Author: Editor

ပြည်ထောင်စု အစိုးရနှင့် ဒုတိယ အဆင့်အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားပြီးသော ချင်းအမျိုး သား တပ်ဦးနှင့် ချင်းပြည်နယ် အစိုးရတို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပထမဆုံးအကြိမ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးကြသည်။

Read More

အင်္ဂလိပ်ခေတ်က ချင်းပြည်နယ်အတွင်း လေယာဉ်ကွင်းအတွက် ရာထားခဲ့သည့် ဖလမ်းမြို့နယ် Surbung တောင် လေ ယာဉ်ကွင်းကို CNF ခေါင်းဆောင်များနှင့် ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖ များ ဒီဇင်ဘာ ၁၉ ရက်နေ့က သွား ရောက် လေ့လာကြကြောင်း သိရသည်။

Read More

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့  လူထုမိဘများ၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ကြတဲ့ စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ လူကြီး များ အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း နဲ့ ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ကျတော် ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်၊ ကျတော် အမှာစကားကို ပြောမှာ မဟုတ်ပါဘူး၊ ကျတော်ထက် အတွေ့ အကြုံ အများကြီးရှိတဲ့ စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများ၊ ပုဂ္ဂိုလ်ကြီးများရှိနေလို့ပါ။

Read More

(၁၁ ဒီဇင်ဘာ ၂၀၁၂ UNLD ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်) ကျတော်တို့ ဒီနေ့ ရန်ကုန်ကို ရောက်လာကြတာ အတိုချုံး ပြောချင်ပါတယ်။ ယနေ့ အခင်းအကျင်းဟာ နှစ်ပေါင်း အတော်များများ ငြိမ်းချမ်းရေးဖြစ်လာအောင် ကြိုးစားခဲ့တာပါ၊ ဒါပေမဲ့ စစ်အစိုးရက ငြိမ်း ချမ်းရေးနဲ့ လက်နက် လဲလှယ် မယ်ဆို တာပဲ အမြဲတမ်းပြောနေတယ်၊ ဒါ ကျတော်တို့ အနေနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ဖို့တော့ မဖြစ်နိုင် ပါဘူး၊

Read More

ချင်းတွေ စည်းလုံးညီညွတ်မှု အားကို ဖလမ်းမြို့မှ စတင်သည်ဟု ချင်းအမျိုးသားတပ်ဦးအထွေထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးက ပြောလိုက်သည်။ အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာ ဇလှေထန်း ဦးဆောင်လာသည့် CNF ငြိမ်းအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေ ၃ နာရီခန့်တွင် ဖလမ်းမြို့သို့ ၀င်ရောက်လာပြီး မြို့နယ်ခန်းမ လူထုတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။

Read More

CNF ၏ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် သဘောတူညီချက် ရှင်းလင်းပွဲသို့ ရန်ကုန်ရှိ ချင်း နိုင်ငံရေး ပါတီများ၊ ဘာသာ ရေးအဖွဲ့ အစည်းများ၊ မိဘပြည်သူများ ၅၀၀ ခန့်တက် ရောက်ခဲ့ ကြသည်။

Read More

CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များ သည် ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ငြိမ်းချမ်းခန်းမတွင် ယမန်နေ့ က တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

Read More

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် အနှစ် (၆၀) ကျော်ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းစေလျက် ရေရှည် တည်တံခိုင် မြဲသော ငြိမ်း ချမ်းရေးကို တည်ဆောက်နိုင်ခြင်းအလို့ငှာ အောက်ပါ အဆင့်သုံးဆင့်ပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့က နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ကြပါသည်။

Read More

ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စုဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့နှင့် ဒီဇင်ဘာလ (၉) ရက်နေ့အကြား ရန်ကုန်မြို့၊ Myanmar Peace Center တွင် အောင်မြင် စွာကျင်းပခဲ့ကြရာ နှစ်ဖက်အဖွဲ့မှ ကိုယ်စားလှယ်များ အပြင် ပြည်တွင်းပြည်ပမှ လေ့လာသူများ၊ ပြည်တွင်း နိုင်ငံရေး ပါတီအသီးသီးမှ လေ့လာသူများ တက်ရောက် ခဲ့ကြသည်။

Read More

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် များနှင့် ချင်းအမျိုးသား တပ်ဦး ငြိမ်းချမ်းရေး ကိုယ်စားလှယ် များအကြား အချက် ၃၀ ပါ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို သဘောတူ လက်မှတ်ရေးထိုးတော့မည်။

Read More