ပြည်နယ်နှင့် မြို့နယ်အကြား အာဏာပြိုင်မှုကြောင့် ချင်းပြည်နယ်မတူပီမြို့နယ်၊ ရေဇွာမြို့နယ်ခွဲအတွင်း ရွာဗား (ဘီ) ရွာ လူထု ၄၀၀ ကျော် ယနေ့ထိ တောင်ယာ မျိုးမချသေးကြောင်း သိရသည်။ ရေဇွာမြို့နယ်ခွဲအတွင်း ရွာဗား ( ဘီ) နှင့် စာလ်ထောင်ရွာတို့အကြား လက်ရှိ ရွာဗား(ဘီ)ရွာသားတို့ ခုတ်လုပ်ထားသည့် တောင်ယာ နယ်မြေ လုမှုကို အထက်အာဏာပိုင် နှစ်ဖွဲ့မှ ပြတ်သားသော ဖြေရှင်းမှု မပေးခြင်းကြောင့် ရွာဗားဒေ သခံလူ ထုသည် ယနေ့ထိ မျိုးမချနိုင်ကြပါ၊ “ ကျတော်တို့ဟာ အထက်ဆုံးဖြတ်ချက်အတိုင်း အဲဒီနယ်မြေမှာ ယာခုတ်ပြီး ယာမီးရှို့ဖို့ အလုပ်မှာ မတူပီမြို့နယ် အာဏာပိုင်တွေက မီးမရှို့ဖို့ အမိန့်ပေးတယ်၊ ဒါပေမဲ့ ပြည်နယ် ခွင့်ပြုချက်အရ ယာမီးကို ရှို့တယ်၊ ဒါပေမဲ့ မြို့နယ်က မျိုး မချဖို့နဲ့ မေလ ၂၄ ရက်နေ့မှာ ကွင်းဆင်း မယ်ပြောတယ်၊ ခုထိ ဘာမှ မဆောင်ရွက်ဘူး” ဟု ရွာဗား ( ဘီ )မှ ကျောင်း ဆရာ အငြိမ်းစားတဦးက ပြောသည်။ အဆိုပါ ယာနယ်မြေပိုင်ဆိုင်လိုမှုအတွက် နှစ်ဖက် ဒေသခံများသည် ၁၉၇၆ ခုနှစ်တွင်တကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တကြိမ် စုစုပေါင်းနှစ်ကြိမ် တရားစွဲဆိုခဲ့ကြရာ သက်ဆိုင်ရာက နှစ်ကြိမ်စလုံး ရွားဗား (ဘီ)ကို ပိုင်ဆိုင်ခုတ်လုပ်ခွင့်ပေးထားခဲ့သည်။ ရွာဗား (ဘီ) ရွာတွင် အိမ်ခြေ ၃၅ ဆောင်ရှိပြီး…
Author: Editor
လာမည့် ဇူလိုင် ၉ ရက်နေ့တွင် ဥရောပ ပါလီမန် ၊ ဘရပ်ဆဲလ် ၌ ချင်း အရေး နှင့် မြန်မာ့ အရေး လူထုကြား နာပွဲပြု လုပ်မည်ဟု သိရသည်။ အဆိုပါ ချင်းအရေး ကြားနာပွဲ သည် ဥရောပ ပါလီမန် တွင် ပြုလုပ်ခြင်းဖြစ်သည်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင် လင် ဖြစ်သူက မယားအား သတ်ဖြတ်သည့် အမှု ဖြစ်ပွားသည်ဟု သိရသည်။ မတူပီမြို့ စန်ဘောင်ရပ်ကွက်တွင်နေထိုင်ပြီး ပန်းရံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဦးသန်းစိုး (ပခုက္ကူဇာတိ) ၏ ဇနီး ဒေါ်ပပ ဆိုသူသည် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။ “ သေဆုံးသူရဲ့ နဖူး၊ နောက်စေ့၊ မျက်နှာ နဲ့ နှုတ်ခမ်းတွေမှာ သွေးတွေပေကျံပြီးယောင်ကိုင်းနေတယ်” ဟု အလောင်းကို သွားကြည့်သည့် ဂျိမ်းရိုလဲန်းက ပြောသည်။ ဦးသန်းစိုးသည် ဇွန်လ ၂၂ ရက်နေ့တွင် မယားဖြစ်သူ ဒေါ်ပပအား ပြည်သူ့ ဆေးရုံလာတင်ခဲ့ပြီး အတွင်းလူနာအဖြစ်ကုသမှု ခံယူနေစဉ် ဇွန်လ ၂၆ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သေဆုံးသူအလောင်းအား ခွဲစိပ်ရာတွင် ဦးခေါင်းနောက်စေ့ အကြောတွေ ပြတ်သွားကြောင်း၊ ထိုသို့ အကြောတွေ ပြတ်သွားခြင်းမှာ နောက်စေ့ ဒါဏ်ရာကြောင့် ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိကြသည်။ လင်မယားနှစ်ယောက်စလုံးသည် ဇွန်လ ၂၂ ရက်နေ့ညမှာ နှစ်ယောက်စလုံး စကားများ ရန်ဖြစ်ကြပြီး ယောင်္ကျားဖြစ်သူက အမျိုးသမီးကို ရိုက်နှက်ကြောင်း သိရသည်။ နယ်မြေခံ ပြည်သူ့ရဲတွေက ဦးသန်းစိုး၏ သားကို မေးစမ်းကြည့်ရာတွင် အဖေက အမေ့ကို ရိုက်ခဲ့လို့ အမေအိပ်ရာမှ မထနိုင် တောတဲ့ အခါကျမှ ဆေးရုံကို တင်လာရခြင်းဖြစ်ကြောင်း သိရသည်။ …
ဇွန်လ ၂၅ ရက်နေ့ ည ၁၀း ၀၀ နာရီခန့်က အမှတ် (၁) အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ထရပ်ကား တစီးတိမ်းမှောက်ခဲ့သဖြင့် ကားဒရိုင်ဗာနှင့် စပယ် ယာ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရ သည်။
၂၀၁၂ -၂၀၁၃ စာသင်နှစ် ချင်းပြည်နယ်စာစစ်ဌာနမှ ကျင်းပသည့် ၁၀ တန်းစာမေးပွဲသည် မသမာမှု အကင်း ဆုံးဖြစ်ကြောင်း ယင်းအပေါ် အထူးဝမ်းသာ ဂုဏ်ယူကြောင်း လိုင်(ချင်း) ကျောင်းသား များအသင်း( တက္က သိုလ်များ- မြန်မာပြည်) က ယနေ့ဆိုသည်။ တပြည်လုံး ၁၀ တန်းစာမေးပွဲအောင်ချက်တွင် ချင်းပြည်နယ်သည် အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံး ဖြစ်သော် ငြားလည်း ချင်းပြည်နယ်စာစစ်ဌာနတွင် ယခုနှစ် ကျင်းပပြုလုပ် သည့် ၁၀ တန်း စာမေးပွဲသည် ခါတိုင်းနှစ်များ နှင် မတူပဲ လဒ်ပေး လဒ် ယူမှုနှင့် မသာမှု အကင်း ရှင်းဆုံး အောင်ချက်ဖြစ်သည်ဟု သုံးသပ်ရကြောင်း နှင့် ၁၀ တန်း အောင်မြင်သူများ၊ စာမေးပွဲ ကြီးကြပ်သူ တာဝန်ရှိအားလုံးအပေါ် အင်မတန် လေးစားမိပါကြောင်း ၄င်းတို့၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ လေ့လာရသလောက်က ဟားခါး နဲ့ ထန်တလန်စာစစ်ဌာန မှာ အစိုးရ၊ ဘာသာရေးအသင်းအဖွဲ့၊ မြို့မိမြို့ဖ နဲ့ မိဘပြည်သူတွေက ယခုနှစ်မှာ ကျောင်းသားတွေ စာမခိုးရေး၊ စာကြိုးစားရေးကို ခါတိုင်းနှစ်အပေါ် အ တွေ့အကြုံယူပြီးကြပ်မတ်ကြတယ်၊ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ အောင်မြင်မှု အကျိုးတရားအပေါ် ၀မ်းသာ တာ ပေါ့ဗျာ၊ အောင်ချက် နိမ့်သည်၊ မြင်သည် အဓိက မဟုတ်ပါ” ဟု ကျောင်းသားခေါင်းဆောင် Salai Kep Chin Thang က ခိုနုမ်းသုန်ကို ပြောသည်။…
ယခုနှစ် မတ်လ ကတည်းက ချင်းပြည်နယ် အိန္ဒိယ – မြန်မာနယ်စပ်၊ တီးတိန်မြို့နယ် ထင်းလေ၊ ဇိမ်ပီး၊ ဇိမ်သဲ ကျေးရွာ ပတ်ဝန်းကျင်ရှိ အခွန်ဆောင်ပြီး သစ်ထုတ် လုပ်နေသူများအပေါ် နယ်မြေခံ စစ်တပ်တွေက သစ်သယ် ကားတစီး လျှင် ကျပ် ငွေ တ သောင်းစီ အခွန်ကောက် ခံနေသည်။
ပြည်ပရောက် Chin Youth Organization (CYO) မှ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ် မည့် ညီလာ ခံသို့ ချင်းအဆိုတော် များဖြစ်ကြသည့် SaLai Cung Lian Thawng ( Thawngbawih), Vandawt Cin ( Moe Moe) နှင့် မီဇို အဆိုတော် Mamivarte တို့ ဖိတ်ကြား ထားကြောင်း သိရသည်။
ချင်းလူထု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (Network for Chin Community Development (NCCD) ဦးဆောင်မှုဖြင့် လူထု ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ (Community Development Dialogue)ကို ချင်းပြည်နယ်မြောက် ပိုင်း တီးတိန်မြို့ နယ်အ တွင်း ကျင်းပပြုလုပ် ခဲ့သည်ဟု သိရသည်။
၁၉၈၅ – ၈၆ ၀န်းကျင်က ရေပန်းစားခဲ့သော ချင်းအဆိုရှင် Mai FarMeng (၄၂ နှစ်)သည် ယခုလ ၂၃ ရက်နေ့ ညနေ ၂း ၄၅ မိနစ်တွင် ရန်ကုန်မြို့ Victoria ဆေးခန်း၌ ကွယ်လွန်သွားခဲ့သည်ဟု ကြားသိရသည်။ Mai FarMeng သည် ချင်းပြည်နယ်မြို့တော်ဟားခါးနေ Pu Thang Heng နှင့် Pi Tum Ci တို့၏ စတုတ္တမြောက် သမီး ဖြစ်ပြီး BA ( IR) ဘွဲ့ရရှိထားသည်။ တချိန်က ဟားခါးမြို့ရှိ Deirel တီးဝိုင်း၏ ပင်တိုင်အဆိုရှင်ဖြစ်ခဲ့ပြီး အနောက်တိုင်း အင်္ဂလိပ်သီချင်းကို အားသန်ခဲ့သည်။ “ နှလုံးရောင်ရောဂါနဲ့ ဆုံးသွားတာပါ၊ ဆေးရုံမှာ တလကြာ ကုရတယ်၊ အခု သူ့ရဲ့ခင်ပွန်းကို စောင့်နေတာပါ၊ အ လောင်း ကိုတော့ ဟားခါးကို သယ်သွား ဘွယ်ရှိတယ် ”ဟု ဆွေမျိုးဖြစ်သူ Salai That Cin Thang က ပြောသည်။ ဆက်လက်ပြီး သူမဟာ ကိုယ့်အားကိုယ်ကိုးပြီး ပညာသင်ယူခဲ့တယ်၊ တကယ်စွန့်စားတဲ့ ပုဂ္ဂိုလ်ပါ၊ ဟု ဆက်ဆိုသည်။ Mai FarMeng သည် ဖင်လန်နိုင်ငံသား တဦး နဲ့ အိမ်ထောင်ကျပြီး လက်ရှိတွင် တိုက်အမှတ် ၅၀၄၊ ပည၀တီအိမ်ယာ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တွင် နေထိုင်စဉ် သေဆုံးခြင်းဖြစ်သည်။ သေဆုံးချိန်အထိ…
“ ခင်ဗျား တို့ စစ်ဖိ နပ်အောက် မှာ ဘယ်တော့ မှ ဒူး မထောက် ပါ၊ ငါ့ ခန္ဒာ ကိုယ်သာ သတ်နိုင်မှာ၊ ငါ့ ခံယူချက်၊ ငါ့ စိတ်ဓါတ် ကိုဘယ်တော့မှ ခင်ဗျား တို့ သတ်နိုင် မှမဟုတ် ” ဟု ပြောပြီး ကြိုးစင် တက် အသေခံ သွားတဲ့ ချင်း သူရဲကောင်း ဆလိုင်း တင်မောင်ဦး ၏ ၃၇ ကြိမ်မြောက် အောက်မေ့ဘွယ် အခမ်း အနား ကို အိန္ဒိယ နိုင်ငံ ဒေလီရှိ Chin Student’s Union က ဦးဆောင်ပြီး ဇွန်လ ၂၆ ရက်နေ့မှာ ကျင်းပ သွား မည်ဖြစ်သည်။
