Author: Editor

ချင်းခရစ်ယာန် အသင်းတော်၏ ကိုယ်ထူကိုယ်ထ  အလယ်တန်းကျောင်းအား  အစိုးရက အခြေခံပညာ အလယ်တန်း ကျောင်းအဖြစ် အသိအမှတ်ပြုလိုက်သည်။ အဆိုပါကျောင်းသည် မရာ (ချင်း) ဧ၀ံဂေလိ အသင်းတော်မှ ကိုယ်ထူကိုယ်ထ တည်ထောင်ထားသော အလယ် တန်း ကျောင်းအား လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက အခြေခံပညာ အလယ်တန်း အဖြစ် ၂၀၁၃ မေလတွင် အသိ အမှတ်ပြုလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ် အထက်မြဲလှဲကျေးရွာရှိ အဆိုပါ ကျောင်းကို မရာဧ၀ံလိ အသင်းတော်မှ ၁၉၉၈ ခုနှစ် တွင် ထူထောင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ” ဒီ ကျောင်းမဖွင့်ခင် ကာလမှာ မရူမျိုးနွယ်စုတွေ နေထိုင်တဲ့ ဒီဒေသမှာ ဆယ်တန်းအောင်သူ ၃ယောက် သာရှိသေးတာ၊ အခုဆိုရင် ဘွဲ့ရ ၇ယောက်၊ ဆယ်တန်း အောင်သူ ၂၀ကျော် ရှိနေပြီ၊ ဒီ ကျောင်း ဖွင့်လှစ် တည်ထောင်တာ အရမ်းကို ကျေ နပ်တယ်၊ အခုဆို အစိုးရလည်း အစိုးရ အလယ်တန်းကျောင်း အဖြစ် အသိအမှတ်ပြုလာတော့ ကျတော်တို့ ၀မ်းသာ တာပေါ့ဗျာ၊ နှစ်ပေါင်းများစွာ ပင်ပန်းရကျိုးနပ်တယ်ပေါ့” ဟု ဆရာကြီး Rotha (Head Supervisor ဟောင်း, Private အလယ်တန်းကျောင်း၊ မြဲလှဲ) က ခိုနုမ်းသုန်ကို ပြောသည်။ ၁၉၉၈ ခုနှစ် ကတည်း ကနေ မရာဧ၀ံဂေလိ အသင်းတော်မှ  ဘွဲ့ရ…

Read More

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်တွင်တည်ရှိပြီး ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် တွင် တရားမ၀င်နေထိုင်ကြသော မြန်မာနိုင်ငံသားတချို့ကို အစိုးရမဟုတ်သော အဖွဲ့အစည်း တချို့က ထပ်မံမောင်း ထုတ်ဖွယ်ရှိသည်ဟု စုံစမ်းသိရှိရသည်။

Read More

ယခုလ တတိယပတ်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် (ဒေ သကွပ်ကဲရေး စစ်ဌာနချုပ်) မှ အစိုးရစစ်သားများသည် ချင်းအမျိုးသားတပ်မတော် အခြေစိုက်ရာ တပ်စခန်းများသို့ သွားရောက်လေ့ လာ သည်ဟု သိရသည်။

Read More

ဆလိုင်းရောဘတ် – ချင်းပြည်နယ် တီးတိန်မြို့နယ် ထဲမှာ ရှိတဲ့ မြွေတောင်၊ ဖားတောင် နီကယ် သံသတ္တု တူးဖော်ရေး စီမံကိန်းကြီးဟာ ခုတလော မီဒီယာစာမျက်နှာပေါ်မှာ ခပ်စိတ်စိတ် ပါလာ တာသတိ ထားမိ ပါတယ်။ ဒေသခံလူထု၊ အစိုးရ မဟုတ်တဲ့အဖွဲ့ အစည်းတွေ၊ ချင်းနိုင်ငံရေး ပါတီတွေ ကလည်း သူတို့ သဘောထားတွေ ထုတ်ပြန်နေတာတွေလည်းတွေ့မြင်ကြရမှာပါ။ ဒါနဲ့ ကျနော်လည်း ဒီကိစ္စကို ပိုမိုသိချင်တာနဲ့ မြွေတောင်၊ ဖားတောင်ကို သွားဖို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင် ဇောလ်မြို့ကနေ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းကလေးမြို့ကို မေလ ၂၉ ရက်နေ့က သူငယ်ချင်း တယောက်နဲ့အတူ ထွက်လာ ခဲ့ပါတယ်။ ကလေးမြို့ရောက်တော့  ကလေးမြို့ကနေ မိုင် ၂၀ လောက်ဝေးတဲ့ မြွေတောင်၊ ဖားတောင်ခြေရင်းဆီကို ဆိုင်ကယ် ၂ စီးနဲ့ သူငယ်ချင်း လေးရောက် ထွက်သွားကြပါတယ်။ ဒီနေရာမှာ ကျနော် မြွေတောင်၊ ဖားတောင် စီမံကိန်းကို မပြောချင်သေးပါဘူး၊ အဲဒီတောင်ခြေရင်းမှာရှိတဲ့ ဒိမ်ဇန် ကျေးရွာမရောက်ခင်မှာ ခွေလွီးကြိုးတံတားရဲ့အကြောင်းလေးကို ပြောချင်တာပါ။ ဘာလို့လဲဆိုတော့ အဲဒီကြိုး တံတား ပေါ်မှာ စတင်တည်ဆောက်တဲ့ ခုနှစ်၊ လ၊ ပြီးဆုံးတဲ့ ခုနှစ်၊ လ တွေကို ကမ္ဗည်းထိုးထားပြီး၊ “ချင်းပြည်နယ် အစိုးရမှ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်သည်”  ဆိုပြီး ကိုယ့်အစိုးရကို အမွှန်းတင် ရေးသားထားတဲ့ စာတန်းကို ကြည့်ပြီး ကျနော် အတွေးများစွာ ဆက်တွေး နေမိတယ်။ ဒီခွေလွီးကြိုးတံတားဟာ…

Read More

ချင်းပြည်နယ် ပညာရေးဝန်ထမ်း အတွက် အလုပ်လျှောက် ထားသူများ နှုတ်ဖြေ ဖြေဆိုမည့်နေ့ရက် ကြော်ငြာချိန်နှင့် နှုတ် ဖြေဖြေဆိုမည့် အချိန် ကပ်လွန်းသောကြောင့် အလုပ်လျှောက်သူ အားလုံး နီးပါး အချိန် မ မှီကြတော့ပါ။ “ အင်တာဗျူး မည့်နေ့ရက်ကို ယနေ့ ဇွန်လ ၁၈ ရက်နေ့သတ်မှတ် တယ်၊ ဒါပေမဲ့ ယမန်နေ့ ၁၇ ရက်နေ့ကပဲ အင် တာဗျူး မည့်ရက် ကို ကြော်ငြာတယ် ဆိုတော့ နယ်က အလုပ်လျှောက်ထားသူတွေ လွဲကုန်တာပေါ့ဗျာ” ဟု ဟားခါးမှ အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့ Town Hall ၌ ပြီးခဲ့တဲ့ ဇွန်လ ၁၀-၁၁ ရက်က မြန်မာ့အသံ ချင်းတိုင်းရင်းသား ဘာသာ နှင့် ဒေသခံလူငယ်များ၏ဦးဆောင်မှုဖြင့် ချင်းဂီတဆု ပေးပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။ ၎င်းအစီအစဉ်မှာ မြန်မာ့အသံ ချင်းတိုင်းရင်းသား ဘာသာ နှင့် ၂၀၁၃ စက်တင်ဘာ မှစတင်ထုတ်လွှင့်မည့် MRTV ချင်းဘာ သာအစီအစဉ်အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်ကျင်းပခြင်းဖြစ်ကြောင်း တာဝန်ရှိသူ ဆလိုင်းအေးချမ်း မောင်က ပြောပြ သည်။

Read More

ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အတွင်း ၈ မြို့အပြင် မြို့နယ်အတွင်း ကျေးလက်ဒေသပြည်သူလူထုနှင့် ဆက် လက် တွေ့ဆုံမှုပြု လုပ်နေသည်။ စီအဲန်အက်ဖ် မတူပီဆက်ဆံရုံးမှ ဆက်ဆံရေးအရာရှိ ပူး ထန်ယဲန်းနှင့် ဆက်ဆံရေးဒုတိယတာဝန်ခံ ပူး မန်လိုင်းဦး ဆောင် သည့် အဖွဲ့သည် ဇွန်လ ၁ ရက်နေ့မှစပြီး ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးရွာနှင့် မဆာတွီရွာ ပြည်သူလူထုနှင့် ၄င်း၊မင်းတပ်မြို့နယ် စွန်တောင်၊ ရို၊ လေရှီး ကျေးရွာပြည်သူလူထုနှင့် ၄င်းတွေ့ဆုံခဲ့ကြသည်ဟု သိရ သည်။ “ ကျင်ဒွေးကျေးရွာလူထုတွေ့ဆုံပွဲမှာ ဒေသခံလူထု ၅၀၀ ခန့်တက်ရောက်ကြတယ်၊ ဘာသာရေးခေါင်းဆောင်၊ အစိုးရ ၀န်ထမ်း၊ ရပ်မိရပ်ဖ၊ ကျောင်းသားလူငယ် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တက်ရောက်ကြတာ အားရစရာပါ” ဟု ဆက်ဆံရေးရုံးအုပ် ဂျိမ်းစ် ရိုလဲန်း က ပြောသည်။ အလားတူ စီအဲန်အက်ဖ် ထန်တလန်ဆက်ဆံရုံးမှ ဆက်ဆံရေးအရာရှိ ပူး အိပ်ခ်ျစီရာလ်နှင်း နှင့် ဆက်ဆံရေး ဒုတိယ တာဝန်ခံ ပူး ဘီလ်ကျုံး ဦးဆောင် သည့် အဖွဲ့သည်လည်း ချင်းပြည်နယ်ဟားခါးမြို့နယ်အတွင်း ကျေးလက်ဒေ သပြည်သူ လူထုနှင့် တွေ့ဆုံမှုပြုလုပ်နေကြကြောင်း ထပ်မံသိရသည်။ ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အတွင်း လူထုတွေ့ဆုံပွဲကို ပြုလုပ်ပြီးပါက ချင်းပြည်နယ်ပြင်ပရှိ ချင်းပြည်သူများ၊ တက္ကသိုလ်ကျောင်းသားများနှင့်လည်း ထပ်မံတွေ့ဆုံမှာဖြစ်သည်ဟုလည်း ကြားသိရသည်။ “ လူထုတွေ့ဆုံပွဲကို ယခုနှစ် မိုးတွင်းမှာအပြီးပြုလုပ်မှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ ချင်းအမျိုးသားညီလာခံကို ကျင်းပဖို့ စီစဉ် ထားပါတယ် ”ဟု…

Read More

ဆောင်းပါး၊ ဇလပ်ထက်နီ ၁၃ ဇွန် ၂၀၁၃ – ယခုတလော ချင်းပြည်နယ် မတူပီမြို့နယ်၊ ဇိုတုန်၊ မရာ၊ ဒေသ ကျေးရွာပေါင်း ၃၀ ခန့်မှာ ကို ဌေးဝင်း၊ ကို ဇပဲန်း ဆိုတဲ့ နာမည်က ရေပန်းစားနေလေရဲ့၊ သူတို့ဟာ ADRA ( အရှည်ကောက်တော့ မသိပါ) ဆိုတဲ့ အဲန်ဂျီအို အဖွဲ့က ဒေသခံတွေရဲ့ ဖိုခနောက်ပေါ်ထမင်းအိုးမြဲရေးအတွက် ဖြေရှင်းပေးနေတဲ့သူတွေပေါ့၊ ကို ဇာပဲန်းဆိုယင် ဆိုင်ကယ်တစီးနဲ့ တရွာဝင် တရွာ ထွက် လှုပ်ရှားနေရတယ်၊ သူ့ အပြောအရ ကျေးရွာအုပ်စု (၇)ခုရဲ့ ၀မ်းရေးကို တာဝန်ယူ နေသူပါ၊ သူ့အထက်က ကို ဌေး ၀င်းဆိုပဲ။ “ ခုနေခါမှာ ကျတော်တို့အနေနဲ့ အရေးပါဆုံးက ကို ဇာပဲန်းပါ၊ ဘယ်သမ္မတ၊ ဘယ် ၀န်ကြီးချုပ်ကိုမှ မတမ်းတပါ” ဟု တောင်လာကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။ ဧပြီ၊ မေလ ကတည်းက မတူပီမြို့နယ် တီးဆီး- တောင်လာ၊ ရွာမန်းအကြား ၁၅ မိုင်အကြားမှာ ရွာသားတွေဟာ ပေါက်တူး၊ ပေါက်ချွန်း၊ ဓါး ကိုယ်စီ နဲ့ ကျားမ လူကြီးမရွေး ကိုယ်ထူကိုယ်ထ လမ်းတူးနေကြတယ်၊ စနေ – တနင်္ဂနွေ တပတ် တကြိမ် ရွာပြန်စနစ်ပေါ့၊ လမ်းဘေး ရေရရှိတဲ့ နေရာမှာ တဲကိုယ်စီထိုးပြီး ၀မ်းရေးအတွက် ရုန်းကန်နေကြရတယ်၊ ADRA သည် ၀မ်းရေးအတွက်…

Read More

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်တုန်းက ချင်းပြည်နယ် မတူပီမြို့နယ်၊ ထောင်လန်ကျေးရွာတွင်  တောတွင် အလေ့ ကျပေါက် သည့် မှိုပွင့် စားမိလို့ မောင်နှမ ကလေးငယ်နှစ်ဦးသေဆုံးသွားသည်ဟု သိရသည်။ ထာင်လန်ရွာနေ မိသားစု ၇ ဦးသည် တောတွင်အလေ့ကျပေါက်သည့် မှိုပွင့်စားမိရာမှ အကြီးဆုံးသားနှင့် အငယ်ဆုံးသမီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

Read More

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့လယ်ခေါင် ဈေးသစ်ရပ်ကွက် လမ်းဆုံအထက်၊  အသစ်တူးထားသည့် Pu Chan Bik ၏ အိမ်မြေနေရာသည် ဇွန်လ ၁၂ ညနေပိုင်းကမြေပြိုမည့် အရိပ်အယောင်များတွေ့ရှိရသည်ဟု သိရသည်။ အကယ်၍ မြေပြိုပါက အနီးအနားရှိ အိမ်ခြေ ၁၀ ခုလည်း ပါသွားဖို့သေချာနေသဖြင့် ဒေသခံ ချင်းလူငယ်အဖွဲ့ချုပ်၊ မီးသတ်၊ ကြက်ခြေနီ၊ ပြည်သူ့ရဲများက ၄င်းတို့၏ အိမ်အသုံးအဆောင် ပစ္စည်း များအား ဘေးလွတ် ရာသို့ ရွှေ့ပေးနေကြသည်ဟု သိရသည်။

Read More