Alpha – Omeca Company က ဖောက်လုပ်နေသည့် ထန်တလန် – လုံလဲရ်ကားလမ်းသည် သတ်မှတ်ချက် ၂၄ ပေ မပြည့်မှီသည့်အပြင် အချိန်မှီ မပြီးစီးနိုင်သည့်အပေါ် ဒေသခံလူထု မကျေနပ်ကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရက လမ်းအကျယ် ၂၄ ပေ၊ လမ်းကွေ့ ၃၄ ပေဖြင့် ဖောက်လုပ်ရန် ၂၀၁၃ မှ ၂၀၁၄ ခုနှစ် မတ်လ အတွင်း အပြီးဖောက်လုပ်ရန် ချမှတ်ထားခြင်းဖြစ်ပြီး လမ်းအကျယ် ပေ ၂၀ ၊ လမ်းအကွေ့ ၂၄ ပေခန့် သာရှိကြောင်း The Hakha post က ရေးသားထားသည်။
Author: Editor
ယခုလ ဧပြီ ၁၅- ၁၇ အကြား မြို့တော်ဟားခါးတွင် ပထမဆုံးအကြိမ် ချင်းအမျိုးသမီး အဖွဲ့ချုပ် ကွန်ယက်က တွေ့ ဆုံပွဲ တရပ်ပြုလုပ်ကြသည်ဟု သိရသည်။ တွေ့ဆုံပွဲတွင် စာတမ်းရှင် အသီးသီး၏ အမျိုးသမီးနှင့် ဆင်းရဲမွဲတေမှု၊ အမျိုးသမီးနှင့် ငြိမ်းချမ်းရေး၊ အမျိုးသမီး အခွင့် အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာများကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ချ မှတ်ခဲ့ကြသည်ဟု သိရသည်။
ယခုလ ဧပြီလ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့  အထိသုံးရက်တာ ကျင်းပပြုလုပ်သည့် မတူ ဖိုရမ် အောင်မြင်စွာ ကျင်းပ ပြီးဆုံးခဲ့ကြောင်း သိရသည်။ ဖိုရမ်တွင် မတူမျိုးနွယ်စု စည်းလုံးညီညွှတ်မှု ပိုမိုအားကောင်းရေးနှင့် အနာဂတ်၊ မတူဓလေ့ထုံးတမ်းဥပဒေ၊ မြန်မာ့နိုင် ငံရေးနှင့် မတူအနာဂတ်၊ မတူအမျိုးသမီးအခွင့်အရေး၊ နိုင်ငံတောဘတ်ဂျက် ပွင့်လင်းမြင်သာမှုနှင့် သယံဇာတ အရင်း အမြစ်များတူးဖေါ်ရေး ပွင့်လင်းမြင်သာမှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေး၊ အနာဂတ် မတူစီးပွါး ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း၊ ကျေးလက်ဒေသ ဖွံ့  ဖြိုးတိုးတက်ရေး၊ မတူမျိုးနွယ်စုများ၏ အနာဂတ် ပညာရေး၊ မတူလူငယ်နှင့် အနာဂတ် စသည့် ကဏ္ဍအသီးသီးအတွက် ဘုံသဘောတူညီချက်များ ချမှတ်နိုင်ခဲ့ကြသည်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့က မီဇိုရမ်ပြည်နယ် Sangau ကျေးရွာမှ မြန်နာနိုင်ငံသို့ တင်ပို့မည့် ဆန် ၂၅ နဲ့အတူ ချင်းအမျိုးသမီးတဦးကို Young Lai Association (YLA) မှ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆန် အိတ်များကို မြန်မာနိုင်ငံ ချင်းပြည်နယ် Sialam ရွာရှိ Hlawnbawri မှ မီဇိုရမ်ပြည်နယ် Sangau ကျေးရွာမှ ဆန် ၂၅ အိတ် ဆန်တအိတ်ကို ရှုပီး ၇၀၀၊ ၉၀၀၊ ၁၀၀၀ နှုန်းစဖြင့် ၀ယ်ယူခဲ့တယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ် Serchhip မြို့နယ်အတွင်း လွှဲစွဲသည့်လုပ်ငန်းကို လုပ်ကိုင်နေကြသော မြန်မာနိုင်ငံမှ ချင်းလူမျိုး ၅ ဦးကို တရားမ၀င်နေထိုင်မှုဖြင့် Serchhip မီဇိုးလူငယ်အသင်း (YMA) မှ ဖမ်းဆီးခဲ့သည်ဟုသိရသည်။ ယခင်နှစ်များအတိုင်း Serchhip မီဇိုးလူငယ်အသင်းမှ လုပ်ဆောင်လာသော ဒေသတွင်းရှိ တရားမ၀င်နေထိုင်ကြသော နိုင်ငံခြားသားများ ရှာဖွေဖော်ထုတ်ခြင်းအစီစဉ်အရ ယမန်နေ့က serchhip မြို့နယ်အတွင်းရှိ Mat နှင့် Tuikum မြစ် ချောင်းတလျှောက်တွင် လိုက် လံရှာဖွေကြ ရာ တောထဲ၌ လွှဲစွဲနေကြသော ချင်းလူမျိုး ၅ ဦးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ၅ ဦးသည် မီဇိုရမ်ပြည်နယ်တွင် တရားဝင်နေထိုင်ခွင့်ပြုသော အထောက်အထားများမရှိကြသည့်အပြင် Serchhip မြို့နယ်ရှိ အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် လွှစွဲနေကြသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်သည်ဟု YMA တာဝန်ရှိသူများကပြောဆိုကြောင်း မီဇိုရမ် နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင်ဖော်ပြ ထားသည်။
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ရှိ မြန်မာလူမူရေးအသင်းမှကြီးမူးကျင်းပသော (၇) ကြိမ်မြောက် မြန်မာရိုးရာ အတာ သင်္ကြန်ပွဲတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟောပြောပွဲတခုကို ဧပြီလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။ ယင်းဟောပြောပွဲကို မီဇိုရမ်ပြည်နယ်ရှိ လူမူ အကျိုးဆောင် အဖွဲ့အစည်းဖြစ်သော Samaritan society of Mizoram မှ မူးယစ်ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူများမှ လာရောက်ဟောပြောခဲ့ကြခြင်းဖြစ်သည်။
ချင်းပြည်နယ် တောင်ပိုင်း မတူမျိုးနွယ်စုများနေထိုင်သည့် မတူပီမြို့ တွင် မတူဖိုရမ်တရပ်ကို ယနေ့ မှစ၍ ကျင်းပပြုလုပ် လျက်ရှိသည်။ ယနေ့ ဧပြီ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့ အထိ ကျင်းပမည့် ယင်းဖိုရမ်တွင် မတူမျိုးနွယ်စုများ၏ စည်းလုံးညီညွတ်မှု ပိုမို အားကောင်းလာစေရေးနှင့် အနာဂတ်လုပ်ငန်းချမှတ်နိုင်ရေး၊ အနာဂတ်ပညာရေး၊ သဘာဝ ပတ်ဝန်ကျင် ပြသနာနှင့် မတူမျိုးနွယ်စုများ၏ အနာဂတ်အရေး၊ အနာဂတ် စီးပွါးရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အမျိုးသမီးအခွင့်အရေး စသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြမည် ဖြစ်သည်။
မကြာသေးခင်က ကောက်ခံခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် သန်းခေါင် စာရင်းကောက်ခံ သူများ၏ လုပ်ရပ်များကြောင့် ဇိုမီးလူမျိုးများအတွင်း စိုးရိမ်မှုများရှိနေ သည်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီုမှ ပြောဆို လိုက်သည်။ သန်းခေါင်းစာရင်းကောက်ခံမှုတွင် ZCD ပါတီမှ လေ့လာတွေ့ရှိရသော ဇိုမီးလူမျိုးများအကြား စိုးရိမ်မကင်းဖြစ်ရသည့် အကြောင်းအရာ အချက်အလက်များကို ဧပြီလ ၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗဟိုသန်းခေါင်စာရင်းကော်မ ရှင်ရုံး ညွန်ကြားရေး မှူးထံ လိပ်မူ ကာ ရေး သားပေးပို့ထား သည်ဟု သိရည်။
ဇွန်လ မှ ပြန်လည် ဖွင့်လှစ်မည့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်အတွက် ချင်းပြည်နယ်တ၀ှမ်းလုံးမှ အဌမတန်းနှင့် စတုတ္တတန်းကျောင်းသားများထဲက ထူးချွန်သူ ၃၀ အား ပညာသင်စရိတ် ထောက်ပံ့မည်ဟု သိရသည်။ ချင်းပြည်နယ် (၉)မြို့နယ်မှ ကျောင်းသားများသည် အင်္ဂလိပ်စာ ဘာသာရပ်နှင့် အပြင်ဗဟုသုတ များကို မိမိတို့မြို့ နယ်အလိုက် ယှဉ်ပြိုင်စေပြီး အလယ်တန်းကျောင်းသား (၁၁)ဦး၊ မူလတန်းကျောင်းသား (၁၉)ဦး စုစုပေါင်း ၃၀ အား ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ချင်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသ (၄) ခုတွင် ယခင် ချင်းအမျိုးသားပါတီ ခေါ် ချင်းအ မျိုးသားဒီမိုကရက်တစ်ပါတီကော်မီတီ (၄)ခုကို ယခုလ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ကြသည်ဟု သတင်းရရှိသည်။ ရခိုင်ပြည်နယ်အတွင်း ချင်းတိုင်းရင်းသားများ အဓိက နေထိုင်သည့် မြေပုံ၊ မင်းပြား၊ အန်း၊ တောင်ကုတ် စသည့် မြို့ (၄) မြို့တွင် မြို့နယ်အဆင့် ကော်မီတီများကို ဖွဲ့ စည်းကြခြင်းဖြစ်ကြောင်း ကော်မီတီအပြင် သက်ဆိုင်ရာ ရုံးများ ကိုလည်း တပါတည်း ဖွင့်လှစ်ကြကြောင်း သိရသည်။
