စစ်တပ်က ရိုးရာကောက်သစ်စားပွဲတွင် မတရား နှိပ်စက်မှုကြောင့် ပြည်ပသို့  ထွက်ပြေး တိမ်းရှောင်နေသည့် ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်၊ ကုန်ပြင်ရွာမှ ဒေသခံ တောင်သူများ အား မိမိတို့ နေရာတွင် လုံခြုံစွာ ပြန်လည်နေထိုင် နိုင်ရေးအတွက် ချင်းတောင် သူကွန်ယက်( Chin Farmers Network- CFN) က စက်တင်ဘာ ၂၉ ရက်နေ့တွင် တောင်းဆိုခဲ့ကြသည်။ ၂၀၁၄ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့  တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် ထရွန်အိုင် တပ်စခန်း တွင် တာဝန်ကျသည့် ခမရ (၃၄၄) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ဦးဆောင်သည့် အဖွဲ့ က ချင်းအမျိုးသား တပ်မတော်အား လက်ခံ ထောက်ပံ့သည် ဟူသည့် စွပ်စွဲချက်ဖြင့် ကုန်ပြင်ကျေးရွာ သား တောင်သူများကို ဖမ်းဆီးနှိပ်စက်ကာ တောင်ယာတဲနှစ်လုံး မီးရှို့  ဖျက်ဆီးခဲ့ကြောင်း ချင်းတောင် သူကွန်ယက်က ထုတ်ပြန်ထားသည်။ ထို့ အပြင် တောင်ယာစပါး ရိတ်သိမ်းခွင့် ပိတ်ပင်ခြင်း၊ နည်းမျိုးစုံဖြင့် နှောင့်ယှက်ခြိမ်းခြောက်ခြင်း များ ပြုလုပ်ခဲ့ သည့်အတွက် ချင်းတောင် သူ (၆)ဦးသည် အိန္ဒိယနိုင်ငံ ဘက်သို့ တိမ်းရှောင် လာခဲ့ကြောင်း၊ တိမ်းရှောင်နေ သည့် တောင်သူများ အရေးကို တာဝန်ရှိသူများမှ တစုံတရာ အရေး ယူဆောင်ရွက်ပေးမှုမရှိခြင်းသည် ချင်းပြည်နယ်ရှိ တောင်သူများ၏ ဘ၀မလုံခြုံမှုကို ပြ…
Author: Editor
(၉) ကြိမ်မြောက် ချင်းပြည်နယ် ပုံမှန် လွှတ်တော်အစည်းအဝေးက ပြဌာန်းရန် အတည်ပြုခဲ့ သည့် ရေချို ငါးဖမ်းလုပ်ငန်း ဥပဒေ အကောင်အထည် ဖေါ်မည်ဆိုပါက လုပ်ပိုင်ခွင့်လိုင်စင်ရရှိသူ များနှင့် လူထုအကြား ပြသနာ များ ဖြစ်ပွါးနိုင်ကြောင်း သိရသည်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ ၌ စက်တင်ဘာလ (၅) ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပခဲ့သော ပထမ အကြိမ် ချင်းပြည်နယ် လွှတ်တော် န၀မမြောက် ပုံမှန်အစည်းအဝေးတွင် ရေချို ငါးဖမ်းလုပ် ငန်း ဥပဒေပြဌာန်းရန် အတည် ပြုကြပြီး တဆက်တည်း ယင်းဥပဒေကို အကောင် အထည်ဖေါ် ဆောင် ရွက်သွားရန်ရှိကြောင်း သိရသည်။ “ကျတော်တို့  ချင်းလူမျိုးတွေဟာ အုပ်စုလိုက် ငါးဖမ်းခြင်းကို ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုလို ကျင့်သုံးလာတာ ဖြစ် တယ်၊ အခုလို အုပ်စုလိုက် ငါးဖမ်း (Ngahring dawi) ဓလေ့ဟာ အချင်း ချင်းကြား ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဖွဲ့မှုကို အဓိကရည်ရွယ်တဲ့ သဘောပေါ့ ” ဟု ထန်တလန်မြို့ ခံ Salai Josephbawi ကဆိုသည်။ ယင်းဥပဒေကို အကောင်အထည်ဖေါ်မည်ဆိုပါက ချင်းလူမျိုး၊ အထူးသဖြင့် လူငယ်များက အဖွဲ့  လိုက် ပျော်ပွဲရွှင် ပွဲလို ကျင့်သုံးလာတဲ့ ရိုးရာဓလေ့နဲ့ ဆန့်ကျင်နေကြောင်း အကယ်၍ ငါးဖမ်း လုပ်ငန်း ဥပဒေကို ဘွေနူး ခေါ် ကုလားတန် မြစ်ကြီးတစင်းတွင်သာ အကောင် အထည်ဖေါ် သင့်ကြောင်း…
လွတ်လပ်စွာရေးသားဖေါ်ထုတ်ခွင့် ရရှိစေနိုင်ရေးကို ဦးတည်လျက် ၂၀၁၄ ခုနှစ် ဧပြီလမှစပြီး မတူ ချင်း လူငယ်များမှ ဖွဲ့စည်းသည့် ရန်ကုန်အခြေစိုက် မတူမီဒီယာ အဖွဲ့က လစဉ်ထုတ် ဘုံတလာ ဂျာနယ် ကို သြဂုတ်လမှ စပြီး ပုံနှိပ်ဖြန့် ချိနေပြီဟု သိရသည်။ “ကျတော်တို့  မတူမျိုးနွယ်စုမှာ မတူဘာသာနဲ့ ထုတ်ဝေတဲ့ Matupi Times ရှိပေမဲ့ မတူဘာသာနဲ့  ထုတ်ဝေတာ ဆိုတော့ အစိုးရဌာန ဆိုင်ရာနဲ့  အားလုံးက မဖတ်တတ်ကြဘူး။ အဲလိုဖြစ်တဲ့အခါ ကျတော့ လူထုအသံကို ထိထိ မိမိ မဖြစ် သလိုဖြစ်သွားတော့ ဗမာစာနဲ့  ထုတ်တဲ့ ကျတော်တို့  မတူမီဒီယာကို ပြန်ဖွဲ့  တာပါ” ဟု မတူမီဒီယာ အဖွဲ့  ခေါင်း ဆောင် ဆလိုင်းကျော်မိုးထွန်းက ပြောသည်။
ယနေ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှ စပြီး ချင်းပြည်နယ် ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးသူများကို သက်ဆိုင် ရာမှ တရားဝင်အရေးယူမှုပြုလုပ်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အမေရိကန် စံတော်ချိန် ၂၀၁၄ ခုနှစ်စက်တင်ဘာ ၂၇ ရက်နေ့ ည ၁၁း၀၀ နာရီခန့်က USA North Carolina , Charlotte တွင် နေထိုင် အလုပ်လုပ်နေသူ ချင်းလူမျိုး (၆)ဦး အလုပ်မှ အပြန် ကားမှောက်ပြီး နှစ်ဦးပွဲချင်း ပြီးသေဆုံးကာ (၄) ဦး အရေးပေါ် ဆေးရုံ တင်လိုက်ရကြောင်း သိရ သည်။ သေဆုံးသူများနှင့် ဒါဏ်ရာ ရရှိသူများသည် ကုပ္မဏီ တခုတွင် အတူတူ အလုပ်လုပ်ကြပြီး အိမ်ထောင် ရှင် များဖြစ်ကြ ကြောင်း၊ လူနာ (၄) ဦး၏ အခြေအနေ သေချာ မသိရှိရသေးကြောင်း နီးစပ်သူ ကို အောင်ရွှေမှ ပြောသည်။ ” ကားမောင်းလာစဉ် လမ်းဘေးရပ်နေသည့် Red Cross Truck ကားကြီးနှင့် ရှပ်တိုက်သည့် အပြင် နောက်မှ လာသည့် ကားများက ဆက်လက်တိုက်သွားတာလို့ သိရတယ်၊ ကားက ရစရာ မရှိအောင် ကျေသွားတယ်” ဟု နီးစပ်သူ ကိုအောင်ရွှေမှ ပြောသည်။ သေဆုံးသူများမှာ ချင်းပြည်နယ် ထန်တလန်မြို့နယ် မရာဒေသ၊ လိုင်လင်းရွာမှ Pu Khaihne နှင့် Pi Teipaw တို့ဖြစ်ကြပြီး ဒါဏ်ရာ ရရှိသူများမှာ မတူပီမြို့နယ် မရာဒေသ၊ ဒါရ်လင်းရွာမှ Pu Khaitlo နှင့် တီးတိန်မြို့နယ်မှ အမျိုးသမီးတဦး၊ ထန်တလန်မြို့ နယ် လောက်တူ ဒေသ မှ…
ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်ရှိ ဘုံတလာ ရေတံခွန်နှင့် ပလက်ဝမြို့  နယ်ရှိကီမိုမွန် (ခ) ကျောက်ပန်းတောင် အား နိုင်ငံခြား ခရီးသွားများ လေ့လာခွင့် ပိတ်ပင်ထားသည်ကို ပြန်လည် ခွင့်ပြုရန် ချင်းပြည်နယ် သစ်တောနှင့် သတ္တု ၀န်ကြီးဌာန ဦးကျော်ငြိမ်း က ပြည်ထောင်စု အစိုးရ ထံ တောင်းဆိုထားသည် ဟု သိရသည်။
ချင်းပြည်နယ် မတူပီမြို့နယ်၊ ရေဇွာမြို့နယ်ခွဲအတွင်း အစိုးရမှ ကျပ်ငွေ သိန်းပေါင်း ၁၄၀ တန်ချပေး ပြီး Pu Lai Ram Thang မှ တာဝန်ယူ ဆောက်လုပ်နေ သည့် ဆော်တီးကျေးရွာ အစိုးရမူလ တန်းကျောင်း အချိန်မှီ မပြီး စီးသောကြောင့် ကျောင်းခန်း မလုံ မလောက်ဖြစ်ပြီး ကျောင်းသား အင်အား ကို လျှော့ချလိုက်ကြသည်ဟု သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် အစိုးရအထက်တန်းကျောင်းတွင် ခူမီးချင်းဘာသာ စာပေကို ၂၄ စက်တင်ဘာလ ၂၀၁၄ နေ့  မှ စတင် သင်ကြားနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ခူမီးစာပေသင်ကြားရေး အခမ်းအနားကို ၂၂ စက်တင်ဘာလ ၂၀၁၄ နေ့ က အစိုးရ အထက် တန်းကျောင်း သဇင်ခန်းမတွင် ကျင်းပခဲ့ရာ ခူမီးစာပေ နှင့် ယဉ်ကျေး မှု ကော်မီတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ ကျောင်းဆရာ/မ (၂၅) ဦးအပါ အ၀င်ကျောင်း သူ/သား (၃၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ်၊ ကုန်ပြင် ကျေးရွာ လူကြီးများအား ခမရ (၃၄၄) တပ်ရင်းမှူး ဗိုလ်မှူးတင်ထွဋ်ဦး နှင့် အဖွဲ့ မှ ချင်းအမျိုး သားတပ်မတော် (CNA) နှင့် ပါတ်သက်သည် ဆိုပြီး ရိုက်နှက်၊ ဖမ်းဆီး ချုပ်နှောင်သည်ကို စစ်တပ် က နှိပ်စက်ခြင်းမပြုကြောင်း ဗျူဟာမှူးက ယခုလ စက်တင်ဘာ ၂၀ ရက်နေ့ တွင် အတင်း လက်မှတ်ရေး ထိုးခိုင်း သည်ဟု သိရသည်။ ပလက်ဝမြို့နယ် ထရွန်အိုင်တပ်စခန်းထိုင် ခမရ ၃၄၄၊ ခလရ ၂၈၉၊ ခလရ ၂၃၂ ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော် ကျော်ဝင်း သည် ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သူ ၄င်း၏ လက်အောက်ခံ ခမရ ၃၄၄၊ တပ်ရင်းမှူး ဗိုလ်မှူး တင်ထွဋ်ဦး နှင့် အတူ ယခုလ စက်တင်ဘာ ၁၉ ရက်နေ့တွင် ကုန်ပြင်ရွာ သို့ ရောက်ရှိလာကြပြီး ရွာလူကြီး (၇) ဦးအား ယခုကဲ့သို့ အတင်းလက်မှတ်ရေးထိုးခိုင်း ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။ ” ရွာလူကြီးတွေကို ကုန်ပြင်အစိုးရမူလတန်းကျောင်းမှာ စု ခေါ်ပြီး စစ်တပ်က မနှိပ်စက်ကြောင်း၊ ချုပ်နှောင်ခြင်း မရှိ ကြောင်း လက်မှတ်ရေး ထိုးခိုင်းတယ်၊ အဲဒီနေ့မှာ တရွာလုံး ရွာပြင်ထွက်မပေး ဘူး၊ ရွာလူကြီးတွေက ပြန်ပြီး…
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးရှိ နတ်မတောင် ( ၀ိတိုရိယ ခေါ် ခေါနူးသုန်) အမျိုးသား ဥယျာဉ်ရှိဝန်ထမ်း အချို့ သည် ခံစားခွင့်လစာ အပြည့်မပေးကြောင်း အမည် မဖော်လိုသူ အဆိုပါ ၀န်ထမ်းတဦးထံမှ သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေး မှူး ဦးတင်မြစိုးမှ ဒေသခံဝန်ထမ်း (၇)ဦးကို အပြစ်မရှိဘဲ လစာတစ် ၀က်သာ ခံစားစေရန် သတင်းများထွက်ပေါ်ခဲ့ရာ အမျိုးသား ၀န်ထမ်း (၄) ဦးမှ အ ရေးဆို မည် ဟု ကြားသိရသဖြင့် ၄င်းတို့ကို လစာအပြည့် ခံစားခွင့်ပေးပြီး ကျန် အမျိုး သမီး (၃)ဦးကို မူ နိုင် ငံ တော်မှ ဖြည့် ဆည်းပေးသော ဝေး လံခေါင်း ပါး ဒေသ စရိတ်ကို ခံစားခွင့်မပေးပဲ မူရင်း လစာကိုသာ ယနေ့တိုင် ခံစား စေခဲ့ သည်ဟု ပြောသည်။
