အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် တရားမ၀င် လာရောက်နေထိုင်မှုဖြင့် မြန်မာနိုင်ငံမှ ချင်းလူမျိုး ၉ ဦးကို Sairang ရဲစခန်းမှ တာဝန်ရှိ ရဲများက ယခုလ ၈ ရက်နေ့က ဖမ်းဆီးထောင်ချ လိုက်သည်ဟု သိရသည်။
Author: Editor
ပူးဇင်ကျုံးသည် ချင်းပြည်နယ်ဟားခါးမြို့နယ် ဇိုခွါးကျေးရွာမှ အဖ Pu Kiohlun, အမိ Pi Farcan တို့၏ သားသ မီးရတနာ ၆ ဦးအနက် တတိယမြောက် သားဖြစ်ပြီး သူမွေးဖွားရာဒေသမှာ ချင်းပြည်တောင်ပိုင်း မတူပီမြို့ဖြစ် သည်။
ချင်းပြည်နယ်ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အစိုးရက ကျပ်သန်းပေါင်း ၈၄၆၇၈ အသုံးပြု ပြီးကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက ယခု ကျင်းပနေသည့် ပထမ အကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ပြောကြား လိုက်သည်။
ကျမဟာ နယ်စပ်တီချောင်း ကနေ – ကလေးမြို့အကြားက ခရီးသွားပြည်သူတဦးပါ၊ ကျမနဲ့ အတူ တခြား ခရီး သွားပြည် သူတွေကို အာဏာပိုင်တွေက ခရီးသည် တဦး ကျပ်ငွေ ၁၀၀၀ စီကို ကောက်နေပါတယ်၊ လူခွန်လား၊ ခရီးသွား ခွန်လား၊ ဘီးခွန်လားတော့ မသိပါ၊ အဲဒီလို အာဏာပိုင်တွေလုပ်လာတာတော့ ကြာပါပြီ၊ တဖက် မီဇိုရမ်ကနေ အ၀င် တံတားဂိတ်ဝမှာ ဂိတ်ရှိတယ်၊ လ၀က နဲ့ ရဲတပ်ဖွဲ့တွေက ဂိတ်မှာထိုင်တယ်၊ လ၀က မှာ ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲက လ၀က နဲ့ ပြည်နယ် လ၀က ဆိုပြီး နှစ်ဖွဲ့ရှိတယ်၊ ရဲကတော့ ပြည်နယ်ကစေလွှတ်တာပေါ့၊ အဲဒီမှာ ခရီးသည်တဦးကို ပြည်နယ်လ၀က က ကျပ်ငွေ ၁၀၀၀၊ မြို့နယ်ခွဲ လ၀က က ကျပ်ငွေ ၁၀၀၀၊ ရဲတပ်ဖွဲ့က ကျပ်ငွေ ၁၀၀၀ ပေါင်း ကျပ်ငွေ ၃၀၀၀ ကောက်နေတာပါ၊ နိုင်ငံသားမှတ်ပုံတင် ပါရှိသူတွေရော မပါရှိသူတွေရော ကောက်တာဖြစ်တယ်၊ နယ်စပ် တီချောင်း – ကလေးမြို့အကြား မော်တော်ယဉ်လိုင်း (၆) ခုဟာ နေ့စဉ် ပြေးဆွဲနေပါတယ်၊ မော်တော် ယာဉ် တစီးမှာ ခရီးသည် ၁၀ ဦး နှုန်း စီးပါတယ်၊ ဆိုတော့ ခရီးသည် ၆၀ ဦးအတွက် အာဏာပိုင်သုံးဖွဲ့က ကျပ်ငွေ ၁၀၀၀ စီ စုစုပေါင်း ကျပ်ငွေ ၃၀၀၀ စီနဲ့ တွက်ကြည့်ယင်…
၈ လေးလုံး ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးသည် ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ မြန်မာနိုင်ငံတွင် ပြည်သူ လူထုတရပ်လုံးမှ လိုလားတောင့်တနေသည့် ဒီမိုကရေစီအခွင့်အရေးများမရရှိသေးကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ယနေ့ပြောဆိုလိုက်သည်။
သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် CNF က ချင်းပြည်နယ်ပြင်ပတွင် ဒေသအာဏာပိုင်များ ခွင့်ပြု ချက်မရှိပဲ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ၄င်းတို့အနေဖြင့် ဆက်ဆံရေး ရုံးဖွင့်လှစ်ထားသည့် ချင်းပြည်နယ်အတွင်း ၌သာ လှုပ်ရှားမှု ပြုလုပ်သင့်ကြောင်း စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ပူး နိုထန်ကပ်က နိုင်ငံတော် သမ္မတရုံး သို့ တင်ပြကန့်ကွက်ခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဟားခါး ခရိုင် ဌာနဆိုင်ရာ အရာရှိအသီးသီးက ပြည်သူလူထုထံ ၄င်းတို့၏ လုပ်ငန်း တာဝန်များနှင့် ပါတ်သက်ပြီး ရှင်းလင်း မှုပြုလုပ်ကြ သည်ဟု သိရသည်။ လုပ်ငန်းရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြပြီး မြို့မိမြို့ဖ၊ ဟားခါးမြို့နယ်မှ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုအသင်းအဖွဲ့မှ ခေါင်းဆောင် များ စုံလင်စွာ တက်ရောက်ကြကြောင်း သိရသည်။
မိုးရာသီအတွင်း ဖြစ်ပွားလေ့ရှိသည့် တုပ်ကွေးရောဂါကြောင့် ယခုတလော စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူ့ဆေးရုံ အထူးကု ဆေးခန်းတွင်လူနာ ကုတင် မဆန့်ဖြစ်နေကြောင်း သိရသည်။
ချင်းပြည်နယ်မတူပီမြို့ပေါ် စခန်းရုံးတာဝန်ကျရဲတွေက သူတို့ကိုယ်တိုင် ကိုင်တွယ် အရေးယူမှုမရှိပဲ ဆိုင်ကယ်ခိုးယူသူထံ ကျပ်ငွေ တသိန်းဆောင်ခိုင်းသည်ဟု သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ နှင့် ချင်းပြည်နယ်မြို့တော်အကြားပြေးဆွဲသည့် ခရီးသည့် ၂၆ ဦးခန့် စီးလာသည့် ရွှေခြင်္သေ့ ခရီးသည်တင် လိုင်းကားယခုလ ၁ ရက်နေ့ညနေ့ ၆း၀၀ နာရီခန့် က ဖလမ်းမြို့အနီးတွင် တိမ်းမှောက်ရာ ခရီးသည့် ၅ ဦး သေဆုံးကြောင်း သိရသည်။
