Author: Editor

အိန္ဒိယ – မြန်မာနယ်စပ်အခြေစိုက် ချင်းကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ ( Chin Backpack Health Worker Team) မှ ကမကထပြုကျင်းပသည့် လူထု ကျန်းမာရေး စောင့်ရှောက်မှုစနစ် (Consultation on Health Care system) ဆိုင်ရာ လူထု တွေ့ဆုံဆွေးနွေးပွဲ အောင်မြင် စွာကျင်းပပြီးစီးကြောင်း သိရသည်။ ၂၀၁၃ မေလ ၃ ရက်နေ့မှ ၂၀၁၃ မေလ ၂၅ ရက်နေ့အထိ ချင်းပြည်မြောက်ပိုင်း တီးတိန်၊ ထန်တလန် နှင့် မြို့တော် ဟားခါးတို့တွင် ကျင်းပခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ချင်းပြည်နယ်အခြေစိုက် ဒေသ အာဏာပိုင်များ၊ ကျန်းမာ ရေး တာဝန်ရှိများ နှင့်  လူထု အသင်းအဖွဲ့များ အသီးသီး ပါဝင်တက်ရောက်ကြကြောင်း သိရသည်။ Consultation on Health Care system ဆွေးနွေးပွဲသို့ CBHWT မှ ဒါရိုက်တာ Salai Dawt Mang နှင့် အတူ CBHWT မှ ကျန်းမာရေးတာဝန်ရှိများ တက်ရောက်ကြသည်။ “ ဆွေးနွေးပွဲ ခေါင်းစဉ်အရပေါ့နော်၊ ချင်းလူထုအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို လက်ရှိ ကျန်းမာရေး စောင့် ရှောက်မှုစနစ်ထက် ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ၊ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘာအကြံပြုချင်သလဲ ဆိုတဲ့ အောက် မှာ အဓိက ဆွေးနွေးတယ်၊ ” ဟု ဆလိုင်းဒေါ့မန်းက ပြောသည်။ ထန်တလန်မြို့လူထုဆွေးနွေးပွဲတွင် Merlin ( Health…

Read More

မီဇိုရမ်ပြည်နယ်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ  Pseudoephedrine ဆေး ၁၁၅၃၈၅ လုံး တန်ဖိုးအားဖြင့် ရူပီး ၈၀၇၆၉၅ တန် မှုးယစ်ဆေးကို ချင်းအမျိုးသားတဦးထံမှ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးမိခဲ့တယ်လို့  သိရသည်။ မှုးယစ်ဆေးပိုင်ရှင်ဖြစ်သူ ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ Tilum, ကျေးရွာနေ Tuanneihthang (28) ကို အာဏာပိုင်များက ဖမ်းဆီးမိခဲ့ပြီး အမှုဖွင့်ဆိုခဲ့တယ်လို သိရပါတယ်။ အဆိုပါဆေးပိုင်ရှင် နဲ့ ဆေးပြားကို သူနေထိုင်သော မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Chhinga Veng ရပ်ကွက်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ယင်းဆေးပြားများကို နယူးဒေလီမြို့တွင် သွားရောက် ၀ယ်ယူခဲ့တယ်လို့လည်း ထပ်မံသိရပါတယ်။ “Electric ရပ်ကွက် Young Mizo Association (YMA) တာဝန်ရှိများကနေ မူးယစ်ဆေးဝါး၊ လက်နက် စသည့်အရာများ မရှိစေရန် နဲ့ ရပ်ကွက်ပိုမိုလုံခြုံစေရန်ဆိုပြီး ရပ်ကွက်အတွင်း အိမ်၊ လယ်မြေ များကို မြန်မာနိုင်ငံသားများထံ လုံးဝမရောင်းရန် ဒေသခံလူထုများကို အသိပေးအကြောင်းကြား ထားခဲ့ကြောင်း” မေလ ၁၄ ရက်ထွက် ဒေသထုတ် Vanglaini သတင်းစာတွင် တွေ့ရသည်။ “Pseudoephedrine ဆေးဟာ အလွန်ဈေးကောင်းပြီး အကျိုးအမြတ်အလွန်များတဲ့အတွက် ဤဆေးပြား ရောင်း၊ ၀ယ် ရေးမှာ ချင်းပြည်သူတော်တော်များများ ပါဝင်နေကြောင်း” ဒေလီမြို့တွင်နေထိုင်သူ ချင်းအမျိုးသမီးတဦးက ပြောပါတယ်။ “ဒေလီမြို့မှာ နေထိုင်တဲ့ ချင်း Refugee များအတွက်တော့ အလွန်ကိုက်တယ်။ ဆေးပြားအခွံခွာတဲ့ အလုပ်ကိုပဲ လုပ်ကြတယ်။ တညကို ရှုပီး ၂၀၀၀၊ ၃၀၀၀…

Read More

အမှတ် (၂) ပညာရေးဦးစီးဌာန လက်အောက် ၂၀၁၂- ၂၀၁၃ ခုနှစ် ပညာသင်နှစ်တွင် ချင်းပြည်နယ် မှ ၁၆. ၅၂ ရာခိုင်နှုန်း ( (၁၂၃၂ ဦး ) ၁၀ တန်းအောင်မြင်သော်လည်း တပြည်လုံး တွင် အောင်ချက် အနိမ့်ဆုံးဖြစ်နေသည်ဟု သိရ သည်။ ဇွန်လ (၈) ရက်နေ့ တွင် ကြေညာခဲ့သော ၂၀၁၃ခုနှစ် တက္ကသိုလ် ၀င်အောင်စာရင်းတွင် မွန်ပြည် နယ်သည် အောင်ချက် ၄၇.၃၈ ရာခိုင်နှုန်းဖြင့် ပထမ နေရာရရှိပြီး ကချင်ပြည် နယ် ၄၃.၇၉ ရာခိုင်နှုန်း ဖြင့် ဒုတိယနေရာ ရရှိကာ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည် နယ်ဖြစ်သည့် ချင်းပြည်နယ်သည် အောင်ချက် ၁၆.၅၂ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ်နေကြောင်း သိရသည်။

Read More

Zosuan Tuailai Khawmpi ဟုခေါ်သော ပထမဆုံးအကြိမ် ဇိုမီး(ချင်း) လူငယ်များ ညီလာခံကို ချင်းပြည်နယ် တီးတိန်မြို့ ရာပြည့် ခန်းမတွင် ယခုလ ၅ ရက်နေ့မှ စတင် ကျင်းပကြသည်။ ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ယင်းညီလာခံကို စင်္ကာပူရောက် ဇိုမီး(ချင်း)လူမျိုးများ နှင့် တီးတိန်မြို့ဇိုမီးလူငယ်များအဖွဲ့က အဓိက ဦးဆောင်ကျင်းပ ခဲ့ကြခြင်းဖြစ်သည်။

Read More

ဒိန်းမတ်အစိုးရမှ ချင်းပြည်နယ်ရှိ အစိုးရအထက်တန်းကျောင်းတိုင်းတွင် ကွန်ပျူတာ၊ အင်တာနက် တပ်ဆင်ရန် တရားဝင် လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် နှင့် စီအဲန်အက်ဖ် ပါတီအထွေထွေအတွင်းရေးမှူးချုပ် (၃) ဒေါက်တာရွှေခါးတို့မှ ဘန်ကောက်မြို့တွင် နှစ်ဖက်လက်မှတ်ထိုး လိုက်ခြင်းဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော်နိုင်မည်ဟု သိရသည်။ တန်ဖိုးအားဖြင့် ဒိန်းမတ် ငွေCr. 5000000 ( USD 800000) ထောက်ပံ့မည်ဖြစ်ပြီး အစိုးရနှင့် စီအဲန်အက်ဖ်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း စီအဲန်အက်ဖ်၏ လူထုတွေ့ဆုံပွဲ အတွက်လည်း ပါဝင် မည်ဖြစ်သည်ဟု ဒေါက်တာရွှေခါးက ပြောသည်။

Read More

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့က လူငယ် ၄ ဦးမှ တုတ်ဖြင့် ဦးခေါင်းတွင် ရိုက်နှက်ထားသော အသက် ၁၈ နှစ် အရွယ် ဆယ်တန်းကျောင်းသား တဦး ယနေ့အထိ သတိမရသေးကြောင်း သိရသည်။ ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီရွာတွင် မရာဧ၀ံဂေလိအသင်းတော်မှ သိက္ခတော်ရဆရာတော် ဦးရွှေတလုံး၏ တတိယမြောက်သား တေခူး ဆိုသူသည် လူငယ် ၄ ဦးမှ တုတ်ဖြင့် ဦးခေါင်း၊ ခါး ၊ ကျောရိုး၊ နဖူး တွင် (၄) ကြိမ် ရိုက် နှက်ကြရာ လူငယ်သည် ဆေးရုံတွင် ယနေ့အထိ သတိမရသေးကြောင်း ဒေသခံတဦးက ပြောသည်။

Read More

ဇလပ်ထက်နီ  – ၁၀၂ မိုင် ဝေးသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ မတူပီမြို့အကြား  ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ပြေးနေသည်။ ချင်းအမျိုးသားတပ်ဦးသည် အနာဂါတ်ပြည်ထောင်စု ဖွဲ့စည်း တည်ဆောက်ရေးဆိုင်ရာ လူထု သဘောထား စစ်တမ်း ကောက်ယူဖို့အတွက် ၂၀၁၃ ခုနှစ်  ဧပြီလ နောက်ဆုံးပတ်ကတည်းက ချင်း ပြည်နယ်တောင်ပိုင်း ခရီးစဉ် ကို စ တင်ခဲ့ကြ ရာမှာ ကျတော်သတင်း မှတ်တမ်းအတွက်ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ မိမိသည် ပူ့းထန်ယဲန်း၊ ဒေါက်တာလျန်မှုန်း ဆာခေါင်းတို့ နှင့်အတူ နောက်ကားနဲ့ ပါလာတယ်၊ ရှေ့ကားကို ပူး ပေါလ်ဆီထာ က ဦးဆောင်လျက်ပေါ့၊ မတူပီမြို့ကို သွားဖို့ မင်းတပ်ကနေ နံနက် ၇ နာရီတိတိမှာ ခရီးစထွက်လာခဲ့ကြတယ်၊ အဖွဲ့ဝင် အားလုံး (၈) ဦးပေါ့၊ လမ်း တလျှောက်မှာ စိမ်းစိုနေတဲ့ တောအုပ်တွေတွေ့ရသလို ၀သုန်မိုးဦးလေကြောင့် ရနံ့သင်းနေတဲ့ ထင်းရူးတောနဲ့ အတူ တောင်ဇလပ်နဲ့ချယ်ရီပင်တွေအစီအရီနှင့် ကြည်နူးစရာကောင်းလှပါတယ်။ ပင်လယ်ရေမျက်နှာပြင် ပေ ၄၀၀၀ အထက် လှပတဲ့သဘာဝတောတောင်တွေအကြား အေးစိမ့်စိမ့် ရာသီဥတုဟာ ကျနော်တို့ အဖွဲ့သားအားလုံးအတွက် မဆန်း တော့ ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကတည်းက မမြင်မတွေ့ရတော့တဲ့ဒေသဟာ ခုနေတခါ ပြန်တွေ့ရတော့လည်း အားလုံးရဲ့ စိတ်အစဉ်မှာ တမျိုးစီ ခံစားကြရတာပေါ့။

Read More

အရေးဆိုမယ်လုပ်တော့လည်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖတွေက တပ်မတော် နှင့်  ပြသာနာ မဖြစ်သင့်ကြောင်း တားနေတဲ့ကြားက ဒီစာကို ရေးလိုက်ရတာပါ၊ ကျမက ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီရွာသူပါ၊ လိုင်လင်းပီမှာ က တပ်စခန်း၊ ရဲစခန်း၊ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ဆက်သွယ်ရေး ကြေးနန်း ဆိုပြီး အစိုးရ ဌာနဆိုင်ရာတွေရှိတဲ့ နေရာပါ၊ မရာဒေသမှာ အကြီးဆုံးရွာပေါ့၊ နောက် မရာဧ၀ံဂေလိအသင်းတော် ဌာနချုပ်ထားရှိရာနေရာလည်းဖြစ်တယ်၊ အိန္ဒိယ – မြန်မာနယ်စပ်မှာပါ၊ အဲဒီထဲက တပ်စခန်းမှာ ခလရ ၁၄၀ က တာဝန်ကျပါတယ်၊ တပ်ရင်းမှူးက ဗိုလ်မှူး ရန်နောင်စိုးပေါ့၊ အဓိက ကျမ ဗိုလ်မှူး ရန်နောင်စိုးကို ပြောပေးစေချင်တယ်၊ လိုင်လင်းပီ မှ ၅ မိုင်ခန့်အကွာ အာရူရွာ အသွား ကားလမ်းဘေးမှာ လိုင်လင်းပီရွာသား တွေဟာ ဥယာဉ်ခြံ (၄) ခြံလောက် လုပ်ကြပါတယ်၊ ဆိတ်၊ မုံညင်း၊ ကော်ပီထုပ် နှင့် အခြား သီးနှံတွေ စိုက်ကြပါတယ်၊ အဲဒါကို ခြံပိုင်ရှင်တွေ မရှိတဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ တပ်ထဲက ရဲဘော်တွေဟာ ခြံထဲကက ဆိတ် နဲ့ စိုက်သီးနှံတွေကို ခိုးလေ့ရှိပါတယ်၊ အထူးသဖြင့် ယခုနှစ် ဧပြီလ ကတည်းက ပိုဆိုးလာကြတယ်၊ ကျမတို့ လိုင်လင်းပီအပါအ၀င် မရာဒေသခံတွေဟာ အစာရေစာပြတ်လပ်နေတာ အနည်းဆုံး (၆) နှစ်လောက်ရှိပြီနော်၊ အဲဒီခြံပေါက်တိရိစ္ဆာန်တွေ၊ အသီးအနှံတွေကို ရောင်းပြီး တဖက်တလမ်းက ၀င်ငွေရှာကြတဲ့ သူတွေပါ၊ အဲဒါကိုမှ…

Read More

နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ ၁၅၀ ခန့်  ခွဲစိတ် ကုသရန် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဘက် မဏိပူရ ပြည်နယ် Imphal မြို့ တွင် အခြေစိုက် သည့် Shija Hospital and Research Institute (SHIJA) မှ ၁၂ ဦးပါဝင်သည့် အဖွဲ့  သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းသို့  မနေ့ က ထွက် ခွာခဲ့ကြသည်။ အမေရိကန်နိုင်ငံ Smile Train Inc နှင့် SHIJA တို့ ကပူးတွဲစီစဉ်သည့် အဖွဲ့ ကို မဏိပူရပြည်နယ် ဒုတိယ ၀န်ကြီးချုပ် G Gaikhangam နှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး K Govindas တို့ က ဦးဆောင် ပြီး ထွက်ခွဲခဲ့ကြကြောင်း ယမန်နေ့  ထုတ် The Time of India သတင်းစာ တွင် ဖေါ်ပြထားသည်။

Read More

မေလ ၂၀-၂၁ ရက်နေ့ ရန်ကုန်မြို့ ၊ ကန်တော်ကြီး ဟိုတယ်ဖြစ်သည့် Place Hotel တွင် ကျင်းပပြု လုပ်သည့် ဒုတိယ အကြိမ် မီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာများ တက်ရောက်မှု နည်း ပါးပြီး တိုင်းရင်းသား မီဒီယာကိစ္စ ဆွေးနွေးမှုလည်း မရှိကြောင်း သိရသည်။ “ဒီညီလာခံမှာ တိုင်းရင်းသား မီဒီယာကိစ္စဆွေးနွေးဖို့  တခုတလေမှ မပါပါဘူး၊ အဲဒါကြောင့် တိုင်း ရင်းသား မီဒီယာကိစ္စကိုလည်း မဆွေးနွေးဖြစ်ဘူး” ဟု ခိုနူမ်းထုန်သတင်းဌာနမှ အယ်ဒီတာဖြစ်သူ ကိုဆန်းသဲ ကပြောသည်။

Read More