ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ (၉)ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့ အစိုးရ အထက်တန်းကျောင်း ဆရာမကြီး မိုင်ဌေးဌေး ( Mai Thim Dik) အား အမှတ်(၂) ပညာဦးစီးဌာန၊ အထက်ဗမာပြည်၊ မန္တလေး က ၀န်ထမ်းအဖြစ်မှ ရပ်စဲသည့် ကိစ္စကို သက်ဆိုင် ရာ ပြည်နယ်လွှတ်တော် ဂတိက၀တ်များ၊ တိုင်စာများ၊ အသနားခံစာများ စီစစ်ရေး ကော်မီတီက ယခုနှစ် ပညာသင်နှစ်၊ ဇွန်လကတည်း က ပြန်လည် စီစစ်ပြီး အရေးယူဆောင်ရွက်သည်ဟုသိရသည်။
Author: Editor
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ် (CLD) ပါတီခေါ် ချင်းအမျိုးသား နိုင်ငံရေးပါတီ သစ် တခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ပြီးခဲ့တဲ့လက မှတ်ပုံတင် လိုက်ကြောင်း သိရ သည်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD) သည် ၂၀၁၅ ရွေးကောက်ပွဲကျယင် ချင်းပြည်နယ် အပြင်၊ ချင်းလူမျိုးတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကလေး – ကဘော်ဒေသ၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန် တိုင်းဒေသများတွင် ၀င်ရောက် ယှဉ်ပြိုင် ဖို့ ပြင်ဆင်ထားကြောင်း ပါ တီခေါင်းဆောင် ဆလိုင်း ငိုင်ဆာခ့် က ခိုနုမ်းသုန်ကို ပြောသည်။
ချင်းလူမျိုးများ တသိန်းခန့်နေထိုင်သည့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်တွင် ၁၇ နှစ်ကြာ ကျင့်သုံး လာခဲ့ သော အရက်တား ဆီး ပိတ်ပင်မှု ဥပဒေ (Mizoram Liquor Total Prohibition Act, 1995) ကို ရုတ်သိမ်းပြီး Mizoram Liquor Prohibition & Control (MLPC) Bill, 2014 အရက်ရောင်းချခွင့် နှင့် ထိန်းချုပ်မည့် ဥပဒေ သစ်တရပ်ကို ဇူလိုင်လ ၁၀ ရက်နေ့က မီဇိုရမ် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။
စစ်ကိုင်းတိုင်း ကလေး- နတ်ချောင်း မှ ချင်းပြည်နယ် ဖလမ်း ကားလမ်းတိုးချဲ့ ရေး အတွက် လျာထားသည့် မူလရံပုံငွေ ကျပ် သန်းပေါင်း ၆၆၀ ကို အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဟားခါး- ထန်ထလန်- ဆာဆီ ချောက်ကား လမ်း ၂၄ပေ တိုးချဲ့ ရေးအ တွက် သုံးစွဲကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရ၀န်ကြီးများ အိမ်ယာ (၁၅) လုံး ဆောက်လုပ်ခွင့် တင်ဒါ ဖွင့်ပွဲကို ပြီးခဲ့တဲ့ဇွန်လ (၅) ရက်နေ့က သက်ဆိုင်ရာ ချင်းပြည်နယ်အစိုးရ၊ တင်ဒါ စီစစ်ရွေး ချယ်ရေးကော်မီတီမှ ပြုလုပ်ခဲ့ရာမှာ ဒေသခံ ချင်းကုပ္မဏီများ တင် ဒါ တခုမျှ မရရှိကြောင်း သိရသည်။ အဆိုပါ ၀န်ကြီးအိမ်ယာ ဆောက်လုပ်ခွင့်ကို ကုပ္မဏီ ၁၃ ခု မှ လျှောက်ထားရာတွင် ချင်းကုပ္မဏီများဖြစ်သည့် Mercy Par, Rung, Alpha & Omega ကုပ္မဏီများ ပယ်ချခံရပြီး Power Seven၊ Aroma Rose၊ Shwe Tapyay၊ Cham pion စသည့် တခြား ချင်းမဟုတ်သည့် ရပ်ဝေးကုပ္မဏီ (များမှ ရရှိခဲ့ကြသည်။ လုပ်ငန်း တင်ဒါ စီစစ်ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းအရ တင်ဒါလျှောက်ထားသူများ အနက် ဒေသခံ ကုပ္မဏီ များကို ဦးစားပေးရန် ဖြစ်သော် လည်း ယခု တင်ဒါအတွက် စီစစ်ရွေးချယ်ရေးကော်မီတီ၏ လုပ်ရပ်အ ပေါ် ချင်းကုပ္မဏီများ မကျေ နပ်ကြောင်း အမည်မဖော်လိုသူ ချင်းကုပ္မဏီ နှင့် နီးစပ်သူ တဦး က ပြောသည်။ ” တခြား ဗမာ၊ ကုလား ကုပ္မဏီတွေရဲ့ အရည်အချင်းကို ချင်းကုပ္မဏီတွေလည်း ပြည့်မှီပါတယ်၊ အတွေ့အကြုံလည်း တခြားကုပ္မဏီတွေ ထက် မနိမ့်တော့ဘူး၊ ဒီတင်ဒါမှာ ချင်းကုပ္မဏီတွေ အားလုံးမဟုတ်ယင်တောင် စည်းမျဉ်းစည်း ကမ်းအရ ပေးသင့်တယ်၊…
ဆလိုင်းအွခ်လားဘိခ်(မတူပီ)။ ၁၉၆၂ မတ်လ(၂)တွင် တော်လှန်ရေး အစိုးရ တက်လာသည်။ ၁၉၆၂ မတ်လ(၃)ရက်နေ့တွင် ချင်းရေး ရာ ကောင်စီကို ဖျက်သိမ်းခဲ့ပြီး မတ်လ(၉)ရက်နေ့ တွင်ချင်းရေးရာ ဦးစီးအဖွဲ့ဖွဲ့စည်းခဲ့သည်။ ဥက္ကဌမှာ ဗိုလ်မှူး ဆွန်ခို လျန် ဖြစ်ပြီး အဖွဲ့ဝင် များမှာဦးပွပေါ၊ ဦးတင်ဇမ်၊ ဦးဝမ္မသူးဟာရှိန် နှင့် ဒုတိယ ဗိုလ်မှူးကြီး စောမောင်ထွန်းတို့ဖြစ်ကြသည်။ (၂၀-၁၀- ၁၉၉၆၊ မြန်မာ့ အလင်း စာမျက်နှာ-၃) ထိုစဉ်က ချင်းဦးစီးရုံးကို ဖလမ်းမြို့တော်တွင်ဖွင့်လှစ်ရန်ရှိသော်လည်း အဆောက်အဦးမရှိ၊ နေရာကျဉ်း မြောင်းသည်ဟု အကြောင်းပြ ချက်ဖြင့် စစ်ကိုင်းတိုင်းကလေးမြို့တွင် ၁၉၆၂ သြဂုတ်လ၌ စတင်ဖွင့်လှစ်ခဲ့သည်။ တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီရုံးကို ၁၉၆၂ ဇူလိုင်လတွင်ရန်ကုန်မြို့မှ ကလေးမြို့သို့ ပြောင်းရွေ့ခဲ့သည်။ တော် လှန်ရေး ကောင်စီသည် ၁၉၆၂ ဇူလိုင်လ(၄)ရက်နေ့ တွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တည်ထောင်ခဲ့သည်။ ပါတီဗ ဟိုကော်မတီကိုဖွဲ့စည်းလျက်၊ ယင်းအောက်တွင်တိုင်းခွဲ (၁၅) ခုဖွဲ့စည်းထား သည်။ ယင်း အောက်တွင်မြို့နယ် ပါတီ စည်းရုံးရေးကော်မတီများကို ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က လမ်းပန်းဆက်သွယ်ရေး အရ မြောက် ပိုင်း ခရိုင်ကိုတိုင်း ခွဲ(၃)၊ တောင်ပိုင်းခရိုင်ကိုတိုင်းခွဲ(၂)၊ ပလက်ဝ ခရိုင်ခွဲကိုတိုင်း ခွဲ(၈) တွင် အသီးသီးထည့်သွင်းဖွဲ့စည်းခဲ့သည်။ တိုင်းခွဲ (၃) ရုံုးကို ဖလမ်းမြို့မှဟားခါးမြို့ သို့ ပြောင်းရွေ့ခဲ့သည်။ မတူပီမြို့နယ်တွင် ပါတီစည်းရုံးရေးကို ရဲဘော်ယုံနွန်း(လေရိန်း)နှင့် ဦးမောင်လိန်းတို့ကစတင်ဦးဆောင် သည်။ ၁၉၆၅ အောက်တို ဘာ လတွင်…
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ဖလမ်းနှင့် ထန်တလန်မြို့ နယ်များ ဒေသ ဖွံ့ ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၏ အသေး စား စီမံကိန်းများ ကူညီထောက်ပံ့ရေးအဖွဲ့  (Grant Assistance for Grass-roots Human Security Projects (GGP) Scheme) မှ အမေရိ ကန်ဒေါ် လာ ငါးသိန်းကျော် ကူညီထောက်ပံ့ခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်၊ ရေဇွာမြို့နယ်ခွဲမှ အသက်(၅၄)နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးအား မုဒိမ်းပြုကျင့်ရန် ကြံစည်ရိုက်နှက် ခဲ့သော အစိုးရစစ်သားကို ဥပဒေကြောင်းအရ ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်ရန် ရေဇွာ အမျိုး သမီးများ အဖွဲ့က ယနေ့တောင်းဆိုလိုက်သည်။
ယမန်နေ့ညနေ ၅း၀၀ နာရီခန့်က အမှတ် (၂) အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ဖလမ်းမြို့ နယ် ရိဒ်ခေါ်ဒါရ် မြို့ သစ်၊ တီအိုရွာ၊ အမှတ် (၂) ရပ်ကွက်နေ ဦး ဆန်းအောင်( ၅၄) နေအိမ်အား နယ်မြေခံ ရဲက စစ် ဆေးခဲ့ရာ ဘိန်းဖြူမှုန့်များ တွေ့ ရှိသဖြင့် အဆိုပါ လင်မယားအား ဘိန်းဖြူမှုန့်နှင့် အတူ ဖမ်းဆီးထားကြောင်း သိရ သည်။ နယ်မြေခံ ရဲအုပ် အောင်မြင့်၊ ဒုတိယ ရဲအုပ် ခိုင်ဝင်း နှင့် အဖွဲ့သည် အမှတ်(၂) ရပ်ကွက် ဆယ်အိမ်မှူး နှစ်ဦး ပါဝင် စေလျက် ဦး ဆန်း အိမ်နေအိမ်ကို ၀င်ရောက်စစ်ဆေးခဲ့ ရာ နေအိမ်အပေါ်ထပ်တက်သည့် လှေကား ခြေရင်းနှင့် နံရံအ ကြား ဖွက်ထားသော အ၀ါရောင် ပလပ်စတစ်ပုံးအတွင်း ဘိန်းဖြူမှုန့် များ ထည့်ထားသည့် ပနယ်ဆလင် ဗူး (၄၂) လုံး နှင့် ကျပ်ငွေ သုံးသိန်း၊ ရူပီးငွေ တသောင်းတို့အား သိမ်းဆည်းခဲ့ကြသည်။ ထို့အတူ ရဲအုပ် သိန်းနိုင်နှင့် အဖွဲ့သည် အမှတ် (၂) ရပ်ကွက် ဥက္ကဌ ဇောင်းအာ၊ ရပ်ကွက်သူ အမျိုးသမီး ပီး မန်နူး တို့ပါဝင်စေလျက် ဦး ဆန်းအောင်၏ ဇနီး ဒေါ် ပါရ်အီး (၃၂) အား ရှာဖွေစစ်ဆေးခဲ့ရာ ၄င်း၏ ကိုယ်ပေါ်တွင် ဖွက်…
မြန်မာနိုင်ငံမှ မှောင်ခို ၀င်လာသည့် လက်နက် (၁၁) လက် နှင့် ကျည်ဆံအား အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အမှတ် ၁၄၊ အာသံ ရိုင်ဖယ်တပ်နှင့် ရဲထောက် လှမ်းရေး ပူးပေါင်းအဖွဲ့က ယခုလ ဇူလိုင် ၀၁ ရက်နေ့ ၊ အင်္ဂါနေ့  တွင် ဖမ်းဆီး ခဲ့ကြသည်ဟု သိရသည်။ လက်နက်များကို မီဇိုရမ်ပြည်နယ်၊ မြို့တော် အိုင်ဇောလ်နှင့် ကျန်ဖိုင်းမြို့အကြား Keifang ကျေးရွာအနီးတွင် တရားခံ များဟု ယူဆရ သူများနှင့်အတူဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ၊ ဖမ်းဆီးထားသူများမှာ ကျန်ဖိုင်းခရိုင်၊ Ngaizawl ကျေးရွာသား Vung khan Nang ၏ သား Thang Deih Pianga (38)၊ Than Khen Buai ၏ သား Khai Deih Pianga (30) နှင့် Saimana ၏သား Lalramhngaka (26) တို့ ဖြစ်ကြောင်း ယနေ့ထုတ် ဒေသ သတင်းစာ တွင်ဖေါ်ပြထားသည်။
