ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ညနေ ၃း၀၀ နာရီခန့်က ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ဗန်ဇန်တောင်ကြောလမ်း၊ ထန်တလန်မြို့နှင့် ဆိုပုမ်ရွာကြားတွင် ဒရိုင်ဗာ တင်ကျဲအို မောင်းလာသည့် ပူး ထာလျန်၏ အုတ်သယ်ကား တစီး တိမ်းမှောက်ပြီး ခရီးသည် ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ ဦး ဒါဏ်ရာရရှိကြောင်း သိရသည်။
Author: Editor
ဇလပ်နီ – မြန်မာနိုင်ငံအစိုးရအဆက်ဆက်တွင် သန်းခေါင်စာရင်းကို တပါတီအာဏာရှင်အုပ်ချုပ်ရေးလက်ထက်တွင်သာ နှစ်ကြိမ် ကောက်ခံခဲ့ပြီး စစ်အစိုးရအဆက်ဆက် တကြိမ် တခါမျှ ကောက်ခံမှု မပြုတော့ပေ။ သန်းခေါင် စာရင်း ကောက်ယူမှု မရှိခဲ့သောကြောင့်လည်း ကိန်းဂဏန်းများကို မှန်းခြေဖြင့် လိုတိုး ပိုလျှော့ တွက်ချက်ပြီး နိုင်ငံ အုပ်ချုပ်ရေးကို ပရမ်းပ တာ ကိုင်တွယ်နေရသည် ဆိုလျှင် မမှားတန်ရာ။ ၁၉၇၃ခုနှစ် သန်းခေါင်စာရင်းသည် ပြည်သူထံ အာဏာပြန်လည်အပ်နှင်းရေးအတွက် မဲဆန္ဒရှင်စာရင်းပြုစုရန်နှင့် ပြည် သူတို့၏ လူမှုရေး၊ စီးပွားရေး စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်ရန်ဖြစ်သည်ဟု အကြောင်းပြထား သော် လည်း လက်တွေ့မှာ မဆလ အာဏာရှင်စနစ်တည်မြဲရေးသာဖြစ်ခဲ့သည်။ ၁၉၇၃ ခုနှစ်သန်းခေါင် စာရင်း ကို အခြေခံပြီး ၁၉၈၃ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့ရာ မြန်မာတစ်နိုင်ငံလုံး လူဦးရေ ၃၅ ဒသမ ၃ သန်း ကျော်ရှိ ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံအတွင်း လူဦးရေ သန်းပေါင်း ၆၀ ကျော်သည်ဟု ခန့်မှန်း ရသည်။ ၁၉၇၃ ခုနှစ်သန်းခေါင်စာရင်းကို အခြေခံပြီး ၁၉၈၃ ခုနှစ်တွင် ချင်းလူမျိုးဦးရေ ၃၂၃. ၂၉၅ ရှိသည်ဟု သိရသည်။ လက်ရှိချင်းလူမျိုးဦးရေ ၄သိန်း နှင့် ၅ သိန်းအကြား ရှိမည်ဟု ခန့်မှန်းရသည်။ ချင်းပြည်နယ်ပြင်ပ ဦးရေ အကျုံးမ၀င်ပါ။ အမှန်က သန်းခေါင်စာရင်းကောက်ယူတာဟာ နိုင်ငံသားတဦးချင်းစီ၊ မိသားစု တစုချင်းစီ ၏ လူဦးရေ၊…
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ဒလက်မေအုပ်စုအတွင်း မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်က တောင်ယာမီးရှို့ရာမှတဆင့် ကက္ကူးဝအောက်ရွာ နှင့် ပါကာတောင်ရွာ(၀ါ) ရွာသစ်ရွာရှိ လူနေအိမ်ခြေ ၂၃ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။
ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် Chinlung Chhuak Zofate (ချင်း(ဇို) မျိုးနွယ်စုများ တွေ့ဆုံပွဲတရပ်ကို ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားရန် စီစဉ်နေကြကြောင်းသိရသည်။
ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံသား ချင်းအမျိုးသမီးတဦးထံမှ ဘိန်းဖြူ ၄၆ ဂရမ်ကို ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။
ချင်းပြည်နယ် တီးတိန်မြို့ရှိ ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံးရှေ့တွင် မတ်လ ၂၇ ည ၈း၃၀ နာရီခန့်က ချိန် ကိုက်ဗုံးတလုံးပေါက်ကွဲကြောင်း ဒေသထုတ်သတင်းက ဆိုထားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရရှိမှု၊ အသေအပျောက်မရှိသည့်အပြင် ရုံးအဆောက်အဦးလည်း ထိခိုက် မှု မရှိ ကြောင်း ဒေသခံတွေက ပြောကြသည်။
ချင်းပြည်နယ် တောင်ပိုင်း ဆမီးမြို့အတွင်းရှိ လူနေရပ်ကွက်တွင် စေတီပုထိုးတည်ဆောက်နေသည်ကို တခြားနေရာ သို့ ပြန်လည်ပြောင်းရွှေ့ပေးရန် မတ်လ ၁၉ ရက်နေ့က ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဟုန်းငိုင်းထံ လိပ်မူပြီး ဆမီး ဒေသခံများက တောင်းဆိုလိုက်သည်။ ဆမီးမြို့ပေါ် အမှတ် ၂ ရပ်ကွက်ရှိ လူနေအိမ်များအတွက် လျာထားသော မြေနေရာတွင် ဆမီးမြို့နယ်ခွဲ အထွေထွေ အုပ်ချူပ်ရေးမှူး ဦးကီးခွီရှိန်း၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ယင်းစေတီပုထိုးကို စတင်တည် ဆောက်ခဲ့ကြခြင်းဖြစ်သည်။
ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ပေါ်တွင် အလွယ်တကူအသုံးပြုနိုင်သော ငွေလွှဲ၊ လက်ခံ စနစ် Western Union money transfer ကို လာမည့် ဧပြီလတွင် စတင်ဖွင့် လှစ် အသုံးပြု နိုင်တော့မည်ဟု သိရသည်။ အဆိုပါ အလွယ်တကူ ငွေလွှဲ၊ လက်ခံရရှိနိုင်သည့် Western Union ကို ဟားခါးမြို့ပေါ်ရှိ Co-operative Bank (CB) တွင် တည်ရှိမှာဖြစ်ပြီး လိုအပ်သော Installation of Internet နှင့် Network Services များကိုပြင်ဆင်နေဆဲဟု သိရပြီး လာမည့် ဧပြီလ မကုန်ခင်ဖွင့်လှစ်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမျိုးစုံ နှင့် စစ်မက်ဖြစ်ပွားဇုံအတွင်း ကလေးသူငယ်များ အကာအကွယ်ပေးရေး Geneva Call သဘောတူစာချူပ် အချက် ၂ ချက်ကို ချင်းအမျိုးသားတပ်ဦး CNF က ဆွီဇာလန်နိုင်ငံတွင် မတ်လ ၁၉ ရက်နေ့ သဘောတူလက်မှတ်ရေးထိုးလိုက်သည်။ ဆွီဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ အာလာဗားမား ခန်းမတွင် မတ်လ ၁၉ ရက်နေ့က ချင်းအမျိုးသားတပ်ဦး တွဲဖက်အထွေ ထွေအတွင်းရေးမှူး (၁) ပူးပေါလ်ဆီထာ နှင့် ချင်းအမျိုးသား တပ်မတော် စစ်ဦးစီးချူပ်ဗိုလ်မှူးချူပ်ဟရန်သင်ထိုက်တို့ က ယင်း Geneva Call သဘောတူစာချူပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယနေ့ ၂ဝ၁၄ ခုနှစ် မတ်လ (၂ဝ)ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး မှ လက်နက် ကိုင် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ကို စတင် ဆင်နွှဲ ခဲ့သည် မှာ (၂၆) နှစ် တင်း တင်း ပြည့်ခဲ့ပြီဖြစ်သည်။ ကျွန်ပ်တို့ (၂၆) နှစ်တာ ကာလ အတွင်း ဖြတ်သန်းခဲ့ရသည့်လက်နက်ကိုင် တော်လှန်ခရီးကို ပြန်လည်သုံးသပ်ရာတွင် ကမ္ဘာအရပ်ရပ်အ ဖိနှိပ်ခံ ပြည်သူတို့၏ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု များ နှင့်မခြားနား၊ ချင်း အမျိုးသား တော်လှန်ရေး ခရီးသည် လည်း နူးညံ့ ချောမွေ့သည့် ခရီးတခု မဟုတ်ခဲ့ပါ။ ခက်ခဲသော လက်နက် ကိုင်တော်လှန်ရေး ခရီးတ လျှောက် တွင်အကွေ့အကောက်၊ အတားအဆီး ပေါင်း မြောက်မြား စွာကိုကြုံတွေ့ဖြတ်သန်းခဲ့ကြရပါသည်။ ၁၉၄ဂ ခုနှစ် တွင်သမိုင်းဝင်ပင်လုံစာချုပ်အရ ဗြိတိသျှကိုလိုနီ ကျွန်သဘောက်ဘဝမှ အတူတကွ လွတ်မြောက် လာကြ သည့် အချိန် နှင့် တဆက်တည်း ဆက်ဆက်သော ဗဟိုအစိုးရတို့မှပင်လုံ ကတိကဝတ်တို့ ကို သစ္စာဖေါက် ဖျက် ခဲ့ကြသဖြင့် အဖိနှိပ်ခံအမျိုးသားပြည်သူတို့သည် မိမိတို့ လက်လွှတ် ဆုံးရှုံးခဲ့ကြရသော မွေးရာပါအမျိုး သား အခွင့် အရေးများ ပြန်လည်ရရှိရေးအတွက် လက်နက် စွဲကိုင်ကာအမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ ကို အဆက် မ ပြတ်ဆင်နွှဲခဲ့ကြရသည်။ ကုန်လွန်ခဲ့သည့် (၂၆) နှစ် မတိုင်မီ ၁၉၆ဝ ခုနှစ် နှင့် ၁၉၇ဝ…
