပီးငွေ သိန်း ၃၀၀ ကျော်ဖိုးကို မီဇိုရမ်ပြည်နယ် မူးယစ်အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ အာသံပြည်နယ် Silchar မြို့မှ အုပ်ခဲနှင့် ဘိလပ်မြေများတင်ဆောင်လာ သော ကုန်တင်ကားတစီးကို မီဇိုရမ်ပြည်နယ် နယ်စပ်စစ်ဆေးရေးဂိတ်(Vairengte) တွင် စစ်ဆေးရာမှ အိန္ဒိယထုတ် ဆီဒိုအက်ဖရင်းဆေးလုံး(၃၆၇) ကေဂျီကို ပိုင်ရှင်ဟုယူဆရသူ မီဇိုရမ်ပြည်နယ်သား ၂ ဦးနှင့်အတူ မီဇိုရမ်မူးယစ်အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Read More