ချင်းလူငယ်မူဝါဒ(မူကြမ်း)ကို ချင်းပြည်နယ် မြို့နယ်အလိုက် ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အမှုဆောင်အဖွဲ့ Chin Youth Policy Team ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၀-၁၁ အထိ ဖလမ်းမြို့ Youth & Community Center တွင် ပြုလုပ် ကျင်းပသော ချင်းလူငယ်မူဝါဒ(မူကြမ်း) ပေါ်ထွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးအတွက် ချင်းပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် ရွေးချယ်ခြင်း အကြိုညိုနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၄င်းအစည်းအဝေး ဆုံးဖြတ်ချက်အရ Chin Youth Policy Team အဖွဲ့ (၆) ဦးကို ရွေးချယ်ခဲ့ပြီး CYPT အဖွဲ့၏ ဦးဆောင်သူအဖြစ် Mai Ni Siang Par, Taang Thang Suan Sian Khal, Salai Thang Loon, Salai Mang Houng, Salai Soe Moe Hein နှင့် Mai Thewe Thewe Win တို့ဖြစ်သည်။ ထို့အပြင် Sub-Team အဖြစ် မြို့နယ်အလိုက် ကိုယ်စားလှယ်တစ်ဦးစီနှင့် ပြည်နယ်ပြင်ပမှ (၅) ဦး စုစုပေါင်း (၁၄) ဦးဖြင့် ဖွဲ့စည်းသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ယင်း Sub-Team အတွက် မြို့နယ်အလိုက် ကိုယ်စားလှယ်အမည်များကို ဒီဇင်ဘာ (၂၁) ရက်နေ့ နောက်ဆုံးထား ပြီး Chin Youth Policy…
Author: Editor
ချင်းပြည်နယ်အတွင်းရှိ မြို့ ၆ မြို့တွင် ဟိုတယ် ၁၁ လုံးတည်ဆောက်မည့် လုပ်ငန်းရှင် ၁၁ ဦးကို ပြည်နယ် အစိုးရ အဖွဲ့က ပဏာမရွေး ချယ်ပြီးဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ ဦးဆောင်လမ်းညွန်မှု၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့ ၆ မြို့ (ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ခိုင်ကမ်း၊ ပလက်ဝနှင့် မတူပီ) တိုတွင် ဟိုတယ် ၁၀ လုံးတည်ဆာက်ရန် အတွက် ဟိုတယ်လုပ်ငန်းဆောင်ရွက်လိုသူ တိုင်းရင်းသားလုပ်ငန်းရှင်များအား စိတ်ဝင်စားကြောင်းအဆိုပြုလွှာ (Expression of Interest) တင်သွင်း ရန်ဖိတ်ခေါ်ခဲ့ရာ လုပ်ငန်းရှင်ပေါင်း ၂၂ ဦးမှ ဟိုတယ် အလုံးရေ ၃၅ လုံး အဆိုပြု တင်သွင်းခဲ့ကြ သည်ဟုသိရသည်။ ယင်းအဆိုပြုလွှာများအား ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေး (၂၇/၂၀၁၆)နှင့် (၂၉ /၂၀၁၆)တို့တွင် အသေးစိပ်စိစစ်သုံးသပ်ပြီး ဟိုတယ်အလုံးရေ ၁၁ ခုအတွက် လုပ်ငန်းရှင် ၁၁ ဦးအား ဆောက်လုပ်ခွင့်ပြုရန် ပဏာမစိစစ်ရွေးချယ်ခဲ့သည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့၏ တရားဝင် Facebook စာမျက်နှာ တွင်ဖော်ပြထား သည်။ အဆိုပါ လုပ်ငန်းရှင် ၁၁ ဦး တွင် ဒေသခံ လုပ်ငန်းရှင် ၇ ဦးနှင့် ပြည်မမှ ၄ ဦး ပါဝင်သည်ဟုသိရသည်။ ပဏာမရွေးချယ်ခံရသော လုပ်ငန်းရှင်များမှာ ဟားခါးတွင် KL Aamazing၊ Chin Solomon၊ ချမ်းသာရွှေညီ၊ ဖလမ်းတွင် Adventure…
အိန္ဒိယ-မြန်မာနယ်စပ် ကုလားတန်မြစ်နဘေးတွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသော လူ ၈ ဦးနှင့် လက်နက်များကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ယခုလ ၈ ရက်နေ့က ဖမ်းဆီးရမိသည်ဟု မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့သည် ယခုရက်ပိုင်းအတွင်း ပူးတွဲစစ်စင်ရေးပြုလုပ်ရာတွင် ဆိုင်ဟားခရိုင် Lomasu ကျေးရွာမှ ၅ ကီလိုမီတာအကွာ ကုလားတန်မြစ်ဘေးတွင် စခန်း ချနေထိုင်ကြသော အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ ၈ ဦးကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါဒေသတ၀ိုက်သည် ရခိုင်လွတ်မြောက်ရေးတပ်မတော် Arakan Liberation Army(ALA) နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့တို့ ခြေကုပ်ယူလှုပ်ရှားသည့်နေရာဖြစ်ပြီး ယခုအဖမ်းခံရသော လူ ၈ ဦးသည်လည်း မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မှဖြစ် သည်ကို တိတိကျကျမသိရသေးပေ။ သို့သော်လည်း မီဇိုရမ်ရဲတပ်ဖွဲ့ကတော့ ALA တပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ယူဆထားကြပြီး ၎င်းတို့ကို အိုင်ဇောလ်မြို့ ဗဟိုထောင် သို့ပို့ဆောင် မည်ဟု မီဇိုရမ်သတင်းစာ တွင်ရေးသားချက်အရသိရသည်။ အဖမ်းခံရသည့်ပုဂ္ဂိုလ်များမှာ ခိုင်မင်းဇော်ထွန်း၊ ခိုင်မျိုးနိုင်၊ ခိုင်ရန်၊ ခိုင်မျိုးထူး၊ ခိုင်မင်း၊ ခိုင်ရဲမင်း၊ ခိုင်မျိုးလွင် နှင့် ခိုင်သီဟဇော်တို့ဖြစ် သည်။ ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် လက်နက်များမှာ Lathode Grenade Launcher-1no., 7.62mm Assault Riffle-1no., 5.56mm M16 Riffle-1no., M11 Assault Riffle-1no., G-3 Riffle-1no., Lathod Grenade-10 nos., 5.56mm M16 Ammunition-237rds, 7.62mm AK56 Ammunition-176rds,…
မြန်မာ့ သမိုင်းတွင် ဗြိတိသျှနယ်ချဲ့တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့သော ချင်းအမျိုးသား ဗိုလ်ကြွန်ဘိခ် (ခ) ဗိုလ်စွန်ပက်၏ ပုံတူ ပန်းပုရုပ်ထုကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလဆန်းပိုင်းက စတင်ထုလုပ်နေပြီဟုသိရသည်။ ဗိုလ်ကြွန်ဘိခ် ပုံတူပန်းပုရုပ်ထုကို မြန်မာနိုင်ငံအတွင်းရှိ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ၏ ရုပ်ထုများကို ပန်းပုပညာဖြင့် လက်ရာမြောက်စွာ ထုလုပ်လေ့ရှိသည့် နာမည်ကြီး ပန်းပုဆရာ ကိုကျော်ကျော်မင်းက ထုလုပ်လျက်ရှိပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်နိုင်မည်ဟုသိရသည်။ အဆိုပါပန်းပုရုပ်ထုသည် အမြင့် ၂၈ လက်မ၊ ရင်ဘတ်အကျယ် ၁၆.၅ လက်မ နှင့် ငှက်မွေးတောင် အရှည် ၂၄ လက်မ ရှိမည်ဖြစ် သည်။ သူရဲကောင်း ဗိုလ်ကြွန်ဘိခ်၏ ပုံတူပန်းပုထုတ်လုပ်ရေးကို အင်္ဂလန်နိုင်ငံရောက် ချင်းသမိုင်းသုတေသီ ဆလိုင်းဗန်ကျူံးလျန်က စီစဉ်ခြင်းဖြစ်သည်။ “ချင်းလူမျိုးတွေရဲ့ စိတ်ထဲမှာ ဗိုလ်ကြွန်ဘိခ် ဆိုတာ တွေ့မြင်နိုင်အောင်လို့ပါ။ ကျွန်တော်တို့ကြားကြားနေတဲ့ .. ဗိုလ် ကြွန်ဘိခ် ဆိုတာ ..ဒါလား … ဆိုပြီး မြင်လို့ရအောင်ပါ၊ အရင်တုန်းက တစ်ချို့တွေက ဗိုလ်ကြွန်ဘိခ်ပုံမဟုတ်တဲ့ဟာကို ပြက္ခတိန်တွေ ထုတ် ကြပြီးရောင်းကြတော့ လူတွေတော်တော်များများက ဗိုလ်ကြွန်ဘိခ် မဟုတ်တဲ့ပုံကို ဗိုလ်ကြွန်ဘိခ်ဆိုပြီး မြင်လာကြတယ်၊ အဲဒီ အတွေးအမြင်တွေ ပြောင်းလဲနိုင်အောင်လို့ ရုပ်ထုထုရတာဖြစ်ပါတယ်’’ ဟု ဆလိုင်းဗန်ကျူံးလျန် ကပြောသည်။ အဆိုပါပန်းပုရုပ်ထုကို ဖလမ်းမြို့လယ်ခေါင်တစ်နေရာရာတွင် ထားရှိရန် စိတ်ကူးရှိသော်လည်း အဆင်မပြေပါက ဗိုလ်ကြွန် ဘိခ်၏ မွေးရပ်ဇာတိ တာရွှန်းကျေးရွာတွင် ထားရှိမည်ဟု သိရသည်။ “စိတ်ကူးထားတာကတော့ ဖလမ်းမြို့လယ်ခေါင်မှာ တည်ချင်တယ်၊ ဒါပေမယ့် ရမယ်လို့တော့ မသေချာသေးဘူး၊ ဖလမ်းမြို့မိမြို့ဖ၊ ဌာနဆိုင်ရာအကြီးအကဲ၊…
ယမန်နှစ်က ရေးကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသော ကလေးမြို့နယ်အတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင် မွန်းမံမည့်အစီစဉ်ကို လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ကလေးမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှားမီးက ပြောသည်။ ယင်းအတွက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ယူရိုငွေ (၁၀) သန်း ထောက်ပံ့ရန် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနတို့သည် နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများသည် နိုဝင်ဘာလကုန်ပိုင်းက ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကြပြီးဖြစ်ကြောင်း လာမည့်နှစ်ဆန်းပိုင်းတွင် စတင်အကောင်ထည်ဖော်သွားမည်ဟု ဒေါ်ရှားမီးက ပြောသည်။ “အခု ကွင်းဆင်းလေ့လာမှုတွေပြုလုပ်ဖို့ ကလေးမြို့ကို ရောက်ရှိနေကြပြီ၊ ဒီကိစ္စကို ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ဦးစီးပြီး ဆောင်ရွက်မှာဖြစ်တယ်၊ ကျွန်မတို့ MP တွေနဲ့ ရပ်မိရပ်ဖတွေကတော့ အနီးကပ် လေ့လာစောင့်ကြည့် သွားမယ်” ဟု ပြောသည်။ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KFW) အထောက်အပံ့ ယူရိုငွေ(၁၀)သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် အတွင်း၌ ဆောင်ရွက်မည့် လုပ်ငန်းများလျာထားစာရင်းမှာ ကလေးဒေသရှိ ချင်းလူမျိုးများအဓိကအားထားနေရသော ဆည်ကြီး တံတား နှင့် နတ်တခါးတံတားများကို သံကူကွန်ကရစ်တံတားများဖြင့် တည်ဆောက်ရန်၊ ဒိုးဝမ်းချောင်းကျေးရွာမှ ရာဇဂြိုလ်ရွာ လမ်းအကြား လမ်းမကြီးအား ကတ္တရာခင်းရန် နှင့် လမ်းပေါ်ရှိဆက်စပ်တံတားများပြုပြင်ရန်၊ စက္ကန့်ကျေးရွာ နှင့် ရှားတောကျေး ရွာဆက်လမ်အား ကတ္တရာခင်းရန်၊ နမ့်မြောင်ချောင်းရေကျော်၊ မှန်လုံချောင်းရေကျော် နှင့် ဇီးချောင်း ရေကျော်တို့အား သံကူကွန်…
ဆလိုင်းမျိုးချစ် (ကန်ပက်လက်) – အစိုးရသက်တမ်းသစ်သည် ၁ နှစ်ဘက် နီးကပ်လာနေပီဖြစ်သည်။ ချင်းပြည်နယ်အစိုးရ အနေဖြင့် ပြည်သူလူထု အတွက်များစွာကြိုးစားသည်ဟုသိရသည့်အတွက် များစွာကြိုဆိုပါသည်။ ချင်းပြည်နယ် မြို့ အသီးသီး သို့ ခြေဆန့်ခရီးပြုလေ့လာကြသည်ဟုလည်းသိရသည့်အတွက် ဂုဏ်ယူမိပါသည်။ မိမိသည် ပြည်သူတစ်ဦး အနေ ဖြင့်သော် လည်းကောင်း ၊ မဲဆန္ဒရှင်တစ်ဦးအနေဖြင့်သော်လည်းကောင်း ၊ ပြည်သူ့ခံစားချက်အမှန် ကိုဒေ သခံ ပြည်သူ တစ်ဦးအနေဖြင့် ကန်ပက်လက်မြို့နယ်အခြေနေကို အခြေပြုလျက် အကျဉ်းဖော်ပြလိုပါသည်။ မိမိသည် ထိုအချက်များကို သက်ဆိုင်သူများ ၊ မြို့နယ်ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ နှင့် ချင်းပြည်နယ်အစိုးရ ၏လုပ်ဆောင်ချက်များကို ယနေအထိနား စွင့်စောင့်ကြည့်ပြီး မည်သူမျှပြည်သူလူထုအတွက် အမှန်တကယ်ဖော် ပြထောက်ပြမှုမရှိသည့်အတွက် ဤသို့ထောက်ပြ ရခြင်းဖြစ်သည်။ ၁။ ယခင်အစိုးရကာလအတွင်း မပြီးမြောက်သည့် စီမံကိန်းများအတွက်အစိုးရသစ်မှာ ဖြေရှင်းရန်။ လက်ရှိချင်းပြည်အစိုးရသည် ခက်ခဲသည့်အခြေနေမှ အစပြုရသည်မှာ နားလည်ပါသည်။ ယခင်အစိုးရကာ လတွင် မပြီးမြောက် သည့်စီမံကိန်းအရှုပ်အထွေးများစွာ ကျန်ရှိသည်မှာ မှန်သော်လည်း အခက်အခဲ အကျပ်အ တည်းများ ကို ကျော်တက်သွား ရမည့်ကိစ္စတော့ဖြင့်မဟုတ်ပေ။ အကောင်းဆုံး ပြည်သူ နစ်နာမှု အနည်းဆုံး လမ်းကြောင်း မှ ဖြေရှင်းရေးသည်သာ အစိုးရ၏တာဝန်ဟု မိမိနားလည်ပါသည်။ မိမိလက်လှမ်းမီသည့် စီမံကိန်း (၂)ခု အကြောင်း အကျဉ်းဖော်ပြမည်။ (က) ခါရိုင်းကျေးရွာ အထက်တန်းကျောင်း ဆောက်လုပ်ခြင်း ၊ ခါရိုင်းကျောင်းကို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးသည်မှာ သုံးနှစ်လေး နှစ်ခန့်ရှိပြီဖြစ်သော် လည်း ယနေ့ထိ အထက် တန်းကျောင်းမရှိချေ။ အထက် တန်းကျောင်းခွဲချပေးသည့်…
CL ထန်းငါ – ချင်းပြည်နယ် ဖလမ်းမြို့နယ် Thipcang ကျေးရွာ တွင်းတစ်နေရာတွင် ရွှေဟုယူဆရသည့် အရောင်လစ် လက်နေသော ကျောက် တစ်မျိုး တွေ့ရှိမှုသည် ယခုရက်ပိုင်းအတွင်း လူအများစိတ်ဝင်စားသည့် အကြောင်းအရာတစ်ခုဖြစ်နေသည်။ ဇောင်သဲကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည် တော်အခြေစိုက် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ကျွမ်းကျင်သူ ၃ ဦးတို့သည် အဆိုပါဒေသကို သွားရောက်ကြည့် ရှူစစ်ဆေးခဲ့ကြသည်။ အဆိုပါကျောက်များသည် မည့်သည့်ကျောက်အမျိုးအစားဖြစ်သည်ကိုမူ အတိအကျမသိရသေးသော်လည်း ကျွမ်းကျင် သူများ၏ ပြောဆိုချက်များအရ အဖိုးတန်ကျောက်တစ်မျိုးဖြစ်နိုင်သည်ဟု ဘူမိဗေဒအဖွဲ့နှင့် လိုက်ပါ သူ Thipcang ကျေးရွာနေ ဦးဗန်ကျဲအိုထန်ကပြောသည်။ “ကျနော်ကတော့ နားမလည်ဘူး၊ သူတို့ဂရုတစိုက်နဲ့ ကြည့်ရှူလေ့လာပုံအရဆိုရင် ကျောက်တစ်မျိုးမျိုးတော့ ဖြစ်နိုင်တယ်၊ သူတို့ပြောပုံ အရဆိုရင် နမူနာကိုယူသွားပြီး ဟိုမှာ ပြန်စစ်ဆေးပြီးမှဘဲ အဖြေသိနိုင်မယ်လို့ပြောပါတယ်’’ ဟု ၎င်းကပြောသည်။ Thipcang Youth Group ၏ Facebook စာမျက်နှာတွင်ဖော်ပြချက်အရ အဆိုပါတွေ့ရှိသည့် ကျောက်များသည် ပုံမှန်ကျောက်ထက် တမျိုးထူးခြားကြောင်း၊ မှန်ဘီလူးများဖြင့် ကြည့်ရှူ သူများကလည်း ရွှေဖြစ်နိုင်ကြောင်းပြောဆိုကြသည်ဟု လိုက်ပါသူတစ်ဦးဖြစ်သည့် ဧ၀ံဂေလိဆရာ Rev. Lal Thawm Lian ကပြောသည်။ အဆိုပါဒေသတ၀ိုက်တွင် ယခုကဲ့သို့ ပုံမှန်ထက်ထူးခြားသော ကျောက်များထွက်ရှိသည်ဆိုသတင်းသည် ယခုမှထွက်ပေါ်လာခြင်း မဟုတ်ဘဲ ရှေးယခင်ကတည်းကလည်း ပြောဆိုမှုများရှိခဲ့သည်ဟုသိရသည်။ “ကျနော်တို့ရွာက ရေတွင်းနေရာတ၀ိုက်ပြုပြင်တဲ့အချိန်တုန်းကလည်း ထူးခြားတဲ့ကျောက်တွေကိုတွေ့ရတယ်၊ လက်သီးလောက်ရှိမှာ၊ အရောင်ကလည်း လက်နေတာ၊ အဲဒီကျောက်ကို အမဲလိုက်တဲ့ အဖိုးကြီးတစ်ယောက်က ကျပ် ၁၀၀၀…
အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တွင် ကားကြီးဝင်းတည်ဆောက်နိုင်ရေး အတွက် မြို့စီမံခန့်ခွဲရေးကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက် လျက်ရှိကြသည်ဟုသိရသည်။ အဆိုပါကားကြီးဝင်းကို တီတိန်းမြို့ဘက်မှ ရိခေါဒါရ်မြို့အ၀င်တွင် ထားရှိမည်ဖြစ်ပြီး မြေနေရာအတွက် ဦးမွဲသဲ ( Mawitea Fanai)မှ မြေကွက် ခန့်မှန်း ၂၀၀×၁၀၀ ပေခန့်အား လှူဒါန်းသည်ဟု ရိခေါဒါရ် ပြန်ဆက်ရုံး အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ကားကြီးဝင်း နေရာ အတွက် မြေနေရာခုတ်ထွင်ရှင်းလင်းခြင်း၊ မြေညှိခြင်း များဆောက်ရွက်ခဲ့ကြ သည်ဟုသိရသည်။ ရိခေါဒါရ်မြို့သည် အိန္ဒိယ-မြန်မာကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ဖြစ်သော် လည်း ယနေ့ချိန်ထိ ကားကြီးဝင်းသီးသန့်မရှိသည့် အတွက် ခရီးသည်တင် နှင့် ကုန်တင်ကားများသည် မြို့တွင်း၌ဂိတ်ထိုးနေ ရသောကြောင့် မြို့တွင်းကားဝင်ထွက်ရှုပ်ထွေး မှုပြသနာ ကြုံတွေ့ နေကြရသလို ကုန်တင်ကုန်ချလုပ်ငန်းပိုင်းတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေ ခဲ့ကြခြင်းဖြစ်သည်။
ချင်းအရပ်ဖက်လူမှုအဖွဲ့ အစည်းများကွန်ယက် (Chin Civil Society Network (CCSN) မှ ကိုယ်စားလှယ် ၁၈ ဦးတို့သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသ ချင်းမျိုးနွယ်စုများနေထိုင်သော မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေကြပြီး ဒေသတွင်း အခြေ အနေများကို လေ့လာနေကြသည်ဟုသိရသည်။ ချင်းအမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၈ ဦးပါဝင်သော (CCSN) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့က ပြည်နယ်၏မြို့ အိုင်ဇောလ်သို့ ရောက်ရှိခဲ့ကြပြီး ဒေသတွင်းအခြေစိုက် သြဇာကြီးမားသော အသင်းအဖွဲ့များနှင့်တွေ့ဆုံ ခဲ့ကြသည်။ ယခုခရီးစဉ်သည် ရှည်လျားသည့်သမိုင်းကြောင်းအရ မျိုးနွယ်စုတူ၊ သွေးချင်းညီအကို မီဇိုးလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ပြည်နယ် မီဇိုရမ်ပြည်နယ်၏ အုပ်ချူပ်ရေး၊ ပညာရေး၊ လူနေမှု၊ မြို့ပြနှင့် ကျေးလက်ဒေသများရှိ စီမံအုပ်ချူပ်ပုံစနစ်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို လေ့လာသုသေသနပြုသည့်ခရီးစဉ်ဖြစ်သည်ဟု ချင်းကိုယ်စားလှယ်များ ကပြောသည်။ ချင်းကိုယ်စားလှယ်များသည် မီဇိုရမ်ပြည်နယ် Governor Lt.Gen.Nirbhay Sharma နှင့်လည်း နိုဝင်ဘာ ၁၆ ရက်နေ့က တွေ့ ဆုံခဲ့ကြပြီး ယခုကဲ့သို့ ချင်းလူငယ်များမှ မီဇိုရမ်ပြည်နယ်ကို လာရောက်လေ့လာသည့်အတွက် ၀မ်းသာကြိုဆိုကြောင်း Governor ကပြောဆိုခဲ့သည်ဟုသိရသည်။ “အိန္ဒိယ-မြန်မာနယ်စပ်ဟာ ငြိမ်းချမ်းတဲ့နယ်စပ်ဒေသဖြစ်သလို နှစ်နိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးအချင်းချင်း ပို၍ ချစ်ကြည် ရင်းနှီးပြီး လွတ်လပ်စွာ သွားလာခွင့်ရှိတယ်၊ ဒါဟာ နှစ်နိုင်ငံအတွက် ပိုပြီး အကျိုးရှိလာဖို့ မျော်လင့်တယ်” ဟု Governor ကပြောသည်။ ချင်းကိုယ်စားလှယ်များသည် ယခုခရီးစဉ်တွင် Central Young Mizo Association (CYMA), အမျိုးသမီးအဖွဲ့ (MHIP)…
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် သဘာဝဘေးဒဏ်ပြန်လည် ထူထောင်ရေးအတွက် လူမှု ကယ် ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ထောက်ပံ့ပေးသော ငွေကြေးများ အလွဲသုံးစား မှုရှိနေသည်ဟု သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က မြေပြိုမှုဒဏ်ခံခဲ့ရသည့် မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၁၁) အုံအုပ်စု ချိုင်ကျေးရွာအား ပြောင်းရွှေ့ရန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ငွေကြေးထောက်ပံ့ ခဲ့သော်လည်း ဒေသခံများအား အပြည့်အ၀မခံစားစေဘဲ အုံအုပ်စုအုပ်ချူပ်ရေးမှူးအဖွဲ့က အလွဲသုံးစားလုပ်နေ သည်ဟု မင်းတပ်မြို့ ချင်းဒီမိုကရက်တစ် ပါတီ လူငယ်တာဝန်ခံ ကိုဂေအွမ်ကပြောသည်။ မင်းတပ်မြို့မှ ၃၇ မိုင်ခန့်အကွာ အိမ်ခြေ ၅၄ ရှိသည့် ချိုင်ကျေးရွာသားများကို ကျေးရွာသစ်သို့ပြောင်းရွှေ့ရန် အတွက် အုံအုပ်စုအုပ်ချူပ်ရေးမှူးအဖွဲ့က ယခုနှစ်လယ်ပိုင်းက ပထမရစ်အဖြစ် တစ်အိမ်လျင် (ကျပ် ၁၀၀၀၀) နှုန်းဖြင့် ထုတ်ပေးကာ သို့သော်လည်း ဒေသခံများကို (ကျပ် ၂၀၀၀၀) လက်ခံကြောင်း လက်မှတ်ရေးထိုးစေခဲ့ သည်ဟု ကိုဂေအွမ်ကဆက် ပြောသည်။ ဒုတိယအရစ်ငွေထုတ်ပေးသည့်အချိန်တွင် တစ်အိမ်လျင်(ကျပ် ၃သိန်း)စီထုတ်ပေးရန်ဖြစ်သော်လည်း ၆ အိမ်ခြေကို (၂ သိန်း)စီ၊ ကျန်အိမ်ခြေများကို (၂၄၂၀၀၀)နှုန်းဖြင့် ထုတ်ပေးကာ ငွေထုတ်ပေးရမည့်စာရင်း တွင်မပါရှိသူ ၂ ဦးကိုလည်း (၂၄၂၀၀၀) စီထုတ်ပေးသည်ဟု ၎င်းကဆက်ပြောသည်။ မင်းတပ်မြို့ပြည်နယ်လွှတ်တော်အမတ် ဦးထိတ်ထန်းသည် နိုဝင်ဘာ ၁၄ ရက်နေ့က ချိုင်ကျေးရွာသို့ သွားရောက်ကာ ယင်း ကိစ္စနှင့်ပတ်သက်ပြီးဖြေရှင်းပေးခြင်းမရှိဘဲ ဒေသခံများအနေဖြင့်တိုင်တောခြင်း များမပြုလုပ်ကြရန်သာ မှာကြားသွား သည်ဟု သိရသည်။ ချိုင်ကျေးရွာသားများသည် ယခုအခါ ၎င်းတို့ကျေးရွာမှ ၃…
