၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင်ပါရှိသော ခွဲထွက်ခွင့်ကို ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေဘုံသဘော တူညီချက်တွင် မထည့်သွင်းရန် ထန်တလန်မြို့တွင် ကျင်းပသော ပထမအကြိမ် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်ဟု သိရသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် “ဒို့တာဝန်အရေး သုံးပါး” ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု တို့ကိုအခြေခံပြီး ဆွေးနွေးနေခြင်းဖြစ်သောကြောင့် ချင်းအမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဘုံသဘောတူညီချက်တွင် မထည့်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။ ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးထက်နီက “ အခုသွားနေတဲ့ NCA ရဲ့ အဓိကရည်တည်ချက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သွားနေတာဖြစ်တယ်၊ ဖက်ဒရယ်ဆိုမှတော့ ခွဲထွက်ခွင့်က ဘာဖြစ်လို့ထည့်နေရတော့မှာလဲ ၊ ကျနော်တို့ဒီနေ့သွားနေတာက ပင်လုံစိတ်ဓာတ်ဆိုတဲ့ဟာ ဖက်ဒရယ်ကို အတူတူတည်ထောင်မယ်ဆိုတဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် NCA က သွားနေတာဖြစ်တယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။ ယမန်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြားအခြေခံမူများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ “ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် ပြည်ထောင်စုမှ ခွဲထွက်လိုပါက မည်သည့်အချိန်တွင် မဆိုခွဲထွက်ခွင့်ရှိရမည်” ဟုအဆို ပြုလာသူများလည်းရှိခဲ့သည်။ ဤအဆိုအပေါ် ဆွေးနွေးကြရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဖြစ်သည့် “ဒို့တာဝန်အရေးသုံးပါး” နှင့် ဆန့်ကျင်မှုရှိသည့်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိခိုက်လာနိုင်သည့်အတွက် ဘုံသဘောတူညီ ချက် တွင် မထည့်သွင်းရန် ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ၁၉၄၇ခုနှစ်…
Author: Editor
ချင်းပြည်နယ် ထန်တလန်မြို့တွင် ယနေ့စတင်ကျင်းပသော ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ချင်းလူမျိုးများ၏ ဘုံသဘောထားရပ်တည်ချက်ရရှိနိုင်ရေးအတွက် ပါတီနိုင်ငံရေး၊ အဖွဲ့ အစည်းနိုင်ငံရေးနှင့် တသီးပုဂ္ဂလအမြင်များအား ရှေ့တန်းမတင်ဘဲ “ချင်းအမျိုးသားရေး” ကို ဦးထိပ်ထား ကြရမည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျူံးက ပြောသည်။ “ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ခြင်းသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည့်အဝရှိပြီး ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ချင်းလူမျိုးတို့ရဲ့ ဘုံသဘောထား ရပ်တည်ချက်များကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ချင်းအမျိုးသားတပ်ဦး၊ တရားဝင်ချင်းနိုင်ငံရေးပါတီများ၊ ချင်းအရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ချင်းပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနဲ့ သွေးစည်းညီညွတ်မှုကို ပိုမိုအားကောင်းလာစေမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ပါတီနိုင်ငံရေး၊ အဖွဲ့ အစည်းနိုင်ငံရေးနဲ့ တသီးပုဂ္ဂလအမြင်များကို ရှေ့တန်းမတင်ဘဲ “ချင်းအမျိုးသားရေး” ကို ဦးထိပ်ထား ကြရမှာ ဖြစ်ပါတယ်’’ ဟု ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပထမနေ့ သဘာပတိလည်းဖြစ်သည့် ပူးဇင်ကျူံးက အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ထန်တလန်မြို့ နှစ်ခြင်းခရစ်ယာန်အသင်းခန်းမတွင် ယနေ့(ဖေဖော်ဝါရီ ၂၇)တွင်စတင်ကျင်းပနေကြခြင်းဖြစ်ပြီး မတ်လ (၁) နေ့အထိ ကျင်းပကြမည်ဖြစ်သည်။ ရေရည်တည်တံ့သည့် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ရန် ယခုဆွေးနွေးပွဲတွင် ညီအကိုရင်း စိတ်ဓိတ်ကို အခြေခံပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန်၊ မတူကွဲပြားသည့် အမြင်များကို ပြန်လည် ညှိနှိုင်းကာ တူညီသည့် သဘောထားများကို စုစည်းကာ ရရှိလာသည့် ရလဒ်အပေါ်မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အ၀ထားရှိကြရန် CNF ဥက္ကဌက…
ချင်းပြည်နယ်တွင် အမျိုးသာင်းအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ ချင်းအမျိုးသားတပ်ဦး၊ နိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ် (၉)ဦးဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ ချင်းပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီတွင် ပါဝင်သည့်ပုဂ္ဂိုလ်များမှာ ဒေါက်တာလှအောင် (အစိုးရ)၊ ဗိုလ်မှူးကြီးသန်းနိုင်(တပ်မတော်)၊ ဒေါ်နီရွှေလျန်း(လွှတ်တော်)၊ ချင်းအမျိုးသားတပ်ဦး CNF မှ ဆလိုင်းတလာဟေး၊ ဆလိုင်းထက်နီ၊ ပူးရာနင်း၊ နိုင်ငံရေးပါတီမှ ဦးဇိုဘွေ့၊ ဒေါက်တာမှုထန်၊ ဦးခန့်ဘွန်းတို့ဖြစ်သည်။ ယင်းကော်မတီသည် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအောင်မြင်ရေး၊ စနစ်တကျရှိစေရေး၊ လုပ်ငန်းလမ်းညွန်များ နှင့် ညီညွတ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၏ ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ ပထမအကြိမ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ပြည်နယ်တွင်း၊ ပြည်နယ်ပြင်ပ မြို့နယ် ၃၀ ခန့်မှ ချင်းကိုယ်စားလှယ်တော် (၅၀၀) ဦးခန့်ဖြင့် ချင်းပြည်နယ် ထန်တလန်မြို့တွင် ဖေဖော်ဝါရီလ ၂၇ မှ မတ်လ ၁ ရက်နေ့အထိ ၃ ရက်ကြာကျင်းပကြမည်ဟု ချင်းအမျိုးးသားနိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ- (Chin National Dialogue Joint Committee) က ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)မှ ထွက်ရှိလာသော ချင်းလူမျိုးများ၏ သဘောထားစုစည်းမှုများကို သက်ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီတို့မှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံညီလာခံသို့ ပြန်လည်တင်သွင်းကြမည်ဖြစ်သည်။
https://youtu.be/2YRjlxHlYqE
နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တစ်ခုတည်းသောလမ်းကြောင်း သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖလမ်းမြို့တွင် ကျင်းပသော ၆၉ နှစ်မြောက်ချင်း အမျိုးသားနေ့အခမ်းအနားမိန့်ခွန်းတွင်ပြောဆိုလိုက်သည်။ “နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တစ်ခုတည်းသော လမ်းကြောင်း ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဘဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည် သူတွေနှစ်ပေါင်း များစွာ မျှော်လင့် တောင်းတနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံ ကနေတဆင့်လျှောက်လမ်းရနိုင်မှာဖြစ်ပါတယ်’’ ဟု သမ္မတကပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးလာခံ-၂၁ ရာစုပင်လုံညီလာခံအောင်မြင်နိုင်ရေးနှင့် တိုင်းရင်းသားများလိုလားတောင်းတနေသော တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းချက်ကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်စနစ်ထွက်ပေါ်လာရေး၊ ပြည်ထောင်စုမျှော်မှန်း ချက် ပြည့်ဝအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံးကလည်း စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းပြောဆိုခဲ့သည်။ ထို့အပြင် မကြာခင်ကာလအတွင်း ချင်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်မည့်အပေါ် ၀မ်းမြောက်ကြောင်း သမ္မတက ပြောသည်။ ချင်းပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ ထန်တလန်မြို့ နယ်တွင် သုံးရက်ကြာကျင်းပကြမည်ဖြစ်သည်။ ဖလမ်းမြို့ ရာပြည့်ကွင်းတွင် ကျင်းပသော ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချူပ်နှင့် ၀န်ကြီးများ၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌနှင့်အဖွဲ့များ၊ ချင်းနိုင်ငံရေးပါတီများတက်ရောက်ခဲ့ကြသည်။
ဆိုင်းငံ့ခံခဲ့ရသော ချင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရဘက်မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြန်လည်ခွင့်ပြု လိုက်ပြီး ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဒုတိယ ဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။ “ကာချူပ်နဲ့နိုင်ငံတော်အတိုင်ပင်ခံတို့ဘက်က သဘောတူပြီးပြီဆိုပြီးတော့ မနေ့ညကဘဲ ငြိမ်းချမ်းရေးကော်မရှင်က ကျနော့ ဆီကို အကြောင်းကြားထားပါတယ် အကြမ်းဖျင်းကျနော်တို့စဉ်းစားထားတာကတော့ ဖေဖော်ဝါရီလ ၂၃၊ ၂၄၊ ၂၅ မှာ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်၊ အတည်တော့မဟုတ်သေးဘူး၊ ဆက်ပြီးတော့ဆွေးနွေးရမှာပါ ဒါပေမယ့်ဖြစ်နိုင်ခြေများပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မတ်လ ပထမပတ်အတွင်း မှာ ကျင်းပမယ်ဆိုလို့ရှိရင် အဲဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ပြင်ဆင်မှုလည်းလုပ်ထားပါတယ်’’ ဟု CNF ဒုဥက္ကဌကပြောသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘာတူစာချူပ်အရ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် အဆင်သင့်ဖြစ်ပါက မိမိတို့ဒေသတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်သည်ဟု UPDJC က အစောပိုင်းတုန်းက ဆုံးဖြတ်ထားပြီး၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များအား ကျင်းပခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးနှင့် နယ်မြေအနေအထားကြောင့်ဟုဆိုကာ ချင်းနဲ့ ရခိုင်ပြည်နယ်ကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စကြောင့် ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေး မတက်ရန် စဉ်းစားနေကြောင်း CNF ဘက်မှ ထုတ်ဖော်ပြောဆိုလာသလို ချင်းနိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်များဖြင့် ဖွဲ့စည်းထားသော ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှု ပူးပေါင်းကော်မီတီမှလည်း တောင်းဆိုမှုများပြုလုပ်လာသည့်နောက်ပိုင်း တစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၃ နေ့က ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ဒေါက်တာလျန်မှုန်းဆာခေါင်းက “ ကျနော်တို့ဘက်မှာ ဆောင်ရွက်သင့်တာပြင်ဆင်သင့်တာအားလုံးပြင်ဆင်ခဲ့ပြီးပြီ၊ အဲဒီပြင်ဆင်နေတဲ့ဟာကိုလည်း ကျနော်တို့က ထပ်ပြီးတော့တင်ပြတာဖြစ်တယ်၊ အဲဒီမှာ…
ချင်းအမျိုးသားနေ့သမိုင်း ဆလိုင်းဗန်ကျုံးလျန် (ယူကေ) ၁.၀နိဒါန်း ချင်းအမျိုးသားနေ့ကိုကျင်းပ သည့်အခါတိုင်းမိန့်ခွန်းများတွင် အဘယ့်ကြောင့်ကျင်းပ ရသနည်းဆို သည်ကိုအမြဲပြောလေ့ ရှိသော်လည်း ဓိပ္ပါယ်ဖွင့် ဆိုပုံချင်းမတူကြပေ။ အချို့က… တိုက်သူကြီး၊ရွာသူကြီးစနစ်မှ စတင်၍ဒီမိုကရေစီစနစ်ပြောင်းလဲ အသုံးပြုရန်ဆုံးဖြတ် သည့်နေ့၊ချင်းပြည်အတွက် တိုက်သူကြီးစနစ် မှဒီမိုကရေစီစနစ် သို့ပြောင်း လဲရန်ဆုံးဖြတ်ရာ တွင်ချင်းပြည်အရပ် ရပ်မှလူ ထုဦးရေ၅၀၀၀ခန့် တက်ရောက်ပြီးဆုံးဖြတ်သည့် အတွက်စည်းလုံးမှုပြယုဂ်ဖြစ် သည့်နေ့၊အချို့ကမူ…ဖေဖော်ဝါရီ ၂၀ရက်နေ့သည်ချင်း သမိုင်းတစ်လျှောက် တွင်ချင်းအမျိုးသားများအတွက် အရေးကြီးသည့်နေ့ ရက်ဖြစ်သောကြောင့် ချင်းအမျိုးသားနေ့ ကျင်းပ ရခြင်းဖြစ်ကြောင်း စသဖြင့်ရေးသားပြောဆိုကြသည်။ အချို့ကလည်း ခေတ် အဆက်ဆက် ချင်းတိုင်းရင်းသား ဘိုးဘွားများ အသုံးပြုခဲ့ကြ သည့်စနစ်ဖြုတ်ချ သည့်နေ့ကို ချင်းအမျိုးသားနေ့ဟု မသတ်မှတ် သင့်ကြောင်း စသည်ဖြင့်ပြော ဆိုကြ သည်။ထို့ကြောင့် ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံကို ထိုအချိန်က ချင်းရေးရာ ကောင်စီမှတ်တမ်းများကိုးကား၍ပြန် လည်သုံး သပ်တင်ပြသွား မည်ဖြစ်သည်။ ချင်းအမျိုးသားနေ့ သည်၁၉၅၁ခုနှစ်အောက်တိုဘာလ ၉ရက်နေ့တွင်ကျင်းပသော ချင်းရေးရာ ကောင်စီအစည်းအဝေး မှဖြစ်ပေါ် လာခြင်းဖြစ်သည်။ ထို့ကြောင့်ချင်းအမျိုးသားနေ့ အကြောင်းလေ့လာရာတွင် ကျွန်ုပ်သည် ဖလမ်းမြို့ရှိလွတ်လပ်ရေးအောင်ပွဲ အခမ်းအနားတွင်ချင်းပြည် အုပ်ချုပ်ရေးပြောင်းလဲနိုင်ရန် အတွက်ချင်းရေးရာကောင်စီ ၏ကြိုးပမ်းချက်များသမိုင်း၊ ၁၉၅၁ခုနှစ်အောက်တိုဘာလ ၉ရက်နေ့တွင်ကျင်းပသော ချင်း ရေးရာကောင်စီအစည်းအဝေး ၏ဆွေးနွေးချက်နှင့်ဆုံးဖြတ် ချက်မှတ်တမ်းများ ကိုသာ စူးစိုက်ဖော်ပြသွား မည်ဖြစ်သည်။ ၂.၀လွတ်လပ်ပြီးခေတ်၊ချင်းရေးရာဌာန၏ကြိုးပမ်းမှုများ ၁၉၅၁ခုနှစ်အောက်တိုဘာလ ၉ရက်နေ့ချင်းရေးရာကောင် စီအစည်းအဝေးအကြောင်း မဖော်ပြမီချင်းရေးရာဌာန၏ လွတ်လပ်ပြီးကာလကြိုးပမ်းချက် များအားဖော်ပြလိုပါသည်။ ၁၉၄၈ခုနှစ်ဇန်န၀ါရီလ၄ရက်နေ့ တွင်မြန်မာနိုင်ငံ သည်ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ်– ၅၊ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ– ၁၉၆၊၁၉၇၊၁၉၈တို့ အရချင်းရေးရာကောင်စီ၊…
https://youtu.be/YHBbfYMvyn8
ယခုလကုန်ပိုင်းတွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်မည်မတက်ရောက်မည်ကို ပါတီတွင်း ပြန်လည်ဆွေးနွေးဆုံး ဖြတ်မည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) အထွေထွေအတွင်းရေးမှူး(၂) ဒေါက်တာရွှေခါးကပြောသည်။ နေပြည်တော် သင်္ဂဟဟိုတယ်တွင် ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေး မတိုင်ခင် ကြားကာလအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲကို ချင်းနှင့် ရခိုင်ပြည်နယ်တွင် မလုပ်ရန်ဆုံးဖြတ်ခဲ့ကြ သည့်အတွက် CNF အနေဖြင့် ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ “အခုက Framework for Political Dialogue အရဆိုရင် ၂၁ ပင်လုံညီလာခံမှာက အမျိုးသားအဆင့်နိုင်ငံရေး ဆွေး နွေးပွဲ က ရလဒ်တွေကိုဘဲ ထပ်ပြီးတော့ ဆွေးနွေးကြပြီးတော့ ဘုံသဘောတူညီချက်ရှာကြမှာဖြစ်ပါတယ်၊ တကယ်လို့ကျနော်တို့ CNF အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမလုပ်ဘဲနဲ့ သွားတက်ရင် ကျနော်တို့မှာ ဆွေးနွေးခွင့်တောင်ရှိပါ့မလား ပေါ့နော်၊ လေ့လာသူနဲ့ ဘာမှထူးမခြားနားပေါ့နော်၊ အမျိုးသား အဆင့် ဆွေးနွေးပွဲမလုပ်ဘဲနဲ့ တော့ အဲဒီပင်လုံညီလာခံမှာ ဘာသွားဆွေးနွေးမှာလဲ၊ အခုထက်ထိကတော့ ကျနော်တို့ဆွေးနွေးနေတုန်းပေါ့၊ အတိကျအဖြေပေးလို့တော့မရသေးဘူး ပါတီတွင်းမှာပြန်ပြီး ဆွေးနွေး ဆုံးဖြတ်ရ မှာပါ’’ ဟု ဒေါက်တာရွှေခါးက ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ချင်းနှင့်ရခိုင်ပြည်နယ်သည် လက်ရှိနယ်မြေအနေအထား၊ နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေတွေအပြင် ကြားကာလတွင် ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းအခြေအနေများကို ကြည့်ကာ ယခုကဲ့သို့ ဆိုင်းငံ့ခြင်းဖြစ် သည် ဟု သမ္မတရုံး ဒုညွန်ကြားရေးမှူး ဦးဇော်ဌေးက မီဒီယာများတွင်ပြောဆိုခဲ့သည်။ ထို့အပြင် ချင်းအမျိုးသားတပ်ဦးသည် ချင်းအားလုံးကို ကိုယ်စားမပြုကြောင်း ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့တောင်…
