ပည်ထောင်စုရွေးကောက်ပွဲ ကော်မီရှင်မှ မြန်မာနိုင်ငံတွင် ဇိုမီးလူမျိုးများမရှိဟုဆိုကာ ဇိုမီးအမျိုးသား ကွန်ကရက် (ZNC) ပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်လျှောက် ထားချက်ကို ပယ်ချခဲ့ပြီး အခြား သော အမည်နာမ တခုခုဖြင့် ပြန်လည် လျှောက်ထားရန် အကြောင်းကြား ထားသော်လည်း ယနေ့တွင် ZNC အမည်ဖြင့်သာ ပါတီတည်ထောင်ခွင့်ပြုရန် ပြန်လည် လျှောက်ထားလိုက်သည်ဟုသိရသည်။
Author: Editor
ချင်းပြည်နယ် ပလက်ဝမြို့ ပေါ်တွင် Arakan Libration Party (ALP) ဆက်ဆံရေး ရုံးထားရှိရေး ကို ပြည်ပရောက် ခူမီးမျိုးနွယ်စုများမှ ကန့် ကွက်ကြောင်း ၂၆ ရက်နေ့က ကျင်းပပြုလုပ်သည့် Seminar on setting Liaison office (ALP) in Paletwa တွင်ထုတ်ဖေါ်ခဲ့ ကြသည်။
ချင်းအမျိုးသားပါတီမှ ထန်တလန်မြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူး လာလ်းမောင်းကျုံးသည် မကြာခင် အမေရိကသို့သွားရောက်ပြီး ချင်းပြည်သူများနှင့် သွားရောက် ဆွေးနွေးမည်ဟု သတင်းရရှိသည်။ “အဓိက က ပြည်နယ်အတွက် ဘာတွေလုပ်ရမယ် ချင်းပြည်သူအတွက် ဘာတွေလုပ်သင့်သလဲ ဆိုတာတွေ ချင်းပြည် သူတွေ၊ ချင်းလူမှုအဖွဲ့အစည်းတွေနဲ့ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟု ပြောသည်။ ပူးလာလ်မောင်းကျုံးသည် ပြီးခဲ့သည့် နှစ်က အမေရိက သို့သွားရောက်ပြီး ချင်းပြည်သူလူထုတချို့နှင့် သွားရောက် တွေ့ ဆုံပြီးဖြစ်သည်။ “ ကျတော်အခု ဗီဇာလျှောက်နေတာပါ၊ တကယ်လို့ အမေရိကရောက်ယင် ကိုယ့်ပါတီအတွက် ရှေ့ဆက်သွားရမယ့် ကိစ
ဂျပန်နိုင်ငံရောက် မြန်မာများ ဖွဲ့စည်းထားသော အညတရ သူရဲကောင်းဆု ကော်မတီက တတိယကြိမ်အဖြစ် ရွေးချယ် လိုက်သည့် အညတရ သူရဲကောင်း ဆုရှင် ၅ ဦးတွင် ချင်းအမျိုးသား ကိုအင်ထော်နီ လည်းပါဝင်ကြောင်းသိရသည်။
ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား ပထမအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ငြိမ်း ချမ်းရေးဆွေးနွေးမှု အပါအ၀င် ချင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် ပါတ်သက်ပြီး ချင်းအမျိုးသား တပ်ဦးငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဆွေခါးရ်အား ခိုနုမ်း ထုန်သတင်း သတင်းဌာနမှ မေးမြန်းဖြေကြားချက်များကို ဖော်ပြအပ်ပါသည်။
May 22, 2012 by khonumthungburmese ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများထဲတွင် ဇိုမီး လူမျိုးပါဝင်ခြင်းမရှိဟု ပြောဆိုခဲ့ခြင်းကြောင့် သြစတေးလျ၊ မလေးရှား နှင့် ထိုင်းနိုင်ငံရောက် ဇိုမီးမျိုးနွယ်စုများက သက်ဆိုင်ရာ နိုင်ငံရှိမြန်မာ့သံရုံးများတွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြုစုထားသော လူမျိုး ၁၃၅ မျိုးထဲတွင် ဇိုမီးလူမျိုး မပါဝင်ဟု ဆိုပြီး ဇိုးမီးအမျိုးသားကွန်ကရက်ပါတီ(ZNC) အမည်ဖြင့် နိုင်ငံရေးတည် ထောင်ခွင့်လျှောက် ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မကြာသေးခင်ရက်ပိုင်းအတွင်း ပယ်ချခဲ့သည်။
May 22, 2012 by khonumthungburmese ၂၀၁၂ ခု နှစ်ဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ဗမာ ဗုဒ္ဒဘာသာဝင်များ၏ အလောင်းမီး သဂြိင်္ုလ် စရိတ်မြင့်တက်သွားကြောင်း သိရသည်။ “ ကလေးမြို့ကနေ ဒိုးဝိုင်းချောင်းသုသာန်အထိ အလောင်းသယ်ဆောင်စရိတ် ကားတစီးစာ ကျပ်ငွေ ၅ သောင်း ပေးရတယ်။ အဲဒီ သုသာန်မှာ မီးသဂြိုလ် စရိတ်က ၄၅၀၀၀ ထပ်ပေးရတယ်” ဟု ကလေးမြို့ အောင်သစ္စာရပ် ကွက်တွင် နေထိုင်သူ အမျိုးသမီးတဦးကပြောသည်။
May 22, 2012 by khonumthungburmese ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်နှင့် ကျင်ဒွေးရွာသူ/သားတို့က ကန်ပက်လက် မြို့နယ် ကျင်ဒွေးရွာ၊ မုန်းချောင်းအနီးရှိလက်ဝါးကားတိုင် ဖျက်ဆီးမှုအတွက် ယခုလ ၁၅ ရက်နေ့က သက်ဆိုင်ရာ ခရစ်ယာန်ဘာ သာဝင်များ အား တောင်းပန်ကြောင်း သတင်းရရှိသည်။
May 19, 2012 by khonumthungburmese Current Situation of Democracy in Burma ဟုအမည်ပေးထားသော လက်ရှိမြန်မာ့ဒီမိုကရေစီရေး အခြေအနေ သတင်းစာရှင်းလင်းပွဲကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Press Club တွင် ချင်း နှင့် မီဇိုး အဖွဲအစည်း ၃ ခုတို့မှ ယမန့် နေ့က ကျင်းပပြု လုပ်ခဲ့ကြသည်။
May 17, 2012 by khonumthungburmese ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇိုမီးအမျိုးသားကွန်ကရက်ပါတီ(ZNC) ၏ ပါတီအမည် နာမကို လက်မခံသော ကြောင့် ယခုချိန်ထိ နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ခွင့် မရသေး ကြောင်း သိရသည်။ ZNC ပါတီသည် ယခုနှစ် မတ်လ ၈ ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ZNC အစား အခြား သော ပါတီနာမည်တခုခုဖြင့် အစားထိုးရန် မကြာ သေးခင်ရက် ပိုင်းက အကြောင်းကြားလာခဲ့သည်ဟု ZNC ဥက္ကဌ ပူးကျင့်ရှင်းထန်က ပြောသည်။