ချင်းအမျိုးသားတပ်မတော် ( CNA) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်( ALA) တို့၏ လှုပ်ရှားမှု နှင့် ကုန်သည် များနှင့် ဆက်ဆံမှု အခြေအနေများကို စုံစမ်းထောက် လှမ်းနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် ခမရ ၃၄၄၊ လက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝတပ်စခန်းတွင် တာဝန်ကျနေသူ ဗိုလ် အောင် ခိုင်ဖြိုး သည် ဒုတိယတပ်ကြပ်တဦးနှင့် အတူ ယခုလ စက်တင်ဘာ ပထမပတ် အတွင်း ထွက်ပြေးသွားသည်ဟု သိရသည်။ ထွက်ပြေးရသည့် အကြောင်းရင်းမှာ ရခိုင်ပြည်နယ် ၊ မောင်းတောမြို့နယ် ရသေ့တောင်အခြေစိုက် ခမရ (၃၄၄) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး တင်ထွဋ်ဦးသည် ပလက် ၀မြို့ နယ် မှ ဒေသခံ တောင်သူများဖြစ်တဲ့ ဦး ကျော်မြင့်ဦး၊ ဦးအောင်ကျော်လှ၊ ဦးအေးလှ၊ ဦးမောင်စိန်၊ ဦးကျော်အောင်၊ ဦး အောင်ဆိုတို့ကို CNA နဲ့ ဆက်ဆံသည့် ကိစ္စ နဲ့ ပါတ်သက်ပြီး ဖမ်းဆီး ချုပ်နှောင်မှုနဲ့ ဆက်စပ်ကြောင်း ကုန်သည်တဦးက ပြောသည်။ ” ဗိုလ်မှူးတင်ထွဍ်ဦးက ရွာလူကြီးတွေကို CNA ကိစ္စ နဲ့ ပါတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ (၂၉) ရက်က ဖမ်းဆီးတယ်၊ CNA ကိစ္စကို ကိုင်တွယ်ထောက်လှမ်းတဲ့ ဗိုလ်အောင်ခိုင်းဖြိုးက မကြာခင်မှာပဲ ထွက်ပြေးတယ်ဆိုတော့ ဖြစ်စဉ်က ဆက်စပ်နေတယ် ” ဟု အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောသည်။ CNA…
Author: Editor
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေ လွာများ ပျောက်ဆုံး သွားသောကြောင့် စာမေးပွဲပြန် လည်ဖြေဆိုရန် တက္ကသိုလ်ကျောင်းအုပ်ကြီး ၏ ကြေညာချက် ကို ကျောင်းသား ကျောင်းသူများက ကန့်ကွက်လိုက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် အထက်ချင်းတွင်း လူငယ်များ ကွန်ယက်အဖွဲ့က ဦးဆောင်ပြီး ယခုလ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြမည် ဟုသိရသည်။ ဆန္ဒဖော်ထုတ်ပွဲကို တရားဝင်ခွင့်ပြုရန် ကလေးမြို့ရဲစခန်းမှူးထံ စက်တင်ဘာလ ၁၅ ရက်နေ့က ခွင့်ပြု မိန့်လျှောက်ထား ပြီး ဖြစ်ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင်ရောက်ရှိသော မဟာဓာတ်အားလိုင်းကို ကလေးမြို့သို့ အမြန်ဆုံး သွယ်တန်းပေး ရန်နှင့် ကလေးဒေသအတွင်း ၂၄ နာရီ လျှပ်စစ်မီးရရှိရန်အတွက် ယခု ကဲ့သို့ ဆန္ဒပြရန် စီစဉ် ရခြင်းဖြစ်သည်ဟု အထက်ချင်း တွင်းလူငယ်များ ကွန်ယက်အဖွဲ့၏ ဆန္ဒပြ ခွင့်လျှောက်ထား ချက်တွင်ဖော်ပြ ထားသည်။ စက်တင်ဘာလ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် ကလေးမြို့ စင်္ကြာလမ်းမှ စတင်စီတန်းလှည့်လည် မည်ဟုသိရပြီး ထိုမှတ ဆင့် ပင်လုံလမ်းမတော်-စံပြလမ်း-ဗိုလ်ချူပ်လမ်း-ဝေဇယန္တာလမ်း နှင့် လျှပ်စစ် ရုံးရှေ့တွင် စီတန်း လှည့်လည် ဆန္ဒပြမှုကို အဆုံးသတ်မည် ဟုသိရသည်။ လက်ရှိကလေးမြို့တွင် ၅၀၀ ကေဗွီအေစက်ကြီးတစ်လုံး၊ မြို့မီးလင်းရေးမှဝယ်ထားသော ၃၀၀ ကေဗွီအေ စက်ကြီး တစ်လုံး နှင့် ဇီးချောင်းရေအားလျှပ်စစ်တို့မှ တစ်ရက် ၃ နာရီနှုန်းဖြင့် ၄ ရက်ခြား လျှပ်စစ်မီးဖြန့်ဝေပေး လျက်ရှိသည်။ သို့သော်လည်း ယခုအခါ နိုင်ငံ တော်အစိုးရမှ ၁၂၅၀ ကေဗွီအေ စက်ကြီးတစ်လုံး နှင့် ၅၀၀ ကေ ဗွီအေစက်ကြီး တစ်လုံး ထပ်မံချပေးထားသည့်အတွက် စက်တင်ဘာလကုန်ပိုင်းတွင်…
Chin League for Democracy (CLD) ခေါ် ချင်းဒီမိုကရေစီအဖွဲ့ ချုပ်က ၎င်းတို့ ပါတီရုံးခွဲများကို ချင်းပြည်နယ် မြို့ နယ် များတွင် ဆက်လက်ဖွင့်လှစ်ရန် အစီအစဉ် ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာနိုင်ငံဘက်မှ ဆန်များကို ၀ယ်ယူ ရန် စီစဉ်နေ သည်ဟု သိရသည်။ ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်၏ ပြည်တွင်းလိုအပ်ချက် စားသုံး ကုန်များကို အိန္ဒိယ ပြည်မဘက်မှ မီးရထားဖြင့် အဓိကသယ်ယူလေ့ရှိပြီး လာမည့် အောက်တိုဘာ လ ၁ ရက်နေ့မှ ၂၀၁၅ ခုနှစ် မတ်လ အထိ Lumding နှင့် Badalpur အကြား ရထားလမ်း တိုးချဲ့ပြုပြင်မည်ဖြစ်သောကြောင့် ဒေသ တွင်း စားသုံး ကုန်တင်သွင်းရန် အခက်အခဲများ ရင်ဆိုင်ရ ဖွယ်ရှိနေသည်။ အိန္ဒိယပြည်မ နှင့် မီဇိုရမ်အကြားဆက်သွယ်ပေးသော ရထားလမ်းတိုးချဲ့ပြုပြင်သည့် စပ်ကြား ကာလ တွင် မြန်မာနိုင်ငံဘက်မှ ဆန်ကို ၀ယ်ယူရန် ပြည်နယ်အစိုးရက စီစဉ်နေခြင်းဖြစ်သည်။ ယင်းအတွက် အိန္ဒိယဗဟိုအစိုးရလက်အောက်ရှိ Metals and Minerals Trading Corporation of India Ltd က အပြည်ပြည်ဆိုင်ရာ တင်ဒါကို စက်တင်ဘာလ ၈ ရက်နေ့က ခေါ် ယူထားပြီဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစားတွင်ဖော်ပြထားသည်။ အစကနဦးတွင် မြန်မာ့ဆန်ကို တစ်လလျင် quintal တစ်သိန်း အစမ်းဝယ်ယူမည်ဖြစ်ပြီး အဆင်ပြေ လာပါက လစဉ် quintal တစ်သိန်းနှုန်းဖြင့် ၅ လဆက်တိုက်ဝယ်ယူ သွားမည်ဟု သိရသည်။ မြန်မာ့ဆန်ကို အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်-ဇိုခွါထာရ် လမ်းကြောင်းမှ တဆင့် သယ် ယူမည်ဖြစ်ပြီး…
ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ပေါ်နှင့် ကျေးလက်ဒေသ တချို့ရှိ အစိုးရ ကျောင်း များတွင် စက်တင်ဘာလ မှစတင်ကာ မတူဘာသာ စကား သင်ရိုးညွှန်းတမ်း စာအုပ် များ စတင် ဖြန့် ဝေနေပြီဖြစ် သည်။
ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော အစိုးရ၀န်ထမ်းများအနေဖြင့် လဒ်ပေး လဒ်ယူမှုများ ပြုလုပ်ပါက အမြန်ဆုံး အရေးယူမှုပြုလုပ်တော့မည်ဖြစ်ကြောင်း ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက ပြောကြားခဲ့သည်။ ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် စက်တင်ဘာလ ၅ ရက်နေ့က ၈ ရက်နေ့အထိ ကျင်းပခဲ့သော ပထမ အကြိမ် ချင်းပြည်နယ် လွှတ်တော် န၀မမြောက် ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် အတွင်းရှိ အစိုးရဌာန ဆိုင်ရာ ၀န်ထမ်း များသည် ဒေသခံပြည်သူများ အပေါ် မချေမငံဆက်ဆံမှု၊ လူတန်းစားခွဲခြားဆက်ဆံမှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အပေါ် ပြည်နယ်အစိုးရအနေဖြင့် ၀န်ထမ်းများအား အရေးယူခြင်း၊ သင်တန်းများ ပို့ချခြင်း အစီအစဉ် ရှိမရှိ ထန်တလန်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးလာလ်မောင် ကျူံး၏ မေးမြန်းချက် အပေါ် ၀န်ကြီးချူပ်က ယခုကဲ့သို့ ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့ ထုတ် The Hakha Post သတင်းစာ တွင် ဖေါ်ပြ ထားသည်။ နိုင်ငံတော် သမ္မတမှ (Third Wave) အစီအစဉ် အရေးတကြီး ဖေါ်ဆောင်နေစဉ် ၀န်ထမ်း များ အနေဖြင့် မိမိတို့  ကျရာ တာဝန်အသီးသီးတွင် ၀န်ထမ်းစည်းကမ်းချက်နှင့်အညီ လဒ်ပေးလဒ်ယူ မှု ပြုလုပ်ခြင်း၊ ခွဲခြားဆက်ဆံမှု များ မပြုလုပ်ကြရန်၊ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူများက လည်း လက်အောက်ခံ ၀န်ထမ်းများကို စနစ်တကျ ကြီးကြပ်ရန် ဦးဟုန်းငိုင်းကပြောကြားခဲ့သည်ဟု သိရသည်။ ထို…
၂၀၁၄ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့  နယ်တွင် ခလရ (၃၄၄) တပ်ရင်းမှူး အဖွဲ့ မှ ဒေသခံပြည်သူများအား ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ရိုက်နှက်ခြင်း၊ သေနတ် ပစ်ဖောက် ကာခြိမ်းခြောက်ခဲ့သည့်ကိစ္စကို အရေးယူဆောင်ရွက်ပေး ရန် ပြည်နယ်ဝန်ကြီးချုပ် ထံ ဒေသခံများက တိုင်ကြား ထားသည်ဟုသိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ ရှိ ချင်းလူမျိုးအများစု နေထိုင်ရာနေရာများတွင် Laimi Thi Hlut Bu (LTHB) ခေါ် Chin Blood Donation Group က ဦးဆောင်ပြီး သွေးလှူမှု စတင်အကောင် အထည်ဖော်နေကြောင်း သိရ သည်။
ချင်းအမျိုးသားတပ်မတော်(CNA) ကို လက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည် နယ် ၊ မောင်းတောမြို့နယ် ရသေ့ တောင်အခြေစိုက် ခမရ ၃၄၄ မှ တပ်ရင်းမှူးနှင့် အဖွဲ့သည် ပလက်ဝမြို့ နယ် အိန္ဒိယ – မြန်မာနယ်စပ်ရှိ ကုန်ပြင်ရွာသား U KyawKyaw, U Maungsein နှင့် ကာကီရွာ သား U Sane Aung တို့အား ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ယာ ထဲတွင် ဖမ်းဆီးနှိပ်စက်ပြီး ယနေ့ထိ ချုပ်နှောင်ထားသည်ဟု သိရသည်။
