မြန်မာ့တပ်မတော် နှင့် ရခိုင့်တပ်မတော် အကြား တိုက်ပွဲဖြစ်ပွား မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရ သည့် ပလက်ဝမြို့ နယ် ပီချောင်းအရပ် ပြင် စိုကျေးရွာမှ စစ်ဘေးရှောင် ချင်းပြည် သူများ များ ကို ဒေသတွင်း အခြေစိုက် ခလရ (၂၈၉) တပ် ရင်း မှ နေ ရပ် သို့ပြန် သွားကြ ရန်အမိန့် ထုတ်ပြန် ထား သည်ဟု သိ ရ သည်။ ပြီးခဲ့ သည့် မေလ (၁၃) ရက်နေ့က ခလရ (၂၈၉) တပ်ရင်း မှပြင်စိုကျေးရွာ အုပ်ချုပ်ရေး မှူးအဖွဲ့အား သီးသန့် ခေါ်ဆိုပြီး ၎င်း တို့နေ ရပ် သို့ ပြန် သွားကြ ရန် ဖိအားပေးပြော ဆို ကာ ဒေသခံများက တပ်ရင်းမှူး၏ စကား ကို မငြင်း ဆို ၀ံ့သောကြောင့် လက် ခံခဲ့ကြ သည်ဟု သိရ သည်။
Author: Editor
ပြည်နယ်အစိုးရက ခွင့်ပြုချက်ပေးပါက ခရီးသွားလာသူများအတွက် အဆင်ပြေနိုင်ရန် ချင်းပြည်နယ် ဟားခါးမြို့  တွင် ဟိုတယ်တိုးချဲ့ ဆောက်လုပ်ရန် စီစဉ်နေ ကြောင်း Mahemiah Co-operation Company (MCC) တာဝန်ရှိ တစ်ဦး က ဆိုသည်။ လာမည့် ဇွန်လတွင် ဟားခါးမြို့ ၌ ရုံးဖွင့်လှစ်ရန် စီစဉ်နေသည့် MCC သည် ရုံးဖွင့်ပွဲတွင် ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးများ၊ မြို့ မိမြို့ ဖနှင့် ဘာသာရေးခေါင်းဆောင်များလည်း ဖိတ်ကြားရန် စီစဉ်နေကြောင်း ကုမ္ပဏီ တာဝန်ရှိသူ Pu Thawng Za Lian က ဟားခါးမြို့ ရှိ ဒေသခံများနှင့်တွေ့ ဆုံပွဲ တွင် ပြောကြားခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်ရှိ ကုမ်သီခန်းမကို ဖြိုဖျက်ပြီး မြို့နယ်ခန်းမဆောင်အသစ်တည်ဆောက်မည့် ချင်းပြည်နယ်အစိုးရ အစီစဉ် ကို ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ကြသည်ဟု သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲဖြစ် ပွားမှုကြောင့် ထွက်ပြေးတိမ်ရှောင်နေကြသော အပြစ်မဲ့ စစ်ဘေးရှောင် ချင်းပြည်သူများ နေထိုင်စားသောက်ရေး အကူအညီလိုအပ် နေဆဲဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးပြည်နယ်တစ်ခုဖြစ်သော ချင်းပြည်နယ်တွင် ကလေးငယ် (၆) ရာခိုင်နှုန်းခန့်သာ ကျန်းမာရေး စောင့်ရှောက်မှုရရှိကြသည်ဟု ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)က ပြောဆိုလိုက် သည်။
ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပဖွယ်ရှိသော အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို Chin National Democratic Party (CNDP) က ချင်းပြည်နယ် ထန်တလန်မြို့ တွင် ဧပြီလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
Chin Ceasefire Monitoring Team( CCMT) က (၅၁) ချက်ပါ အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦး( CNF) အကြား အပစ်အခပ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုရှင်းလင်းပွဲကို ဧပြီလ ၂၈ ရက်နေ့က ဟားခါးမြို့၊ CCMT ရုံး တွင် ပြုလုပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ အမှတ်(၂) မဲဆန္ဒနယ်မှ ရွေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် ချင်းအမျိုးသား Pu D Thangliana သည် ကားတိမ်းမှောက်မှုကြောင့် ဧပြီလ ၂ ရက်နေ့က ကွယ်လွန်သွားသည်ဟု သိရသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အပြင် ချင်းလူမျိုးများ နေထိုင်ရာ ဒေသ အားလုံးတွင် ယှဉ်ပြိုင်မည့် Chin National Democratic Party ၏ ပထမဆုံးအကြိမ် ပါတီညီလာခံကို ချင်းပြည်နယ်မြို့ တော် ဟားခါး တွင် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၀၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ၂၀၁၅ အတွက် ကိုယ်စား လှယ်လောင်း တချို့ အတည်ပြုခဲ့ကြကြောင်း သိရသည်။ သုံးရက်တာ ပါတီညီလာခံတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ သတ်မှတ်အ တည်ပြု ခြင်း၊ ပါတီပေါ်လစီများ ပြန်လည် စီစစ်သုံးသပ်ခြင်း စသည့် ရှေ့လုပ်ငန်းစဉ်များအပြင် လုပ်ငန်းအစီရင်ခံစာများ ကြားနာဆုံးဖြတ်ခြင်း များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ” ၂၀၁၅ ရွေးကောက်ပွဲမှာ မတူပီမြို့နယ် မဲဆန္ဒနယ်အတွက် အမျိုးသားလွှတ်တော် နှစ်နေရာ၊ ပြည်သူ့လွှတ်တော် တနေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာ ပေါင်း (၅) နေရာ ရှိပါတယ်၊ အဲဒီမှာ ပြည်နယ်ကိုယ်စားလှယ် နှစ်နေရာထဲက တနေရာအတွက် ဦးဒိုင်ထုန်း၊ ပြည်သူ့ လွှတ်တော် တနေရာ အတွက် လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ပေါလ်လျံ လွင်တို့ အရွေးခံမယ်၊ ကျန် သုံးနေရာ လွတ်သေးတယ်ပေါ့” ဟု မတူပီမြို့နယ် မှ ညီလာခံကိုယ်စားလှယ် ပူး ထိုက် ကျင်း က ပြောသည်။ အဆိုပါ ပထမဆုံး ညီလာခံတွင် ချင်းပြည်…
ယခုလ ၂၉ ရက်နေ့ တနင်္ဂနွေ ည ၁၂ နာရီ ခန့်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကျောက်တိုင် အမှတ် (၇၆) အနီးတွင် ရခိုင့်တပ်မတော် ၏ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပလက်ဝမြို့ အခြေစိုက် ခလရ ၂၈၉ တပ်ရင်း နယ်လှည့်စစ်ကြောင်းတပ်ဖွဲ့ထဲက တဦးကျဆုံးပြီး နှစ်ဦးကို လက်ရ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ “တိုက်ပွဲမဖြစ်ခင် သုံးရက်အလိုမှာ အစိုးရစစ်တပ်က ရခိုင်တပ်သား တဦးကို ဖမ်းဆီးခဲ့တာကို ပြန်လည် လက် တုံ့ပြန် ခဲ့တာဖြစ်တယ်၊ အစိုးရ စစ်တပ်ဖက်က ဗိုလ်ကြီး တဦးကျဆုံးပြီး ဒုတိယ တပ်ကြပ် တဦးနှင့် တပ်သားတဦးကို ဖမ်းဆီး ခဲ့ကြတယ် ” ဟု အမည် မဖော်လိုသူ ဒေသခံ တဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားပြီး နောက်တနေ့တွင် အစိုးရစစ်တပ်သည် အင်အားပိုမိုဖြည့်တင်းပြီး ပြင်စိုရွာတွင် ဆက်လက် တပ်စွဲနေခဲ့ရာ ဒေသခံပြည် သူများသည် တိုက်ပွဲပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်သဖြင့် ရွာနီးချုပ်စပ်များသို့ ထွက်ပြေးတိမ်း ရှောင်နေ ကြသည်ဟု သိရသည်။ “ ရွာထဲမှာ အစိုးရစစ်တပ်တွေ ဆက်လက်ထားရှိနေယင် ပြန်ဝင်လာမည်လို့ ရွာသားတွေကို ပြောသွားတယ်၊ ငါတို့က နေခိုင်းတာလည်းမဟုတ်ဘူး၊ ဒီတော့ ကျတော်တို့လည်း ကြောက်ရတာပေါ့ဗျာ“ ဟု ပလက်ဝမြို့သို့ ထွက်ပြေး တိမ်းရှောင်လာသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ပြစ်က ပြောသည်။ တိုက်ပွဲတွင် ရခိုင်တပ်မဖက်က အင်အား ၄၀ ခန့်ရှိပြီး အစိုးရတပ်ဖက်က အင်အား အနည်းငယ်သာရှိကြောင်း…
