Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»Dr. Sasa မှ ရခိုင်ပြည်နှင့် ချင်းပြည်ရေဘေး သင့်ပြည်သူအတွက် ဆန်အိတ် ၁၀၀၀ နှင့် စားကုန်များ ပြန်လှူ

Dr. Sasa မှ ရခိုင်ပြည်နှင့် ချင်းပြည်ရေဘေး သင့်ပြည်သူအတွက် ဆန်အိတ် ၁၀၀၀ နှင့် စားကုန်များ ပြန်လှူ

0
By Editor on August 31, 2015 Headline

Dr. Sasa

ချင်းပညာရေး နှင့် ကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်နေသူ Dr. Sasa က ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ချင်း ပြည် သူများအတွက် ဆန်အိတ် ၅၀၀၊ ဆီ ၅၀၀ ကေဂျီ၊ ကုလားပဲ ပိသာချိန် ၅၀၀ ၊ဆား ပိသာ ၅၀၀ ကို လှူဒါန်း ဖြန့်ဖြူးနေ ကြောင်း သိရသည်။ ထို့အပြင် ချင်းပြည်တောင် ပိုင်း ရေဘေး သင့်ပြည်သူများ အတွက် ဆန်အိတ် ၅၀၀၊ ဆီ ၅၀၀ ကေဂျီ၊ ကုလားပဲ ကေဂျီ ၅၀၀ ၊ အသားတု ကေဂျီ  ၅၀၀ ကိုလည်း အိန္ဒိယ အရှေ့မြောက် Assam ပြည်နယ်မှ ၀ယ်ယူ တင်သွင်းရန် နှင့် စက်တင်ဘာအတွင်း ဖြန့်ဖြူးရန် ဖြစ်ကြောင်း သိရသည်။

” အခု ပြည်နယ်နှစ်ခုရှိ ရေဘေးသင့်ပြည်သူတွေထဲက ကျန်းမာရေးနဲ့ ပါတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက် Clean Delivery Kits ကို စက်တင်ဘာလအတွင်း ဒေသခံတွေဆီ ရောက်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု Dr. Sasa က ခိုနုမ်းသုန်ကို ပြော သည်။
ဆက်လက် ပြီး နိုင်ငံတကာ နဲ့ ပြည်ပ နိုင်ငံတွေရဲ့ မြန်မာပြည်ရေဘေးသင့်ပံ့ပိုးမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၄ သန်းသာ ရှိကြောင်း မြန်မာပြည်ရေဘေးသင့် ဒုက္ခသည်ပေါင်း သန်း ၂၀ ခန့်အတွက် ၂ လ စာ သာ လုံလောက် မှာဖြစ်ကြောင်း ဒုက္ခသည်အတွက် အနည်းစာ ၁၀ လစာ အတွက် ဒေါ်လသန်းပေါင်း ၂၀၀ နှင့် အတူ မိသားစုပြန်လည် ထူထောင်ရေး အိမ်ယာအတွက် ဒေါ်လာ သန်းပေါင်း၃၀၀ လိုအပ်
ဖြစ်ကြောင်း ဆိုသည်။

 

Dr. Sasa သည် အဆိုပါ ရေဘေးသင့်ချင်းပြည်သူတွေရဲ့ ပြသာနာ ဖြေရှင်းနိုင်ရေးအတွက် EU, UK, US, Canada, Japan, Australia စသည့် နိုင်ငံများထံ ဒုက္ခသည် DATA ကို အမြန်ဆုံးပေးပို့နိုင်ရေးအတွက် ဆောင်ရွက်နေပြီး အဆိုပါ အမေရိကန် ဒေါ်လာ ၃၀၀ အတွက် WFP, Who, UNICEF စသည့် UN agencies  တွေထံ တင်ပြအ ကူအညီတောင်းနိုင်ရန် စီစဉ် ဆောင်ရွက်နေသည်။

 

” ဒီရေဘေးသင့် ဒုက္ခ ကို အချိန်မှီ ဖြေရှင်းနိုင်ပါမှ နိုဝင်ဘာ ရွေးကောက်ပွဲက Free and fair ဖြစ်နိုင်မယ်၊ ဒါမှသာ ကျတော်တို့ နိုင်ငံရဲ့
အုပ်ချုပ်ရေး ယန္တယားက လည်ပတ်နိုင်မှာပေါ့ ၊ ဘာပဲဖြစ်ဖြစ် ဒီ ရေဘေးသင့် DATA ရရှိဖို့ က အဦးဆုံးလိုအပ်ချက်ဖြစ်နေတယ် ” ဟု ပြော သည်။

 

ဆက်လက်ပြီး အစ္စရေး လူမျိုးတွေဟာ သူတို့နိုင်ငံနဲ့ မြို့တော် ဂျေရူဆလင်ကို နှစ်ပေါင်း ၇၀၀၀ ခန့် ပြန်လည် ထူထောင်ခဲ့ကြကြောင်း ကျတော် တို့လည်း ချင်းပြည်နယ်နဲ့ မြို့တော်ဟားခါး အခါပေါင်း ၁၀၀၀ ပျက်စီးနေပေ့စေ၊ အခေါက်ပေါင်း ၂၀၀၀ ပြန်လည် ထူထောင်နိုင် ရမှာဖြစ်ကြောင်း ဒီအတွက် ပြည်သူ၊ အစိုးရ အားလုံးမှာ တာဝန် ရှိကြောင်း ပြောသည်။

 

ချင်းပြည်နယ် မြို့တော် ဟားခါး ရေဘေးသင့်ပြည်သူများအတွက် Dr. Sasa သည် ဆန်အိတ် ၅၀၀၊ ဆီ ၅၀၀ ကေဂျီ၊ ကုလားပဲ ကေဂျီ ၅၀၀ ၊ အသားတု ကေဂျီ  ၅၀၀ ကိုလည်း ပံ့ပိုးခဲ့ပြီးဖြစ်သည်။ သို့သော် အဆိုပါ စားကုန်များသည် လမ်းပန်းဆက်သွယ်ရေး၊ ကုန်တင်ယာဉ် အခက် အခဲကြောင့် ယနေ့အထိ နယ်စပ်ရှိ CNF အခြေစိုက်ရာ ၀ိတိုရိယ စခန်းတွင် သောင်တင်နေဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.