ကလေးမြို့နယ် တောင်ဖီလာရပ်ကွက် နယ်မြေ(၈)ရှိ ချင်းလူမျိုးများပိုင်ဆိုင်သော ဘာသာရေးသင်္ချိုင်းကို ခရိုင် နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်းပြီး စက်ယန္တယားများဖြင့် ဖျက်ဆီးခဲ့မှုကို ကန့်ကွက်သည့်အနေဖြင့် ဒေသခံချင်းလူမျိုး ၅၀၀ ကျော်တို့က ဇွန်လ ၂၉ ရက်နေ့တွင် လမ်း မပေါ်ထွက် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Author: Editor
ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်ရှိ ခရစ်ယာန်သင်္ချိုင်းမြေ အား ကလေးမြို့ အာဏာပိုင်းများမှ ဖျက်သိမ်း သည့်လု ပ်ရပ် ကို ကန့်ကွ က်ကြော င်း ချင်း ဒီမိုကရေစီ အဖွဲ့ချူပ် (CLD) က ပြောဆို လိုက်သည်။ ကလေးခရိုင်စီမံ ခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမောင်ထူး နှင့် ကလေးမြို့ စည်ပင်သာယာရေး အဖွဲ့တို့မှ ဇွန်လ ၄ ရက် နံနက် ပိုင်း ၂ နာရီတွင် မြေထိုးစက်များ အသုံးပြုပြီး အဆိုပါခရစ်ယာန်သင်္ချိုင်းရှိ အုပ်ဂူများ၊ ခြံစည်းရိုးများ၊ နှစ်ရှည်တရုတ် စကား ပင်ပေါင်း (၄၀၀)ကျော် နှင့် ဇရပ်တစ်ဆောင်ကို ဖျက်ဆီးခဲ့သည့်အပေါ် လုံးဝကန့်ကွက်သည်ဟု ချင်းဒီမိုကရေစီအဖွဲ့ချူပ်က ဇွန် ၂၄ ရက်နေ့က ကြေညာချ က်တရပ်ထုတ်ပြန်ခဲ့သည်။
ရခိုင့်တပ်မတော်(AA) နှင့် မြန်မာ့တပ်မတော် တို့ အကြားဖြစ်ပွားခဲ့ သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေ ရသော ပလက်ဝမြို့နယ် ပြင်စိုကျေးရွာမှ စစ်ဘေးရှောင် ချင်းပြည်သူများ အစာရေစာပြတ်လပ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီ များ အရေးတကြီး လိုအပ်နေသည် ဟုချင်း လူ့အခွင့်အရေးအဖွဲ့ CHRO က ပြောဆိုလိုက်သည်။ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် ခူမီးချင်း အနွယ်ဝင် ၃၅၀ ကျော်တို့သည် ယခုလကုန် အထိပြင် အစာရေစာ အတွက် အာမခံချက်မ ရှိတော့သည့် အခြေ အနေနှင့် ရင်ဆိုင်နေ ရပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ အမြန်ဆုံး ရရှိနိုင်ရန် အတွက်သက် ဆိုင်ရာအာဏာပိုင် များအနေဖြင့် ကုလသမဂ္ဂအေဂျင်စီများ နှင့်သော် လည်းကောင်း နိုင်ငံတကာအသိုင်း အ၀ိုင်းနှင့်သော် လည်းကောင်း ပူးပေါင်းဆောင်ရွက် ရန် ဇွန်လ ၁၅ ရက်နေ့က ကြေညာ ချက် တစ်စောင် ထုတ်ပြန်ပြီး CHRO က တောင်းဆို တိုက်တွန်းလိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ဖီလာ ရပ်ကွက်ရှိ ချင်းလူမျိုးများပိုင်ဆိုင်သော ဘာသာရေးသင်္ချိုင်းကို စည်ပင်သာယာရေး အဖွဲ့မှ ဇွန်လ ၄ ရက်နေ့နံနက်ပိုင်း ၂ နာရီခန့်တွင် မြေထိုးစက် ၃ စီးဖြင့် ဖြိုချဖျက်ဆီးလိုက်ပြီဟုသိရ သည်။ ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးမောင်ထူး၏ အမိန့်ဖြင့် ကလေးမြို့စည်ပင်သာယာရေး အဖွဲ့က ဇွန်လ ၃ ရက်နေ့ ကတည်းက အဆိုပါ သင်္ချိုင်းမြေပေါ်တွင် “ စည်ပင်ဧရိယာ မည်သူမျှ မကျူးကျော်ရ ကျူးကျော်ပါက အရေးယူမည်’’ ဟု စာတန်းပါသော ဆိုင်းဘုတ်ကို လာရောက်စိုက် ထူခဲ့ပြီး ဇွန်လ ၄ ရက် နံနက် ၂ နာရီခန့် တွင် ရဲတပ်ဖွဲ့မှလုံခြုံရေး အကာ အကွယ်အောက်တွင် သင်္ချိုင်းကို ဖျက်ဆီးခဲ့ကြခြင်းဖြစ် သည်ဟု တောင်ဖီလာ၊ ခရစ်ယာန် သာသာရေး ပေါင်းစုံမှ အတွင်းရေးမှူး ဦးဗန်ကီးက ပြောသည်။
မီဇိုရမ်ပြည်နယ် Zawngin ကျေးရွာတွင် ဇွန်လ ၈ ရက်နေ့က အသက် ၁၂ နှစ်အရွယ် ကလေး ငယ်အား ဓားဖြင့် လည်လှီးခဲ့သော မြန်မာနိုင်ငံ သားကို ဒေါသ ထွက်နေသော လူအုပ်ကြီးက ၀ိုင်းရိုက် ထိုးနှက် ခဲ့မှုကြောင့် လက်လွန်ကာ သေဆုံးခဲ့ သည်ဟု သိရသည်။ ကလေးမြို့နယ် တာဟန်း ရပ်ကွက်တွင် နေထိုင် သူဟု ဆိုသော ယင်းမြန်မာနိုင်ငံသား မှာ Liankhansang ဟု သိရပြီး မီဇိုရမ်ပြည်နယ် Zawngin ကျေးရွာသို့ လွန်ခဲ့သော ၄ ပတ်လောက်က လွှဆွဲရန် သွားရောက်နေ ထိုင်ခဲ့ သူဟု သိရသည်။
၂၀၁၄ – ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်စာ ရင်းများကို တစ်နိုင်ငံလုံးရှိ ပြည်နယ် တိုင်းဒေသကြီးများ စာစစ်ဌာနများ တွင်ဇွန်လ(၆)ရက်နံနက်အချိန်တွင် ထုတ်ပြန်ကြေငြာ လိုက်ရာ ချင်းပြည်နယ် ၏အောင်ချက်မှာ ၁၇.၈၄ ရာခိုင်နှုန်းရှိသည်။ ချင်းပြည်နယ်၏ ယင်းအောင် ချက် ပမာဏသည် ယခင် ၂၀၁၃-၁၄ ပညာသင်နှစ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် ချက်ရာခိုင်နှုန်း ထက် တစ်ဆကျော်မြင့် တက်လာခဲ့သည်။ ယခင်နှစ်က ချင်းပြည်နယ် မှ ၈.၀၇ ရာခိုင်နှုန်းသာ တက္ကသိုလ် ၀င်တန်း စာမေးပွဲအောင်မြင် ခဲ့ကြသည်။
အမှတ် (၁) အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ သွားရောက်ကြမည့် မီဇိုးလူမျိုး ၁၈ ဦးကို မြန်မာအစိုးရက တမူးမြို့တွင် ဖမ်းဆီးခဲ့ရာ နှစ်လကြာ ထိန်းသိမ်းပြီးနောက် ဇွန်လ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ် အစိုးရထံ ပြန်လည် အပ်နှံလိုက်သည်။ အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်၊ Tlangsam ကျေးရွာနေ Lawmzuali သည် ဆုတောင်းခြင်း အားဖြင့် ဘုရားသခင် ဖွင့်ပြချက်အရ အမှောင်နယ်မြေ တရုတ်နိုင်ငံ ကိုသွားရန် ဆွေမျိုးမိသားစု ကလေးအပါအဝင် လူဦးရေ ၁၉ ဦးတို့နှင့် အတူ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က Tlangsam ကျေးရွာမှ စတင်ထွက်ခွာ လာခဲ့ကြသည်ဟုသိရသည်။
မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးအသင်း Central YMA SRS နှင့် Mizoram Police CID Crime Special Narcotic PS ပူးပေါင်းရေးအဖွဲ့မှ ၁၅ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားကို မြန်မာနိုင်ငံသားနှစ်ဦးထံ ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့သည်။ အဆိုပါ စိတ်ကြွဆေးပြား Methamphetamine အလုံး ၅၀၀၀၀ နှင့် အတူ ပိုင်ရှင်ဟုယူဆရသူ တမူးမြို့နယ် ကာနန် ကျေးရွာမှ Thangdailova (32) နှင့် တမူးမြို့တွင်နေထိုင်သူ Lalthankhuma (31) တို့ကို Zemabawk ရပ်ကွက် Forest စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားနှစ်ဦးအပြင် အဆိုပါ အမှုတွင် ပါဝင်ပတ်သက်နေသည့် ဒေသခံမီဇိုလူမျိုးဖြစ်သော Lalropui (54) နှင့် Laremthanga (54) တို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အိုင်ဇောလ်မြို့ နေစဉ်သတင်းစာ The Aizawl Post ၏ ဖော်ပြချက်အရ ယခုရက်ပိုင်းအတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးမှု ပိုမိုများလာပြီး ၄ ရက်အတွင်း ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား၏ တန်ဖိုးမှာ ရူပီး သိန်း ၃၂၆ ခန့်ရှိသည်ဟု ဖော်ပြ ထားသည်။ အလားတူ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့လည်း မြန်မာနိုင်ငံမှ တင်သွင်းလာသော Methamphetamine စိတ်ကြွဆေးပြား တန်းဖိုးအားဖြင့် ရှုပီး သိန်း ၁၂၃ ကျော်ကို ကျန်ဖိုင်းမြို့ Electric…
NCCT နှင့် UPWC အကြား ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ချုပ်ဆိုလက်မှတ်ရေးထိုးသည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များက ပြန်လည်စီစစ် သုံးသပ်နေကြသည်။
နိုဝင်ဘာလ ဆန်းပိုင်းတွင် ကျင်းပဖွယ်ရှိသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ တွင် ချင်းနိုင်ငံရေးပါတီများအချင်းချင်း ထိရောက်စွာ လက်တွဲဆောင်ရွက်နိုင်ရေး အတွက် ရွေးကောက်ပွဲ ဆိုင်ရာလက်တွဲဆောင်ရွက်ရေးမ ဟာဗျူ ဟာ တစ်ရပ်ရေး ဆွဲချမှတ်ကြ မည်ဟု သိရသည်။ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်တွင် မေလ ၁၅ -၁၆ ရက်အထိ ၂ရက်တာကျင်းပပြုလုပ်သော ချင်းမိသားစုနိုင်ငံရေး ပါတီများဒုတိယအကြိမ်မျက်နှာစုံညီတွေ့ ဆုံဆွေးနွေး ပွဲတွင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက် ပွဲ တွင် ချင်းနိုင်ငံရေး ပါတီများ အချင်းချင်း လက်တွဲဆောင် ရွက်ရေး ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာ မှ ယခုကဲ့သို့ရွေးကောက် ပွဲဆိုင်ရာ လက်တွဲဆောင် ရွက်ရေးမဟာဗျူဟာ တစ်ရပ်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
