မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အချိန်အတော်ကြာ စုံစမ်းရှာဖွေခဲ့သော ဘိန်းဖြူအဓိက ရောင်းချဖြန့်ဝေသူ ချင်းအမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိပြီဟုသိရသည်။
Author: Editor
သဘာဝဘေးဒဏ်ပြင်းပြင်းထန်ထန်ခံစားခဲ့ရသော ဟားခါးမြို့နှင့် အနီးတဝိုက်ရှိ ချင်းပြည်သူများ ပြန်လည်ထူထောင် ရေး အတွက် မီဇိုရမ်ပြည်နယ် Central Young Mizo Association (CYMA) မှ မြန်မာကျပ်ငွေ သိန်း ၅၀၀ ကျော် ကူညီထောက် ပံ့ခဲ့သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆိုင်ခန်းပေါင်း ၃၈ ခန်းမီးလောင်ကျွမ်းခဲ့သော မင်းတပ်မြို့ စည်ပင်ဈေး၏ ဆုံးရှူံးမှုပမာဏမှာ ကျပ်ငွေ သိန်း ၇၀ ကျော်ရှိသည်ဟု မင်းတပ်မြို့အုပ်ချူပ်ရေးမှူး ဦးငွေဒိုးကပြောသည်။
ချင်းအမျိုးသားတပ်ဦး CNF က လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး လူထုတွေ့ဆုံဆွေးနွေးပွဲတရပ်ကို စစ်ကိုင်တိုင်းဒေသကြီး ကလေးမြို့နယ် တာဟန်းရပ်ကွက် Methodist ဘုရားကျောင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်အတွင်း တရားဝင်ရုံးပိတ်ရက်အဖြစ် ပြန်လည်သတ်မှတ် ပေးရန် ချင်းအမျိုးသားတပ်ဦး CNF ကတောင်းဆိုလိုက်သည်။
ရက္ခိုင့်တပ်မတော် (AA) အနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် ချင်းအမျိုးသား တပ်ဦး CNF က တောင်းဆိုလိုက်သည်။
ချင်းပြည်နယ်၏ ၀န်ကြီးချူပ်ဖြစ် လာမည် ဟု လူအများက ခန့်မှန်း ထားကြသော ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွဲ့သည် ပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပသော ဒုတိယ အကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ခန့်အပ်အတည်ပြုလိုက်ပြီဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဖေဖော်ဝါရီလမကုန်ခင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးနိုင်တော့ မည်ဟု သိရသည်။
အိန္ဒိယနိုင်ငံဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမ၀င်သယ်ဆောင်လာသော (Gold Biscuits) ခေါ် ရွှေပြား ၃၅ ခုကို ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်နယ်စပ်မြို့ ကျန်ဖိုင်းတွင် ဒေသခံအာဏာပိုင်များမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းမိခဲ့သည်။
မီဇိုရမ်ပြည်နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဝန်ကြီး ပူးLal Thanzara က Zofate ဇို(ချင်း) မျိုးနွယ်စုများကို မည်သည့်နယ်နိမိတ်ကမှ ပိုင်ခြားခွင့် မရှိဟု ၁၂၄ နှစ်မြောက် Chin-Lushai Conference နှစ်ပတ်လည်အခမ်းအနား တွင် ပြောဆိုခဲ့သည်။
