Author: Editor

ဗုဒ္ဓဟူးနေ့ က လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် ချင်းအမျိုး သားတပ်မတော်မှ ဗိုလ်သင်တန်း တက်ရောက်သူ နှစ်ဦးတို့ အတွက် ဆုတောင်းပွဲ တစ်ရပ် ကို ယနေ့ မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့ကြသည်။

Read More

ချင်းပြည်နယ် ကန်ပက်လက်မြို့အနီး နတ်မတောင်အမျိုးသားဥယာဉ်တွင် ပတ်ဝန်း ကျင် နှင့် သားငှက် ညွန်ကြား ရေးမှူး ဦးဝင်းနိုင်သော် မှ အဓိက ပိုင်ဆိုင်သော နိုင်ငံ တကာ အဆင့်မှီ ဟိုတယ်ကြီးတခု မကြာခင်ဖွင့်လှစ်မည်ဟု သိရသည်။

Read More

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်၏မြို့တော် အင်ဖားတွင် ကျင်းပမည့် Sangai ရိုးရာပွဲတော်သို့ ချင်းပြည်နယ် အစိုးရအဖွဲ့ တက်ရောက်မည်ဟုသိရသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၄ ရက် ကြာကျင်းပမည် Sangai ရိုးရာပွဲတော်သို့ တက်ရောက်ရန် မဏိပူရ် ပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ ချင်းပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးချူပ် ဦးဟုန်းငိုင်၊ လူမှုရေး ၀န်ကြီး ဒေါက်တာ ဘမောင်၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်း၊ လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးကျင့်လျန်းပေါင်၊ ယဉ်ကျေးမှုအကအဖွဲ့ နှင့် တာဝန်ရှိသူ အပါအ၀င် အဖွဲ့ဝင်ပေါင်း ၄၅ ဦး တက်ရောက်ကြ မည်ဟု ဒေါက်တာ ဘမောင်က ပြောဆိုကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင်ဖော်ပြထားသည်။ ၀န်ကြီးချူပ်ဦးဟုန်းငိုင် ဦးဆောင်သော ချင်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များသည် အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်း တမူး-မိုးရေး ကားလမ်းမှတဆင့် အင်ဖားမြို့သို့ သွားရောက်ကြ မည်ဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်ဖားမြို့သို့ ရောက်ရှိကြမည်ဟု မဏိပူရ်ပြည်နယ် အခြေစိုက် Sangai အွန်လိုင်း သတင်းစာတွင် ဖော်ပြ ထားသည်။ မဏိပူရ်ပြည်နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော Sangai ရိုးရာပွဲတော်သို့ တက်ရောက်ရန် ချင်းပြည်နယ် အစိုးရသည် မဏိပူရ်အစိုးရမှ ပထမဆုံးအကြိမ် ဖိတ်ကြားခြင်း လည်းဖြစ်သည်။ ယင်းရိုးရာပွဲတော်သို့ အိန္ဒိယဗဟို အစိုးရပြည်ထဲရေးဝန်ကြီး အပါအ၀င်၊ တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန် နှင့် သြစတြေးလျားနိုင်ငံများမှ…

Read More

(CNA တပ်ကြပ် Biak Tin Lian နှင့် တပ်ကြပ် Ram nghak) အစိုးရတပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် သေဆုံးခဲ့ကြသည့် ကချင်ဗိုလ်လောင်း ၂၃ ထဲတွင် ချင်းအမျိုးသား တပ်မတော် CNA မှ ဗိုလ်လောင်း ၂ ဦးလည်းပါဝင်သည်ဟုသိရသည်။

Read More

အသက် (၉၀) ရှိပြီဖြစ်သည့် မြန်မာ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး၏ ဖခင် ဦး လှဒင် သည် ကနေဒါနိုင်ငံ Vancouver မြို့  သူ့ ၏ နေအိမ်၌ ယနေ့  ၁၀း၀၀ နာရီတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဦး လှဒင်သည် လွန်ခဲ့သည့် (၃)လ ခန့် က ကင်ဆာရောဂါဖြင့် ဆရာဝန်များက ဆေးကုသမှု ပြုလုပ်ခဲ့သော် လည်း ကျမ်းမာရေး အခြေအနေ မသက်သာနိုင်သည့်အတွက် သူ့ ၏နေအိမ်တွင်သာ ဆေးကုသမှု ပြုလုပ် နေစဉ် ကွယ်လွန်ခြင်းဖြစ်ကြောင်း ကနေဒါရောက် ဆလိုင်း ခါရ်မန်းက အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။ ဆလိုင်း တင်မောင်ဦး ဖခင်၏ အလောင်းကို ယခုလ ကုန်ပိုင်းတွင် င်္သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။ ချင်းအမျိုးသား ဦး လှဒင်နှင့် ဒေါ်နှင်းမြိုင်တို့ သည် သားသမီးရှစ်ဦး ထွန်းကားသည့်အနက် သားကြီး ဆလိုင်း တင်မောင်ဦးသည် စစ်အစိုးရက ၁၉၇၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့  အင်းစိန်ထောင်၌ လှို့ ဝှက်စွာ ကြိုး ပေး ကွပ်မျက်ခဲ့သည့် ပထမဦးဆုံးသော ကျောင်းသားခေါင်းဆောင်ဖြစ်သည်။ ၂၀၁၄ခုနှစ် ဇွန်လ (၂၂) ရက်နေ့ တွင် ဆလိုင်း တင်မောင်ဦး ကျဆုံးခဲ့ခြင်း (၃၈) နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် ဆန္ဒပြပွဲတစ်ရပ်ကို တောင်ကိုရီး ယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဆိုးလ်မြို့ရှိ…

Read More

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ နယ် ဘုံတလာရေတံခွန် သွားရောက်နိုင် ရန် ဆောက်လုပ်ခဲ့သည့် ကတ္တရာ လမ်းအား လုံးဝနီးပါး ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။

Read More

ချင်းပြည်နယ်အတွင်း ချင်းလက်နက်ကိုင် CNF အဖွဲ့၏ ယာယီအခြေချနေထိုင်မှု နှင့် နှစ်ဖက်တပ်များ ခင်မင် ရင်းနှီးမှု ရရှိစေရန်အတွက် ချင်းအမျိုးသားတပ်မတော် အခြေစိုက်ရာ နယ်မြေသို့ မြန်မာ့တပ်မတော် သွားရောက် မည်ဟု သိရ သည်။ ဟားခါးမြို့အခြေစိုက် ခလရ(၂၇၄) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဦးလှိုင် ဦးစီးပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ ချင်းအမျိုးသား တပ်မတော် ယာယီအခြေစိုက်ရာ ထန်တလန် မြို့နယ်၊ ဗန်ဇန် တောင် ကြောသို့ စစ်ကြောင်းဖြင့် လှည့်လည်ကြမည်ဖြစ်သည်ဟု သိရသည်။ ” နိုဝင်ဘာလ ၉ ရက်နေ့က ချင်းပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးမှ တဆင့် အကြောင်းကြား စာပေးပို့လာတယ်၊ ဒီကိစ္စကို ကျတော်တို့ ဖက်က အကြောင်း မပြန်သေးပါ ” ဟု CNF ခေါင်း ဆောင် တစ်ဦးကပြောသည်။ မြန်မာ့တပ်မတော်စစ်ကြောင်းသည် ထန်တလန်မြို့နယ် လုံလဲရ် တပ်စခန်းမှ ချင်းအမျိုးသားတပ်ဦး၊ တပ်မတော် အခြေစိုက်ခွင့်ပြုရာ ဗန်ဇန် တောင်ကြောရှိ လုံဒိန်း၊ တလန်ပီး၊ တလန်လို၊ ဖာရောန်၊ ဗန်ဇန်း၊ ဆိုပုမ်း၊ ဆိမှု ကျေးရွာ အသီးသီးသို့ ၇ ရက်ကြာ လှုပ်ရှားကြမည်ဖြစ်ပြီး နှစ်ဖက်တပ်များ ခင်မင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ် သည်ဟု သိရ သည်။ CNF နဲ့ အစိုးရ အကြား ပထမအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးသ ဘောတူညီချက်…

Read More

(ကလေးခရိုင်မှ တောင်သူဦးကြီးများ သတိထား) စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ နယ် ကံကြီးကျေးရွာ အုပ်စုအတွင်း ဦးပိုင်ပေါက်ပုံစံ (၇၊၁၀၅) လက်ဝယ် ပိုင်ဆိုင်သော တောင်သူ (၃)ဦး၏ လယ်ယာမြေ (၅၇) ဧကအား လူတစ်စုနှင့် ကလေးခရိုင်မှ ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်းလျက် ကျုးကျော်မှု ဖြစ်ပွား ခဲ့သည်ကို အလွတ်သတင်း ယူနေသော ကျွန်တော် ဆလိုင်း ဗျက်ကျဲအိုမှ တင်ပြပါမည်။ ဖြစ်စဉ်မှာ- ၁။ ကလေးမြို့ နယ်၊ ကံကြီးကျေးရွာ အုပ်စုအတွင်း ဦးတီာလ်ကပ်ကျုံး၊ ဦး ဗန်ဘွေလျန်နှင့် ဦးထီးရံကျဲအိုတို့  တောင်သူ (၃) ဦးပိုင် လယ်မြေ (၅၇)ဧကသည် လယ်ယာမြေပုံစံ (၇၊၁၀၅) လက်ဝယ်ပိုင်ဆိုင်ပြီး အစဉ်အဆက် လုပ်ကိုင်နေသော မိုးကောင်း လယ်မြေဖြစ်ပါသည်။ ထိုသို့  တရားဝင်ပိုင်ဆိုင်သော လယ်ယာမြေကို ကံကြီးကျေးရွာနေ ဦးအောင်နီနှင့် လူတစ်စုက ပူးပေါင်းပြီး ကျုးကျော်ခဲ့ရာ မြို့ နယ်လယ်/စီကော်မတီမှ ကွင်းဆင်းပြီး ကနဦးပိုင် တောင်သူ (၃) ဦး၏ ပိုင်ဆိုင်မှုသည် အမှန် ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။ ၂။ သို့ သော်လည်း ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ထူးမှ (၁၉.၅.၂၀၁၄) ရက်နေ့  မြို့ တော်ခန်းမတွင် ကံကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအား အတင်းအဓမ္မလက်မှတ် ထိုးခိုင်းပြီး ဌာနဆိုင်ရာများ ရှေ့ မှောက်တွင် ပုံစံ (၇၊၁၀၅) တွေ နားမလည်ဘူး ဟုဆိုကာ ကနဦး…

Read More

ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာနှင့် ကြိုတင် ညှိနှိုင်းခြင်းမရှိဘဲ ချင်းပြည်နယ် အတွင်း ကန့်သတ်နယ်မြေကို ကျော်လွန်၍ လက်နက် ကိုင်ဆောင်သွားလာခြင်းမပြုလုပ်ရန် ချင်းပြည်နယ် အစိုးရက CNF ထံ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ က သတိပေး ပြောဆိုလိုက်သည်။

Read More

မကြာခင် ကျင်းပတော့မည့် အမေရိကန်ပြည်ထောင်စု ကြားဖြတ်ရွေးကောက် ပွဲလေ့လာရန် International Canter for Journalists (ICFJ) နှင့် မြန်မာနိုင်ငံ အမေရိကန်သံရုံးတို့မှ စေလွှတ်သော မြန်မာသတင်းသမား (၁၅) ဦးတို့ နဲ့ ICF မှ Program Director တို့ အောက်တိုဘာ နောက်ဆုံးပါတ်တွင် အမေရိကန်နိုင်ငံ သို့ရောက်ရှိကြသည်ဟု သိရသည်။

Read More