ယခုလအတွင်း Network for Chin Community Development ခေါ် ချင်းလူထုဖွံ့ဖြိုးရေး ကွန်ယက်က အမျိုး သမီးစွမ်းရည်မြင့်တင်ရေးသင်တန်း ကို ချင်းပြည်နယ် တီးတိန်မြို့နယ် နှင့် တွန်းဇံမြို့နယ် ကျေးလက်ဒေသများ တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ “ကျေးလက်ဒေသကို အဓိက ဦးတည်ပြီး လုပ်တာဖြစ် တယ်၊ ကျေးလက်ဒေ သဆိုတာက အဖက်ဖက်မှာ နိမ့်ကျတယ်လေ၊ အချိန်နဲ့ နေရာ နဲ့ ချိန်ကိုက်တာရေ၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲ တာတွေကြောင့် ကျန်ဒေသတွေကို မ လုပ်နိုင်သေးဘူး၊ အဲဒီအတွက် ဆက်လက်ကြိုးစား သွားမယ် ” ဟု NCCD လက်ထောက် တာဝန်ခံ ကို Saimon က ခိုနုမ်းသုန်ကို ပြောသည်။
Author: Editor
သာသနာရေးဝန်ကြီးဌာနက ရေးဆွဲထားသည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း အား ကန့်ကွက်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် ((Institute of Chin Affair) က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဇွန်လ ၁၄ ရက်နေ့က ပေး ပို့သည်ဟု သိရသည်။ သာသနာရေး ဝန်ကြီးဌာန မှ ရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း ကို မြန်မာနိုင်ငံတွင် ဥပဒေ တရပ် အနေဖြင့် ပြဌာန်း လိုက်ပါ က နိုင်ငံတော် အစိုးရမှ နှစ်ပေါင်းများစွာတစိုက်မတ်မတ် ကြိုးစားအားထုတ်လာ ခဲ့သော ပြည်ထောင် စုမပြိုကွဲရေး နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေနိုင်သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affair) က ရေးသားထားသည်။
အစိုးရနှင့် ချင်းလူမျိုးစု လက်နက်ကိုင် ချင်းအမျိုးသားတပ်ဦးတို့၏ နှစ်ဖက် အပစ်အခပ်ရပ်စဲပြီး ပဏာမ ငြိမ်းချမ်းရေး ဖော်ဆောင် မှုလုပ်ငန်း စဉ်အတွင်း ထန်တလန် မြို့နယ် ဆိုင်ရာ ချင်းအပစ်အခပ်ရပ်စဲရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့( Chin Ceasefire Monitoring Team) ရုံးဖွင့်လှစ်ပွဲကို ဇွန် ၁၄ ရက်နေ့က ထန်တလန်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
ရန်ကုန်အခြေစိုက် ဂျပန်သံရုံးမှ ဆောက်လုပ်ပေးသည့် ချင်းပြည်နယ် ထန်တလန်မြို့ပေါ် အထက်ရပ်ကွက် အမှတ်(၂) အခြေခံ အထက်တန်းကျောင်း ဖွင့်လှစ်ပွဲကို ယခုလ ဇွန် ၁၆ ရက်နေ့က ကျင်းပခဲ့ကြကြောင်း သိရသည်။ ကျပ်ငွေ သိန်းပေါင်း ၁၀၀၀ ကျော် အကုန်အကျခံတည်ဆောက်ထားသည့် ကျောင်းသစ်ဖွင့်လှစ်ပွဲသို့ မြန်မာနိုင်ငံ ဆိုင် ရာ ရန်ကုန်အခြေစိုက် ဂျပန်သံရုံးမှ Kota Watanabe, Secretary (III) တက်ရောက်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်၊ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ပူး ငွန်စန်းအောင်၊ စိုက်ပျိုး ရေးဝန်ကြီး ပူး ဗန်ထောင်း နှင့် ချင်းပြည်နယ် လက်ထောက် ပညာရေးမှူး ပူး ဆွိကာရ်းလျန်၊ ပြည်နယ်ရဲမှူး တို့ တက် ရောက် ကြောင်း သိရသည်။
၂၀၁၄- ၂၀၁၅ခုနှစ် ပညာသင်နှစ်မှစ၍ အစိုးရက ချင်းပြည်နယ်ရှိ အလယ်တန်းကျောင်းတချို့အား အထက်တန်း ကျောင်းခွဲ (၁၁) ကျောင်းတိုးမြှင့်ဖွင့်လှစ်ခွင့်ပြု လိုက်ပြီဖြစ် သည်။ အဆိုပါကျောင်းများကို ထန်တလန်မြို့ နယ်တွင် (၃)ကျောင်း၊ တွန်းဇံနှင့်မတူပီမြို့ နယ်တွင် (၂)ကျောင်းစီ၊ ဟားခါး၊ ဖလမ်း၊ တီးတိန်နှင့် မင်းတပ်မြို့ နယ်များတွင် တစ်ကျောင်း စီဖွင့်လှစ်ခွင့်ပြုထားကြောင်း ချင်းပြည်နယ် ပညာရေး ညွှန်ကြား ရေးမှူးရုံး၏ ၂၀၁၄ခုနှစ် ဇွန်လ (၁၁) ရက်နေ့ အမိန့် စာအရ သိရှိရသည်။
သာသနာရေး ဝန်ကြီးဋ္ဌာနမှ ရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဥပဒေတရပ် အနေဖြင့် မပြဌာန်းရန် ဟားခါးမြို့ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဦးဆောင်ပြီး ယနေ့နံနက်ပိုင်းက ချင်းပြည်နယ် ဟားခါးမြို့ Carson ခန်းမတွင် ဆုတောင်းပွဲတ ရပ်ပြုလုပ်ခဲ့ကြသည်။
မိုင်ပေါင်း ၃၀၀ ခန့်ရှိမည့် ချင်းပြည်နယ် မြို့ တော် ဟားခါးမှ မတူပီ – ပလက်ဝမြို့ အထိ ဆက်သွယ်သွားလာသည့် ပြည်ထောင်စု အစိုးရမှ စတင် ဖောက် လုပ်နေသည့် လမ်း မကြီးကို ၂၀၁၅- ၁၆ ခုနှစ်အတွင်း အပြီး ဖောက်လုပ် သွားနိုင် မည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ဗိုလ်မှူးအောင်သူဝင်း ဦးဆောင်သည့် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ- ၃၇၁၈၅၀ ဖြစ်သူ တပ်သား မျိုး သူရကျော် က အိမ်ထောင်ရှင် အမျိုးသမီးတဦးအား ယခုလ ဇွန် ၁၀ ရက် နေ့က အဓမ္မ ပြုကျင့်ရန်ကြံစည်ခဲ့သည်။
ချင်းပြည်နယ် ၊ မီဇိုရမ်ပြည်နယ် နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံ နယ်စပ် တရိဂံနယ်မြေအကြား ကုန်စည်ကူး သန်းနေသူ များ ထံ ရခိုင်လက်နက်ကိုင်အဖွဲ့မှ ဂိတ်များဖွင့်ပြီး အခွန်များ ကောက်ခံနေကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဂိတ်ဖွင့်လှစ်သည့် နေရာများမှာ ချင်းပြည်နယ်အတွင်း စိုက်ထူထားသည့် မြန်မာ နှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ နယ်စပ် ကျောက်တိုင်အမှတ် ၇၀ နှင့် ကျောက်တိုင်အမှတ် (၇၃) ၊ ချင်းပြည်နယ် နှင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည် နယ် နယ်စပ်အ ကြားတွင်ဖြစ်သည်။ တကယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့အနေဖြင့် အခွန်များ ကောက်ခံလိုပါက ရခိုင်ပြည်နယ် နှင့် ဘင်္ဂလားဒေရှ့် နယ် စပ်မှာ ကောက်ခံသင့်သည်၊ ချင်းပြည်နယ်အတွင်း ခြေကုတ်ယူပြီး အခွန်ကောက်နေပါက ရေရှည်တွင် ကြီးမားသည့် ပြသာနာများ ဖြစ်လာနိုင်သည်။ ယင်းကိစ္စကို သက်ဆိုင်သူ အစိုးရ အာဏာပိုင်များက ဖြေရှင်းပေးကြပါ လို့ တင်ပြ လိုသည်။ တကယ်လို့သာ ၄င်းနယ်မြေမှာ တာဝန်ရှိသည့် အစိုးရတပ်များ၊ ပြည်သူ့ရဲများမှ နယ်မြေ စိုးမိုးမှု အားနည်းနေပါက ချင်းလက်နက်ကိုင်အဖွဲ့မှ နယ်မြေလုံခြုံရေးအတွက် တာဝန်ကျရန်လည်း ထပ်မံတင်ပြရေးသားလိုက်ရသည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစပြီး မူလတန်း မှ အလယ်တန်းအထိ အခမဲ့ပညာရေးစနစ် ဖော်ဆောင်ချိန်တွင် ချင်း ပြည်နယ် အထက်ပိုင်း တီးတိန် နှင့် ဖလမ်းမြို့ အစိုး ရကျောင်း များတွင် ငွေကြေးကောက်ခံ မှုများရှိနေသည်ဟု သိရ သည်။
